5 of network
VPN Server Step by Step PDF Print E-mail
User Rating: / 1
PoorBest 
Network - Network
Friday, 25 September 2009 04:08
VPN Server and Step by Step Guide

VPN Server ကိုအသုံးပြုခြင်း

VPN Server ဆိုတာဘာလဲတဲ့... VPN Server ဆိုတာဘာဖြစ်မယ်လို့ ထင်သလဲ VPN ရဲ့ အရှည်ကောက်ကတော့ Virtual Private Network လို့ခေါ်တယ်။ Virtual Private Network ဆိုတော့ Myanmarr လိုဘာသာပြန်မယ် ဆိုရင် ကိုယ်ပိုင် Network အတုရောင်လို့ခေါ်မှာပေါ့.......ကဲ VPN Server ကိုဘယ်လိုအသုံးပြုကြမလဲ ......VPN Server ရဲ့အသုံးပြုပုံကို ကျွန်တော် မပြောပြခင်မှာ VPN Server ကိုဘယ်လိုနေရာမျိုးမှာအသုံးပြုသင့်သလဲဆိုတာကို အရင်ရှင်းပြပါ့မယ်။ ကျွန်တော်တို့ ကမ္ဘာပေါ်မှာ Network ချိတ်ဆက်ထားတဲ့ Computer တွေရဲ့ အရေအတွက်ဟာ အလွန်တရာမှ မရေတွက်နိုင်လောက်အောင် ကို များပြားလွန်လှပါတယ်။ အဲဒီလို Computer တွေများကြီး Network ချိတ်ထားရတဲ့ အဓိကအကြောင်းအရာကတော့ Data တွေ Information တွေ နည်းပညာတွေဖလှယ်ဖို့ရန် အတွက် Network ချိတ်ထားကြတာ မဟုတ်လား ....ကဲကျွန်တော်တို့တတွေ Computer တွေကို အဆောက်ဦးတစ်ခုအတွင်းထဲမှာပဲ Network ချိတ်ထားပြီး Computer တွေတစ်လုံးနဲ့တစ်လုံး Data တွေဖလှယ်မယ်ဆိုရင် လွယ်လင့်တကူ ဖလှယ်လို့ရတယ်လေ ဒါပေမယ့်နေရာဒေသတွေတစ်နေရာနဲ့တစ်နေရာ အလွန်ဝေးကွာလှတဲ့ Computer တွေတစ်လုံးနဲ့တစ်လုံး  Network ချိတ်ဆက်ပြီး Data တွေဖလှယ်ဖို့ဆိုရင်တော့ မလွယ်ကူတော့ဘူးပေါ့။ ဥပမာ အနေနဲ့ပြောရရင် မြန်မာပြည်မှာရှိတဲ့  Computer တစ်လုံးနဲ့ စင်္ကာပှုမှာ ရှိတဲ့ Compuer တစ်လုံး သူတို့အချင်းချင်း Network ချိတ်ဆက်ပြီး Data တွေကို ဖလှယ်ချင်တယ်။
ဒါဆိုရင် ပုံမှန်ကျွန်တော်တို့ တတွေ အဆောက်ဦးတစ်ခု အတွင်းမှာ Computer တွေတစ်လုံးနဲ့တစ်လုံး Data တွေဖလှယ်ဖို့အတွက် Network ချိတ်ဆက်တာနဲ့တော့ ဘယ်တူမလဲဗျာ။ အဲဒီလို အရမ်းဝေးကွာလှတဲ့ နေရာတွေမှာ Network ချိတ်မယ်ဆိုရင် ဘယ်လိုနည်းလမ်းနဲ့ ချိတ်ဆက်ရမလဲဆိုတာ စဉ်းစားစရာတစ်ခုဖြစ်နေပြီပေါ့နော်။
သိပ်လည်းစိတ်မပှုပါနဲ့ဗျာ Internet ရှိတယ်လေ။ အဲဒီ Internet Connection ကြိီးကို အသုံးချပြီး VPN ဆိုတဲ့ Virtual Private Network Connection (VPN) ကြီးကို အသုံးပြုမယ်ဆိုရင် အရမ်းဝေးကွာလှတဲ့ Computer တွေဟာတစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်ပြီး Data တွေဖလှယ်လို့ရသွားပါလိမ့်မယ်။ ကဲ ကျွန်တော်ရှင်းပြလိုက်တာကို သဘောပေါက်သွားပြီ မှတ်လား။
ကဲ အခုကျွန်တော်က VPN Server ကို Installation လုပ်ပုံကို ပုံနှင့်တကွ တစ်ဆင့်ချင်းပြောပြသွားမှာပါ။ အဲ... ဒီနေရာမှာ အထူးပြောချင်တာက VPN Server ကို Install လုပ်တော့မယ်ဆိုရင် VPN Server Install လုပ်မယ့်စက်မှာ Network Card နှစ်ကဒ်ရှိမှရမှာနော်။ Network Card နှစ်ခုမရှိဘဲနဲ့ VPN Server ကို Install လုပ်လို့မရပါဘူး။ VPN Server ကို Installation လုပ်တော့မယ်ဆိုရင်တော့ ပထမဦးစွာ Start>All Programs>Administrative Tool>Routing and Remote Access ကို ရောက်အောင်သွားရမှာဖြစ်တယ်။ Routing and Remote Access ကို ရောက်ပြီဆိုရင်တော့ ၎င်းကို နှိပ်လိုက်ပါ။

