2 of Special HW

Motherboard ဘာကြောင့် ပျက်ရတာလဲ။ PDF Print E-mail
User Rating: / 0
PoorBest 
Hardware - Hardware
Wednesday, 30 September 2009 02:31
Motherboard ဘာကြောင့် ပျက်ရတာလဲ။
ကွန်ပျူတာ တစ်လုံးမှာ Motherboard ဆိုတာဟာလည်း မရှိမဖြစ်အသုံးပြုရတဲ့ အစိတ်အပိုင်းကြီးတစ်ခုပဲ ဖြစ်တယ်။ ဒီ ကွန်ပျူတာမှာ Motherboard မရှိရင် ဘာမှလုပ်လို့ ဖြစ်မှာမဟုတ်ပါဘူး။
အဲ့ဒီ ကွန်ပျူတာမှာ သိပ်ကိုအရေးပါတဲ့ Motherboard ဟာ တစ်ခုခုကြောင့် ချို့ယွင်းချက်တစ်စုံတစ်ရာရှိလာပြီဆိုရင် ကွန်ပျူတာဟာ ကောင်းကောင်းအလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ ဒီလို အရေးကြီးတဲ့ Motherboard ကို မပျက်စီးအောင် ထိန်းသိမ်းသင့်တာက ကွန်ပျူတာ အသုံးပြုနေသူ အားလုံးအတွက် အရေးကြီးတဲ့အချက် တစ်ခုဖြစ်တယ်။ အဲ့လိုမျိုး Motherboard ကို  မပျက်အောင် ထိန်းသိမ်းနိုင်ဖို့ရန်အတွက်ဆိုရင်တော့ ဘာလုပ်ရမလဲ။ Motherboard ကို မပျက်အောင် ထိန်းသိမ်းဖို့အတွက်ပါ ဆိုမှတော့ ဒီ Motherboard ဟာ ဘာတွေကြောင့် ပျက်တတ်တယ် ဆိုတာကို သိထားမှ အဲ့ဒီ ပျက်တတ်တဲ့ အကြောင်းအရာလေးတွေကို ရှောင်သင့်ရင်ရှောင်ရမယ်လေ။ ဒါမမဟုတ် ဂရုစိုက်ရမယ်။ ဒါမှလည်း ကိုယ့်အိမ်က အသုံးပြုနေသော ကွန်ပျူတာ Motherboard ကို မပျက်စီးအောင် ထိန်းသိမ်းနိုင်မှာပေါ့။ ဟုတ်ပြီ။ ဒါဆိုရင် Motherboard မပျက်အောင် ထိန်းသိမ်းနိုင်ဖို့အတွက် Motherbaord ကို ပျက်စေတတ်သော အကြောင်းအရာလေးတွေကို အရင်သိထားသင့်တယ် မဟုတ်လား။ ဒီတော့ Motherboard ကို မပျက်စီးအောင်၊ မပျက်ယွင်းအောင်အတွက် Motherboard ကို ပျက်စီးစေတတ်သော အကြောင်းလေးတွေကို အရင်ဆုံးပြောပြချင်ပါတယ်။

အခုပြောမယ့် Motherboard ကို ပျက်စီးစေတတ်သော အကြောင်းလေးတွေက ယေဘုယျ ဖြစ်တတ်တဲ့အကြောင်းအရာတွေကို ပြောမှာဖြစ်ပါတယ်။  အများအားဖြင့်တော့ အခုပြောမယ့် အချက်တွေကြောင့် Motherboard တွေဟာ ပျက်တတ်ပါတယ်။

ပြောရမယ်ဆိုရင် Motheboard တွေဟာ ဖုန်တွေကြောင့်လည်း ပျက်တတ်ပါတယ်။ တစ်ချို့တွေက ဖုန်တွေကြောင့်ပဲ ကွန်ပျူတာ Motherboard ကို ပျက်စီးစေတတ်သလားလို့ ထင်ချင်ထင်ကြလိမ့်မယ်။ ပျက်တတ်တာပေါ့။ ဖုန်တွေကြောင့် Motherboard ကို ပျက်စီးစေတတ်တာပေါ့။ ကွန်ပျူတာကို အသုံးပြုတာ ကြာလာတဲ့အခါမှာ တဖြည်းဖြည်းနဲ့ ဖုန်တွေ ၀င်တတ်ပါတယ်။ မိမိကတော့ သုံးလို့ရနေတာပဲ ကောင်းနေတာပဲ ဆိုပြီးတော့ အဲ့ဒီ ဖုန်တွေကြောင့် Motherboard ပေါ်မှာရှိသော Device တွေ၊ အစိတ်အပိုင်းတွေကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာကို ဖုန်တွေဝင်ရင် မကြာခဏလေး ကွန်ပျူတာ Casing ဖုံးကိုဖွင့်ပြီး Blower လေးဖြင့် မှုတ်ပေးလိုက်ခြင်းအားဖြင့် ဖုန်တွေကို သန့်စင်စေနိုင်ပါတယ်။ ဒါဆိုရင် Motherboard ကိုပျက်စီးခြင်းမှ ကာကွယ်စေနိုင်ပါတယ်။

စိုထိုင်းမှု့ကြောင့်လည်း ကွန်ပျူတာ Motherboard ကို ပျက်စီးစေနိုင်ပါတယ်။ မိုးရာသီတွေမှာဆိုရင် ကွန်ပျူတာကို ရေငွေ့ရိုက်မှုကြောင့် စိုထိုင်းမှု့တွေ ဖြစ်တတ်တယ်။ အဲ့ဒီရေငွေ့တွေက Motherboard ပေါ်မှာရှိသော အစိတ်အပိုင်းတွေ၊ Device တွေကို စိမ့်ဝင်ပြီးတော့ Device တွေရဲ့ Performance ကို ထိခိုက်စေပါတယ်။ ဒါကြောင့် မိုးရာသီတွေမှာ ဆိုရင် ကွန်ပျူတာ Motherboard ကို ရေငွေ့ရိုက် စိုထိုင်းမှု့ မရှိရလေအောင် ဂရုစိုက်သင့်ပါတယ်။ ကွန်ပျူတာ ကို ရေစိုတာတွေဘာတွေ မဖြစ်အောင် ပြတင်းပေါက်နားမှာ ထားခြင်းတို့ကို ရှောင်သင့်ပါတယ်။

နောက်ပြီး Electrostatic ကလည်း ကွန်ပျူတာရဲ့ Motherboard ကို ပျက်စီးနိုင်တဲ့အကြောင်း တစ်ရပ်ဖြစ်တယ်။ ဆိုလိုတာက လူတွေဟာ လမ်းလျှောက်တဲ့အခါမှာ ကြမ်းပြင်နဲ့ လူရဲ့ ခြေထောက်နဲ့ ထိပြီးတော့ ပွတ်တိုက်မှုကြောင့် Static Charge ဆိုတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုမျိုး လမ်းလျှောက်ရာကနေ ကွန်ပျူတာ Motherboard ကို ထိကိုင်လိုက်ပြီဆိုရင် အဲ့ဒီ လူ့ခန္ဓာကိုယ်နှင့် ကြမ်းပြင်ရဲ့ ပွတ်တိုက်မှုကြောင့် ဖြစ်တတ်တဲ့ Static Charge ဟာ Motherboard ပေါ်က ပစ္စည်းတွေ၊ Capacitor တွေကို ထိခိုက်ပြီးတော့ Motherboard ကို ပျက်စီးသွားစေတတ်ပါတယ်။
အပြင်ပန်းကြည့်ရင်တော့ ဘာမှမဖြစ်သလိုပါပဲ။ ဒါပေမယ့် တကယ်တမ်းအလုပ်လုပ်တဲ့ အခါမှာတော့ အဲ့ဒီ Motherboard ဟာ အလုပ်မလုပ်တော့ပါဘူး။

Motherboard တွေဟာ အပူချိန်ကြောင့်လဲ ပျက်စီးတတ်ပါတယ်။ အပူချိန်ကြောင့်ဆိုတာက ကွန်ပျူတာအသုံးပြုသော အခန်းရဲ့အနေအထား အပူချိန်ကိုပြောတာ ဖြစ်တယ်။ တကယ်လို့ အခန်းဟာ ဥပမာပေါ့ အမိုးတွေနိမ့်ပြီး အရမ်းပူနေတာပဲဖြစ်ဖြစ်၊ ဒါမမဟုတ် ရာသီဥတုအရမ်းပူတဲ့အခါတွေမှာ Motherboard တွေဟာ အရမ်းပူပြီးတော့ ပျက်စီးတတ်ပါတယ်။ ဒါလည်း သတိထားရမယ့် အချက်တစ်ခုဖြစ်တယ်။

နောက်တစ်ချက်က ကွန်ပျူတာ Motherboard တွေဟာ မီးအားမငြိမ်မှုကြောင့်လည်း ပျက်တတ်ပါတယ်။ ကွန်ပျူတာ Motherboard ဟာ သူအလုပ်လုပ်နေစဉ်အတွင်းမှာ မီးအားအတက်အကျများရင် သူ့ထဲမှာရှိသော Capacitor တွေ ပေါက်တာတို့ လောင်တာတို့ ဖြစ်တတ်ပါတယ်။ ဒါဟာ Motherboardကို ပျက်စေတတ်ပါတယ်။ ဒါကြောင့် Motherboard ကို မပျက်စီးစေရအောင် ထိန်းသိမ်းဖို့အတွက် မီးအားအတက်အကျ မရှိဖို့လိုပါတယ်။ မီးအားမငြိမ်ဘူးဆိုလျင်တော့ ကွန်ပျူတာ Motherboard ပေါ်က Capacitor တွေ ပေါက်ပြီးတော့ ကွန်ပျူတာ Motherboard ကို ပျက်စီးစေတတ်ပါတယ်။

