All network-3
DSLAM အကြောင်း PDF Print E-mail
User Rating: / 2
PoorBest 
Network - Network
Sunday, 04 October 2009 11:04
DSLAM အကြောင်း

အခု ပြောပြမှာကတော့ DSLAM အကြောင်းပဲ ဖြစ်ပါတယ်။ DSLAM ဆိုတာကလည်း Network Device တစ်ခုပဲ ဖြစ်ပါတယ်။ DSLAM ဟာ Telephone Exchange Service Provider တွေမှာ တည်ရှိတာ ဖြစ်ပါတယ်။ DSLAM ဟာ ဆိုရင် မြောက်များလှစွာသော DSL Lines တွေကနေ Signal တွေကို လက်ခံရရှိပြီးနောက် ၎င်း Signal တွေကို High-Speed ATM Line ပေါ်မှာပြန်ပြီး  Send လုပ်ပေးလိုက်တာပါ။ DSLAM ရဲ့ အရှည်ကတော့ Digital Subscriber Line Access Multiplexer ဖြစ်ပါတယ်။
DSLAM ကို တစ်နည်းအားဖြင့် dee-slam လို့လည်း ခေါ်ပါတယ်။ DSLAM ကို ဘာအတွက်အသုံးပြုလဲဆိုတော့ Telephone Line ကို အသုံးပြုပြီး မြန်နှုန်းမြင့် Internet Connection ကို ရရှိချင်တဲ့အခါမှာသုံးတာပါ။ ၎င်း DSLAM က Voice ဆိုတဲ့အသံနဲ့ Data ကို ခွဲထုတ်ပေးတဲ့အလုပ်ကို ဆောင်ရွက်ပေးလို့ပါ။ ၎င်းအပြင် အဲဒီ DSLAM ကြီးကို ISP (Internet Service Provider) နဲ့ တိုက်ရိုက် ချိတ်ဆက်ထားပါတယ်။ ဒါကြောင့် DSLAM ကြီးက ISP နဲ့ ချိတ်ဆက်ထားတယ်။ Voice နဲ့ Data ကိုလည်း ခွဲခြားပေးတဲ့အတွက် Internet Connection ကိုလည်း အသုံးပြုလို့ရသလို ဖုန်းလည်းပြောလို့ရပါတယ်။ အောက်မှာ ပုံနှင့်တကွ ရှင်းပြထားပါတယ်။






အခု ကျွန်တော် အထက်မှာဆွဲပြထားတဲ့ပုံကတော့ DSLAM ရဲ့ ပုံပဲ ဖြစ်ပါတယ်။ ဒီ DSLAM ရဲ့ လုပ်ဆောင်ချက်က Voice နဲ့ Data ကို ခွဲထုတ်ပေးတယ်ဆိုတာ မမေ့နဲ့နော်။ ကျွန်တော်တို့တွေအတွက် ADSL Internet Connection Line တွေရဖို့ကို Exchange တွေမှာ DSLAM တွေ ဖန်တီးထားရပါတယ်။ ၎င်း DSLAM တွေသည် ISP (Internet Service Provider) နဲ့ တိုက်ရိုက်ချိတ်ဆက်ထားပါတယ်။ အဲဒီလို Phone Exchange တွေမှာလည်း DSLAM တွေထိုင်ထားတယ် ၊ ၄င်း DSLAM ကလည်း ISP နဲ့တိုက်ရိုက်ချိတ်ဆက်ထားတယ်ဆိုရင် ကျွန်တော်တို့တွေဟာ ADSL လို့ခေါ်တဲ့ Internet connection ကိုအသုံးပြုလို့ရပါပြီ။

၎င်း DSLAM တွေနဲ့ ISP ရဲ့ ကြားမှာ ချိတ်ဆက်တဲ့ Line တွေကတော့ E1 Line နဲ့ Fiber Optic Cable Line စတာတွေနဲ့ ချိတ်ဆက်ထားပါတယ်။ DSLAM တွေကို Phone Exchange တွေမှာ ဘာကြောင့်ထားရသလဲဆိုတာကို ဆက်ရှင်းပြပါ့မယ်။ Phone Exchange ဆိုတာကို ဘယ်လိုမြင်ပါသလဲ။ Phone Exchange ဆိုတာက ကျွန်တော်တို့ အိမ်တွေ၊ ရုံးတွေ၊ ဆိုင်တွေမှာ အသုံးပြုနေတဲ့ ဖုန်းလိုင်းတွေကို ထိန်းချုပ်ထားတဲ့ ဖုန်းလိုင်းတွေကို ခွဲပေးနေတဲ့ ပင်မနေရာကြီးဖြစ်ပါတယ်။
အဲဒီလို ပင်မနေရာကြီးဖြစ်တဲ့ Phone Exchange တွေမှာ DSLAM ကြီး ထိုင်ထားရပါမယ်။ ဒါမှ ADSL Internet Connection ကို အသုံးပြုနေတဲ့ Digital Phone Line တွေကို DSLAM နဲ့ ဆက်သွယ်လိုက်တဲ့အခါမှာတော့ ကျွန်တော်တို့လိုချင်တဲ့ ADSL Internet Connnection အသုံးပြုလို့ရသွားမှာ ဖြစ်ပါတယ်။ DSLAM ကြီးသည် ISP ကနေလာတဲ့ Internet Connection Line နဲ့လည်း ချိတ်ဆက်ထားတယ်။ ပြီးတော့ Phone Exchange ထဲမှာရှိတဲ့ ကျွန်တော်တို့ရဲ့ Phone Line တွေသည် DSLAM ထဲကို ပြန်ဝင်တယ်။
ကျွန်တော်တို့မှာကလည်း ADSL Modem ရှိနေတယ်။ ဒီတော့  DSLAM ထဲကို ၀င်ထားတဲ့ Phone Line နဲ့ ADSL Model ချိတ်ဆက်လိုက်တဲ့အခါ ကျွန်တော်တို့ဆီမှာ Internet Connection တစ်ခု ရောက်လာပြီပေါ့ဗျာ။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် DSLAM က အမေဖြစ်တယ်။ Exchange က အဖေဖြစ်တယ်။  DSLAM အမေနဲ့ Exchange  အဖေတို့ ပေါင်းစပ်လိုက်တော့မှ ADSL Connection ဆိုတဲ့သားကလေးရလာမှာ ဖြစ်ပါတယ်။ DSLAM မှာ ကျွန်တော်သိသလောက်တော့ ADSL Connection 24 Line ထွက်တာနဲ့ ADSL Connection 120 Line ထွက်တာ ရှိပါတယ်။ အဲဒီလို Connection Line တွေကတော့ အသုံးပြုတဲ့ DSLAM တွေအပေါ် မူတည်ပါတယ်။
......................................

