3 of HW special
System Restore PDF Print E-mail
User Rating: / 0
PoorBest 
Hardware - Hardware
Friday, 25 September 2009 08:46
System Restore ကိုရှင်းပြခြင်း အမှားဆိုတာရှိခဲ့ရင် အမှန်ကိုပြင်လို့ရရမှာပေါ့နော်။ လူတိုင်းကအမှားလုပ်တတ်ကြပါတယ်။ မှားတာက ပြဿနာ  မဟုတ်ပါဘူး။ မှားတာကိုသိပြီး မပြင်တာကမှ ပြဿနာနော်။ ဒီတော့ မှားမိခဲ့ရင် ပြင်ဖို့ကြိုးစားကြတာပေါ့။ Computer မှာလည်း   မှားရင်ပြင်လို့ရတယ်နော်။ အဲဒါကို System Restore လုပ်တယ်လို့ခေါ်တယ်။ ဟော...ပြောချင်တဲ့အရာက အခုမှ  ရောက်တယ်။ ဟုတ်ပြီ။ System Restore လုပ်ရတဲ့ အကြောင်းကို အရင်ပြောပြမယ်နော်။ ပြီးမှ လုပ်ပုံလုပ်နည်း အဆင့်ဆင့်  ပြောပြမယ်လေ။ မလောပါနဲ့နော်.။ ဖြေးဖြေးပေါ့။