တကယ်တော့ Capacitor ဆိုတာ ကွန်ပျူတာ Motherboard ပေါ်က အစိတ်အပိုင်းတွေကို Power ငြိမ်စေဖို့အတွက် အိမ်မီး ပလပ်ပေါက်ကနေလာသော AC Power ကို DC (Direct Current) Voltage ဖြင့် တည်ငြိမ်သော လျှပ်စစ် Power ကို ပေးတာဖြစ်တယ်။ အမှန်တော့ ဒီ လျှပ်စစ်ပစ္စည်းတွေဆိုတာကတော့ Power ကို အသုံးပြုတဲ့အခါမှာ လျှပ်စစ်တည်ငြိမ်မှုရှိမှ ကောင်းတာပါ။ လျှပ်စစ်တည်ငြိမ်မှု မရှိဘူးဆိုလျင်တော့ ကောင်းကောင်း အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး။ လွယ်လွယ် ပျက်စီးတတ်ပါတယ်။ Capacitor ဆိုတာက လျှပ်သိုဖြစ်တယ်။ လျှပ်သိုဆိုတဲ့အတိုင်း Capacitor က အစိတ်အပိုင်းတွေလိုအပ်သော လျှပ်စစ်ပမာဏကို ထုတ်ပေးပြီးတော့ ကျန်တဲ့ လျှပ်စစ်တွေကို သူ့ဆီမှာ စုပ်ယူထားလိုက်တာ ဖြစ်တယ်။ ဒါကြောင့် Motherboard ပေါ်က အစိတ်အပိုင်းတွေဟာ ဒီ Capacitor တွေကြောင့် တည်ငြိမ်သော လျှပ်စစ်ကို ရရှိနေတာ ဖြစ်တယ်။ ဒါပေမယ့် ဒါဟာ Capacitor ကောင်းနေလို့ ဖြစ်ပါတယ်။ တကယ်လို့ Capacitor သာ မကောင်းဘူးဆိုလျင်တော့ ကွန်ပျူတာ Motherboard ပေါ်က အစိတ်အပိုင်းတွေဟာ ဘာတွေဖြစ်လာနိုင်သလဲ။

Motherboard ပေါ်မှ  Capacitor တွေဟာ အဓိကအားဖြင့် အလုပ်လုပ်တာကတော့ ကွန်ပျူတာ Motherboard ပေါ်က အစိတ်အပိုင်းတွေကို လျှပ်စစ်ငြိမ်အောင်လုပ်ပေးတဲ့ အစိတ်အပိုင်းလေးပါ။ ဒါကြောင့် Capacitor တွေ မကောင်းတော့ဘူး ပျက်ပြီ၊ ပေါက်ပြီဆိုလျင် ကိုယ်ကိုယ်တိုင်ကတောင်မှ ပျက်နေပါပြီဆိုမှတော့ ဘယ်လိုလုပ် တခြားအစိတ်အပိုင်းတွေကို Power လျှပ်စစ်ငြိမ်အောင် ပေးနိုင်တော့မှာလဲ။ ဒီတော့ ကွန်ပျူတာ Motherboard ပေါ်က အစိတ်အပိုင်းတွေကို Power ကောင်းကောင်း မပေးနိုင်တော့ဘူးဆိုလျင် Motherboard ဟာ ဘယ်လိုလုပ် အလုပ်ကောင်းကောင်း လုပ်နိုင်တော့မှာလဲ။ ဒီတော့ ကွန်ပျူတာဟာလည်း အလုပ်မလုပ်တော့ဘူးပေါ့။ ဒါကြောင့် ကွန်ပျူတာ Motherboard ကို ပျက်စီးစေတဲ့ ဒီ Capacitor တွေဟာ အရည်အသွေးကောင်းဖို့လဲ လိုသလို၊ သူ့ကို အသုံးပြုတဲ့အခါမှာပေးတဲ့ Power ဟာ လုံးဝငြိမ်ဖို့ လိုပါတယ်။
ကဲ အခု ကွန်ပျူတာ Motherboard ဘာကြောင့်ပျက်ရသလဲဆိုတာကို ရှင်းပြီးပြီဆိုတော့ မိမိရဲ့ကွန်ပျူတာ Motherboard ကိုမပျက်အောင်ဘယ်လို ထိန်းသိမ်းရမလဲ၊ ထိန်းသိမ်းသင့်သလဲဆိုတာကို သဘောပေါက်လောက်ပြီနော်။
.................................................

Scan Disk ကိုရှင်းပြခြင်း PDF Print E-mail
User Rating: / 0
PoorBest 
Hardware - Hardware
Wednesday, 30 September 2009 02:14
Scan Disk ကိုရှင်းပြခြင်း
Scan Disk သည် Windows Utilities tools တွေထဲက တစ်ခု ဖြစ်ပါတယ်။ Hard Disk ပေါ်မှာ ဖြစ်ပေါ်နေတဲ့ error တွေ problem တွေ မှန်သမျှကို စစ်ဆေးပေးပါတယ်။
 
ပြန်ပြင်ဖို့ဖြစ်နိုင်တဲ့ error တွေကို ပြုပြင်ပေးပါတယ်။ စစ်လို့ရသမျှ ပြဿနာတွေကို  မဖြေရှင်းနိုင်ဘူးဆိုလျင်တောင် Hard disk မှာ ပြဿနာတွေ ရှိနေပြီဆိုတာ ဖော်ပြပေးပါတယ်။

Scan Disk လုပ်လိုက်ခြင်းအားဖြင့် Bad sector ဖြစ်နေတာတွေ၊ Cluster ပျောက်နေတာတွေ၊ File တည်နေရာလွဲနေတာတွေကို ပြန်ပြင်ပေးပါလိမ့်မယ်။
Scan Disk လုပ်တော့မယ်ဆိုလျင် အဓိက အချက်က administrator နဲ့ logon ၀င်ထားရမှာ ဖြစ်ပါတယ်။ ကိုယ်စစ်မယ့် Disk ရဲ့ အရွယ်အစား၊ သူ့ထဲမှာရှိတဲ့ Data ပမာဏ၊   System ထဲမှာရှိတဲ့ Processor နဲ့ Memory စသည်တို့ အပေါ်မှာ မူတည်ပြီး Scan disk run တဲ့အချိန်တွေကွာသွားပါတယ်။
Scan Disk စစ်နေတုန်းမှာ  ကိုယ်ကစစ်နေတဲ့ Drive ထဲက File တစ်ခုကို ဖွင့်ထားမယ်ဆိုလျင် Scan disk က ဆက်ပြီး
အလုပ်လုပ်တော့မှာ  မဟုတ်ပါဘူး။
ပထမဦးဆုံး My computer ကို Double click ခေါက်ပြီး ဖွင့်လိုက်ပါ။ ကွန်ပျူတာထဲမှာရှိတဲ့ Hard Disk ရဲ့ partition တွေကို မြင်ရပါလိမ့်မယ်။
ကိုယ်စစ်ချင်တဲ့ Drive ကို Right click ခေါက်ပြီး  Properties ကိုသွားပါ။ ပေါ်လာတဲ့ box ထဲက Tools Tab ထဲကို သွားပါ။

Tools Tab ရဲ့ အပေါ်ဆုံးအကွက်မှာ error checking လို့ ရေးထားတဲ့ နေရာလေး တွေ့မှာပါ။ ဒီ volume မှာ error တွေ စစ်ပေးပါမယ်လို့လည်း ရေးထားခြင်းဖြစ်ပါတယ်။ error checking အကွက်ရဲ့ အောက်ခြေညာထောင့်က check now လို့ရေးထားတဲ့ button လေးကို နှိပ်လိုက်ပါ။ check disk option box လေး ပေါ်လာပါလိမ့်မယ်။
 
ဒီ box မှာ  check box လေးနှစ်ခု ပါပါတယ်။ Automatically fix file system errors ဆိုတဲ့ check box လေးကို  on ပေးခဲ့ရမယ်ဆိုလျင်တော့ File တွေကို စိစစ်ပြီးတော့ နေရာတကျ fix လုပ်ပေးသွားပါလိမ့်မယ်။ bad sector ကိုစစ်ပြီးတော့ recover လုပ်ချင်တယ်ဆိုလျင်တော့ Scan for and attempt recovery of bad sectors ဆိုတဲ့ check box လေးကို on ပေးရပါမယ်။ check box နှစ်ခုလုံးကို on ပေးခဲ့လျင်တော့ အထက်ပါလုပ်ငန်းစဉ် နှစ်ခုစလုံးကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ပြီးရင် start ကို click နှိပ်လိုက်ပါ။ phase တစ်ခုချင်း check လုပ်ပါလိမ့်မယ်။ Scan Disk မလုပ်မီ file တွေ application တွေကို ပိတ်ထားခဲ့ရပါတယ်။ လက်ရှိအသုံးပြုနေဆဲ windows ရှိနေတဲ့အပိုင်းကို  Scan Disk လုပ်မယ်ဆိုလျင်တော့ Restart လုပ်ပေးပြီး စစ်ရပါလိမ့်မယ်။ Restart ပြန်တက်လာပြီး Log on မ၀င်မီအချိန်မှာ Scan Disk လုပ်ငန်းစဉ်ကို လုပ်ဆောင်သွားပါလိမ့်မယ်။

အကယ်၍ Hard Disk သည် NTFS File System နဲ့ Format ချထားခဲ့မယ်ဆိုလျင် File တွေ နေရာ ပြန်ချတာမျိုး၊ မကောင်းတဲ့ Cluster တွေကို ပြန်အစားထိုးတာမျိုး မရှိမဖြစ်လိုအပ်တဲ့ Information တွေကို Copy လုပ်ပြီး သိမ်းထားပေးတာမျိုးစတာတွေကို windows ကနေ အလိုအလျောက် လုပ်ပေးပါလိမ့်မယ်။
Scan Disk စစ်ဆေးတာကို windows ထဲကနေ မဟုတ်ဘဲ Third Parties software တွေနဲ့လည်း စစ်လို့ရပါတယ်။ ဥပမာ-Norton Disk Doctor လို့ဟာမျိုး ဖြစ်ပါတယ်။
....................................................