ပုံ(၁)
 


Routing and Remote Access ကို နှိပ်လိုက်တာနဲ့ တစ်ပြိုင်တည်း Routing and Remote Access Wizard Box ကျလာပါလိမ့်မယ်။

ပုံ(၂)
အထက်က Routing and Remote Access Wizard ထဲမှာ Server ကို တွေ့ရပါလိမ့်မယ်။ အခုဒီမှာတော့ Server Name ကို Server လို့ပဲ ပေးထားတဲ့အတွက် Server လို့ပေါ်နေတာပါ။ ၎င်း Server Name သည် မိမိအမည်ပေးထားတဲ့ Server Name ပေါ်မူတည်ပြီးပြောင်းလဲသွားမှာပါ။ ဥပမာ မိမိက Server Name ကို YOUTH လို့ပေးထားခဲ့ရင် ၎င်း Server ဆိုတဲ့နေရာမှာ YOUTH ဆိုပြီး ပေါ်နေမှာပါ။ ကဲ.....ထားပါတော့ ရှေ့ဆက်သွားရအောင်။ ၎င်း Server ပေါ်မှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ Menu ထဲက Configure and Enable Routing and Remote Access ဆိုတာကို နှိပ်လိုက်ပါ။

ပုံ(၃)


Routing and Remote Access Server Setup Wizard ဖွင့်လာပါပြီ။ ထုံးစံအတိုင်းပဲ ၎င်း Box ထဲက Next ကို နှိပ်ပြီး ရှေ့ဆက်သွားမှာပါ။
ပုံ(၄)
ကဲ.... Configure လုပ်ဖို့ Configuration Wizard ကျလာပါပြီ။
ပုံ(၅)
၎င်း Configure Wizard ထဲမှာ မိမိ Install လုပ်ချင်တဲ့ Server အမျိုးအစားကို ရွေးချယ်ပေးရမှာပါ။ အခုကျွန်တော်တို့က VPN Server ကို Install လုပ်ချင်တာဖြစ်တဲ့အတွက် Virtual Private Network (VPN) Access and NAT ဆိုတာကို ရွေးပြီးတော့ Next ကို ဆက်နှိပ်လိုက်ပါ။
ပုံ(၆)
ဒီတစ်ခါ VPN Connection Wizard ပေါ်လာပါပြီ။
ပုံ(၇)
၎င်း VPN Connection Box ထဲမှာရှိတဲ့ Network Interface မှာ Network Card အမျိုးအစားတွေ ပေါ်နေပါတယ်။ ဥပမာ-NIC Card နှစ်ကဒ်ရှိရင် ၎င်း List ထဲမှာ Network Card နှစ်ကဒ်ပေါ်နေလိမ့်မယ်။ ၎င်းတို့အထဲမှ WAN (Internet နဲ့ချိတ်ဆက်ထားတဲ့) Card ကို Select မှတ်ပြီး Next ကို နှိပ်လိုက်ပါ။