ဘာကြောင့် System Restore လုပ်ဖို့လိုအပ်တာလဲ။ Data တွေ၊ Install လုပ်ထားတဲ့ Software တွေ၊ System Configuration တွေကို နဂိုအတိုင်းပြန်ရှိချင်လို့ပေါ့။ မဟုတ်ဘူးလား။ စောစောကပြောခဲ့တယ်လေ။  အမှားလုပ်တတ် ကြပါတယ်လို့။ တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင် ဒါမှမဟုတ် အခြားလူတစ်ယောက်ယောက်က မတော်တဆ မှားပြီး Data တွေကို Shift နဲ့ Delete တွဲပြီး မှားနှိပ်မိတယ်ဆိုပါတော့။ Recycle bin အကြောင်းဖတ်ပြီးသွားပြီ ဆိုရင်တော့ ပိုနားလည် ပါလိမ့်မယ်ထင်တယ်။ အဖတ်ရသေးဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ နောက်တော့ ဖြည်းဖြည်းချင်း နားလည်သွားမှာပါ။ ဒါကြောင့် လွယ်လွယ်နဲ့ စိတ်ဓါတ်မကျကြေးနော်။
ကဲ...ဆက်ပြောကြပါစို့။ မှားပြီးဖျက်မိတယ်ပေါ့။ အရေးကြီးတဲ့ အချက်အလက်တွေ ပါသွားပြီဆိုပါတော့။ computer ထဲမှာ လုံးဝမရှိတော့ဘူးဆိုရင် ဘယ်လိုလုပ်ရပါ့မလဲ။ ဒီလို အခက်အခဲ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ System Restore က အသုံးဝင်လာပြီပေါ့။ System Restore ကိုသာ အသုံးပြုမယ်ဆိုရင်လေ ပျောက်သွားတဲ့ အချက်အလက်တွေကို  ပြန်ရ နိုင်မယ်တဲ့။ တယ်...ဟုတ်ပါလား။ ဒါကြောင့် လွယ်လွယ်နဲ့ စိတ်ဓါတ်မကျပါနဲ့ လို့ပြောတာပေါ့။ အခုလည်း  နည်းလမ်းကောင်း တစ်ခု တွေ့ထားလို့ သတင်းကောင်းပါးချင်တာမို့ System Restore အကြောင်းရှင်းပြတာပါ။
အဲ... စကားမစပ် အိမ်မှာလေ ဒုတိယအစ်မက အရမ်းသန့်သန့်ရှင်းရှင်းနေတတ်ပြီး အိမ်ကို အလှဆင်တတ်တယ်။ ပန်းစိုက်တာလည်း ၀ါသနာပါတယ်။ တစ်အိမ်လုံး သူ့လက်ရာ အပြင်အဆင်တွေ ချည်းပါပဲ။ အိမ်ရှေ့ခန်းမှာ သစ်ခွပန်းအိုးလေး
တစ်လုံးရှိတယ်လေ။ သူအလှဆင်ထားတာပေါ့။ ကျွန်မက အမြဲတမ်း ရှည်တတ်တဲ့ လူဆိုတော့ အဲဒီ ပန်းအိုးလေးကို ဖယ်ပြီး
နှင်းဆီပန်းအိုး ပြင်ထိုးလိုက်မိတယ်။ နှင်းဆီကို ပိုကြိုက်လို့လေ။ အစ်မလည်း သိရော။ အရမ်းစိတ်ဆိုးတာပေါ့။ သူ့လက်ရာ ပျက်တယ်ဆိုပြီး ချက်ချင်းပြန်ပြင်ခိုင်းပါလေရော။ ဒီတော့ ကြားထဲက အမေက ပန်းအိုး အချင်းချင်း ပြန်လဲပေးရတော့ တာပေါ့။
ဒီတော့မှ အစ်မက စိတ်တိုင်းကျတာလေ။ နဂို မြင်နေကျ ပုံစံ ပြန်ဖြစ်သွားတာကိုး။ 
ဝတ္ထုတစ်ပုဒ် ရေးလိုက်တယ်အထင်ပါနဲ့နော်။ System Restore ဆိုတာ ခုနက ပြောလိုက်တဲ့ အကြောင်းတရားပါပဲ။
ဥပမာ- လူတစ်ယောက်က Computer ထဲမှာ အရေးပါတဲ့ အချက်အလက်တွေ နဲ့ Software အသစ်တွေ ထည့်ပြီး သိမ်းထား
(Save) လိုက်တယ်။ နောက်လူတစ်ယောက်က အဲဒီ Computer ကို အသုံးပြုပြီး ပထမလူသိမ်းခဲ့တာတွေကို မသိဘဲ ဖျက်လိုက်မိတယ်။ ဒီတော့ စိတ်ဆိုးပြီပေါ့။ ကြားထဲက ကူညီဖို့လူ လိုနေပြီလေ။ Computer မှာ အဲဒီလူက System Restore ပေါ့။ နားလည်လောက်ပြီ ထင်ပါတယ်။
ဒီတော့ လက်တွေ့လုပ်ဆောင်ကြည့်ရအောင်။ StartAll programsAccessoriesSystem ToolsSystem Restore ကို ပုံမှာတွေ့ရတဲ့အတိုင်းသွားပါနော်။
 

System Restore ကိုတွေ့ရင် Mouse နဲ့ တစ်ချက်နှိပ်ပါ။ Welcome ဆိုပြီး ကြိုဆိုနှုတ်ခွန်းဆက်တဲ့ စာရွက် တစ်ရွက် အဲလေ Box တစ်ခု ကျလာတယ်နော်။ ပုံလေးကို ကြည့်ပါဦး ။

စိတ်ဝင်စားရင်တော့ စာလေးတွေကို အကုန်လုံးဖတ်ကြည့်ပါနော်။ ပြောထားတာတွေကတော့ စောစောက ပြောခဲ့တဲ့ System Restore ရဲ့ အသုံးဝင်မှုတွေပါ။ ဒီတော့ Box ရဲ့ ညာဘက်ခြမ်းကို ကြည့်ရအောင်။
ရွေးချယ်စရာ Option (၂) မျိုးရှိတယ်နော်။ ပထမ တစ်ခုက Restore လုပ်မယ်ဆိုတဲ့ သဘောဖြစ်ပြီးတော့ ဒုတိယ
တစ်ခုကတော့ အခုမှစပြီး Restore Point ဆိုတဲ့ အမှတ်အသား ပြုလုပ်တာပါ။ ဒီတော့ ဒို့တွေက အခုမှစပြီး Restore Point
လုပ်ကြရအောင်။ အခုမှ စတင်ပြီး Restore Point လုပ်တာကို Create လုပ်တယ်လို့ ခေါ်တယ်နော်။ ဒီလိုဆိုတော့ ဒုတိယ Option ကို ရွေးရအောင်နော်။