CD ဘယ်လို Burn မလဲ PDF Print E-mail
User Rating: / 0
PoorBest 
Hardware - Hardware
Wednesday, 30 September 2009 02:07
CD ဘယ်လို Burn မလဲ
Microsoft Windows XP မှာ မည်သည့် CD-Burning Software မှ အသုံးပြုစရာမလိုဘဲ ပုံတွေ၊ အချက်အလက်တွေကို CD Burn နိုင်ပါတယ်။ ဘယ်လို Burn မလဲ။ အောက်မှာ အသေးစိတ်လေ့လာပါ။ ဘယ်လို Burn တယ်ဆိုထာ သိသွားပါလိမ့်မယ်။

အရင်ဆုံး သင့်ဆီမှာ CD အလွတ်လေး တစ်ခုတော့ ရှိရပါမယ်။ ပြီးတော့ CD-RW Drive လို့ခေါ်တဲ့ ရေးနိုင်ဖတ်နိုင်တဲ့ CD-Drive တစ်ခုလည်း ရှိရပါမယ်။ အဲဒါတွေ ရှိတယ်ဆိုလျင်တော့ CD အလွတ်လေးကို CD-Drive ထဲကို သာသာယာယာပဲ ထည့်လိုက်ပါ။ သြော်... မေ့လို့။ CD ကို စစ်ဖို့လိုသေးတယ်။ CD မှာ Standars CD ရယ်၊ High Capacity CD ရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ Standard CD က 650 MB အထိ အချက်အလက်တွေကို သိမ်းဆည်းနိုင်ပြီး၊ High Capacity CD ကတော့ 850 MB ထိ သိမ်းဆည်းနိုင်ပါလိမ့်မယ်။ ဆိုတော့က Burn ချင်တဲ့ အချက်အလက်တွေ၊ ပုံတွေက သိမ်းဆည်းနိုင်တဲ့ ပမာဏထက်ကျော်လွန်လို့ မရပါဘူး။

CD Burn နေစဉ်အတွင်းမှာ အချက်အလက်တွေကို Hard Disk ထဲမှာ ယာယီသိမ်းဆည်းပြီးတော့မှ CD ထဲကို ရေးထည့်ခြင်း ဖြစ်ပါတယ်။ ထိုသို့ယာယီ သိမ်းဆည်းဖို့ရန်အတွက် Hard Disk မှာ လုံလောက်တဲ့ ပမာဏရှိရမှာ ဖြစ်ပါတယ်။ Standard CD အတွက်ဆိုလျင် 700 MB ရှိရမှာ ဖြစ်ပြီး၊ High Capacity CD အတွက်ဆိုလျင်တော့ 1GB ရှိရမှာ ဖြစ်ပါတယ်။
 

ပြီးရင်တော့ Desktop ပေါ်မှာရှိတဲ့ My Computer ကို Click နှစ်ချက်ခေါက်ပြီး ဖွင့်လိုက်ပါ။ အဲဒီ My Computer ထဲကမှ copy ကူးချင်တဲ့ File သို့မဟုတ် Folder ကို Right Click ခေါက်ပြီး Copy သို့မဟုတ် Sent to CD Drive လို့ ပြောလိုက်ပါ။ Copy လို့ ပြောလိုက်မယ်ဆိုလျင်တော့ My Computer ကို ပြန်သွားပြီး CD Drive ထဲမှာ Paste လုပ်ရမှာ ဖြစ်ပါတယ်။ Sent to CD Drive လို့ ပြောလိုက်မယ်ဆိုလျင်တော့ CD Drive ထဲကို တိုက်ရိုက် ပို့ပေးသွားမှာပါ။ CD ရဲ့ ပမာဏ ဆံ့သလောက် တစ်ခုထက်ပိုတဲ့ file တွေ၊ folder တွေကို copy ကူးလို့ ရပါတယ်။ ဒါတွေပြီးရင် My Computer ကို ပြန်ဖွင့်လိုက်ပါ။ CD Drive ကို Double click လုပ်ပြီး ဖွင့်လိုက်ပါ။ ဒီအခါမှာ copy ကူးထားတဲ့ file တွေ၊ folder တွေကို CD Drive ထဲမှာ တွေ့ရပါလိမ့်မယ်။ File တွေ၊ Folder တွေ မှန်၊မမှန် သေချာစွာစစ်ပါ။ သေချာသွားပြီဆိုလျင်တော့ CD Burn ဖို့ရန်အတွက် အဆင်သင့်ဖြစ်နေပါပြီ။

BACK ကို click နှိပ်ပြီး CD Drive ထဲကနေ ထွက်လိုက်ပါ။ ထွက်ပြီးသွားပြီဆိုလျင်တော့ CD Drive ကို Right Click ခေါက်ပြီး Write these files to CD ကို ရွေးလိုက်ပါ။ CD Writing Wizard ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့ Wizard မှာရှိတဲ့ Instruction တွေအတိုင်း follow လိုက်ပြီး Burn လိုက်ပါ။ အဲလို Burn ပြီးသွားပြီဆိုလျင်တော့ သင့်အတွက် အသုံးဝင်တဲ့ CD တစ်ချပ်ရရှိသွားပြီပေါ့။ သိမ်းဆည်းလိုက်တဲ့ အချက်အလက်တွေ၊ ပုံတွေ ကို အချိန်မရွေး ပြန်ဖွင့်ကြည့်လို့ရပါပြီ။
သင့်လည်း CD ဘယ်လို Burn တယ်ဆိုတာ သိလောက်ပြီပေါ့။ CD Burn တာနဲ့ ပတ်သက်ပြီး ဒီမှာပဲ ရပ်လိုက်ပါတော့မယ်။
...........................................

Norton Disk Doctor အကြောင်း PDF Print E-mail
User Rating: / 0
PoorBest 
Hardware - Hardware
Wednesday, 30 September 2009 01:52
Norton Disk Doctor အကြောင်း သိကောင်းစရာ
Norton Disk Doctor ဆိုတာ ဘာလဲ ။ Norton Disk Doctor ဆိုတာ Hard disk ကို စစ်ဆေးတာ ဖြစ်တယ်။ ဘာဖြစ်လို့ Hard Disk ကို စစ်တာလဲဆိုတော့ Hard Disk မှာ Error ရှိ၊မရှိ စစ်ဆေးပေးတာ ဖြစ်တယ်။
 
Hard Disk မှာ ရှိတဲ့ Error တွေ ဆိုတာက ဘာတွေကြောင့် ဖြစ်တတ်သလဲ၊ ဘယ်လိုမျိုးကို ပြောတာလဲဆိုတော့ ကွန်ပျူတာကို အသုံးပြုရင်းနဲ့ မီးကပြတ်သွားတာတို့ ဘာတို့ကြောင့် ကွန်ပျူတာကို Shut Down မလုပ်လိုက်ရပဲနဲ့  ပိတ်သွားတဲ့အခါကျတော့ လက်ရှိ ကွန်ပျူတာမှာ အသုံးပြုနေတဲ့ File တွေ၊ Program တွေဟာ ပျက်သွားတတ်တာမျိုး၊ ဒါမှမဟုတ် အသုံးပြုတဲ့အခါ Errorပြ တတ်တာမျိုးကို ကြုံရတတ်ပါတယ်။ ပြောရမယ်ဆိုရင် Norton Disk Doctor မှာ Scandisk နှင့် သဘောတရား အတူတူပဲ ဖြစ်ပါတယ်။

အဲ့ဒီ ကိုယ့်ရဲ့ ကွန်ပျူတာမှာ ဖြစ်ပေါ်တတ်သော Error တွေကို တစ်လတစ်ခါ သို့မဟုတ် ကိုယ့်ရဲ့ ကွန်ပျူတာ အသုံးပြုမှုပေါ် မူတည်ပြီးတော့ ဒီ Norton Disk Doctor ကို Run ပေးမယ်ဆိုရင် ဒီ Hard Disk မှာ ဖြစ်ပေါ်တတ်တဲ့ Error တွေဟာ ဘာမှမဖြစ်တော့ပါဘူး။ အသုံးပြုနေရင်းနဲ့ Error ပြတာတွေ ဘာတွေမဖြစ်တော့ပါဘူး။ Hard Disk ပေါ်မှာ Bad Sector တွေ၊ Pertition Table တွေ၊ File Structure တွေနှင့် Free Space တို့ကို စစ်ဆေးတာ ဖြစ်တယ်။ တကယ်တော့ Norton Disk Doctor ဆိုတာ တစ်စုံတစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ Hard Disk ပေါ်က Error တွေကို ပြန်ကောင်းလာအောင်၊ ကုသပေးလိုက်တာ ဖြစ်တယ်။ သူ့ရဲ့နာမည်ကိုက Norton Disk Doctor တဲ့။ Disk မှာ ဖြစ်ပေါ်လာတဲ့ အနာရောဂါတွေ မှန်သမျှကို ကုသပေးတဲ့ ဆရာဝန်ပေါ့။ တကယ်တော့ ဒီ Norton Disk Doctor ဆိုတာ Scandisk နှင့် အတူတူပဲဖြစ်တယ်။