IP Address Assignment Box ကျလာတဲ့အခါ Remote Client တွေအတွက် IP Address တွေကို Automatically ထားမှာလား၊ (ဒါမှမဟုတ်) မိမိဘာသာသတ်မှတ်ပေးရမှာလား ဆိုတာကို ရွေးပေးရမှာ ဖြစ်ပါတယ်။ Automatically ထားမှာဆိုရင်တော့ Automatically ကိုရွေးပြီး Next ကို နှိပ်ပြီး သွားရုံပါပဲ။ မိမိဘာသာ Rang သတ်မှတ်မယ်ဆိုရင်တော့ For a specific range of address ကိုရွေးပြီး Next ကို နှိပ်ပါ။
ပုံ(၈)
ဒါဆိုရင်တော့ Address Range Assignment Box ကျလာပါလိမ့်မယ်။
ပုံ(၉)
၎င်း Address Range Assignment Box ထဲမှာ Client တွေအတွက် IP Address သတ်မှတ်ဖို့ New ကို နှိပ်လိုက်ပါ။ New Address Range Box ကျလာပါလိမ့်မယ်။
ပုံ(၁၀)
ကဲ...အခု Remote Client တွေအတွက် IP Address တွေ သတ်မှတ်ကြရအောင်။ ပထမ Start IP Address ကို 192.168.10.1 (ဥပမာအနေနဲ့) ပေးလိုက်ပြီးတော့ End IP Address ကို 192.168.10.60 အထိ ပေးလိုက်မယ်။ ဒါဆိုရင် Remote Client အလုံး ၆၀ အတွက် IP Address သတ်မှတ်ပေးလိုက်ပြီ။ ၎င်းနောက် OK နှိပ်ပြီး ထွက်လိုက်ပါ။
ပုံ(၁၁)
IP Address သတ်မှတ်ပြီးတဲ့အခါမှာ IP Address Range ထဲမှာ မိမိသတ်မှတ်ပေးထားတဲ့ IP Address Range ပေါ်မူတည်နေပြီ။ ၎င်းနောက် Next ကို နှိပ်ပြီး ရှေ့ဆက်သွားလိုက်ပါ။
ပုံ(၁၂)
ဒီတစ်ခါတော့ Managing Mulitple Remote Access Servers Box ပေါ်လာပြီး ဒီ VPN Server နဲ့အတူ RADIUS Server ကိုရော Install လုပ်ချင်လား၊ မလုပ်ချင်ဘူးလားဆိုတာကို မေးပါလိမ့်မယ်။
ပုံ(၁၃)
RADIUS Server ကိုရော Install လုပ်မှာဆိုရင် Yes ကိုရွေးပြီး၊ RADIUS Server ကို Install မလုပ်ဘူး။ VPN Server ကိုပဲသီးသန့် Install လုပ်မယ်ဆိုရင် No ကိုရွေးပါ။ အခုကျွန်တော်ကတော့ RADIUS Server ကို အသုံးမပြုချင်တဲ့အတွက် No ကိုရွေးပြီး Next နဲ့ ဆက်သွားပါ့မယ်။
ကဲ........ကဲ......နောက်ဆုံး Finish Box ကျလာပါပြီ။ ဒီတော့ VPN Server Installation ပြီးသွားပါပြီ။ Finish ကို နှိပ်ပြီး အဆုံးသတ်လိုက်ပါ။
ပုံ(၁၄)

