Printers Problem
 

ကွန်ပျူတာဆက်စပ်ပစ္စည်းဖြစ် သော ပရင်တာ (Printer) များ အထူးသဖြင့် လေဆာပရင်တာများ တွင် Original Cartridge  များ မသုံးဘဲ ဈေးနှုန်းသက်သာသော Cartridge  အတုများအသုံးပြုပါ က ပရင်တာကို ထိခိုက်စေနိုင် ကြောင်း သိရသည်။

““ပရင်တာရဲ့ Original Cartridge  က အတုတွေထက် ဈေးပို များလို့ Cartridge  အတုတွေဝယ် သုံးတဲ့အခါမှာ ပရင်တာနဲ့ match  မဖြစ်တဲ့အတွက် မင်မကျတာတို့၊ Print  ထုတ်လိုက်ရင် မှုန်နေတာတို့ ဖြစ်တတ်ပါတယ်။ Original Cartridge  တွေက မင်ကျွိုန်ငူ ဖြည့် ပြီးသုံးရင် ကြာရှည်အသုံးပြုလို့ရပါ တယ်။ ပရင်တာကိုလည်း မထိခိုက် နိုင်ပါဘူး”” ဟု Cystem Computer  မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Original Cartridge

 များ သည် စနစ်တကျအသုံးပြုပါက Refill  ဖြည့်၍ သုံးစွဲခြင်းကို အကြိမ် ကြိမ်ပြုလုပ်သုံးစွဲနိုင်ပြီး ဈေးနှုန်းကို ကြည့်၍ Cartridge  အတုများသုံး စွဲပါက ပရင်တာ၏ စက်ပိုင်းဆိုင်ရာ ကို ထိခိုက်စေနိုင်ကြောင်း သိရ သည်။

““Cartridge“ အတုလို့ပြောရ တာက အရင်က ကျွန်မတို့တင် သွင်းတဲ့ ဆမ်ဆောင်းတံဆိပ်နဲ့ Cartridge  အတုတွေဝင်ရောက်ခဲ့ ဖူးပါတယ်။ ဆမ်ဆောင်းက ကိုရီးယားတံဆိပ်ဆိုပေမယ့် ပရင် တာ Cartridge  လို ပစ္စည်းမျိုးတွေ ကို ကိုရီးယားမှာရှိတဲ့ စက်ရုံက မထုတ်ပါဘူး။ ဒါပေမယ့် အဲဒီ့ အတုတွေမှာ Made in Korea  ဆိုပြီးပါပါတယ်။ ဆမ်ဆောင်း Cartridge  အစစ်မှာ မပါပါဘူး”” ဟု ၎င်းင်းက ဆက်ပြောသည်။

Cartridge

 အတုများသည် အရည်အသွေးမပြည့်မီသောကြောင့် ပရင်တာ၏ စက်ပိုင်းဆိုင်ရာ အထူး သဖြင့် လေဆာပေါက်များ ပျက်စီး စေပြီး Cartridge  အစစ်ပြန်သုံး သည့်အခါတွင်ပါ အဆင်မပြေမှု များတွေ့နိုင်ကြောင်း သိရသည်။

““Cartridge“ အတုတွေသုံးတဲ့ အခါ ပရင်တာမှာ မင်ယိုတာတို့၊ ဂီယာ ကြညု ဖြစ်တာတို့ ဖြစ်တတ် ပါတယ်။ အဲဒီ့ကနေ ပါဝါ အပူ မြင့်တက်ပြီး Controller  ပိုင်း ပျက်စီးတာတို့ ဖြစ်ပါတယ်။ အဲဒါ တွေကို ပြန်ပြင်လို့ရပေမယ့် အသေးစိတ် ပြင်ဆင်လဲလှယ်တာ တွေ လုပ်ရတဲ့အတွက် ကုန်ကျ စရိတ်က အရမ်းများပါတယ်””