ပြီးရင်တော့ Next ပေါ့။

ဒီတော့ Create လုပ်ဖို့ Box တစ်ခု ကျလာပြန်တာပေါ့။ အသေးစိတ်ဖတ်ကြည့်ရင်တော့ ပညာတိုးတာပေါ့။ ရှင်းပြထားတာပါ။

Computer က အလိုအလျောက် Restore Points တွေကို ဖန်တီးပေးနိုင်ပေမဲ့ မိမိ ကိုယ်တိုင်လည်း Restore  Points တွေ ဖန်တီးလုပ်ဆောင်ပြီး အသုံးပြုနိုင်တယ်လို့ ပြောတာပါ။ ပြီးတော့ Restore Point Description ကို ဖြည့်ခိုင်းတာပါ။
တစ်နည်းအားဖြင့်ပြောရရင် နာမည်တစ်ခုခု ပေးခိုင်းတာပါ။ လိုအပ်တဲ့အခါ ပြန်ခေါ်သုံးနိုင်ဖို့ နာမည်လွယ်လွယ် လေးပေးရင် တစ်နည်းအားဖြင့် မှတ်မိလွယ်တဲ့ အမည်မျိုးပေးရင် ပိုကောင်းတယ်တဲ့။
လက်ရှိ Restore လုပ်တဲ့ အချိန်နဲ့ နေ့ရက်ကို စက်က အလိုအလျောက် မှတ်သားပေးပါတယ်။ တစ်ခါ Create လုပ်ပြီးရင် နာမည်ကို ပြန်ပြင်လို့ မရတဲ့အတွက် ပေးတဲ့ နာမည် မမှားပါစေနဲ့လို့ သတိပေးထားတာတွေပါ။ ဒီတော့ ဒို့တွေလည်း
အမှားမရှိရအောင် ကိုယ် Restore Point ဖန်တီးထားတဲ့ နေ့ကိုပဲ ရေးလိုက်ရအောင်။ ဒီတော့ Date ပဲ ရိုက်ထည့်ရအောင်။
ဒါမှမဟုတ် ဘာမှ မရိုက်ထည့်ဘဲ Create လုပ်ကြည့်ပါလား။ ပုံမှာတွေ့လား။

တစ်ခုခု ရိုက်ထည့်မှ ဆက်ပြီး Create လုပ်လို့ရမှာနော်။ ဘာနာမည်မှ မပေးရင် ဖန်တီးလို့မရပါဘူး။ လူတိုင်းမှာ
နာမည်ရှိသလိုပေါ့။ ဒီတော့ ရိုက်ထည့်လိုက်မယ်။ ပုံမှာတွေ့တဲ့အတိုင်းနော်။

ဟော ပြီးရင် Create ကိုလည်း နှိပ်လိုက်ရော... ပြီးဆုံးသွားပြီပေါ့။

ဒါပေမဲ့ ရက်စွဲတွေရှုပ်နေတာ မကြိုက်ဘူးဆိုရင် ကိုယ်မှတ်မိနိုင်မဲ့ အမည်ပေးလို့်ရတယ်လေ။

အဲဒီ မှာ Home Page ကို ပြန်သွားချင်ရင် Home ကို နှိပ်ပါ။ Home ကို နှိပ်ကြည့်ရအောင်နော်။  ဘာပေါ်လာ မလဲလို့။