VPN Server ကိုတော့ Installation လုပ်ပြီးသွားပါပြီ။ Routing and Remote Access Server ကို ဖွင့်ကြည့်လိုက်ပါ။
ပုံ(၁၅)

ကဲ.......VPN Server မှာ Remote User တွေအတွက် User Name နဲ့ Password ထည့်ပေးရပါဦးမယ်။ ဒါမှ Remote Client တွေဘက်က ၎င်း User Name နဲ့ Password ကို အသုံးပြုပြီး VPN Server ကို ဆက်သွယ်လို့ရမှာပါ။ ဒါကြောင့် User တွေကို ထည့်ပေးကြရအောင်။ My Computer ကို Right Click>Manage ကို နှိပ်ပါ။
ပုံ(5.1)
၎င်းနောက် Computer Management Box ကျလာပါပြီ။ ၎င်း Box ထဲက Local User and Group ကို သွားပါ။ Local User and Group ကို Extend လုပ်လိုက်ပါ။ ၎င်းနောက် User ကို Right Click နှိပ်ပြီး New User ကို နှိပ်လိုက်ပါ။
ပုံ(5.2)

New User Box ကျလာပြီဆိုတော့ User Name နေရာမှာ User 01 လို့ပေးလိုက်ပါ။ ၎င်းနောက် Password ပေးပါ။ ၎င်းနောက် Create ကို နှိပ်လိုက်ပါ။
ပုံ(5.3)
ကဲ..ဒါဆိုရင်တော့ User တွေကို Create လုပ်တတ်ပါပြီနော်။
VPN Server နဲ့ချိတ်ဆက်မယ့် Computer တွေ၊ (Client)တွေမှာ VPN Server ကို Access လုပ်နိုင်ဖို့ VPN Connection Wizard Run ပေးထားရအုံးမှာပါ။ အောက်မှာဆက်ကြည့်လိုက်ပါနော်။ Client Computer တွေမှာ My Network Place>Right Click>Properties ကို နှိပ်လိုက်ပါ။
ပုံ(၁၆)
Network Connection Box ရဲ့ ဘယ်ဘက် Panel ထဲမှာရှိတဲ့ Create a new connection ကို နှိပ်လိုက်ပါ။
ပုံ(၁၇)
၎င်းနောက် ထုံးစံအတိုင်းပဲ Microsoft ရဲ့ Welcome to New Connection Wizard ကျလာပါပြီ။ ၎င်း New Connection Wizard ထဲက Next ကို နှိပ်ပြီး ဆက်သွားပါ။
ပုံ(၁၈)
Network Connection Type ရွေးရမယ့် Box ကျလာပါပြီ။ ၎င်းတို့ထဲမှ Connect to the network at my workplace ကိုရွေးပြီး Next ကိုနှိပ်လိုက်ပါ။
ပုံ(၁၉)
ကဲ....နောက်ထပ် Dial-up Connection ကို သုံးမှာလား၊ Virtual Private Network Connection ကိုသုံးမှာလားဆိုတာကို ထပ်ရွေးရမှာပါ။ VPN Server နဲ့ ချိတ်ဆက်မှာဖြစ်တဲ့အတွက် Virtual Private Network Connection ကို ရွေးပြီး Next နဲ့ဆက်သွားပါ။
ပုံ(၂၀)
Connection Name Box ကျလာပါပြီ။
ပုံ(၂၁)
Company Name နေရာမှာ VPN Server ရဲ့အမည်ကို ပေးရမှာဖြစ်ပါတယ်။ အခုကျွန်တော်တို့ VPN Server ရဲ့ အမည်က Server ပဲမို့ Server လို့ရိုက်ထည့်ပြီး Next ကို နှိပ်ပါ။
ပုံ(၂၂)
VPN Server Selection Box ကျလာပါပြီ။ ဒီတစ်ခါကတော့ VPN Server ရဲ့ IP Address ကို ထည့်ပေးရမှာပါ။
ဒီနေရာမှာ နည်းနည်းလောက်ရှင်းပြချင်ပါတယ်။ VPN Server ရဲ့ LAN ဘက်က Client အတွက်ဆိုရင် VPN Server ရဲ့ LAN Card IP Address ကို ထည့်ပေးရမှာပါ။ ဒါမှမဟုတ် အခြား Internet ဘက်ကနေ လှမ်းဆက်သွယ်မယ့် Client (ဥပမာ-အခြားနိုင်ငံက Client) အတွက်ဆိုရင် WAN Network ရဲ့ IP Address ကို ထည့်ပေးရပါတယ်။ ၎င်းနောက် Next ကို ဆက်သွယ်လိုက်ပါ။
ပုံ(၂၃)
ကဲ....Finish Box ကျလာပြီဆိုတော့ Finish ကို နှိပ်လိုက်ပါ။
ပုံ(၂၄)
ဒီတစ်ခါတော့ Finish ဆိုပြီး...ပြီးမသွားဘူးနော်။ Connect Server Box ကျလာပြီဗျ။ User Name နဲ့ Password ထည့်ပြီးတော့ VPN Server ကို လှမ်းပြီး Connect လုပ်ရမှာပါ။ User Name နဲ့ Password ထည့်ပြီး Connect ကို နှိပ်လိုက်ပါ။ ၎င်း User Name နှင့် Address သည် VPN Server က သတ်မှတ်ပေးထားသော User Name နဲ့ Password ဖြစ်ပါတယ်။