Step by Step Guide DHCP Server Installation PDF Print E-mail
User Rating: / 0
PoorBest 
Network - Network
Wednesday, 30 September 2009 04:40
Step by Step Guide DHCP Server Installation
DHCP Server ကို Install လုပ်တော့မယ်ဆိုလျင် Manage Your Server ကို သွားလိုက်ပါ။ ပြီးလျင် Start Menu ရဲ့အောက်က All Programs အောက်က Administrative Tools အောက်က Manage Your Server ကို သွားပါ။ Manage Your Server ဆိုတဲ့ Box လေး ပေါ်လာလျင် Add or Remove ကို ရွေးပါ။
 




ပြီးလျင် Preliminary Steps ဆိုတဲ့ Box လေးပေါ်လာပါလိမ့်မယ်။ Next ကို Click နှိပ်ပေးပါ။
 
 

Configuration Option Dialog Box ပေါ်လာပါလိမ့်မယ်။

 


Custom Configuration Check Box ကို On ပေးလိုက်ပါ။ ပြီးလျင် Next လို့ ပြောပေးလိုက်ပါ။ Server Role Page ဆိုတဲ့ Box ပေါ်လာပါလိမ့်မယ်။ ပုံမှာ ပြပေးထားပါတယ်။ အဲဒီမှာ DHCP Server ကို Select မှတ်ပြီး Next ကို Click နှိပ်ပေးလိုက်ပါ။
 


ပုံမှာ ပြထားတဲ့အတိုင်း Summary Dialog Box ပေါ်လာပါလိမ့်မယ်။ Next ကိုပဲ Click နှိပ်ပေးပါ။
 


ဒါဆိုလျင် Welcome to the New Scope Wizard လေးကိုမြင်တွေ့ရပါလိမ့်မယ်။



Next ကို Click နှိပ်လိုက်လျင် Scope Name ဆိုတဲ့ Box လေး ပေါ်လာပါလိမ့်မယ်။ ပုံ မှာ ပြထားပါတယ်။ ဒီမှာ Scope Name ကို ရိုက်ထည့်ပေးရတော့မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်က Youth လို့ ရိုက်ထည့်ပြီး ပြပေးသွားမှာ ဖြစ်ပါတယ်။ ခင်ဗျားကတော့ ခင်ဗျားသဘောအတိုင်းပေါ့။ ရိုက်ပြီးသွားလျင်တော့ Next ကို နှိပ်လိုက်ပါ။
 

IP Address Range ဆိုတဲ့ Box လေး ပေါ်လာပါလာလိမ့်မယ်။ အဲဒီမှာ ကျွန်တော်တို့ ပေးထားခဲ့တဲ့ Youth ဆိုတဲ့ Scope မှာ ထားရှိမယ့် IP Address ဘယ်ကနေမှ ဘယ်အထိဆိုတဲ့ Range ကို သတ်မှတ်ပေးရပါမယ်။ Subnet Mast ကို လည်း တခါတည်း သတ်မှတ်ပေးရပါမယ်။



ကျွန်တော်တို့က Start IP Address ကို 192.168.10.2 လို့ပေးမယ်။ End IP Address ကို 192.168.10.254 လို့ ပေးလိုက်ကြစို့။ ခင်ဗျားအနေနဲ့ကျတော့ ခင်ဗျားစိတ်ကြိုက်ပေါ့။ ကဲ...ဒါဆို IP Address Range ကို ပေးလိုက်ပါပြီ။ ပုံမှာ ပြထားတဲ့အတိုင်းပေါ့။ Subnet Mask ကတော့ IP Address ကို ရိုက်လိုက်တာနဲ့ သူ့အလိုလို ပေါ်လာမှာ ဖြစ်ပါတယ်။ ပြီးလျင် Next ကို နှိပ်လိုက်ပါ။

Add Exclusion ဆိုတဲ့ Box လေးကို ပုံ(၁၀) မှာ ပြထားတဲ့အတိုင်း ပေါ်လာပါလိမ့်မယ်။ Exclusion ဆိုတာ DHCP Server ကနေ IP Address ကို အငှားမချစေချင်တဲ့ အသုံးမပြုစေချင်တဲ့ Address တွေကို ပြောတာဖြစ်ပါတယ်။ အပေါ်က IP Address Range ထဲကမှ ဒီ IP တွေကိုတော့ဖြင့် အငှားမချစေချင်ဘူး။ ဒီ IP တွေကို ဖယ်ထားပေးပါဆိုပြီး ဒီနေရာမှာ ပြောပေးရမှာ ဖြစ်ပါတယ်။ ပြောပြီးသွားလျင် Next ကို Click နှိပ်လိုက်ပါ။



Lease Duration ဆိုတဲ့ Dialog Box လေးကို ပုံ(၁၁)မှာ ပြထားတဲ့အတိုင်း မြင်ရပါလိမ့်မယ်။ Lease Duration ဆိုတာ ဘာကိုပြောတာလဲ။ IP Address ကို အငှားချမဲ့ အချိန်ကာကလကို ပြောတာလေ။ ဒီတော့ သူရဲ့ Default Lease Duration က ပုံမှန် (၈)ရက်ဆိုတော့ ကျွန်တော်တို့က ရက်(၃၀)လို့ သတ်မှတ်လိုက်မယ်။ Days ဆိုတဲ့ နေရာမှာ 30 လို့ပြောပြီး Next ကို နှိပ်လိုက်ပါ။



Box ကတော့ DHCP Options Dialog Box ပဲ ဖြစ်ပါတယ်။ DHCP Options တွေကို အခု Configure လုပ်မလား၊ နောက်မှလုပ်မလားဆိုပြီး မေးနေတာ ဖြစ်ပါတယ်။ ကျွန်တော်က Configure လုပ်ပြသွားမှာမို့ Yes ကို ရွေးပြီး ရှေ့ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီတော့ Yes ကို ရွေးပြီး Next လို့ပြောလိုက်ပါ။


ဒီအဆင့်မှာ ကျွန်တော်တို့က လက်ရှိ(Network)ကွန်ရက်ရဲ့ Router သို့မဟုတ် Gateway ရဲ့ IP Address ကို ပေးရမှာ ဖြစ်ပါတယ်။ တနည်းအား ပြောရမယ်ဆိုလျင် အခု ကျွန်တော်တို့ ပေးလိုက်တဲ့ Scope ဟာ ဘယ်ကနေပြန်လည် ဖြန့်ဝေမှာလဲ။ အဲဒီ ဖြန့်ဝေပေးမယ့် Router သို့မဟုတ် Gateway ရဲ့ IP Address ကို ပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ Router က 192.168.0.1 ဆိုတော့ 192.168.0.1 လို့ ပေးရမှာ ဖြစ်ပါတယ်။ ခင်ဗျားအတွက်တော့ ခင်ဗျားဆီမှာရှိတဲ့ Router ရဲ့ IP Address ပေါ့။ Router ရဲ့ Address က 192.168.0.1 ဖြစ်နေလို့ IP Address Range (Scope) ကို ပေးတဲ့အဆင့်မှာ IP Address ကို 192.168.0.2 ကနေစပြီး ပေးခဲ့တာဖြစ်ပါတယ်။ ပြီးလျင် Next ကိုနှိပ်ပါ။
 

Domain Name and DNS Server ဆိုတဲ့ Dialog Box လေးကို  မြင်တွေ့ရပါလိမ့်မယ်။ ဒီ Dialog Box မှာ Parent Domain Name ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ ဒီတော့ Parent Domain နေရာမှာ Youth.com လို့ပေးရအောင်။ ဒီမှာ တစ်ခု သတိထားရမှာက ဒီ Domain Name ဟာ ခင်ဗျား DHCP Install မလုပ်ခင်ကတည်းက တည်ရှိခဲ့တဲ့ Domain ရဲ့ နာမည် ဖြစ်ရပါ့မယ်။ အလားတူပဲ Server Name ကလည်း ယခင်ကတည်းကရှိခဲ့တဲ့ Server Name ပဲ ဖြစ်ပါတယ်။ Server Name ကိုတော့ Server လို့ပဲပေးရအောင်။ ဒီမှာ ကျွန်တော်သုံးတဲ့ Youth.com နှင့် Server ရဲ့ နာမည်တွေက ကျွန်တော်ဆီမှာ ရှိတဲ့ Domain Name နှင့် Server Name တွေ ဖြစ်ပါတယ်။ ခင်ဗျားအတွက်ဆိုလျင်တော့ ခင်ဗျားဆီမှာရှိတဲ့ Domain Name နှင့် Server Name တွေပေါ့။ IP Address ကိုတော့ 192.168.10.1 လို့ ပေးလိုက်ပါမယ်။ ပြီးလျင် Next ကို နှိပ်ပါ။