အော်... ရှေ့ဆုံးက မြင်ခဲ့တဲ့ ပုံပဲ။ မှတ်မိတယ်နော်။ ဒီတော့ အစက ပြန်လုပ်ကြည့်ပေါ့။ Home ကို မသွားချင်ဘဲ
ပြန်ထွက်ချင်ပြီ ၊ အလုပ်လုပ်လို့ ပြီးပြီ ဆိုရင်တော့ Close ပေါ့။ Close ဆိုတဲ့အတိုင်း ပိတ်သွားမှာနော်။

Home Page ကို ရွေးပြီးမှ Create လုပ်စရာမလိုရင် Cancel လုပ်နိုင်ပါတယ်။  ဒါမှမဟုတ် Create ထပ်လုပ်ချင်ရင် Next နဲ့သွားပြီး ဆက်လုပ်ဆောင်ပါ။ အဲဒါမှ မဟုတ်သေးဘူးဆိုရင်လေ Option နှစ်ခုထဲက တစ်ခုကို ရွေးကြည့်ရအောင်။ ခုနက Create လုပ်ပြီးပြီဆိုတော့ လုပ်ပြီးသား Restore Point ကို ပြန်ရှာရအောင်။ ပြန်ရှာချင်ရင် Option နှစ်ခုထဲက Create မဟုတ်တာကို ရွေးပေါ့။ ဟုတ်ပြီနော်။ ရွေးစရာ နှစ်ခုပဲ ရှိတာကိုး။ ဒီတော့ တစ်ခု မဟုတ်ရင် တစ်ခုပေါ့။ ခက်တယ်နော်။

ကဲ ဒီတော့ Restore my computer to an earlier time ကို ရွေးကြည့်ရအောင်။     ပြီးရင် Next ပေါ့။ ကဲ... အခု မြင်တွေ့ရတာကတော့  Select , ကိုယ် Restore လုပ်ချင်တဲ့ အပိုင်းကို ရွေးရမှာပေါ့။

ပုံမှာတွေ့ရတဲ့အတိုင်း ဇယားကွက် နှစ်ခု ပါရှိပါတယ်။ တစ်ခုက လ နဲ့ ခုနှစ် ပါရှိတဲ့ ပြက္ခဒိန် တစ်ခုပါရှိပြီးတော့
ကျန်တစ်ခုကတော့ Restore Point ကိုဖန်တီးထားတဲ့ မှတ်တမ်းပါ။ အဲဒီမှတ်တမ်းမှာ ဘယ်နေ့၊ ဘယ်ရက်က Restore လုပ်
ထားလဲဆိုတာ အကုန်မြင်တွေ့နိုင်ပါတယ်။
အပေါ်ဘက်လက်ဝဲနဲ့ လက်ယာထောင့်တွေမှာ အရှေ့(သို့) အနောက်ကို ရွေ့လို့ရတဲ့ မြားလေးတွေပါ ပါတယ်။
အဲဒီ မြားလေးတွေနဲ့ ကိုယ်ကြည့်ချင်တဲ့ နေ့ရက်တွေကို နှိပ်ကြည့်သွားလို့ ရပါတယ်။ ပြီးမှ ကြိုက်တဲ့ နေ့ကို ရွေးပါ။