Norton Disk Doctor မှာ အမျိုးအစား(၂)မျိုး ရှိတယ်။ Standard နှင့် Surface Test ဆိုပြီးတော့ ဖြစ်တယ်။ Standard ကတော့ Standard တစ်ခုပဲ စစ်ပေးမှာ ဖြစ်တယ်။ Surface Test ဆိုရင်တော့ Standard ရော Surface Test ရော စစ်ဆေးပေးတယ်။ Surface Test လုပ်တယ်ဆိုတာကတော့ ကွန်ပျူတာ Hard Disk ပေါ်မှာ ဖြစ်တတ်တဲ့ Bad Sector တွေကို စစ်ပေးတာ ဖြစ်တယ်။ Standard ကတော့ Bad Sector တွေကို မစစ်ပေးပါဘူး။ ကောင်းတာက Surface Test နှင့်စစ်တာ ပိုကောင်းပါတယ်။ ပိုသေချာတာပေါ့။ Standard နှင့် စစ်တာက မသေချာဘူး မဟုတ်ပါဘူး။ Surface Test က ကျတော့ Hard disk  ပေါ်က Bad Sector တွေကိုပါ စစ်ပေးတော့ အဲ့ဒီ Surface Test ကို Run လိုက်ပြီဆိုတာနဲ့ မိမိရဲ့ကွန်ပျူတာ Hard Disk မှာ ကောင်းသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Surface Test နှင့် စစ်တာက အချိန်တော့ ပိုကြာပါတယ်။

အပေါ်မှာ ပြောခဲ့သလိုပါပဲ Norton Disk Doctor မှာ Scandisk နှင့် သဘောတရား အတူတူပါပဲ။ နှစ်ခုစလုံးက Hard Disk ကို စစ်ဆေးတာ ဖြစ်တယ်။ ဒါပေမယ့် Scandisk ကတော့ Windows မှာ တစ်ခါတည်း ပါလာတာဖြစ်တယ်။ Windows တင်လိုက်တာနှင့် တစ်ခါတည်း ပူးတွဲပါလာပြီးသား ဖြစ်တယ်။ Norton Disk Doctor ကကျတော့ Third Party Software တစ်ခု ဖြစ်တယ်။ သူ့ကို သီးသန့် Install လုပ်ပြီးတော့မှ သုံးရတာ ဖြစ်တယ်။

ဒါပေမယ့် Scandisk ကို Norton Disk Doctor နှင့် ယှဉ်လိုက်ရင် ကွာခြားတဲ့ အချက်တွေတော့ နည်းနည်းရှိပါတယ်။ ပြောရမယ်ဆိုရင် Norton Disk Doctor ရဲ့ အားသာချက်တွေပေါ့။ ဒီမှာတော့ Norton Disk Doctor နှင့်ပဲ စစ်ပြပါမယ်။
မိမိရဲ့ ကွန်ပျူတာ Hard disk ကို စစ်ဆေးတဲ့အခါမှာ Norton Disk Doctor ကို ကွန်ပျူတာမှာ Run တဲ့အခါနှင့် Scandisk ကို Run တာနှင့်စာရင် Norton Disk Doctor နှင့် စစ်တာက ပိုမြန်ပါတယ်။ အချိန်ကုန်သက်သာတာပေါ့။

နောက်တစ်ချက်က ဒီ Norton Disk Doctor ဆိုတဲ့ Third Party Software ကို သုံးခြင်းအားဖြင့် ကွန်ပျူတာ Hard Disk ကို စစ်ဆေးတဲ့အခါမှာ Hard disk ပေါ်က Bad Setter တွေကို သေသေချာချာ စစ်ဆေးပေးတာဖြစ်တယ်။ ဆိုလိုတာက တကယ်လို့ မိမိရဲ့ Hard Disk ကို စစ်လိုက်တဲ့အခါမှာ အဲ့ဒီ Bad Setter ဟာ စစ်လို့မရတော့ဘူးဆိုရင်တောင်မှ ဒီ Norton Disk Doctor ဟာ အဲ့ဒီ Bad Setter ကို မရမက ရအောင်စစ်ဆေးတာ ဖြစ်တယ်။ ဒါဟာ ဒီ Norton Disk Doctor ရဲ့ အားသာချက်ပဲ ဖြစ်တယ်။ Scandisk ဆိုရင်တော့ စစ်လိုက်လို့ တကယ်လို့ မရတော့ဘူးဆိုရင်ဖြင့် အဲ့ဒီ Hard Disk ပေါ်က Bad Setter ကို မစစ်ဆေးတော့ဘဲနှင့် ကျော်ချသွားမှာ ဖြစ်တယ်။ Norton Disk Doctor ကတော့ မရရအောင် စစ်ဆေးပေးပါတယ်။

နောက်ပြီးတော့ အဲ့ဒီ စစ်ဆေးလိုက်တဲ့ Bad Setter တွေပေါ်မှာလည်း နောက်ထပ် File တွေ၊ Folder တွေ ထပ်ပြီးတော့ မရေးရတော့အောင် အဲ့ဒီ Bad Setter တွေကို သပ်သပ်ဖယ်ထားလိုက်သလို ပုံစံမျိုးနှင့်လဲ လုပ်ပေးပါတယ်။ ဒါဆို နောက်ထပ် Hard Disk မှာ File တွေ၊ Folder တွေကိုရေးတဲ့အခါမှာ အဲ့ဒီ Bad Setter တွေပေါ်မှာ မရေးတော့ပါဘူး။ ဒါဆို File တွေ Folder တွေဟာ Bad Setter ပေါ် ရောက်သွားလို့ ပျက်သွားတာတို့၊ ပျောက်သွားတာတို့ မဖြစ်တော့ဘူးပေါ့။
ပြီးတော့ Hard Disk ပေါ်မှာ တစ်နေ့ပြီးတစ်နေ့ အသုံးပြုထားသော File တွေ Folder တွေဟာ Hard Disk ပေါ်မှာ အများကြီးပါပဲ။ ပြောရမယ်ဆိုရင်တော့ ပြန့်ကြဲနေတာပဲပေါ့။ အဲ့ဒီ Hard Disk ပေါ်မှာ ပြန့်ကြဲနေသော File တွေ Folder တွေကို ဒီ Norton Disk Doctor ကို Run ပေးခြင်းအားဖြင့် ပြန်ပြီးတော့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်စီပေးတာ ဖြစ်တယ်။ အဲ့သလိုမျိုး File တွေ Folder တွေကို ပြန်စီပေးတဲ့အခါမှာ ဒီ Norton Disk Doctor ဟာ ပိုပြီးတော့ ကောင်းကောင်းပြန်စီပေးနိုင်ပါတယ်။ ပြောရမယ်ဆိုရင် Scandisk ကို Run ပေးတာထက် ဒီ Norton Disk Doctor ကို Run ပေးလိုက်ခြင်းဟာ မိမိ Hard disk ပေါ်မှာ ပြန့်ကြဲနေသော File တွေ Folder တွေကို ပြန်ပြီးတော့ စီစီရီရီ သူ့နေရာနဲ့သူ ပြန်ဖြစ်သွားပါတယ်။

အဲ့ဒါတွေအပြင် ဒီ Norton Disk Doctor ကို သုံးပေးလိုက်မယ်ဆိုရင် မိမိအသုံးပြုနေသော ကွန်ပျူတာရဲ့ Hard Disk ပေါ်က Loss Cluster တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ Hard Disk မှာ Data တွေကို သိမ်းတဲ့အခါမှာ Cluster အလိုက်ပဲ သိမ်းတာဆိုတော့ အဲ့ဒီမှာ မသိမ်းရပဲ ဆုံးရှုံးသွားတဲ့နေရာတွေကို Loss Cluster လို့ခေါ်တာ ဖြစ်တယ်။ ဘယ်လိုမျိုးလဲဆိုတော့ ဥပမာဗျာ... မိမိရဲ့ Hard Disk မှာ Cluster တစ်ခုဟာ 54 MHz ရှိတယ် ဆိုပါစို့။ ဒါဆိုရင် မိမိက File တစ်ခုကို အသုံးပြုလိုက်ပြီးတော့ Save လုပ်လိုက်ပြီဆိုရင် အဲ့ဒီ File Size ဟာ 42 MHz ပဲ ရှိတယ်။ အပေါ်မှာ ပြောခဲ့တယ်လေ။ Hard disk မှာ Data တွေသိမ်းတဲ့အခါ Cluster အလိုက်ပဲ သိမ်းတယ်လို့ပါ။ ဒီတော့အခုပြောတဲ့ Hard Disk Cluster Size နှင့် File Size ကို ကြည့်မယ်ဆိုရင် အဲ့ဒီ Cluster Size က 54 MHz ဖြစ်ပြီးတော့ File Size က 42 MHz ပဲရှိတာဆိုတော့ ဘယ်လောက်ကွာနေသလဲ။ Cluster Size ဖြစ်တဲ့ 54 ကနေပြီးတော့ File Size ဖြစ်တဲ့ 42 ကိုနှုတ်လိုက်ရင် ကျန်တဲ့ အကြွင်းဟာ Loss Cluster ဖြစ်တယ်။ ဒီမှာ Loss Cluster က ဘယ်လောက်ကျန်လဲဆိုတော့ 12 MHz ကျန်တယ်။ ဒီတော့ ဒီ ကျန်တဲ့ 12 ဟာ Hard Disk မှာ ဆုံးရှုံးသွားသော နေရာလေးဖြစ်တယ်။ နောက်တစ်ခါ နောက်တစ် File ကို Hard Disk မှာ ထပ်ပြီးတော့ Save လုပ်မယ်ဆိုရင် Hard disk မှာ အခုနက File သိမ်းလို့ကျန်နေတဲ့ Cluster မှာ ထပ်ပြီးတော့ မသိမ်းတော့ဘူး။ နောက်ထပ် Cluster တစ်ခုမှာပဲ ထပ်သိမ်းတာဆိုတော့ နောက်တစ် File ကလည်း အဲ့ဒီ လိုပဲ Loss Cluster ကျန်နေမယ်ဆိုရင် အားလုံးစုလိုက်မယ်ဆိုရင် Hard disk မှာ ဆုံးရှုံးသွားသော Loss Cluster တွေများနေမှာပေါ့။ ဒါဟာဆိုရင် Hard disk ရဲ့ Space တွေကို သက်သက်မဲ့နေရာ ပုပ်စေတာပေါ့။