WINS Servers ဆိုတဲ့ ပုံကို တွေ့ရပါလိမ့်မယ်။ WINS ဆိုတာကတော့ Windows Internet Naming System ကို ပြောတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ (Network)ကွန်ရက်မှာ WINS နှင့် ပတ်သက်တဲ့ Server ရှိခဲ့လျင် WINS Server ရဲ့ IP Address ကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ ဘယ်လိုပြောရမလဲဆိုတော့ Server Name မှာ WINS Server ရဲ့ နာမည်ကို ရိုက်ထည့်လိုက်၊ ပြီးလျင် Resolve ဆိုတဲ့ Button မှာ နှိပ်လိုက်လျင် အဲ့ဒီ Server ရဲ့ IP Address ကို သူ့ဘာသာသူ ရှာပေးသွားမှာ ဖြစ်ပါတယ်။ အခု လောလောဆယ်တော့ ဒီနေရာမှာ ဘာမှရိုက်မထည့်ဘဲ Next လို့ပြောရအောင်။
 


Activate Scope ဆိုတဲ့ Dialog Box ပေါ်လာပါလိမ့်မယ်။ အခု ကျွန်တော်တို့ ပေးထားခဲ့တဲ့ Scope ကို အသက်သွင်းတော့မလား၊ စတင်တော့မလား ဆိုပြီး မေးတာပါ။ အဲဒီလို Activate လုပ်မှာသာလျင် Client တွေဆီကို Address တွေ အငှားချပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ Yes ကို ရွေးပြီး Next လို့ ပြောပါ။



Completing the New Scope Wizard ဆိုတဲ့ Box လေးကိုတွေ့ရပါလိမ့်မယ်။ Finish မှာ Click တစ်ချက်နှိပ်လိုက်ပါ။ နောက်ထပ် Box တစ်ခုပေါ်လာပါလိမ့်ဦးမယ်။ Finish လို့ပဲ ထပ်ပြောပြပေးပါ။



အားလုံးပြီးသွားလျင်တော့ DHCP Installation က ပြီးဆုံးသွားပါပြီ။ Install လုပ်ပြီးသွားတဲ့ DHCP ကို Authorise လုပ်ဖို့ရန် လိုအပ်ပါတယ်။ ဘယ်လို Authorise လုပ်မလဲဆိုတော့ Administrative Tools အောက်က DHCP ကို သွားလိုက်ပါ။ DHCP ထဲကိုရောက်လျင် Server Name ပေါ်မှာ Right Click နှိပ်ပြီး၊ Authorise ပြုလုပ်ပေးလိုက်ပါ။ ပြသပေးထားပါတယ်။ Authorise လုပ်ပြီးသွားပြီဆိုလျင်တော့ DHCP က Running ဖြစ်သွားပါပြီ။ အဲလို Authorise လုပ်မယ်ဆိုလို့ရှိလျင် Server 2003 မှာ Active Directory တင်ထားဖို့ လိုအပ်ပါတယ်။ Active Directory တင်မထားဘူးဆိုလျင်တော့ Authorise/Unauthorise လုပ်စရာ မလိုပါဘူး။ ကဲ... DHCP ကို ဘယ်လို Install လုပ်တယ်ဆိုတာ သိသွားပြီမလား...။
 
......................................................

.Coaxial Cables PDF Print E-mail
User Rating: / 0
PoorBest 
Network - Network
Wednesday, 30 September 2009 04:20
Coaxial Cables
ကျွန်တော်အခုအထက်မှာ ပြထားတဲ့ပုံလေးကတော့ Coaxial Cable ရဲ့ပုံလေးပဲ ဖြစ်ပါတယ်။Coaxial Cable ရဲ့ အပေါ်ဆုံးမှာတော့ Outer Jacket ရှိတယ်။ Outer Jacket ရဲ့အောက်မှာ Shield တွေရှိပါတယ်။ Shield တွေရဲ့အောက်မှာ Isulator ရှိပါတယ်။
Insulator ရဲ့အထဲထဲမှာတော့ Copper Connector ရှိပါတယ်။ Outer Jacket ကတော့ Cable ကို ထိခိုက်ဒဏ်ရာရမှုကို သက်သာအောင်ဖုံးအုပ်ပေးတာဖြစ်ပါတယ်။ Shield တွေက ပြင်ပမှ ဝင်ရောက်နှောက်ယှက်မှုတွေဖြစ်တဲ့ EMI (Eloctromagenetic Interfrance) နှင့် RFI(Radio Frequency Interfrance) တွေမှ ကာကွယ်ပေးရန်အတွက် ဖုံးအုပ်ထားခြင်းဖြစ်ပါတယ်။ Insulator ကတော့ Copper Connector ဖြစ်တဲ့ ကြေးချောင်းလေးကို လျှပ်စစ်မကူးနိုင်အောင် ကာကွယ်ပေးရန်အတွက် ဖုံးအုပ်ထားပေးခြင်း ဖြစ်ပါတယ်။ Coaxial Cable မှာ အသုံးပြုတဲ့ Connector ခေါင်းကတော့ BNC Connector ခေါင်းဖြစ်ပါတယ်။







၎င်း Coaxial Cable ကို Bus Topology ပုံစံဖြင့် Network ချိတ်ဆက်မှုတွင် အသုံးပြုခဲ့ပါတယ်။
မှတ်ချက်။    ။ Coaxial Cable ပုံစံသည် TV Antenna Cable ရဲ့ ပုံစံနှင့် အတူတူပဲဖြစ်သည်။ သို့သော် ၎င်း TV Antenna Cable ကိုတော့ Network ချိတ်ဆက်တဲ့နေရာမှာ အသုံးပြုလို့မရပါဘူး။

STP Cable




ကျွန်တော် အခုအထက်မှာပြထားတဲ့ ပုံလေးကတော့ STP (Shielded Twisted Pair) Cable ရဲ့ ပုံလေးပဲဖြစ်ပါတယ်။ STP Cable ရဲ့အပေါ်ဆုံးမှာ ဖုံးအုပ်ထားတာကတော့ Outer Jecket လို့ခေါ်ပါတယ်။ Outer Jacket ရဲ့အောက်မှာတော့ Shield တွေရှိပါတယ်။ Shield တွေရဲ့အောက်မှာ Fail ရှိပါတယ်။ Fail ရဲ့အထဲထဲမှာတော့ Plastic Insulator ဖြင့် ဖုံးအုပ်ထားတဲ့ Copper Conductor ရှိပါတယ်။ Outer Jecket ကတော့ Cable  ကို ထိခိုက်ဒဏ်ရာရမှုကို သက်သာအောင် ဖုံးအုပ်ပေးထားတာဖြစ်ပါတယ်။ Shield တွေကတော့ EMI နှင့် RFI တို့မှ ကာကွယ်ပေးရန်အတွက် ဖုံးအုပ်ထားခြင်း ဖြစ်ပါတယ်။ Fail ထဲမှာတော့ Plastic Insulator ဖြင့် ဖုံးအုပ်ထားတဲ့ Copper Conductor ရှိပါတယ်။ STP Cable မှာ အသုံးပြုတဲ့ Connector ခေါင်းကတော့ IBM Data Connector ခေါင်းဖြစ်ပါတယ်။





၎င်း STP Cable ကို Ring Topology ပုံစံဖြင့် Network ချိတ်ဆက်မှုတွင် အသုံးပြုပါတယ်။ သို့သော် Ring Nerwork ချိတ်ဆက်မှုတွင် အသုံးပြုတဲ့ Central Device သည် MAU (Multi Session Access Unit) ဖြစ်ပါတယ်။ ၎င်း MAU Device တွင် IBM Data Connector ခေါင်းက သွားရောက်ချိတ်ဆက်ရပါတယ်။

