System Key: [HKEY_LOCAL_MACHINESYSTEMCurrentControlSetControlKeyboard Layout]
Value Name: Scancode Map
Data Type: REG_BINARY (Binary Value)
Value Data: 00 00 00 00 00 00 00 00 03 00 00 00 00 00 5B E0 00 00 5C E0 00 00 00 00
စမ်းကြည့်လိုက်ပါ ..
......................................
User တွေကို disk သုံးစွဲမှုကန့်သတ်နိုင်ဖို့
disk တွေကိုအချက်အလက် တွေထည့်တဲ့အခါမှာကန့်သတ်ချက် တွေကို administrator တစ်ယောက်
အနေနဲ့ account ရှိတဲ့သူဘယ်သူ မဆိုပြုလုပ်နိုင်ပါတယ်။ Network မှာ file server အဖြစ်မထားခဲ့လျှင်
တောင်မှာကိုယ့်ရဲ့ PC မှာ account တွေတစ်ခုထက်ပိုမိုဖွင့်ထားခဲ့လျှင် Disk အသုံးပြုမှုကိုကန့်သတ်
ပေးထားလို့ရပါတယ်။ အဲဒီလိုသတ်မှတ်ပေးလိုက်ခြင်းဟာ disk ပြည့် ပြီး ကွန်ပျူတာရဲ့လုပ်ဆောင်ချက်
ကျဆင်းသွားမှုသို့မဟုတ် virtual memory နည်းပါးသွားမှုကိုရှောင် ရှားနိုင်မည့်အကောင်းဆုံးသော
နည်း လမ်းဖြစ်ပါတယ်။ သုံးစွဲသူတွေကိုတစ်ဦးချင်းအလိုက်ပေးသုံးမည့် drive တွေခွဲပေးမထား နိုင်လျှင်
ဒီလိုမျိုးလုပ်ဆောင်တာက အကောင်းဆုံးပါ။ ပြီးရင်သတ်မှတ်ထားတဲ့ကန့်သတ်ထားမှုကိုရောက် လာခဲ့
လျှင် သတိပေးဖို့ပါစီမံထားခဲ့ လျှင်မလိုအပ်တဲ့ဖိုင်တွေ၊ အချက်အလက်တွေကိုဖျက်ပြစ်နိုင်သလို၊
သိမ်းဆည်းထားချင်တာရှိလျှင်လည်း CD တွေ၊ DVD တွေနဲ့ကူးယူထား နိုင်မှာဖြစ်ပါတယ်။
ကန့်သတ်ချက်တွေပေးထားမယ် ဆိုရင်တော့ သုံးစွဲခွင့်မပေးထားတဲ့ drive ကို right-click
ခေါက်ပြီး properties ကို click ခေါက်ပေး ပါ။ ပြီးရင် Quota tap ကို click ခေါက်ပြီး အဲဒီအထဲက
Enable quota management ဆိုတဲ့စာ ကြောင်းရှေ့က လေးဒေါင့်ကွက် လေးမှာ အစိမ်းရောင်အမှတ်
က လေးပေါ်လာအောင် click ခေါက် ပေးပါ။ ဒီလိုပြုလုပ်တာကို check လုပ်တယ်လို့ခေါ်ပါတယ်။ -
အဲဒီလိုလုပ်ပြီးရင် Quota Entries ကို click ခေါက်ပါ။ - Quota Entries for DAT A-1 (D:)
စတဲ့ Window ပေါ်လာခဲ့လျှင် Menu ဘားထဲရှိ Quota ကို click ခေါက်ပါ။ - Menu
ဘားထဲရှိ Quota ကို click ခေါက်ပြီး drop down Menu ကျလာခဲ့ရင် New Quota Entry
ကို click ထပ်ခေါက်ပေးပါ။ - Select Users ဆိုတဲ့ Window ပေါ်လာခဲ့လျှင် Advanced
ကို click ခေါက်ပါ။ ပြီးနောက် Find Now ကို click ခေါက်ပါ။ - User တွေပေါ်လာခဲ့လျှင် disk
သုံးစွဲမှုကို ကန့်သတ်ပေးထား ချင်တဲ့ user ကိုရွေးပြီးတော့ ok ခေါက်ပါ။ - Add New Quota Entry
Window ပေါ်လာဖို့ ok ကိုထပ်မံ click ခေါက်ပါ။ - Add New Quota Entry ပေါ်လာခဲ့လျှင် Limit
disk space to ကို click ခေါက်ပြီး disk space ကိုပေးထားချင်သလောက်ရိုက်ထည့်ပေးပါ။
ကွက်လပ်နှစ်ခုရှိမှာဖြစ်ပြီး တစ်ခုက ဂဏန်းအတွက်ဖြစ်ကာ တစ်ခုကတော့ KB, MB နဲ့ GB တို့အ
တွက်ဖြစ်ပါတယ်။ - Limit disk space to မှာ သတ်မှတ်ပေးထားချင်တဲ့ ပမာဏ ကို ရိုက်ထည့်ပေးပြီး
Set warning level to မှာတော့ သတိပေး စေချင်တဲ့ပမာဏကို ရိုက်ထည့်ပေး ပါ။ ပြီးရင် ok ကို
click ခေါက်ပါ။ ပြီးလျှင် Properties Windows ကို Apply နဲ့ ok ကို click ခေါက်ပြီးထွက်လိုက်ပါ။
..........................................