ဒီတော့ ဒီ Norton Disk Doctor ကို မိမိ ရဲ့ ကွန်ပျူတာမှာ Run ပေးလိုက်ခြင်းအားဖြင့် အဲ့ဒီ Loss Cluster တွေ အရမ်းများနေတာကို လျှော့ချပေးနိုင်ပါလိမ့်မယ်။ ဒါဟာဆိုရင်လည်း Norton Disk Doctor ရဲ့ ကောင်းတဲ့အချက်တစ်ခုပါပဲ။

Norton Disk Doctor ကို Scandisk နှင့် ယှဉ်လိုက်ရင် အပေါ်မှာပြောခဲ့တဲ့ ကွာခြားချက်လေးတော့ နည်းနည်းရှိပါတယ်။ ဒါကြောင့် ဒီနေရာမှာ Scandisk ကိုအသုံးပြုမပြတော့ပဲ Norton Disk Doctor ကိုပဲ အသုံးပြုတတ်အောင် သင်ပြပေးမှာ ဖြစ်တယ်။

ဒီတော့ Norton Disk Doctor ဆိုတာ ဘာလဲဆိုတာကို သိမယ်နော်။ သူ့ရဲ့ အားသာချက်တွေကိုလည်း သိပြီးပြီဆိုတော့ Norton Disk Doctor ကို ကိုယ့်ရဲ့ ကွန်ပျူတာမှာ ဘယ်လို Run မလဲဆိုတာကိုလဲ သိဖို့လိုတယ်။ ဟုတ်ပြီ ဒီတော့ကာ Norton Disk Doctor ကိုဘယ်လို Run မလဲဆိုတာကိုပါ ဆက်လေ့လာရအောင်နော်။ တစ်ဆင့်ချင်း ပြောပြသွားမယ်။

ကဲအခု Hard disk ကို Scandisk ကိုမသုံးပဲ Norton Disk Doctor ကို အသုံးပြုပြီးတော့ စစ်ပြပါ့မယ်။ အရင်ဆုံး Norton Disk Doctor ကို Install လုပ်ပြီးသား ဖြစ်ရမယ်။ Norton Disk Doctor ကို ဖွင့်လိုက်ပါ။ ပုံ လေးအတိုင်းတွေ့ရမှာပါ။
၁။    အဲ့ဒီမှာ မိမိစစ်ချင်တဲ့ Drive ကို Select မှတ်ပေးပါ။ ဒါက ကိုယ်စစ်ချင်တဲ့ Drive ကိုစစ်မှာ ဖြစ်တယ်။ ဥပမာ-Drive C သို့မဟုတ် Drive D ပေါ့။ ဒီတော့ မိမိစစ်ချင်သော Drive ရဲ့ဘေးက လေးထောင့်ကွက်လေးမှာ အမှန်ခြစ်လေး ထည့်ပေးလိုက်ပါ။  အဲ့ဒီ အမှန်ခြစ် ခြစ်ထားသော Drive ကိုပဲ စစ်မှာဖြစ်ပါတယ်။

၂။    Fix Error ကို On လိုက်ပါ။ အမှန်ခြစ်လေး ခြစ်ထားပေးလိုက်ပါ။ Fix Error ဆိုတာက စစ်လိုက်လို့ တွေ့လာသမျှသော Error တွေကို အဲ့ဒီ Fix Error ကို On ထားခြင်းအားဖြင့် သူ့ဘာသာသူ Fix လုပ်ပေးသွားမှာ ဖြစ်တယ်။ အကယ်၍များ ၄င်း Fix Error ကို Off လုပ်ထားမယ်ဆိုရင် Error တစ်ခုခုဖြစ်ရင် ဘယ်လိုဆက်လုပ်မလဲဆိုပြီးတော့ မေးပါတယ်။ အဲ့ဒါကို မိမိက တစ်ခုခုလုပ်မပေးမချင်း ဆက်မသွားတော့ဘူး။ ဒီတော့ Fix Error ကို On ထားရင်တော့ ဘာမှကိစ္စမရှိဘူး။ သူ့ဘာသာသူ စစ်ဆေးသွားလိမ့်မယ်။ စောင့်ကြည့်နေစရာမလိုဘူး။ စစ်ထားရင်းနဲ့ တစ်ခြားတစ်စုံတစ်ရာကို လုပ်မယ်ဆိုရင် သွားလုပ်နေလို့ရတာပေါ့။ Fix Error ကို Off လုပ်ထားရင်တော့ Error တစ်ခုခုဖြစ်ရင် လူကနေမှ လုပ်ပေးမှ ဆက်သွားမှာဖြစ်တယ်။ ဒါကြောင့် Fix Error ကို Off ထားရင်တော့ သေချာတယ် ထိုင်စောင့်နေရလိမ့်မယ်။
 
 
၃။    ဒီတော့ Fix Error ကို On ထားပေးပြီးရင် Diagnose ကို Click တစ်ချက်နှိပ်ပါ။ ပုံ ပေါ်လာမှာ ဖြစ်တယ်။ အဲ့ဒီ Box လေးမှာ Checking Partition Table, Checking File Structure နှင့် Checking Free Space ဆိုပြီးတော့ တွေ့ရလိမ့်မယ်။ ဒါက Norton Disk Doctor က စစ်ပေးနေတဲ့အချက်တွေ ဖြစ်တယ်။
•    Partition Table ကို ကောင်းမကောင်း စစ်ဆေးပေးတာ ဖြစ်တယ်။

•    နောက် File Structure က File တွေရဲ့ အထားအသို နေရာနှင့် ပုံစံကို စစ်ဆေးပေးတာ ဖြစ်တယ်။ File တွေ သူ့နေရာနဲ့သူ ရှိ၊မရှိ စစ်ပေးတာ ဖြစ်တယ်။ ပြီးရင် File တွေကို သူ့နေရာနဲ့သူ သပ်သပ်စီ ပြန်စီပေးပါတယ်။

•    နောက်တစ်ခုဖြစ်တဲ့ Checking Free Space ကတော့ မိမိရဲ့ Hard Disk မှာ ကျန်နေတဲ့ Free Space ကို စစ်တာ ဖြစ်တယ်။ Free Space ဘယ်လောက် ကျန်နေသလဲ။ အဲ့ဒီ Free Space မှာ Bad Sector တွေ ပေါ်နေသလား။ ပေါ်နေရင် Bad Sector ရှိတဲ့နေရာကို ဖယ်ထားမယ်ပေါ့။
အဲ့ဒီ Partition Table, File Structure နှင့် Free Space တို့ကို စစ်ဆေးနေတဲ့ပုံလေးကတော့ အဲ့ဒီ Windows ရဲ့ အောက်နားလေးမှာ အစိမ်းတုံးလေးတွေ သွားနေတာကို တွေ့ရမှာပါ။
အကယ်၍များ မိမိကွန်ပျူတာ Hard Disk မှာ Bad Sector တွေ ပေါ်နေရင်တော့ Surface Test ကို စစ်ဆေးတာကို တွေ့လိမ့်မယ်။ အကယ်၍ Hard Disk မှာ Bad Sector မရှိဘူးဆိုရင်တော့ ဒီ Surface Test ကို မစစ်ဘဲနှင့် ကျော်သွားမှာ ဖြစ်တယ်။ မိမိ အသုံးပြုနေသော Hard Disk မှာ Bad Sector ပေါ်နေမယ်ဆိုရင် မိမိက Data အချက်အလက်တွေကို အသုံးပြုပြီးတော့ File သိမ်းလိုက်မယ်ဆိုရင် အဲ့ဒီ Data အချက်အလက်တွေဟာ Hard Disk ပေါ်မှာ ရှိနေသော Bad Sector ပေါ်ကို ရောက်သွားမယ်ဆိုရင်တော့ အဲ့ဒီ Data အချက်အလက်တွေဟာ အသုံးပြုဖို့ရန် ပြန်ခေါ်တဲ့အခါမှာ ပြန်ခေါ်လို့ရတော့မှာ မဟုတ်ပါဘူး။ Data တွေ Loss ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဒီ Surface Test စစ်လိုက်မယ်ဆိုလို့ရှိရင် အဲ့ဒီ Hard Disk ပေါ်က Bad Sector တွေကို စစ်ဆေးပေးပြီးတဲ့အခါ နောက်တစ်ခါ File တွေကို သိမ်းတဲ့အခါမှာ အဲ့ဒီ Bad Sector ပေါ်မှာ ထပ်မသိမ်းတော့ပါဘူ။ Bad Sector မရှိဘူးဆိုရင်တော့ Surface Test ကို စစ်မှာ မဟုတ်ပါဘူး။
 