UTP (Unshielded Twisted Pair) Cable




ကျွန်တော် အခုအထက်မှာပြထားတဲ့ ပုံလေးကတော့ UTP Cable ရဲ့ ပုံလေးပဲဖြစ်ပါတယ်။ အဟမ်း---ဒီ UTP Cable ကတော့ နည်းနည်းအရေးကြီးတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ယနေ့ခေတ် Computer တွေ တစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်တဲ့နေရာမှာ UTP Cable နဲ့ပဲ Network ချိတ်ဆက်နေရလို့ပဲ ဖြစ်ပါတယ်။ UTP Cable ရဲ့အပေါ်ဆုံးမှာ Outer Jacket ဖြင့် ဖုံးအုပ်ထားပါတယ်။ Outer Jacket ထဲမှာတော့ Wire ကြိုးမျှင်လေးတွေကိုလိမ်ထားတဲ့ Wire ကြိုးမျှင်(၄)ခု ပါရှိပါတယ်။ အဲဒီ Wire ကြိုးမျှင်လေးစုံရဲ့ကြားထဲမှာ ကြိုးမျှင်လေးတွေထည့်ထားပေးပါတယ်။ Outer Jacket ကတော့ Cable ကို ထိခိုက်ဒဏ်ရာရမှုကို သက်သာအောင် ဖုံးအုပ်ပေးထားတာ ဖြစ်ပါတယ်။ Outer Jacket ထဲမှာတော့ Plastic Insulator ဖြင့် ဖုံးအုပ်ပေးထားတဲ့ Wire ကြိုး (၄)စုံ ရှိပါတယ်။ Wire ကြိုးက (၄)စုံ ဆိုတော့ (4) Pair ပေါ့ဗျာ--- ဒီတော့ Wire ကြိုးကြီးပဲ တစ်ချောင်းချင်းစီဆိုရင်တော့ (8 Wire) ရှိပါတယ်။ ၎င်း Wire ကြိုး (၄)စုံ ရဲ့ကြားထဲမှာ ကြိုးမျှင်လေးတွေ ပါရှိပါတယ်။ ¤င်းကြိုးမျှင်တွေကတော့ Wire ကြိုးတွေတစ်ခုနဲ့တစ်ခု ပွတ်တိုက်မှုဖြစ်ခဲ့ရင် Wire ကြိုးတွေ ပွန်းမသွားစေရန် အတွက် ထားရှိပေးထားတာဖြစ်ပါတယ်။ UTP Cable မှာ အသုံးပြုတဲ့ Connection ခေါင်းကတော့ RJ-45 Connection ခေါင်းပဲဖြစ်ပါတယ်။




၎င်း UTP Cable ကို Star Topology ဖြင့် Network ချိတ်ဆက်မှုတွင် အသုံးပြုပါတယ်။ Star Topology မှာ အသုံးပြုတဲ့ Central Device ကတေှာ့တငအခ့ ပဲဖြစ်ပါတယ်။ ၎င်း Switch တွင် RJ-45 Connector ခေါင်းဖြင့် သွားရောက်ချိတ်ဆက်ရပါတယ်။

Fiber Optic Cable


ကျွန်တော်အခု အထက်မှာ ပြထားတဲ့ပုံလေးကတော့ Fiber Optic Cable ရဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ Fiber Optic Cable ရဲ့ အပေါ်ဆုံးမှာတော့ Outer Jacket ဖြင့် ဖုံးအုပ်ထားပါတယ်။ Outer Jacket ရဲ့အောက်မှာတော့Shield များ ရှိပါတယ်။ Shield တွေရဲ့အောက်မှာ Insulator ရှိပါတယ်။ Insulator ထဲမှာတော့ Glass Core (ဖန်ချောင်းပြွန်) ရှိပါတယ်။ Outer Jacket ကတော့ Cable ကို ထိခိုက်ဒဏ်ရာရမှုမရှိအောင် ဖုံးအုပ်ထားရခြင်းဖြစ်ပါတယ်။

Outer Jacket ထဲမှာရှိတဲ့ Shield တွေကတော့ EMI နှင့် RFI တို့မှ ကာကွယ်ပေးရန်အတွက် အသုံးပြုထားတာ ဖြစ်ပါတယ်။ Shield တွေရဲ့အောက်ထဲမှာတော့ Insulator ရှိပါမယ်။ Insulator ထဲမှာတော့ Glass Core (ဖန်ချောင်းပြွန်) ရှိပါတယ်။ ၎င်းဖန်ချောင်းပြွန်ထဲမှာ Data တွေကို အလင်းအဖြစ်နဲ့ သယ်ဆောင်သွားပါတယ်။ Fiber Optic Cable မှာ အသုံးပြုတဲ့ Connector ခေါင်းကတော့ ST Connector ခေါင်းဖြစ်ပါတယ်။




Fiber Optic Cable ကို Mash Topology မှာ အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော် Fiber Optic Cable နဲ့ ပတ်သက်လို့ ပြောချင်တာလေးရှိပါသေးတယ်။ Fiber Optic Cable ထဲမှာရှိတဲ့ Glass Core ထဲမှာ Data ကို အလင်းအဖြစ်နဲ့ သယ်ဆောင်သွားပေးတာ ဖြစ်ပါတယ်။ အဲဒီတော့ Fiber Optic Cable မှာ အလင်းသွားတဲ့ နည်းလမ်း(၂)ခုရှိပါတယ်။ အဲဒါတွေကတော့-    

1. Single Mode
2. Multi Mode တို့ ဖြစ်ပါတယ်။

Single Mode ရဲ့အလင်းသွားတဲ့ပုံစုံ



Multi Mode



ကျွန်တော်အထက်မှာ ဖေါ်ပြပေးထားတဲ့ပုံစံလေး (၂)ပုံ ကတော့ Single Mode ဖြင့် အလင်းသွားတဲ့ပုံစံနှင့် Multi Mode ဖြင့် အလင်းသွားတဲ့ပုံစံတွေပဲ ဖြစ်ပါတယ်။ ကဲကဲ---ဒီလောက်ဆိုရင် Network ချိတ်ဆက်ရာမှာ အသုံးပြုတဲ့ Network Cable တွေအကြောင်းကို သိသွားလောက်ပြီလို့ ထင်ပါတယ်။ ဒီတော့ Network Cable အကြောင်းကို ဒီမှာပဲ ရပ်နားလိုက်ပါမယ်။
...................................................

Gamers များအတွက် Network Guides PDF Print E-mail
User Rating: / 0
PoorBest 
Network - Network
Wednesday, 30 September 2009 04:13
Gamers များအတွက် Network Guides
အခု တစ်ခါတော့ Online ICT Reader ပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ Gamer များအတွက် Network Guide ပဲဖြစ်ပါတယ်။
အခုအချိန်အခါမှာ လူငယ်လူရွယ်များအနေနဲ့ Game ကစားခြင်းကို စွဲလမ်းနှစ်ခြိုက်မှုဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် တဟုန်ထိုးတိုးတက်လာတယ်လို့ ပြောရမယ့် အနေအထားမှာ ရှိပါတယ်။ လက်ရှိအချိန်မှာ ရန်ကုန်မြို့ရဲ့ ဘယ်နေရာမှာပဲနေနေ ကားမှတ်တိုင် တစ်မှတ်တိုင်စာတောင်မဝေးတဲ့ အကွာအဝေးအတွင်းမှာတင် စာဖတ်သူအနေနဲ့ Game ဆိုင် တစ်ဆိုင်လောက်တော့ အနည်းဆုံး တွေ့ရပါလိမ့်မယ်။ ဒါကိုကြည့်ရုံနဲ့တင် လူငယ်ထုအတွင်းမှာ Game ကစားခြင်း အလေ့အထဟာ ဘယ်လောက်တောင် စိမ့်ဝင်ပျံ့နှံ့နေတယ်ဆိုတာကို သိနိုင်ပါတယ်။