ပုံမှာတွေ့ရတဲ့အတိုင်း Restore Point ဆိုတဲ့ ဇယားမှာ တစ်ခုက နာမည်၊ တစ်ခုက ရက်စွဲ (Date) နဲ့ အချိန်တွေ
ပါနေတာ တွေ့တယ်နော်။ အဲဒါက Restore Point ကို Create လုပ်တုန်းက နာမည်ပေးခဲ့တာမှတ်မိလား။ Restore Point Description မှာ ဖြည့်ခဲ့ရတာလေ။ အဲဒီမှာ ဖြည့်ခဲ့တဲ့အတိုင်း ဇယားပေါ်မှာ ပေါ်နေတာပါ။ ဒီတော့ အရေးကြီးတဲ့ အချက်အလက်တွေ ၊ System Configuration တွေကို Restore လုပ်ထားမယ်ဆိုရင် Important ဆိုတဲ့ နာမည်နဲ့ သိမ်းချင်သိမ်းပေါ့။ ဟုတ်ပြီလား။ Restore လုပ်နည်း (၃) နည်း ရှိတယ်လေ။ တစ်ခုက စက်က အလိုလို Restore လုပ်တာ၊ နောက်တစ်ခုက ကိုယ်ကဖန်တီးတာ၊ အဲ နောက်ဆုံးတစ်ခုကတော့ Program တွေကို Install  လုပ်တဲ့အခါ အလိုလို Restore
လုပ်ပေးတာ။ ဒီတော့ ကိုယ်က restore မလုပ်ထားတဲ့ အရာတွေ ဥပမာ- Restore Operation ဆိုတာက စက်က အလိုလို
Restore လုပ်ထားတာပါ။ ဒီတော့ ဒီအဆင့်မှာ ကိုယ် Restore လုပ်ချင်တဲ့ ခေါင်းစဉ်ကိုမှတ်ပါ။ ရွေးချယ်ပါ။ Select လုပ်လိုက်
ရုံပေါ့နော်။
ပြီးရင်တော့ Next ပေါ့နော်။
ဟော... ဒီတစ်ခါတော့ အတည်ပြုချက် တောင်းပြီဟေ့။ Confirm Restore Point Selection ဆိုတဲ့ Page ပေါ်လာတာလေ။ သေချာလား။ ဆိုပြီးမေးတာပါ။

သေချာပြီဆိုရင်တော့ နောက်လှည့်မကြည့်နဲ့နော်။ Next ပေါ့။
အခုတော့ အတည်ပြုခြင်း (Confirm Page) ထဲမှာ ပါတဲ့ အကြောင်းလေးတွေကို  အနည်းငယ်ပြောပြ ပေးချင်ပါတယ်။ ပုံမှာတွေ့ရတဲ့အတိုင်း ရေးထားတဲ့ အကြောင်းအရာလေးတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ ဖတ်ကြည့်
ပါဦးနော်။
ကိုယ် Restore လုပ်စေချင်လို့ ရွေးချယ်ထားတဲ့ နေ့စွဲ နဲ့ အချိန်ပါမယ်။ ပြီးတော့ ဘာပြောထားသေးလဲ။ အဲလေ...
ဘာရေးထားသေးလဲ ဆိုတော့ အရေးကြီးတာက Restore လုပ်လိုက်ပြီးရင် Restart လုပ်ဖို့လိုအပ်တယ်လို့ရေးထားတာပါ။
အရေးကြီးတာကတော့ စောစောကပြောပြီးပါပြီ။ Next မနှိပ်ခင် Data တွေကို လိုအပ်ရင်လိုအပ်သလို သိမ်းထား (Save) ပါ။
Restore လုပ်ပြီးရင် လက်ရှိအနေအထား မဟုတ်တော့ပဲ ယခင်က ပုံစံအတိုင်း ဖြစ်နေမှာမို့ပါ။ System Restore လုပ်ရင်တော့
အချိန်နည်းနည်းပေးရမယ်နော်။ Restart လုပ်ရတော့ မှာမို့ပါ။
အခု သေချာပြီဆိုရင် မတွေဝေပါနဲ့။ Restore လုပ်ဖို့ဆုံးဖြတ်ပြီးလို့ ရက်ကောင်းရက်မြတ် အဲလေ.. ကိုယ် Restore
လုပ်ချင်တဲ့ နေ့ရက် (သို့) အမည်ကို ရွေးပြီးရင် Next ဆက်သွားရအောင်။