Bug Tracking System
Bug tracking စနစ်ဟာ ဆော့ဖ်ဝဲ application တစ်မျိုးဖြစ်ပြီး ပရိုဂရမ်မာတွေကို သူတို့လုပ်ဆောင် နေတဲ့
ဆော့ဖ်ဝဲတွေမှာ ရှိတဲ့ bug (ဆော့ဖ်ဝဲ မှာရှိသော အမှားအယွင်း ချို့ယွင်းချက် နဲ့ ပြဿနာ) တွေကို ရှာဖွေပြီး
တင်ပြနိုင်ပါတယ်။
Bug tracking စနစ်ပေါင်း များစွာရှိပါတယ်။ ဒီအရာတွေကို Open Source ဆော့ဖ်ဝဲ ပရော ဂျက်အများ
စုမှာ အသုံးပြုခဲ့ပြီး သုံးစွဲသူတွေကို bug နှင့်သက်ဆိုင်တဲ့ အချက်အလက်တွေ ကို တိုက်ရိုက် တင်ပြနိုင်
အောင် စီမံပေးထားပါတယ်။ အခြားသော စံနစ်များစွာ bug tracking စံနစ်တွေဟာကုမ္ပဏီ တွေနဲ့ အဖွဲ့
အစည်းအတွင်းမှာ ဆော့ဖ်ဝဲ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စတွေ အတွက် သုံးစွဲပါတယ်။ အထူးသဖြင့်
bug tracking စနစ် ဟာ အခြားသော ဆော့ဖ်ဝဲပရောဂျက် စီမံခန့်ခွဲမှုဆိုင်ရာ application တွေနဲ့
ရောနှောပေါင်းစပ်ပြီး သုံးစွဲကြပါတယ်။
bug tracking စနစ်ဟာ ဆော့ဖ်ဝဲဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် အလွန်အရေးကြီး
တဲ့ဆော့ဖ်ဝဲ application ဖြစ်ပါတယ်။ bug tracking system မှာ အဓိက ပါဝင်တဲ့ အစိတ်အပိုင်း
ကတော့ database (အချက်အလက်ဘဏ်) နှင့် bug တွေ အကြောင်းသိတဲ့ အချက်အလက်
မှတ်သားမှုတွေ ပါဝင်ပါတယ်။ ဒီ အချက်အလက်တွေကို ကြည့်ပြီး ပရိုဂရမ်မာတွေဟာ ဆော့ဖ်ဝဲအတွင်း
မှာရှိတဲ့ ချို့ယွင်းချက်တွေကို ဘယ်လို ပြုပြင်ရမလည်းလို့ စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။
bug tracking system မှာ administrator တွေကို bug တွေ ကို ပြုပြင်နိုင်ဖို့ ဖယ်ရှားနိုင်ဖို့နဲ့
ဖျက်ပြစ်နိုင်ဖို့ စတဲ့ ပြန်လည် ပြင်ဆင် သတ်မှတ်ရေး ဆိုင်ရာ ကိစ္စကို ပေးလုပ်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် administrator တွေကို bug ရဲ့အကြောင်း တွေကို ပြန်လည် ပြင်ဆင်သတ်မှတ်ဖို့နဲ့
ဘယ် bug တွေကို ဖယ်ပစ်နိုင်တယ်ဆိုတာ ဖော်ပြရမှာ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေမှာ တော့ bug tracking system ကို ဆော့ဖ်ဝဲထုတ်ကုန်တွေရဲ့
အားနည်းချက်ကို ရှာဖွေပြီး bug တွေကို ပြန်ပြုပြင်နိုင်ဖို့ ရည်ရွယ် အသုံးပြု ကြပါတယ်။ ဘာပဲဖြစ်ဖြစ်
bug tracking စံနစ်ဟာလည်း ပရိုဂရမ်မာတွေ ရေးစွဲထားတဲ့ ဆော့ဖ်ဝဲဖြစ် ပြီး အမှားအယွင်း
ရှိနိုင်ပါတယ်။ ဒါ ကြောင့် တစ်ခါတစ်ရံမှာ bug တွေ ရဲ့ရှုပ်ထွေးမှု နဲ့တည်ရှိမှု အပေါ်မူတည် ပြီး မှားယွင်း
ဖော်ပြတတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
Local bug tracker (LBT) လို့ ခေါ်တဲ့ ကွန်ပျူတာပရိုဂရမ် ဟာပုံ မှန်အားဖြင့်တော့ ကျွမ်းကျင်သူတွေ
သုံးစွဲတတ်တဲ့ပရိုဂရမ် ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကို ကိုယ်ပိုင် language နဲ့ bug တွေရဲ့ လမ်းကြောင်းကို
လိုက်နိုင်အောင်စီမံပေး ထားပါတယ်။ developer တွေရဲ့ language တော့မဟုတ်ပါဘူး။
..................................
Making Undeletable Folder