လူငယ်တွေ ကစားနေကြတဲ့ Game အမျိုးအစားတွေကတော့ များလှပါတယ်။ အဲ အဲဒီလို ရွေးချယ်စရာ Game အမျိုးအစားတွေ ပေါများလှတာဟာလည်း လူငယ်တွေရဲ့ Game ကစားချင်စိတ်ကို ပိုမို ပြင်းပြစေပါတယ်။ ကျွန်တော်ကတော့ ကွန်ပျူတာသမား တစ်ယောက်ပီပီ ကွန်ပျူတာဂိမ်းတွေနဲ့ ပတ်သက်ပြီး ပိုဆော့ဖြစ်ပါတယ်။ ပြောရရင် ကျွန်တော်လည်း Game Crazy တစ်ယောက်ပါပဲ။ Game ဆော့လို့ကောင်းနေတဲ့အချိန်မှာ ဗိုက်ဆာခဲသလို ဗိုက်ဆာနေတဲ့အချိန် Game ဆိုင်ရောက်သွားရင်လည်း ထမင်းစားဖို့ စိတ်မကူးဖြစ်တော့ပါဘူး။
အဲလောက်တောင် Game ကို Crazy ဖြစ်လို့ တခါတလေ အိမ်နဲ့တောင် ပြဿနာ တက်ရတာ ခဏခဏပါပဲ။ ညစာမစားရသေးခင် Game ဆိုင်ရောက်သွားမိပြီး Game နှိပ်နေလိုက်တာ ည (၁၂) နာရီ ကျော် အိမ်ပြန်ရောက်တော့မှ ဗိုက်ဆာနေလည်း အိမ်ကဆူမှာစိုးလို့ စားပြီးပါပြီဆိုပြီး လှိမ့်ပိတ် အိပ်ရတာလည်း အကြိမ်ပေါင်း မရေနိုင်အောင်ပါပဲ။

ကျွန်တော့လို လူငယ်တွေ ထုနဲ့ဒေး ရှိမှာပါ။ ဟဲဟဲ ဒါကတော့ လူငယ်လူရွယ် ဆိုတော့ ဒီလောက်တော့ရှိမှာပဲမဟုတ်လား။ ဒါပေမယ့် ကျွန်တော် ကိုယ့်ကိုကိုယ် သတိထားမိလာတာတစ်ခုတော့ရှိတယ်ဗျ။ အဲဒါဘာလည်းဆိုတော့ Game ကစားတာကြာလာတာနဲ့အမျှ Game ဆိုင်နည်းနည်းရွေးပြီးတော့ ကစားချင်လာတယ်ဗျ။ စက်တွေပိုပြီးကောင်းတဲ့ဆိုင် (Game တွေကစားရတာ ပိုပြီး Smooth ဖြစ်တဲ့ဆိုင်ပေါ့) ၊ ဆော့ရတာ သက်တောင့်သက်သာ ရှိတဲ့ဆိုင် (ထိုင်ခုံတို့ Air-conတို့ ဘာတို့ ကအစပေါ့) ၊ ပြီးတော့ အရေးကြီးဆုံးအချက် မီးစက်ရှိတဲ့ ဆိုင် ၊ မီးစက်နဲ့ဆော့ရင်တောင် ဈေးသက်သာတဲ့ ဆိုင် အဲဒါတွေကို အဓိကထားပြီး ရွေးချယ်လာပါတယ်။ ဘော်ဒါအပေါင်းလည်း ကျွန်တော်လို့ပဲလို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါတွေက Game ကစားသူတစ်ယောက်အတွက် အရေးကြီးတယ်ဗျ။

ဘယ်သူမဆိုဗျာ Game ကစားပြီဆိုမှတော့ တတ်နိုင်သလောက် အဆက်မပြတ်ကစားချင်ကြမယ်လို့ ထင်ပါတယ်။ နောက်ဆုံး အချိန်မရှိတော့လို့ ထလာရတဲ့အချိန်အထိ ကစားနေသမျှတချိန်လုံးမှာတော့ Game Mode အပြည့်အ၀ကို တဆက်တည်း ကစားချင်ကြမယ့်လူချည်းရှိမှာပါ။ ဆော့လို့ကောင်းနေတုန်း စက်က ထစ်သွားတာတို့၊ မီးပျက်သွားလို့ ရပ်လိုက်ရတာမျိုးတို့ကတော့ Game ကစားနေတဲ့လူတစ်ယောက်အတွက် တကယ့်ကို Feel ပျက်စေပါတယ်။
အထူးသဖြင့် Network Game တွေမှာဆိုပိုဆိုးပါတယ်။ ဥပမာ Dota တို့ General တို့လိုပေါ့။ ပွဲကောင်းနေတုန်း စက်တစ်လုံးက ထစ်ပြီး Hang သွားလို့ တွဲဆော့နေတဲ့ ကျန်လူတွေအားလုံးပါ ပွဲကိုအစကနေပြန်ဆော့ရတာမျိုးကတော့ တော်တော့ကို စိတ်ပျက်ဖို့ကောင်းပါတယ်။ ကျွန်တော်ကလည်း Dota Game Crazy ဆိုတော့ အဲလိုမျိုးကြုံရရင် တော်တော်စိတ်ပျက်မိပါတယ်။ အဲလိုအဖြစ်မျိုးနေ့တိုင်းကြုံနေရမယ် ဆိုရင်တော့ အဲဒီဆိုင်မှာ ဆက်ပြီးတော့ သွားကစားဖို့ဆိုတာ တော်တော်လေး စဉ်းစားစရာဖြစ်လာပါတယ်။ သူငယ်ချင်းတို့လည်း ဒီလိုပဲနေမှာပါ။ ဟုတ်တယ်မလား။