ဒါဆိုရင် ချက်ချင်းပဲ စက်က ပိတ်သွားပြီး Restart အစကပြန်ပြီး အလုပ်လုပ်သွားပါလိမ့်မယ်နော်။ ဟော...
ပျော်စရာကြီးပါ။ Restoration Complete တဲ့။ အောင်မြင်သွားပြီလေ။

တကယ်လို့ ကိုယ်ရွေးလိုက်တဲ့ Restore Point မှားနေရင်လေ မှန်တဲ့ တစ်ခုနဲ့ ပြန်ပြင်လို့ရပါတယ်တဲ့။ နောက်တစ်ခုကို ထပ်ရွေးပါတဲ့နော်။


ဒီတော့ OK ပေါ့။ နှိပ်သာနှိပ်။ မှန်တယ်နော်။
ကဲ... ခုဆိုရင်ဖြင့် ချိုမြိန်တဲ့ ဟင်းလျာတစ်ခွက် အဲလေ ယောင်လို့ ... အောင်မြင်တဲ့ System Restore ပြုလုပ်နည်း
ကို တတ်မြောက်သွားပါပြီနော်။
ဒါပေမဲ့ တစ်ခုတော့ ထပ်ပြီး ပြောပြချင်တာက ခုနတုန်းကလေ Restore Point မှားရင် တစ်ခုခုနဲ့ ပြန်ပြင်ပါ။ ဆိုတာ တွေ့တယ်နော်။ ပုံမှာပါတယ်လေ။

Undo this restoration ဆိုတာတွေ့လား။ ပြောပြချင်တာက Undo ဆိုတာ နဂိုပုံစံအတိုင်း ပြန်ဖြစ်အောင်လုပ်
တာလေ။ ဒီတော့ ခုနက Restore လုပ်ပြီးသား Window ပေါ်မှာ System Restore ဆီပြန်သွားကြည့်ရအောင်။ ဟော...
Welcome Page ချင်းအတူတူပဲနော်။ ဒါပေမယ့် ရွေးချယ်စရာ တစ်ယောက် အဲလေ... တစ်ခု တိုးလာတာ သတိထားမိလား။
မျက်စိလျင်တယ်နော်။ Undo my last restoration ဆိုတာလေ။ နောက်ဆုံးပြုလုပ်ခဲ့တဲ့ Restore Point ကို ပြန်ခေါ်တဲ့ သဘောပါ။
ရွေးလိုက်ပြီး Next ကို နှိပ်လိုက်မယ်ဆိုပါက  Confirm အတည်ပြုခိုင်းတဲ့ Page ပြန်ကျလာပါလိမ့်မယ်လေ။

ဒီတော့ ခုနက အတိုင်းအဆင့်ဆင့် လုပ်ရုံပေါ့။ တော်တဲ့သူတွေဆိုတော့ (၂) ခါ မပြောတော့ ဘူးနော်။
ဤမျှသာ...
................................................

North Bridge PDF Print E-mail
User Rating: / 0
PoorBest 
Hardware - Hardware
Friday, 25 September 2009 08:23
North Bridge ၏တာဝန်များ
North Bridge ဆိုတဲ့ခေါင်းစဉ်လေးကို အတိအကျ ဘာသာပြန်ရမယ်ဆိုရင်တော့ "မြောက်ဘက် တံတား" ဆိုပါတော့။ "တံတား" ဆိုတဲ့ စကားလုံးလေးက လှသလို သူ့ရဲ့ အလုပ်ကလည်း လှသပ။ ဘာကြောင့်လဲ ဆိုတော့ တံတားဆိုတာတစ်နေရာ နဲ့တစ်နေရာကို ဆက်သွယ်ပေးတယ်ဆိုတာ လူတိုင်းသိပါတယ်။
 