ပုံ (၂၅ နဲ့ ၂၆ )

...............................


Hardware RAID များအကြောင်း PDF Print E-mail
User Rating: / 1
PoorBest 
Network - Network
Saturday, 12 September 2009 07:21
အခုတစ်ခါ RAID တွေထဲက Hardware RAID အကြောင်းကို ပြောပြချင်ပါတယ်။ Hardware RAID အကြောင်းကိုမပြောခင် RAID အကြောင်းကို နည်းနည်းလောက် ပြောကြရအောင်။ RAID ဆိုတာက Redundant Array of Independent Disk လို့ခေါ်ပါတယ်။ တကယ်တော့ RAID ဆိုတာ Disk တွေအများကြီးကို Redundant အပိုထားပြီး Array ပုံစံပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ RAID တွေကို ဘာကြောင့်အသုံးပြုရသလဲဆိုရင် Data တွေကို Fault Tolerance ရအောင်နဲ့ စွမ်းဆောင်ရည်တွေ ပိုမိုမြန်ဆန်နိုင်ဖို့အတွက် အသုံးပြုရခြင်း ဖြစ်ပါတယ်။ RAID မှာဆိုရင် Software RAID နဲ့ Hardware RAID ဆိုပြီး နှစ်မျိုးရှိပါတယ်။