အဲဒီတော့ ကွန်ပျူတာအကြောင်းကိုလည်း စိတ်ဝင်စားမိသူတစ်ယောက်အနေနဲ့ ဒီလိုအဖြစ်မျိုးဘာကြောင့်ဖြစ်တာလဲ၊ ပြီးတော့ ဒီလိုမဖြစ်အောင် ဘယ်လိုပြင်ဆင်ထားသင့်သလဲဆိုတာလေးကို စဉ်းစားကြည့်မိပါတယ်။ သူငယ်ချင်းတို့လည်း ဒီကိစ္စကို အနည်းငယ်လောက်တော့ စိတ်ဝင်စားကြမယ်ထင်ပါတယ်။ အဲဒီတော့ ကျွန်တော် တွေးမိထားတဲ့ အချက်လေးတွေကို ပြန်ပြီး ပြောပြပေးမယ်နော်။
အရင်ဆုံး အဲဒီလို Network ချိတ်ဆက်ပြီး Game ကစားနေစဉ်အတွင်း စက်တစ်လုံးက Hang ပြီး Connection ပြုတ်သွားတာတို့ ပြီးတော့ ဆော့နေတုန်း အရေးကြီးတဲ့ အချိန်မှာမှ ကိုယ့်စက်က ထစ်နေလို့ ကိုယ့် Hero ကို Command ကောင်းကောင်းပေးလို့မရဘဲ ရန်သူသတ်တာခံလိုက်ရတာတို့ဟာ အဓိက အားဖြင့်တော့ အချက်နှစ်ချက် ကိုပဲ ထောက်ပြရမှာပါ။ ဘာတွေလဲ ဆိုတော့ ပထမတစ်ချက်က Network ချိတ်ထားတဲ့ စက်တွေအားလုံးရဲ့ Performance (လွယ်လွယ်ပြောရရင် ဆင်ထားတဲ့ ပစ္စည်းတွေပေါ့) မတူတာပါ။ ဖြစ်သင့်တာကတော့ စက်တွေအားလုံးရဲ့ Performance ဟာ လုံးဝတူညီနေသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ Network Game တွေကစားတဲ့အခါမှာ စက်တွေအားလုံးဟာ Parallel Run နေရတာဖြစ်ပါတယ်။
စက်တစ်လုံးရဲ့ Processing Speed ကနောက်ကျနေရင် Parallel Running Process ပေါ်မှာ အများကြီးသွားပြီး သက်ရောက်မှုရှိပါတယ်။ ဖွင့်ဖွင့်ပြီးချင်းမှာ သိပ်မသိသာပေမယ့် Game ကစားချိန်ကြာလာတဲ့အခါ Unit တွေများလာတဲ့အခါမှာ စက်ရဲ့ Cache ပေါ်မှာ ဆွဲတင်ထားရတဲ့ File Size တွေကြီးလာတဲ့အခါမှာ ပြဿနာက စတင်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် Network Game တွေတွဲကစားမယ့် စက်တွေဟာ တစ်လုံးနဲ့တစ်လုံး Processor Speed တွေ၊ Cache Memory ပမာဏတွေ ၊ Main Memory အမျိုးအစား နဲ့ ပမာဏတွေ၊ နောက်ဆုံး ဖြစ်နိုင်ရင် Motherboard Bus Speed တွေ ကအစ တူညီနေသင့်ပါတယ်။ ဒါမှသာ Parallel Running လုပ်တဲ့အခါမှာ တစ်လုံးနဲ့ တစ်လုံး ဟန်ချက်ညီညီ Run နိုင်မှာဖြစ်ပါတယ်။
အခုနောက်ပိုင်း Network Game ဆိုင်အများစုကလည်း ဆိုင်ကို ဖွင့်ဖို့ စတင်ပြင်ဆင်ကတည်းက စက် အားလုံးကို တပြေးညီ တပုံစံတည်း ဆင်လာကြတဲ့အတွက် ဒီပြဿနာဟာ သိပ်တော့ မတွေ့ရတော့ပါဘူး။ ဒါပေမယ့် စက်အလုံးရေထပ်တိုးတဲ့ အခါမှာတော့ ဆိုင်ရှင်အများစုက ဒီကိစ္စကို မေ့ပြီး ထပ်တိုးတဲ့ စက်တွေကို ရှိပြီးသားစက်တွေထက်ပိုမြင့်အောင် Performance ကွာသွားအောင် ဆင်မိတတ်ပါတယ်။ အဲလို အခါမျိုးကျရင် ဒီလို ပြဿနာမျိုးကို ပြန်လည်ကြုံတွေ့ရတတ်တာမို့ သတိပေးလိုက်ရတာဖြစ်ပါတယ်။

အဲဒုတိယအချက်ကတော့ ဆိုင်ရှင် အများစု တင်မကဘဲ ကွန်ပျူတာပစ္စည်းတွေ အကြီးအကျယ် ရောင်းချနေတဲ့ တချို့ဆိုင်ကြီးတွေက ၀န်ထမ်းတွေတောင် သတိမထားမိတဲ့အချက်ပါပဲ။ ဘာလဲဆိုတော့ ကွန်ပျူတာတွေကို ချိတ်ဆက်ပေးမယ့် အဓိက Key Player ဖြစ်တဲ့ Switch တွေ ရဲ့ Performance ပါပဲ။ ဆိုင်ရှင်အများစုက ကွန်ပျူတာတွေကိုသာ အမြင့်ဆုံး Performance ရအောင် ဆင်ဖို့စဉ်းစားမိကြပေမယ့် အဲဒီ ကွန်ပျူတာတွေကို ချိတ်ဆက်ပြီး Parallel Running Process ကို အဓိက Handle လုပ်ထိန်းချုပ်ပေးမယ့် Switch တွေကိုတော့ သာမန်ကာလျှံကာ လောက်သာ ထည့်သွင်းစဉ်းစားမိတတ်ကြပါတယ်။
ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စတစ်ရပ်လို့ ပြောမယ်ဆိုရင်တောင် ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အနေနဲ့ ရိုးရိုး Solo Game တွေကစားမယ်ဆိုရင်တော့ ကွန်ပျူတာကောင်းကောင်းနဲ့ ကစားရမယ်ဆိုရင် လုံလောက်ပါတယ်။ ဒါပေမယ့် လက်ရှိ လူငယ်ထု အတွင်းမှာ ရေပန်းစားနေတဲ့ ကွန်ပျူတာဂိမ်းတွေအားလုံးနီးပါးဟာ Group လိုက်ကစားရတဲ့ Network ဂိမ်းတွေချည်းပါပဲ။ Network လို့ပြောလိုက်တာနဲ့ ကျွန်တော်တို့ဟာ Connecting Device တွေရဲ့အခန်းကဏ္ဍကို လုံးဝမေ့ထားလို့ မရပါဘူး။ အပေါ်မှာပြောခဲ့ပြီးပြီဖြစ်တဲ့ ပြဿနာမျိုးတွေဟာ Switch တွေရဲ့ Performance ပိုင်းအားနည်းမှုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ Switch တွေမှာ Managed Swictch နဲ့ Unmanaged Switch ဆိုပြီးတော့ Performance ပေါ်မှာမူတည်ပြီး ခွဲခြားနိုင်ပါတယ်။
လောလောဆယ် ရန်ကုန်မြို့က Network Game ဆိုင် တော်တော်များများမှာ သုံးစွဲနေကြတာက Unmanaged Switch တွေပါ။ သူတို့က ဘာတံဆိပ်ပဲဖြစ်ဖြစ် Managed Switch တွေနဲ့ယှဉ်ရင် ဈေးနှုန်းပိုင်းကလွဲရင် အားလုံး နိမ့်ပါတယ်။ သူတို့ဟာ Managed Switch တွေလုပ်ပေးနိုင်တာ ဘာတစ်ခုမှမလုပ်ပေးနိုင်ပါဘူး။ Managed Switch တွေက Port တစ်ခုချင်းစီကို Control လုပ်ပေးနိုင်ပါတယ်။ နောက်ပြီး Data Traffic ကိုလည်း Manage လုပ်ပေးနိုင်ပါတယ်။ Network Game ဆော့မယ်ဆိုရင် အဲဒီ Data Traffic ကို Managed လုပ်ပေးနိုင်ဖို့ဟာ အရေးကြီးဆုံးပါပဲ။ Game ဆော့ချိန်ကြာလာတာနဲ့အမျှ Unmanaged Switch တွေဟာသူ့ကို ဖြတ်သန်းစီးဆင်းတဲ့ Data Flow ပမာဏကို ထိန်းချုပ်ပေးနိုင်စွမ်းအားနည်းသွားတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ Data Traffic ကို Manage မလုပ်ပေးနိုင်လို့ပါပဲ။
ဒါတွေက စက်အလုံးရေ (၁၀) လုံးကျော်ဝန်းကျင်လောက်ပဲရှိတဲ့ဆိုင်တွေမှာ မသိသာပါဘူး။ စက်အလုံးရေ (၂၀) ၀န်းကျင်လောက်ရှိတဲ့ဆိုင်တွေမှာတော့ သိသာပါတယ်။ တစ်ဆိုင်လုံးကစက်တွေအကုန်လုံး Network Game တွေကို သူ့အဖွဲ့နဲ့သူ ချိတ်ဆက်ကစားနေကြတဲ့အချိန်အခါမျိုးမှာဆိုရင် ကြာလာတာနဲ့အမျှ Switch က Traffic ကို ထိန်းချုပ်ပေးနိုင်စွမ်း လျော့နည်းလာပြီး စက်တစ်လုံးက ထစ်ပြီး Hang သွားတာတို့ ဖြစ်တတ်ပါတယ်။ Managed Switch တွေဆိုရင်တော့ ဘယ် Port တွေက ဘယ် Game ကို ဆော့နေကြတာ ၊ ဒါဆိုရင်သူတို့ အချင်းချင်းကြားမှာ Data Transfer Rate ကဘယ်လောက်ရှိရမယ်။
ပြီးရင် Game တစ်မျိုးတည်းကိုပဲ ဘယ် Port တွေက တစ်ဖွဲ့ဘယ် Port တွေက တစ်ဖွဲ့ ဆော့နေကြတာ စတာတွေကို မှတ်သားထားပြီး သူတို့ သက်ဆိုင်ရာ Port တွေ အသီးသီးကြားမှာ ချောမွေ့တဲ့ Parallel Processing တစ်ခုဖြစ်အောင် ထိန်းသိမ်းပေးထားနိုင်ပါတယ်။ ဒါမှသာ အချိန်ကြာမြင့်စွာ Game တွေကို ချောချောမွေ့မွေ့နဲ့ ချိတ်ဆက် ကစားနိုင်မှာဖြစ်ပါတယ်။ Managed Switch တွေဟာ ဈေးကွက်ထဲမှာလည်း သေချာရှာဖွေမေးမြန်း ၀ယ်ယူရမှာဖြစ်သလို ဈေးနှုန်းအားဖြင့်လည်း နှစ်ဆလောက်တော့ ပိုမိုမြင့်မားနေတတ်ပါတယ်။ ဒါပေမယ့် စိတ်ကျေနပ်မှုအပြည့်အ၀ရနိုင်ဖို့ကလည်း အသေအချာပါပဲ။
ဘယ်အမျိုးအစားတံဆိပ်ဖြစ်စေ Managed Switch လို့သေချာမေးမြန်းဝယ်ယူသင့်ပါတယ်။ ဈေးကွက်ထဲမှာလည်း သေချာမေးမြန်းဝယ်ယူမယ်ဆိုရင် ရရှိနိုင်ပါတယ်။ အချို့သောအရောင်းဆိုင်တွေမှာဆို သေချာနားလည်အောင် ရှင်းလင်းပြပေးပါသေးတယ်။ ဒါကြောင့် Switch ၀ယ်တော့မယ်ဆိုရင် သေချာ စုံစမ်းဝယ်ယူကြပါလို့ တိုက်တွန်းချင်ပါတယ်။ အထူးသဖြင့် Network Game ဆိုင်တွေလို Network Connection ကို Heavy Traffic တွေနဲ့ Full Time အသုံးပြုမယ်ဆိုရင်တော့ Managed Switch တွေကို ရွေးချယ်ဝယ်ယူအသုံးပြုသင့်ပါတယ်။
နမူနာအနေနဲ့ D-Link အမျိုးအစား Managed Switch နှစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ စုံစမ်းဝယ်ယူတဲ့အခါမှာပိုမို လွယ်ကူအောင်ပါ။ DES-3226S အမျိုးအစားနဲ့ DGS-3224TGR အမျိုးအစားတို့ပဲ ဖြစ်ပါတယ်။ DGS-3224TGR အမျိုးအစားဟာဆိုရင် Gigabit Ethernet ကိုပါ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ ပိုမိုမြန်ဆန်တဲ့ Data Transfer Rate ကိုထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ ဈေးမှာလည်းသူက နည်းနည်းပိုများပါတယ်။ အောက်မှာ သက်ဆိုင်ရာပုံလေးတွေကို လည်းဖော်ပြပေးထားပါတယ်။