 HP-1100 , 1200 , 2100 , 2200 , 3100 , 3150 , 3200 , 4000 , 4050 , 4100 Canon LBP 800 , 810 , 1120 , 1220 , 2100 , 2900 , 3000 , 3300 Series တွေမှာ mortor မကောင်းတာရယ် … mortor cable ကြိုး ပျက်နေတာရယ် ဖြစ်နိုင်ပါ တယ် အခြား အပိုင်း တွေကတော့  gear , fuser , toner , cartirage တွေကို ပြန်စစ်ရမယ် ဒါတွေအားလုံး ကောင်းရင်တော့ DC controller , Paper exist sencer , Sanner unit တို့ တစ်ခုခုပျက်နေတာ အလုပ်မလုပ်တာ သေချာပါတယ် … 

 

Chipset ကဆိုလို့ရှိရင် Cartirage ထဲ က Toner နဲ့ လုံးဝအဆက်အသွယ်မရှိဘူး .. Counter တစ်ခုအနေနဲ့သာ အလုပ်လုပ် ပါတယ် .. မပါရင်လဲရတယ် ..  တချို့ Cartirage တွေကို စက် လုံးဝမသိတာ ရှိတယ် .. ဘာကြောင့်လဲဆိုတော့ .. Charging Point လို့ခေါ်တဲ့ Connetor Steel ပြားလေးနဲ့ PCR တို့ကြား High Voltage စီးမှုပြတ်တောက် နေလို့ ဖြစ်နိုင်တယ် …

 

HP 1020 Laser Printer မှာ တစ်ချို့ က Legal မရဘူးလို့ပြောကြတယ် .. ရပါတယ် .. PM မှာ သာလျင် ပုံမှန် Setting အတိုင်း မထွက်တာ ပါ .. 3 CM လောက်အပေါ်ကို တက်နေတာပါ .. အဲဒါက Physical ပိုင်း ချို့ယွင်းချက် မဟုတ်ပါဘူး .. Software ကြောင့်ပါ .. အောက်ကို 3 CM လောက် ချ ပြီး ထုတ်လိုက်ရင် အဆင်ပြေပါတယ် .. Update  Software ကို Download လုပ်ပြိး Install လုပ်ရင် အဆင်ပြေမှာပါ ..

 

Laser Printer မှာ Toner မကုန်ဘဲ Blank ဖြစ်နေရင် Transfer Corona (သို့) High Voltage ပေးတဲ့ Power Supply ပျက် ရင် လည်းဒီလိုပါဘဲ ..

 

Printer result မှာ အစက်အပြောက်ကလေးတွေ ပါလာရင် Printer ကို သန့်ရှင်းလေးလုပ်သင့်ပါတယ် ..

 

Printer မှာ Image တွေရောနေ တယ်ဆိုရင် fully Discharge မဖြစ်တာကြောင့်ပါ .. Cleaning Blade က Drum က Toner တွေ ကို မဖယ်ရှားနိုင်လို့ပါ ..

 

မှင်အပြည့်မပေါ်ဘဲ .. အဖြူရောင် လိုင်းများ ပေါ်နေရင် မှင်တွေခဲရင် ခဲ မဟုတ်ရင် မှင်ကုန်တော့မယ် ဆိုတာ ကို ပြောတာပါ ..

Cartirage ကို မထောင်ဘဲ ရေပြင်ညီလိုင်းအတိုင်း လှုပ်ပေးလိုက်ပါ .. Drum မှာ ထိခိုက် ရင် အစင်း ကြောင်းတွေ အစက် အပြောက်တွေ ပေါ်လာနိုင်ပါတယ် .. အပူပေးတဲ့ fuse Roller မှာ တစ်ခုခုကပ်နေရင် လည်း ဒီလိုပါဘဲ …