၎င်း Software RAID နဲ့ Hardware RAID မှာမှ RAID ပြုလုပ်တဲ့ပုံစံတွေက အမျိုးမျိုးရှိသေးတယ်ဗျ။ ဘာတဲ့ RAID-0, RAID-1, RAID-2, RAID-3, RAID-4, RAID-5 စသဖြင့် အမျိုးမျိုးရှိပါတယ်။ RAID အကြောင်းမှာတုန်းက ဒီအကြောင်းတွေကို ရှင်းပြခဲ့ပြီးသားမို့ အခုမရှင်းတော့ပါဘူး။ ရှင်းလိုက်ရင်လည်းပြီးမှာကို မဟုတ်တော့ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကစာရှင်းပြီဆိုရင်လည်း အဆုံးသတ်ဖို့(ရပ်ဖို့)ကို တော်တော်နဲ့ မရပ်နိုင်ဘူးဖြစ်နေတယ်။ အခုလည်း RAID အမျိုးအစားတွေအကြောင်း ရှင်းပြလိုက်ရင် အဆုံးသတ်ခက်သွားမှာစိုးလို့ပါ။ ကဲ....ကဲ ဆက်ကြရအောင်ဗျာ။
Software RAID ဆိုတာက System Unit တစ်ခုထဲ (Computer တစ်လုံးထဲ)မှာရှိတဲ့ Disk တွေကို RAID ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် Computer Server တွေမှာဆို Disk တွေအများကြီးနဲ့ Software RAID ပြုလုပ်ထားကြပါတယ်။ အဲဒီလိုအခါမျိုးမှာ Server ဟာ ၎င်း Software RAID ရဲ့ တာဝန်ကိုလည်း ထမ်းဆောင်ရတယ်၊ Server နဲ့ပတ်သက်တဲ့အလုပ်တွေလည်း ဆောင်ရွက်ပေးရပါတယ်။ ဒါကြောင့် Software RAID ကို သုံးမယ်ဆိုရင် Server မှာ အလုပ်ပိုများတဲ့အတွက် Performance ကျပါတယ်။ ဒါပေမယ့် အကုန်အကျကတော့ Hardware RAID ထက် သက်သာတာပေါ့နော်။ Hardware RAID ကျတော့ အဲဒီလိုမဟုတ်ဘူး။ Hardware RAID ကို သီးသန့်ဆောင်ရွက်ပေးရတာ။ Hardware RAID ဆိုတာ Hard Disk တွေကို Array ပုံစံနဲ့ပြုလုပ်ပြီး (တစ်နည်းအားဖြင့် Disk တွေကို စီပြီးတော့) Hardware RAID ထဲကို ထည့်ပြီး အသုံးပြုတာပါ။ ၎င်း Disk တွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတယ်။ ပိုပြီးရှင်းသွားအောင် အောက်ကပုံလေးကို ကြည့်လိုက်ပါနော်။

အထက်ကပုံမှာဆိုရင် Hard Disk (၈)လုံးကို Hardware  RAID ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ RAID ပြုလုပ်တဲ့ အမျိုးအစား(ဥပမာ-RAID-1, RAID-5) ပေါ်မူတည်ပြီး Data တွေရဲ့ Fault Tolerance တွေနဲ့ Performance တွေက ကွာခြားသွားမှာဖြစ်ပါတယ်။ Hardware RIAD တွေမှာ Disk တစ်ခုခုပျက်သွားရုံနဲ့ Data တွေ ဆုံးရှုံးမသွားပါဘူး။ ဆက်လက်ပြီး Data တွေကို Access လုပ်လို့ရပါတယ်။ Hardware RAID သုံးရခြင်းရဲ့ ရည်ရွယ်ချက်ကိုက RAID ထဲမှာ Disk တစ်ခုခုပျက်စီးသွားရင်လည်း Data တွေ မဆုံးရှုံးသွားဘဲနဲ့ ၎င်း Data တွေကို Recovery လုပ်နိုင်အောင်ရယ်၊ စွမ်းဆောင်ရည် မြင့်မားအောင်ရယ်အတွက် ဖြစ်ပါတယ်။ ကဲ... ဒီလောက်ဆိုရင်တော့ Hardware RAID အကြောင်းကို နားလည်လောက်ပြီလို့ ထင်ပါတယ်နော်။

........................................