D-Link အမျိုးအစားကို ရွေးချယ်ဖော်ပြပေးရတာကတော့ ရန်ကုန်ဈေးကွက်မှာ အလွယ်တကူ ၀ယ်ယူရနိုင်တဲ့ တံဆိပ်ဖြစ်တာရယ် ဈေးနှုန်းပိုင်းမှာလည်း အခြား Managed Switch တွေနဲ့ယှဉ်ရင် ပိုသက်သာတဲ့အတွက် Game ဆိုင်တွေအတွက် ပိုမို သင့်တော်မယ်ထင်လို့ပါ။ အခြားမိမိ နှစ်သက်ရာတံဆိပ်ကို စိတ်ကြိုက်ရှာဖွေရွေးချယ် ၀ယ်ယူနိုင်ပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ Network Game ဆိုင်ဖွင့်ထားတဲ့ စာဖတ်ပရိသတ်တွေရော၊ Network Game ဆိုင်ဖွင့်ဖို့ ရည်ရွယ်ထားတဲ့ စာဖတ်ပရိသတ်တွေ အပြင် Network Game တွေနဲ့ပတ်သက်လို့ စိတ်ဝင်စားတဲ့ စာဖတ်ပရိသတ်တွေပါ Network Game ဆိုင်တစ်ဆိုင် ဖွင့်တော့မယ် ဆိုရင် မမေ့ထားသင့်တဲ့ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကို မှတ်မိ သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်နော်။ ဒါဆိုရင် ကျွန်တော့ရဲ့ Network Guides for Gamers ဆောင်းပါးလေးကို ဒီမှာတင် နိဂုံးချုပ်လိုက်တော့မယ်နော်။
..................................................

General Wireless Theory PDF Print E-mail
User Rating: / 0
PoorBest 
Network - Network
Wednesday, 30 September 2009 04:06
General Wireless Theory
Computers များ တစ်လုံးနှင့်တစ်လုံး အပြန်အလှန် Network ချိတ်ဆက်မှုတွင် Wired Cable ချိတ်ဆက်မှုနှင့်
Wireless ချိတ်ဆက်မှုဆိုပြီး(၂)မျိုး ရှိနိုင်ပါတယ်။
အခုကျွန်တော်က Wireless Network ချိတ်ဆက်မှုနဲ့ ပတ်သက်ပြီး
Wireless Network တွေရဲ့ ချိတ်ဆက်မှုပုံစံ Theory ကို ပြောပြပေးမှာ ဖြစ်ပါတယ်။ Wireless Network လို့ သိလိုက်ပြီ ဆိုတာနဲ့ Computer တွေ တစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်တဲ့နေရာမှာ Wired Cable တွေနဲ့ ချိတ်ဆက်ထားမှုမရှိဘဲ Network ချိတ်ဆက်မှုဆိုတာကို သိရှိနားလည်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ Wireless network ချိတ်ဆက်မယ်ဆိုရင် Wireless Access Point နှင့် Wireless Network Card တွေ မရှိမဖြစ်လိုအပ်မှာ ဖြစ်ပါတယ်။ ကဲ--- အခု ကျွန်တော် Wireless နဲ့ပတ်သက်တဲ့ Theory အချို့ကို ရှင်းပြပေးပါ့မယ်။ Wireless မှာလေ သူတို့တွေရဲ့ Data တွေပေးပို့နိုင်တဲ့ Speed က 1 Mbps ကနေ 54 Mbps ထိရှိပါတယ်။ ဒါပေမယ့် အချို့ Wireless တွေကတော့ 108 Mbps ထိ Data တွေပေးပို့နိုင်ပါတယ်။ Wireless ကို အမျိုးအစား(၂)မျိုးနဲ့ ခွဲခြားလို့ ရပါတယ်။
 