Laser Printer သုံးစွဲသူများ လိုက်နာရန် အချက် (၅) ချက်
Laser Printer ဝယ်ယူသုံးစွဲသူများ အနေနဲ့ မိမိ Printer ကို ရေရှည်အသုံးပြုနိုင်ဖို့အတွက် အောက်ပါ အချက် (၅) ချက်ကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
၁။ တစ်ကြိမ်ထုတ်လျှင် စာရွက် (၂၀) ထက် မပိုရ။
နံပါတ်တစ်အချက်ကတော့ Printing လုပ်တဲ့ အခါမှာ သတိထားသင့်တဲ့ အချက်ပါ။ စာရွက်တွေ အများကြီးကို တစ်ခါတည်း Command ပေးပြီး မထုတ်သင့်ပါဘူး။ အဲဒီလို ထုတ်မယ်ဆိုရင် Printer က Heat တက်လာပြီး Fuser Unit လောင်ကျွမ်းပျက်စီးနိုင်ပါတယ်။ Fuser မလောင်ရင်တောင် စာရွက် တွေမှာ အပူအရမ်းများတဲ့အတွက် Roller မှာ လိပ်သွားနိုင်ပါတယ်။ အဲဒါကြောင့် စာရွက်တွေ အများ ကြီးကို Print လုပ်မယ်ဆိုရင် အရွက် (၂၀) စီလောက်ကို ခွဲ ခွဲပြီး Command ပေး ထုတ်သင့်ပါတယ်။
၂။ စက္ကူ အကြမ်းများကို အသုံးမပြုရ။
နံပါတ်နှစ်အချက်ကတော့ အသုံးပြုမယ့် စာရွက်ရဲ့ Quality ကိုပြောတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလို စာရွက် အကြမ်းတွေ၊ အညံ့တွေမှာ မိမိကိုယ်တိုင် သတိမပြုမိ၊ မမြင်မိဘဲ ဝါးဖတ်ကလေးတွေ၊ အဖုအထစ်ကလေးတွေ ပါလာတတ်ပါတယ်။ ဒါကို သတိမပြုမိဘဲ အသုံးပြုမိတဲ့အခါမှာ Cartridge အတွင်းက Drum တို့၊ Blade တို့ကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
၃။ UPS ဖြင့် တွဲဖက် အသုံးပြုပါ။
နံပါတ်သုံးအချက်ကတော့ Power ပိုင်းပါ။ မိမိဝယ်ယူတဲ့ Laser Printer ရဲ့ Power အသုံးပြုမှုအပေါ် မူတည်ပြီး UPS ကို တွဲဖက်အသုံးပြုသင့်ပါတယ်။ အကယ်၍ UPS နဲ့ တစ်ဆင့်ခံအသုံးမပြုမိခဲ့ဘူးဆိုရင် ရုတ်တရက် မီးအားမငြိမ်တာတို့၊ မီးပျက်သွားတာ တို့နဲ့ဆိုရင် Printer ပါဝါကဒ်ပေါ်မှာရှိတဲ့ IC Chip တွေ လောင်သွားနိုင်ပါတယ်။
၎။ Printer အဖုံး၊ အစွပ်တို့ကို အသုံးပြုပါ။
နံပါတ်လေးအချက်ကတော့ မိမိ Printer ကို လုံလုံခြုံခြုံထားဖို့ပါ။ အဲဒီအတွက်ကတော့ အဖုံး (သို့မဟုတ်) အစွပ် တွေကို ဝယ်ယူအသုံးပြုသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါတလေမှာ မိမိကိုယ်တိုင် သတိမထားမိဘဲ Papaer Trail ထဲကနေတစ်ဆင့် ကြွက်တွေဝင်ပြီး Circuit တွေပေါ်မှာ အညစ်အကြေးတွေ စွန့်သွားတတ်ပါတယ်။ အဲဒါကို User အနေနဲ့ သတိမပြုမိဘဲ ဆက်ပြီး အသုံးပြုခဲ့မယ်ဆိုရင် Circuit တွေ Shock ဖြစ်ပြီး ပျက်စီးနိုင်ပါတယ်။
၅။ Online Error ဖြစ်လျှင် အသုံးမပြုရ။
နံပါတ်ငါးအချက်ကတော့ Online Error ပါ။ Printer မှာ Online Error ဖြစ်လာရင် လုံးဝ အသုံးမပြုပါနဲ့။ ဒါကော ဘယ်လိုနည်းနဲ့ သိနိုင်မလဲ။ လွယ်ပါတယ်။ Printer မှာ ရှိသမျှ မီးတွေအားလုံး လင်းလာတာတို့၊ ခြစ်ခြစ်တောက်ပူလာတာတို့ ဖြစ်လာရင် Online Error ဆိုတာ သိနိုင်ပါတယ်။ အဲဒီလို ဖြစ်လာရင်တော့ Printer ကို လုံးဝ မသုံးသင့်တော့ပါဘူး။

 

မြန်မာစံတော်ချိန်
 
ပြက္ခဒိန်
 
အခုဝင်ရောက်ကြည့်ရှူနေသူ
 
widgeo.net
 
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free