Acknowledgement အကြောင်းသိကောင်းစရာ PDF Print E-mail
User Rating: / 0
PoorBest 
Network - Network
Sunday, 16 August 2009 00:47
Acknowledgement ဆိုတာ ၀န်ခံသဘောတူခြင်း၊ အသိအမှတ်ပြုခြင်း ကိုပြောတာ ပါ။ ဒါပေမယ့် ........ အခု ကျွန်တော်ပြောချင်တာက Acknowledgement ရဲ့ အဓိပ္ပါယ် ကိုပြောချင်တာ မဟုတ်ပါဘူး။ OSI Model ရဲ့ Transport Layer မှာပါဝင်တဲ့ Acknowledgement အကြောင်းကိုပြောချင်တာပါ။ Transport Layer မှာပါဝင်တဲ့ Acknowledgement အကြောင်းကိုပြောမှာဆိုတော့ Transport Layer အကြောင်းနည်းနည်းတော့ ပြောဖို့လိုမယ်ထင်တယ်နော်။ Transport Layer ဟာ OSI Layer ရဲ့ Layer(4) ဖြစ်ပါတယ်။ Transport Layer ဟာ Network မှာ အချက်အလက်များ သွားလာမှုကို ထိန်းချုပ်ပေးခြင်းနှင့် အမှားတွေကို Recovery လုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးပါတယ်။ ၎င်း အပြင် Transport Layerဟာ Message တွေကို သင့်တော်တဲ့ အရွယ် အစားရအောင် ပိုင်းပါတယ်။ ဆိုလိုတာ က Data တွေပေးပို့တဲ့အခါ ၎င်း Data တွေကို အကုန်လုံးတစ်ပြုံကြီး ပေးပို့လိုက်တာ မဟုတ်ပဲ ၎င်း Data ကို Network Medium ကလက်ခံနိုင်တဲ့ Data Packet Size အဖြစ်အပိုင်းလေးတွေပိုင်းပစ်ပါတယ်။ လက်ခံရာဘက်မှာ ၎င်း Data Packet အပိုင်းလေးတွေပြန်ရောက်ပြီ ဆိုမှ ပြန်လည်စီပေးပါတယ်။ Transport Layer မှာ Connection - Oriented နဲ့ Connectionless ဆိုတဲ့ Connection Service နှစ်မျိုးကို အသုံြး့ပုပါတယ်။ ၎င်း Connection Service နှစ်မျိုးထဲကမှ Connection - Oriented Services မှာ ပို့လွှတ်သူနဲ့ ပေးပို့သူ တို့နှစ်ခုကြား Virtual Connection ကို ထူထောင်ဖို့ Acknowledgement (သဘောတူခြင်း၊ လက်ခ့ရရှိခြင်း) နဲ့ Response (အဖြေတုံ့ပြန်မှု) ကို အသုံးပြုပါတယ်။ ပေးပို့သူဘက်က Data တွေ ပေးပို့လိုက်တဲ့ အခါ လက်ခံရာဘက်က Data တွေကိုလက်ခံရရှိကြောင်း အသိအမှတ်ပြု Acknowledgement ကိုသတ်မှတ်ချိန်အတွင်းမှာပြန်ပို့ပေးရပါတယ်။ ဒါကလည်း အမှားကင်းစင်အောင် ထိန်းချုပ်တဲ့ နည်းပါပဲ။ ဒီလို လက်ခံရာဘက်က Acknowledgement လုပ်ပေးမှ ပေးပို့သူတွေက သူတို့ပို့လိုက်တဲ့  Data တွေကို လက်ခံသူတွေကရမရ သိရှိပြီး လိုအပ်ပါက နောက်တစ်ဖန်ပြန်ပို့ပေးနိုင်ရန်ဖြစ်ပါတယ်။ Acknowledgement ကို အသုံးပြုရတဲ့ရည်ရွယ်ချက်ကတော့ Connection ချိတ်ဆက်မှုတွေကို သေချာဖို့အတွက်ပါ။ ဒီလိုဗျာ....