၎။    ပြီးရင် ပုံ အတိုင်းတွေ့ရပါလိမ့်မယ်။ Ok လို့ပြောလိုက်ပါ။ ဒါဆို Hard Disk ကို စစ်တာပြီးသွားပြီ ဖြစ်တယ်။
အခု Norton Disk Doctor ကို မိမိရဲ့ ကွန်ပျူတာမှာ အသုံးပြုတတ်သွားမယ်နော်။ ဒီတော့ မိမိရဲ့စက်မှာ Norton Disk Doctor ကို Run ချင်တယ်ဆိုရင် အခုပြောပြခဲ့တဲ့ အတိုင်း အသုံးပြုရမှာ ဖြစ်တယ်။ Scandisk နှင့် Norton Disk Doctor အတူတူပဲ ဖြစ်တယ်။ ဒါပေမယ့် Norton Disk Doctor မှာ ပို၍ အားသာချက်ရှိတာဖြစ်တဲ့အတွက် ဒီမှာက Norton Disk Doctor ကို အသုံးပြုခြင်းနည်းကို ပြပေးတာ ဖြစ်တယ်။ ဒီတော့ အခုဒီမှာပဲ Norton Disk Doctor အကြောင်းကို အပြီးသတ်လိုက်ပါတယ်။
.............................................

Recycle Bin PDF Print E-mail
User Rating: / 0
PoorBest 
Hardware - Hardware
Saturday, 26 September 2009 03:04
Recycle Bin တွင်သိထားသင့်သည့် အချက်များ
Bin ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း လွှင့်ပစ်ချင်တဲ့အရာတွေကို ထည့်လို့ရတဲ့ ပုံးကြီးတစ်ခု လို့ပြောရမလား။ ဒါမှမဟုတ် ဗူးကြီးတစ်ခုလို့ပြောရမလားပဲ။ သို့ပေသိ Recycle ဆိုတာကတော့  ပြန်လည်အသုံးပြုလို့ ရတယ်ပေါ့။ ဥပမာပြောရရင် စာရွက်တွေ၊ သတင်းစာတွေ ဆိုတာက ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းတွေပါ။ သုံးပြီးသား (အသုံးပြုပြီးသား) စာရွက်စာတမ်းတွေကို ရေနဲ့ကြိုပြီး စာရွက်ကြမ်းတို့ အခြားအသုံးပြုလို့ရတဲ့ အစ္စည်းအမျိုးမျိုးပြုလုပ်ခြင်းကို Recycle လုပ်တယ်လို့ခေါ်တယ်နော်။ တစ်နည်းအားဖြင့် အလွယ်ပြောရရင် လွှင့်ပစ်ပြီးသား ပစ္စည်းတွေ၊ အသုံးမ၀င်တော့တဲ့ အရာတွေကို ပြန်သုံးလို့ရအောင် လုပ်တယ်ပေါ့။ အဲဒါ Recycle ဆိုတဲ့ သဘောတရားပါ။ အဲ.. Recycle နဲ့ Bin ဆိုတဲ့ စာလုံးလေး ပေါင်းစပ်မိရင်တော့ အမှုက်ပုံးလေးလို့ အမည်ရတာပေါ့။
အဲ... ဒါဆို Computer ထဲမှာ ဘာကြောင့် ဒီ Recycle Bin (အမှိုက်ပုံး) ဆိုတဲ့ icon လေးရှိနေတာလဲ။ မထူးဆန်းဘူးလားဟင်။ သို့ပေသိ အဲဒီ icon လေးကလည်း သူ့နေရာနဲ့သူ အသုံးဝင်လေရဲ့။ အိမ်တိုင်းမှာ စွန့်ပစ်ပစ္စည်း ထည့်ဖို့
အမှိုက်ပုံးဆိုတာ ရှိသလို Computer တွေမှာလည်း ဒီလိုပဲတဲ့။ စဉ်းစားကြည့်တော့ ဟုတ်သားနော်။ Computer ထဲမှာရှိတဲ့ data တွေ၊ files တွေ၊ ဓါတ်ပုံတွေ စတဲ့ အရာတွေမှာ မလိုအပ်တော့တာတို့ ၊ နှစ်ကြိမ်ထပ်နေတာတို့ ဆိုရင်လည်း လွှင့်ပစ်ဖို့ လိုအပ်မှာပေါ့နော်။
ဟယ်..ဒါဆို ဘယ်လိုလွှင့်ပစ်ရမလဲ။ အိမ်ထဲက အမှိုက်ကို ” ဘတ် ” ဆိုပြီး ပစ်လို့လွယ်ပေမဲ့ Computer ထဲက အမှိုက်ကိုဘယ်လိုလွှင့်ပစ်ရမလဲ။ လွယ်ပါတယ်နော်။ Keyboard မှာရှိတဲ့ " Delete " ဆိုတဲ့ key ကိုနှိပ်လိုက်ရုံပေါ့။ လက်တောင် မညစ်ပတ်လို့ ဆေး စရာမလိုဘူး။ ပိုပြီး နားလည်အောင်ပြောရရင် ကျွန်မက ဓါတ်ပုံလေးတစ်ပုံ (ကိုးရီးယားမင်းသားလေးပေါ့) ကိုကြိုက်လို့ဆိုပြီး Computer ထဲမှာ သိမ်းထား (Save) လိုက်တယ်။  ဟော..အကြိုက် တူတတ်တဲ့ ကျွန်မရဲ့ ညီမလေးကလည်း အဲဒီပုံကိုပဲ ထပ်ပြီး Save လုပ်ထားပြန်ရော။ ဟယ် ဒါဆို ဓါတ်ပုံတူ (၂)  ပုံ ထပ်နေပြီပေါ့။ ဒီလိုနဲ့ Computer ကိုသုံးလာလိုက်တာ... သူက Save လိုက်၊ ကိုယ်က Save လိုက်နဲ့လေ......... Computerကို သုံးရတာ နှေးလိုက်တာ..။
အော်. အဖြေရှာတွေ့ပြီ။ နှေးမှာပေါ့။ Data တွေက နှစ်ခုထပ်ပြီး အရမ်းများနေတာကိုး။ ဒီတော့ Data သိုလှောင်နိုင်တဲ့ ပမာဏ (Memory Space) နည်းနေပြီလေ။ အင်း...ဒါဆို ဘယ်လိုလုပ်ရပါ့မလဲ။ ညီအစ်မ နှစ်ယောက် သိမ်းထားတဲ့ ဓါတ်ပုံတွေကို ဖျက်ပစ် (လွှင့်ပစ်) မှရတော့မယ်။ ဒီတော့ အမှုက်ပုံး (Recycle Bin) ထဲထည့်ရအောင်။ Delete နှိပ်ပြီသာ မှတ်ပေတော့။ အဲ. ဒီလိုဆိုတော့ Computer သုံးရတာ နည်းနည်းပိုအဆင်ပြေလာသလိုပဲ။ ဒီတော့ Recycle Bin ဆိုတဲ့ အမှုက်ပုံးလေး အကြောင်းလေ့လာ ကြည့်မိတယ်။

ပုံထဲမှာမြင်ရတဲ့အတိုင်း Computer တိုင်းရဲ့ Desktop Background ပေါ်မှာ မပါမဖြစ်ရှိနေတာ သူပါ။ Recycle Bin ကိုပြောတာနော်။  တစ်ခြား ဘယ် icon မှမရှိရင်တောင် သူ မရှိဘူးဆိုတာ မရှိဘူးနော်။ ပြီးမှ ကိုယ်ကြိုက်တဲ့ icon တွေကို
Desktop ပေါ်တင်ချင်ရင်တင်ပေါ့။ ဟုတ်ဘူးလား။

ကယ်... Recycle Bin လေးကိုဖွင့်ကြည့်ရအောင်။ ရှင်းနေတာပဲနော်။ အဲဒါက အမှိုက်ပုံး အသစ်ကလေး (ဒါမှမဟုတ်) အမှိုက်ပုံး အလွတ်ကလေးနဲ့ တူတယ်။ အမှိုက်တွေ မရှိဘူးပေါ့။

ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် Desktop  ပေါ်မှာ New Microsoft Excel Worksheet.xls , New Microsoft Word Document.doc , New WinRAR ZIP archive.zip , New PageMaker 6.5 Publication.p65 တို့ကို Desktop ပေါ်မှာ တင်ထားလိုက်မယ်နော်။

အင်း...စောစောက ကျွန်မပြောသလို ဓါတ်ပုံတွေကို ဖျက်လိုက်ပြီ ဆိုရင် အမှိုက်ပုံးထဲမှာ အမှိုက်တွေရှိနေမယ် ဆိုတာလေ။ အခုလည်း စောစောက Desktop ပေါ်မှာတင်ထားတဲ့ (၄) ခုကို ဖျက်ကြည့်လိုက်ရအောင်။ အမှိုက်ပုံးလို့ခေါ်တဲ့ Recycle Bin ထဲမှာ အဲဒီ icon (၄) ခု ရောက်သွားပြီလားလို့ သွားကြည့်ရအောင်။ ဟော. ပုံလေးကိုကြည့် ကြည့်ပါဦးနော်။