 
ဘယ်လိုအမျိုးအစားလဲဆိုရင် Wireless LAN နှင့် Wireless WAN ဆိုပြီး အမျိုးအစား နှစ်မျိုး ခွဲခြားလို့ ရပါတယ်။ ကျွန်တော် အခုပြောပြပေးသွားမယ့် Wireless အကြောင်းအရာတွေအားလုံးကတော့ Wireless LAN အကြောင်းကိုပဲ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Wireless LAN ချိတ်ဆက်မှုမှာ Computer တွေ တစ်လုံးနဲ့တစ်လုံး Data သွားနိုင်တဲ့ ပုံစံကို Standard တွေနဲ့ဖော်ပြထားပါတယ်။ အဲဒီ Standard တွေကတော့ IEEE 802.11a, 802.11b နှင့် 802.11g စတဲ့ Standard တွေပဲဖြစ်ပါတယ်။ အခု ကျွန်တော်ပြောပြပေးမယ့် Wireless Standard တွေက အရေးကြီးတယ်နော်။ IEEE 802.11a, 802.11b, 802.11g စတဲ့ Wireless Standard တွေကို သေသေချာချာ နားလည်သဘောပေါက်ထားရမှာ ဖြစ်ပါတယ်။ အဲဒီတော့--- သေသေချာချာလေး လိုက်ဖတ်ကြနော်။

Wireless Standard 802.11a ဆိုတာ
802.11a ရဲ့ data သွားနိုင်တဲ့ Data Transfer Rates သည် 1 Mbps ကနေ 54 Mbps ထိရှိပါတယ်။ ၎င်း 802.11a ရဲ့ Data Transfer Rates သည် 802.11b ထက် ပိုမိုမြန်ဆန်မှု ရှိပါတယ်။
02.11a ရဲ့ Data တွေကို သယ်သွားပေးနိုင်တဲ့ အကွာအဝေး Distant ကတော့ 100 Feet ရှိပါတယ်။ Data တွေကို Transfer လုပ်ရာမှာသွားတဲ့ Frequency ကတော့ 5GHz ရှိပါတယ်။ ဒါကြောင့် 802.11a သည် နံရံများကို ဖောက်ထွင်းပြီး Data Transfer လုပ်နိုင်မှုအားနည်းပါတယ်။

Wireless Standard 802.11b ဆိုတာ
802.11b ရဲ့ Data သွားနိုင်တဲ့ Data Transfer Rates သည် 11Mbps သယ်သွားနိုင်ပါတယ်။ ၎င်း 802.11b သည် 802.11a ရဲ့ Data Transfer Rate ထက်နှေးပါတယ်။ 802.11b ရဲ့ Data တွေကို သယ်သွားပေးနိုင်တဲ့ အကွာအဝေး Distant ကတော့ 300 feet ရှိပါတယ်။ Data တွေကို Transfer လုပ်ရာမှာသွားတဲ့ Frequancy ကတော့ 2.4GHz ရှိပါတယ်။ ဒါကြောင့် 802.11b သည် နံရံများကို ဖောက်ထွင်းပြီး Data Transfer လုပ်ရာမှာ 802.11a ထက်ကို ပိုပြီးတော့ ဖောက်ထွင်းသွားနိုင်ပါတယ်။

Wireless Standard 802.11g ဆိုတာ
802.11g ရဲ့ Data သွားနိုင်တဲ့ Data Transfer Rates သည် 54Mbps နဲ့သယ်သွားနိုင်ပါတယ်။ ၎င်း 802.11g Data တွေကို သယ်သွားပေးနိုင်တဲ့ အကွာအဝေး Distant ကတော့ 65 Feet မှ 120 Feet ထိ ရှိပါတယ်။ Data တွေကို Transfer လုပ်ရာမှာ သွားတဲ့ Frequancy ကတော့ 2.4 GHz ရှိပါတယ်။ ဒါကြောင့် 802.11g သည် နံရံများကို ဖောက်ထွင်းပြီး Data Transfer လုပ်နိုင်မှုအား ကောင်းမွန်စွာ သွားနိုင်ပါတယ်။

Wireless Network ရဲ့ Security Standard များ
Wireless Security Standard ဆိုတာကတော့ ကျွန်တော်တို့ Computer တွေကို Wireless Network ဖြင့် ချိတ်ဆက်ရာ၌ မိမိရဲ့ Wireless ထဲသို့ အခွင့်မရှိတဲ့ User များ လာရောက်ချိတ်ဆက်လို့မရအောင် တားမြစ်ထားတာနှင့် မိမိရဲ့ Wireless Network ထဲကနေ Data တွေကို ပို့လွှတ်ရာ၌  လုံခြုံမှုရှိစေရန်အတွက် အသုံးပြုရတဲ့ Security Standard များကို ပြောတာ ဖြစ်ပါတယ်။ Wireless Network ရဲ့ Security Standard တွေကတော့
- WEP (Wired Equivalent Privacy)
- WPA (Wi-Fi Protected Access)
- TKIP (Temporal Key Integrity Protrol)

WEP (Wired Equivalent  Privacy)
Wireless Security Standard ဖြစ်တဲ့ WEP ရဲ့ အလုပ်လုပ်တဲ့ပုံစံကတော့ 64-bit, 128-bit, 256-bit Key တွေကို အသုံးပြုပြီး Encrypt လုပ်တဲ့ Key တွေရဲ့ bit အရေအတွက်များလေ မိမိရဲ့ Wireless ရဲ့ Security ကလဲ ပိုမိုပြီးတော့ လုံခြုံမှုရှိပါတယ်။

WPA (Wi-Fi Protected Access)
WPA ကတော့ WEP ထက် ပိုပြီးတော့ လုံခြုံမှုရှိလာပါမယ်။ ဘာကြောင့်လဲဆိုတော့ WPA သည် AES-CCMP Algorithm ဖြင့် အလုပ်လုပ်သောကြောင့် ဖြစ်ပါတယ်။ AES-CCMP ဆိုတာကတော့ AES (Advance Encryption Standard) နှင့် CCMP (Counter Mode with Chiper Black Chaining Massage Authentination Code Protrol ) လို့ ခေါ်ပါတယ်။ ၎င်း AES-CCMP သည် Data များကို Encrypt လုပ်ရာ၌ 128-bit Key နှင့်အတူ 128-bit Block ကို အသုံးပြုပြီး လုပ်ဆောင်ပါတယ်။ နောက်ပြီး WPA သည် RADIUS Protocol ကို အခြေခံထားတဲ့ Pre- Shared Key (PSK) ကို 8 ကနေ 63 Character ကို အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် WPA သည် WEP ထက်ကို ပိုမို၍ Security အား ကောင်းမွန်ပါတယ်။

TKIP (Temporal Key Integrity Protocol)
TKIP ရဲ့ Data ကို Encrypt လုပ်တဲ့ပုံစံကတော့ RC4 Stream Encryption Algarithm နဲ့ အလုပ်လုပ်ပါတယ်။ ၎င်း RC4 Stream Encryption  သည် Key Mixing Function နဲ့ အလုပ်လုပ်တာဖြစ်ပါတယ်။ ဒါကြောင့် TKIP ရဲ့ Data Encryption ဖြင့် Wireless Network ချိတ်ဆက်မယ်ဆိုရင် စိတ်ချယုံကြည်မှုရှိနိုင်တဲ့ Wireless Network ချိတ်ဆက်မှုပဲ ဖြစ်ပါတယ်။
ကဲ--- အခုဆိုရင် Wireless LAN နဲ့ ပတ်သက်တဲ့ Wireless တွေရဲ့ အလုပ်လုပ်မှုပုံစံတွေ၊သူတို့တွေရဲ့ Data သွားနိုင်တဲ့ ပမာဏတွေ အားနည်းချက် အားသာချက်တွေကို သိရှိလောက်ပြီလို့ ထင်ပါတယ်။ ဒီတော့ General Wireless Theory ကို ဒီနားမှာပဲ ရပ်နားလိုက်ပါတော့မယ်။
....................................................



မြန်မာစံတော်ချိန်
 
ပြက္ခဒိန်
 
အခုဝင်ရောက်ကြည့်ရှူနေသူ
 
widgeo.net
 
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free