ကျွန်တော် တို့က Data တွေကို ပေးပို့တဲ့အခါမှာ ၎င်း Data တွေကို Packet လေးတွေခွဲပြီး ပို့တယ်ဆိုတာ အထက်မှာ ပြောပြခဲ့ ပြီးသားနော်။ ဥပမာ ....Data A ဆိုတဲ့ ရှည်လျားတဲ့ Data ကို Transport Layer ကနေ Packet လေးတွေ (10) ပိုင်း ပိုင်းပြီးပို့ လွှတ်လိုက်တယ် ဆိုကြပါစို့။ လက်ခံရာ ဘက်က Packet လေးတွေတစ်ခုရရှိပြီးတိုင်း ပေးပို့သူဆီကို လက်ခံရရှိပြီးကြောင်း Acknowledgement အကြောင်းပြန်ရပါတယ်။ အဲဒီလိုတွေပို့ရင်းနဲ့ တစ်ခါတစ်ရံမှာ တစ်ချို့ packet တွေဟာ လက်ခံရာဘက်ကို ရောက်ရှိမလာပါဘူး။ တစ်ချို့ packet တွေကျလည်း Error ပါနေတတ်ပါတယ်။ ဒီလိုအခါမျိုးတွေမှာဆိုရင် လက်ခံရာဘက်က သတ်မှတ်ချိန်အတွင်း Acknowledge အကြောင်းမပြန်ဘူးဆိုရင် ပေးပို့သူဘက်ကနေ ၄င်း packet ကို Resend (ပြန်ပို့) ပေးရပါတယ်။ ဒီနေရာမှာ Data A ကြီးတစ်ခုလုံးကို ပြန်ပို့ပေးရတာမဟုတ်ပါဘူး။ လက်ခံရာဘက်ကို မရောက်ရှိတဲ့ (သို့) Error ပါနေတဲ့ packet ကိုပဲ ပြန်ပို့ပေးရတာပါ။ ၎င်း မရရှိတဲ့ Error ပါနေတဲ့ Packet လေးကိုပဲ  ပေးပို့လိုက်ရုံပါ။ဆိုလိုတာက ဗျာ Data A ကြီးတစ်ခုလုံးကို ပြန်ပြီးပို့ စရာမလိုပဲနဲ့ လက်ခံရာဘက်ကမရရှိတဲ့ Packet လေးကိုပဲ ပြန်ပြီး ပေးပို့ရတဲ့ အတွက် Performance ပိုပြီး ကောင်းပါတယ်။ Connectionless ကိုအသုံးပြုတဲ့ connection တွေမှာဆိုရင် Acknowledgement ကိုအသုံးမပြုပါဘူး။ အဲဒီလို Acknowledgement ပြန်မပို့ဘူးဆိုလို့ရှိရင် ပေးပို့သူဘက်က ဘယ် Packet ကို လက်ခံရရှိလဲ ၊ ဘယ် Packet ကတော့ ဖြင့် Error တွေပါနေလဲ (လက်ခံမရရှိဘူးလား) ဆိုတာတွေကို မသိရှိဘဲနဲ့ Packet လေးတွေကို ဆက်တိုက်ပို့လွှတ်လိုက်ပါတယ်။ Error မပါတဲ့ Data ဆိုရင်တော့ ပြဿနာမရှိပါဘူး၊ ပိုပြီးတောင် performance ကောင်းပါသေးတယ်။  ဒါပေမယ့် ၎င်း Data ထဲက Data Packet တစ်ခုမှာ Error ပါနေတာပဲဖြစ်ဖြစ် ၊ မရောက်ရှိတာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် Acknowledgement မပြန်တဲ့ အတွက် ဘယ် packet ကိုပြန်ပို့ရမယ်မှန်းမသိတဲ့အတွက် ၎င်း Data ကြီးတစ်ခုလုံးကို ပြန်ပြီး ပေးပို့ရမှာဖြစ်ပါတယ်။ Data တစ်ခုလုံးကြီးကို အစအဆုံးပြန်ပြီး ပို့ရတဲ့ အတွက် Performance ကျသွားတတ်ပါတယ်။ Acknowledgement ကို အသုံးပြုရတဲ့ ရည်ရွယ်ချက်ကတော့ Data တွေကို သေချာစွာရောက်ရှိဖို့နဲ့ အမှားကင်းစွာရောက်ရှိဖို့ အတွက်ဖြစ်ပါတယ်။
..................................................



မြန်မာစံတော်ချိန်
 
ပြက္ခဒိန်
 
အခုဝင်ရောက်ကြည့်ရှူနေသူ
 
widgeo.net
 
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free