အိမ်မှာလေ အမှိုက်ပုံးထဲမှာ အမှိုက်တွေ ရှိနေရင် နံတယ်နော်။ ဒီတော့ ဘာလုပ်ကြလဲဟင်။ ဟုတ်တာပေါ့။
အိမ်နောက်ဖေးလမ်းကြား . အဲ . ဟုတ်ပါဘူး။ အမှိုက်ကားဆီ ပို့ရတယ်နော်။ Computer မှာလည်းဒီလိုပဲတဲ့။ Delete လုပ်လိုက်လို့ Computer ထဲက Recycle Bin ထဲမှာ File, Data, Photo အစရှိတဲ့ အမှိုက်တွေများနေရင်လေ Computer
ထဲက Memory ထဲမှာ သိမ်းထားရလို့ Computer ကြီးလေးနေပြီး သုံးရတာ နှေးနေဦးမှာလေ။
ဟယ်. ဒါဆို စိတ်ဝင်စားစရာ တစ်ခုက Recycle Bin အတွက် Memory ဘယ်လောက်ရှိလဲ ဆိုတာပါပဲ။ ကိုယ့်ဘာသာကြည့်ချင်ရင် Recycle Bin ဆိုတဲ့ icon ကို right click နှိပ်ပြီး Properties ဆိုတာ ကိုသွားကြည့်နော်။ တွေ့တယ်မဟုတ်လား။

အမှိုက်ပုံးဆိုပြီး အထင်တော့ အသေးနဲ့နော်။ သူက Memory Size ရဲ့ ၁၀ ရာခိုင်နှုန်း (10%) နေရာယူထားတာနော်။ ပုံလေးကိုကြည့်ပါဦး။

၁၀ ရာခိုင်နှုန်းဆိုတော့ ဥပမာ- RAM အရွယ်အစားက data သိုလှောင်နိုင်တဲ့ ပမာဏ 512 MB ဆန့်တယ်ဆိုရင်
Recycle Bin အတွက်က 5.12 MB နေရာယူတာနော်။ ဒီတော့ များတာပေါ့။ Memory Size ကြီးလေ Recycle Bin အတွက်
Space များလေပေါ့။ ပိုက်ဆံ ၁၀၀ ရဲ့ ၁၀ ရာခိုင်နှုန်းက ၁၀ ဆိုရင် မများသလိုထင်ရပေမဲ့ ၁၀ သိန်းရဲ့ ၁၀ ရာခိုင်နှုန်းဆိုရင်
၁ သိန်းဖြစ်သွားတာနော်။ ဒီတော့ ကိုယ့်ရဲ့ Memory Size ကကြီးနေတာ ဆိုရင်လေ နည်းလမ်းလေးတစ်ခု ပေးမယ်နော်။

၁၀ ရာခိုင်နှုန်းဆိုတဲ့ နေရာကို ပုံမှာတွေ့ရတဲ့အတိုင်း  ၅ ရာခိုင်နှုန်းဆိုပြီး လျှော့ချလို့ရတယ်နော်။ ဒီတော့ သုံးဖို့
Memory Space ပိုကျန်တာပေါ့နော်။အဲ... ဒီလိုမှ မဟုတ်ဘဲ စောစောက ဥပမာပေးခဲ့သလို အိမ်မှာ အမှိုက်တွေများလို့ နံနေရင် အိမ်ကထုတ်ပြီး အမှိုက်ကားဆီ ပို့ရသလို Recycle Bin ထဲကအမှိုက်တွေ (မလိုအပ်တော့တဲ့ data,files,photos) က များပြီး နံနေရင် အဲလေ..Computer လေးနေရင် အဲဒါတွေကို Computer ထဲကထုတ်ဖို့လိုလာပြီပေါ့။ ဒီတော့ အိမ်မှာရှိတဲ့ အမှိုက်ပုံးထဲ  အမှိုက်တွေကို လွှင့်ပစ်ပြီး အမှိုက်ပုံးအသစ်ဖြစ်အောင် ပြန်ဆေးရသလိုမျိုး Recycle Bin ထဲမှာ ပြည့်ကျပ်နေလို့ မလိုချင်တော့တဲ့ Data တွေကို Computer ထဲကနေ အပြီးအပိုင် လွှင့်ပစ်လို့ရတယ်ဆိုပဲ။ ဟယ်...ဒါဆို ဘယ်လိုလုပ်ရပါ့မလဲ။
အလွယ်လေးပါ။ ခုနက Delete ဆိုတဲ့ Key ကို Shift နဲ့ တွဲပြီး နှိပ်လိုက်ပါ။ Shift+Delete တပြိုင်နက် နှိပ်လိုက်ရင်ဖြင့် မတွေ့ချင်၊ မမြင်ချင် အဲလေ... မလိုချင်တော့တဲ့ data တွေက Computer ထဲက Recycle Bin ဆိုတဲ့ အမှိုက်ပုံးထဲမှာ မရှိတော့သလို Computer ရဲ့ ဘယ်နေရာမှာမှ ပြန်ရှာလို့ မရနိုင်တော့ပါဘူး။ ဒီတော့ နည်းနည်းတော့ သတိထားနော်။ သေချာပြီဆိုမှ ဖျက်ပစ်ပါ။ တကယ်လို့ ကိုယ့်ရဲ့ Data အချက်အလက်တွေ မဟုတ်ရင် မနှိပ်မိစေနဲ့နော်။ အခြားသူတွေအတွက် လိုအပ်တဲ့ Data တွေဖြစ်နေမှာ စိုးရိမ်လို့ပါ။ အမှိုက်ကားထဲ ပါသွားတဲ့ အမှိုက်ကိုပြန်ရှာဖို့ ခက်သလိုမျိုးပါပဲနော်။ သတိတော့ ထားပေါ့။ ပြန်ရှာဖို့မှ မလွယ်တာ။
ဟယ်..ဒါဆို Recycle Bin ထဲက Data ကိုပြန်ရှာလို့ရနိုင်မလားဟင်။ ဒါက အလွယ်လေးပါလို့ ပြောရမလားပဲ။ အဲ...
ပြောရင်း သတိရလို့ တစ်ခုပြောပြမယ်နော်။ အိမ်မှာလေ ကျောက်ကျောကြိုမယ်ဆိုပြီး အိတ်ရဲ့အခွံမှာ အညွှန်းပါတဲ့ ကျောက်ကျောမုန့် အထုတ်ကလေး ၀ယ်လာလိုက်တယ်။ အဲ . ကျောက်ကျောအမှုန့်လည်း ထုတ်ပြီးရော အကျင့်ပါနေလို့ထင်ပါရဲ့။ ရောင်ယမ်းပြီး အိတ်အခွံကို အမှိုက်ပုံးထဲ ထည့်လိုက်မိလေရဲ့။ အနည်းငယ်ကြာလို့ ကျောက်ကျောကြိုတဲ့ အခါကျတော့ ဟယ် ဘယ်လိုကြိုရမှာလဲ။ အညွှန်း ၊ အညွှန်းဆိုပြီး သတိလည်းရရော။ ဘာလုပ်တယ်ထင်လဲ ဟင်။ သေချာတာပေါ့။ အမှိုက်ပုံးဆီ ပြေးတာတန်းနေတာပဲ။ တော်ပါသေးရဲ့။ အပေါ်ဆုံးမှာ အိတ်အခွံလေး။ ပြည့်ခါနီး အမှိုက်ပုံးလေးကို လမ်းထိပ်က အမှိုက်ကားဆီ မပို့ရသေးလို့တော်ပါသေးဘိ။ အရသာရှိတဲ့ ကျောက်ကျော တစ်ဗန်း ရခဲ့ပါပြီ။ ဟိဟိ စားတဲ့သူတွေကတော့ မသိ။
အဲ..ပြောနေတဲ့ အကြောင်းအရာလေးကို ပြန်ဆက်ရမယ်ဆိုရင် ခုနက ပြောခဲ့တဲ့ အတိုင်းပါပဲ။ ဘာလဲဟ။ ပြောပါ့မယ်။ ဖြေးဖြေးပေါ့။ Computer ထဲက Recycle Bin ထဲမှာလည်းလေ မလိုချင်လို့ လွှင့်ပစ် (Delete လုပ် ) လိုက်တာ
ရှိသလို စောစောကပြောခဲ့သလိုပေါ့။ ရောင်ယမ်းပြီး အမှတ်တမဲ့ မှားယွင်း Delete နှိပ်မိတာလည်း ရှိတယ်ပေါ့။ ဒီတော့ အဲလို အခါမျိုးမှာ စောစောက ပြောခဲ့သလို အမှိုက်ခွံ ပြန်ကောက်ရုံပေါ့နော်။ ဒါဆို ဘယ်လိုလုပ်ရမလဲ။ ဒါလည်း လွယ်တာပဲ။
Recycle Bin ဆိုတဲ့ icon လေးကိုဖွင့် ၊ ပြီးရင် အထဲမှာရှိတဲ့ အမှိုက်တွေ အဲလေ Data တွေထဲက ပြန်လိုချင်တဲ့
Data ကိုရှာ၊ ပြီးတော့ right click နှိပ်ပါ။ ဟော ပုံမှာတွေ့တဲ့အတိုင်း Restore ဆိုတာကို နှိပ်လိုက်ရုံပါပဲ။ လွယ်တယ်နော်။