အခုလည်း North Bridge ဆိုတာ Motherboard ထဲမှာ ပါဝင်တဲ့ chipset လေးတစ်ခုဖြစ်သလို သူက CPU နဲ့အနီးဆုံးမှာလည်းရှိတတ်သေးတယ်။ ပြီးတော့ CPU,RAM နဲ့ Graphic Card တို့အကြား ဆက်သွယ်ပေးတာ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း CPU ဆိုတာကတော့ အရမ်းအလုပ်များတဲ့ ဒါရိုက်တာကြီး လိုပါပဲ။ အလုပ်တစ်ခုခုဆို CPU ဆီအရင်ရောက်ပြီး လုပ်ခိုင်းတော့တာပါပဲ။ ဒီတော့ CPU မအားလပ်တာတွေဖြစ်ပြီး စောင့်ဆိုင်းရတဲ့အချိန် (Wait state)
တွေဖြစ်လာပါရော။ ဒီလိုအခြေအနေတွေကို ကျော်လွှားချင်လို့ cache ဆိုတဲ့ data တွေသိုလှောင်ဖို့ နေရာတွေကို ထားရှိလာတယ်။ အဲဒီနောက် North Bridge ဆိုတဲ့ chipset ကို CPU နဲ့ RAM အကြားအလုပ်လုပ်ဖို့ တီထွင်ခဲ့ကြပါတယ်။
 

အဲ...ကြုံတုန်းလေး ထပ်ပြောပြပေးချင်တာကတော့ FSB (Front Side Bus) နဲ့ BSB (Back Side Bus) တို့ အကြောင်းပဲဖြစ်ပါတယ်။ North Bridge မှ RAM နဲ့ CPU အကြား Data ပို့တဲ့ လမ်းကြောင်းကို Front Side Bus လို့ခေါ်ပါတယ်။ CPU တွေမှာ ရေးထားတတ်တဲ့ 2.4 GHz, 800 MHz ဆိုတဲ့ နေရာမှာ ရှေ့က CPU clock speed ကိုပြောတာဖြစ်ပြီး နောက်က 800 MHz ဆိုတာကတော့ စောစောကပြောခဲ့တဲ့ FSB ပဲဖြစ်ပါတယ်။  ပုံလေးကို ကြည့်လိုက်ပါဦးနော်။

ကဲ...ခုတော့ Back Side Bus အကြောင်းဆက်ရှင်းပြမယ်နော်။ သူကတော့ CPU အတွင်းမှာရှိတဲ့ လမ်းကြောင်းပါပဲ။ ပုံလေးနဲ့ တကွ ရှင်းပြမယ်နော်။

ပုံမှာတွေ့တဲ့အတိုင်းပါပဲ။ BSB ဆိုတာက main CPU နဲ့ Level 2 (L2) cache အကြားလမ်းကြောင်းပဲဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ နားလည်ပြီထင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ North Bridge ကို CPU,RAM နဲ့ Graphic card အကြားအလုပ်လုပ်ဖို့
အသုံးပြုပြီးတော့ သူ့ကို GMCH လို့လဲခေါ်သေးတယ်နော်။ GMCH ဆိုတာကတော့ Graphic Memory Controller Hub တဲ့။
Gra phic card နဲ့ Memory (RAM) ကို ထိန်းချုပ် (control) ထားတယ်ဆိုတဲ့သဘောပါပဲ။ အဲ...ဒီ့အပြင် North Bridge က South Bridge နဲ့လည်းချိတ်ဆက် ထားသေးတယ်နော်။ South Bridge အကြောင်းစိတ်ဝင်စားတယ်ဆိုရင် " South Bridge ၏တာဝန်များ " ဆိုတဲ့သင်ခန်းစာ မှာလေ့လာဖတ်ရှုနိုင်ပါတယ်။
....................................

မြန်မာစံတော်ချိန်
 
ပြက္ခဒိန်
 
အခုဝင်ရောက်ကြည့်ရှူနေသူ
 
widgeo.net
 
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free