Restore ဆိုတာက Re နဲ့ store ကိုပေါင်းထားတာလေ။ ဟုတ်တယ်။ မရယ်ရဘူးလေ။ အမှန်ပဲ ဥစ္စာ။
Re ဆိုတဲ့ အဓိပ္ပါယ်က ပြန်လည်လုပ်ဆောင်တာကို ပြောပြီးတော့ Store ဆိုတာက သိုလှောင်တာကို ပြောတာပါ။
ဒီတော့ နှစ်ခုပေါင်းလိုက်တော့ Restore ဆိုတာ ပြန်လည် သိုလှောင်/သိမ်းဆည်းခြင်း တဲ့။

Restore လုပ်ပြီးရင် Data ကို ဘယ်မှာ ပြန်ရှာရမလဲ မမေးနဲ့နော်။ ကိုယ်ပြန်လိုချင်တဲ့ Data ကို Restore လုပ်ပြီးရင် ကိုယ်နဂို မူလက သိမ်းထားတဲ့ နေရာမှာ ပြန်ကြည့်လို့ရပါတယ်။ ဥပမာ- Desktop ပေါ်မှာ Folder တစ်ခုအနေနဲ့
တင်ခဲ့ရင် အဲဒီပုံစံ အတိုင်း ပြန်ရှိနေပါလိမ့်မယ်။ စောစောက New Microsoft Word Document ကို Desktop မှာ တင်ထားခဲ့ပြီး နောက်တော့ ဖျက်ပစ်လိုက်တာ Recycle Bin ထဲရောက်သွားတယ်နော်။ အဲဒီနောက်မှာတော့ Restore ပြန်လုပ်လိုက်တာ Desktop ပေါ်ပြန်ရောက်လာပြီနော်။ ဒါမှမဟုတ် My Document ဆိုတဲ့ အခန်းအောက်မှာ နဂိုကရှိခဲ့တာဆိုရင် အဲဒီမှာပြန်ရှာပေါ့။ Restore ဆိုတာကို နှိပ်လိုက်ရုံနဲ့ နဂိုရှိခဲ့တဲ့ နေရာမှာပြန်ရောက်နေမယ် ဆိုတဲ့ သဘောပါ။
တကယ်လို့ ကိုယ်ဖျက်ခဲ့တဲ့ Data အားလုံးကိုပြန်လိုချင်တယ်ဆိုရင်တော့ တစ်ခုစီ Restore လုပ်ရင်မောနေဦးမှာမို့ အလွယ်နည်းပြောပြမယ်နော်။ Recycle Bin ကို Click တစ်ချက် (သို့) နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ။ (စက်တစ်ခုနဲ့ တစ်ခု မတူလို့ပါ။)

ပုံမှာ တွေ့ရတဲ့အတိုင်း လုပ်ဆောင်လို့ရတဲ့ အရာတွေ ပါ ပါတယ်။ အဲဒီမှာ Restore all items ဆိုတာ တွေ့တယ်နော်။ အဲဒါကို နှိပ်လိုက်ရင် ဖျက်ခဲ့တဲ့ data တွေအကုန် မူလ နေရာကိုပြန်ရောက်သွားပါလိမ့်မယ်နော်။

အဲ...ပုံမှာ Empty (ဘာမှမရှိတဲ့ အလွတ်ကြီး) ဆိုတာ တွေ့တယ်မဟုတ်လား။

အဲဒါကတော့  အမှိုက်ပုံးကိုရေနဲ့ ဆေးတာလေ။ ဟဲဟဲ သဘောပြောတာပါ။

Recycle Bin ကို Right click နှိပ်ပြီး Empty နှိပ်လိုက်ရင်လည်း Recycle Bin ထဲက
Data တွေ အကုန်ပျောက်သွားပြီး ပုံမှာတွေ့ရတဲ့အတိုင်း အမှိုက်ပုံးလေးရှင်းသွားပါလိမ့်မယ်။

ဒီတော့ လွယ်လွယ်နဲ့ မှတ်လို့ရအောင် ပြောပြပေးချင်တာက :
(၁)- မလိုချင်တော့တဲ့ Data တွေကို Delete နှိပ်ပြီး Recycle Bin ထဲထည့်လို့ရသလို
(၂)- မှားပြီးဖျက်မိတဲ့ Data တွေကို Recycle Bin ထဲက ပြန်လိုချင်ရင် Restore နဲ့ ပြန်ခေါ်လို့ရပြီး
(၃)- Recycle Bin ကိုရှင်းလင်းစေချင်ရင် Empty ဆိုပြီး လုပ်လို့ရပါတယ်။
(၄)- Recycle Bin ရဲ့နေရာယူတဲ့ ပမာဏကို လျှော့ချချင်ရင် ၁၀ ရာခိုင်နှုန်းကို ၅ ရာခိုင်နှုန်း ပြောင်းလိုက်လို့ရတယ်နော်။
(၅)- နောက်ဆုံးအချက်ကတော့ ညစ်ပတ်လို့ အဲလေ ...Computer လေးမှာ စိုးရိမ်လို့ Recycle Bin ထဲ မထည့်ချင်ဘူး။ တစ်နည်းအားဖြင့် Recycle Bin နဲ့ မပတ်သက်ချင်ဘူးဆိုရင် မလိုချင်တော့တာ သေချာတဲ့ Data တွေကို Shift+Delete တွဲပြီး နှိပ်လို့ရတယ်ဆိုတာပါပဲ။
ဒီတော့ ပြောပြချင်တာက Recycle Bin ဆိုတာ ပြန်လည်အသုံးပြုလို့ရတဲ့ အမှိုက်ပုံးလေးပါ။ Restore လုပ်လို့ရတာကိုး။ တကယ်လို့ စောစောကပြောခဲ့သလို Recycle Bin ကို ၁၀ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းလျှော့ လိုက်တယ်
ထားပါတော့။ Recycle Bin ထဲမှာလည်း အမှိုက်တွေ အဲလေ Delete လုပ်ထားတဲ့ Data တွေကို Empty ဆိုပြီး Recycle Bin
ကို မရှင်းထားဘဲ Delete လုပ်ထားတဲ့ Data တွေများနေတယ်ဆိုပါစို့။ ဖျက်လိုက်တဲ့ Data ပမာဏက ခုနကထားခဲ့တဲ့ ၅ ရာခိုင်နှုန်းကို ကျော်နေပြီဆိုရင် ဘာဖြစ်သွားမလဲ။ ရှေ့မှာ Delete လုပ်ခဲ့တဲ့ Data တွေ Computer ထဲက အလိုအလျောက်
ပျောက်သွားမှာပေါ့ လို့ပြောရမှာပဲ။ သူ့မှာ သိမ်းစရာနေရာမရှိတော့တဲ့အတွက် Delete လုပ်လိုက်လို့  နောက်ထပ် ရောက်လာတဲ့ Data တွေကိုထားပေးထားပြီး Delete လုပ်ထားတဲ့ Data အဟောင်းတွေကတော့ ပျောက်ဆုံးသွားပါလိမ့်မယ်။ သတိတော့ထားပါနော်။
လွယ်လွယ်ကူကူ ဥပမာ ပေးရမယ်ဆိုရင်တော့ ဒုတ်တစ်ချောင်းမှာ ထိုးထားတဲ့ ငုံးဥကြော်လေးတွေကို မြင်ယောင်
ကြည့်နော်။ ဒုတ် တစ်ချောင်းမှာ ငုံးဥ လေးလုံးထည့်လို့ရတယ် ဆိုပါတော့။ ကျွန်မ က ရှည်ပြီး ငုံးဥ ငါးလုံး ထိုးထည့်လိုက်တာ ရှေ့ဆုံးတစ်လုံး ပြုတ်ကျသွားတယ်လေ။ အဲဒီ သဘောတရားပါပဲ။ နောက်ကအသစ် ၀င်လာရင် ရှေ့က အဟောင်းက ဖယ်ပေးရတဲ့သဘောပါ။ နားလည်ပြီ ထင်ပါတယ်။ စာဖတ်ရတာ ပျင်းနေမှာ စိုးတာရယ်၊ ခေါင်းရှုပ်ပြီး နားမလည်မှာ စိုးတာရယ်
ကြောင့် ဥပမာလေးတွေ ထည့်ပေးတာပါ။ " စိုးတာရယ် " ဆိုတာ ကိုးရီးယား နာမည်မဟုတ်ဘူးနော်။ စိုးရိမ်တာကိုပြောတာပါ။
အခုလောက်ဆိုရင် စာဖတ်ရတာလည်း ပျင်းရောပေါ့။ အဲလေ ညောင်းပြီးမောရောပေါ့။ အခု ပြောပြခဲ့တဲ့ Recycle Bin အကြောင်းက အတော်လေး စုံလင်သွားပါပြီနော်။ ဘာမှ မမှတ်မိတော့ဘူး ဆိုရင်တောင် ဥပမာလေးတွေကိုတော့ မေ့မှာ
မဟုတ်ပါဘူး။ ဒီတော့ စွဲမြဲနေတဲ့ ဥပမာလေးတွေကို စဉ်းစားရင်း သူ့ရဲ့နောက်ကွယ်က  အရာကို ပြန်လည်မှတ်မိကြပါစို့နော်။
...........................................

 
 
 
......................


မြန်မာစံတော်ချိန်
 
ပြက္ခဒိန်
 
အခုဝင်ရောက်ကြည့်ရှူနေသူ
 
widgeo.net
 
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free