4 network
Firewall PDF Print E-mail
User Rating: / 0
PoorBest 
Network - Network
Friday, 25 September 2009 07:53
Firewall ကိုဘယ်မှာဘယ်လိုသုံးသင့်သလဲ။

ကျွန်တော့် အနေနဲ့ Firewall ကိုအသုံးပြုပုံ၊အသုံးပြုနည်းနဲ့ ပတ်သက်လို့ အရင်မပြောခင်မှာ Firewall အကြောင်းကိုတော့ အရင်ဆုံး နည်းနည်းလောက် ရှင်းပြချင်ပါတယ်။ Firewall နဲ့ပတ်သက်လို့ သေသေချာချာ မသိရှိသေးတဲ့သူများအတွက် ရည်ရွယ်ပါတယ်။

ကဲ...Firewall ဆိုတာဘာလဲ။ Firewall ဆိုတာဟာ Network တွေတစ်ခုနဲ့တစ်ခုကြားမှာ လုံးဝဆက်သွယ်မှု ဖြတ်တောက်ထားခြင်းမဟုတ်ဘဲ မလိုလားအပ်တဲ့ ကူးလူးဆက်သွယ်မှုတွေကို ပိတ်ပင်တားဆီးပြီး လိုအပ်တဲ့ကူးလူး ဆက်သွယ်မှုတွေကို စီစစ်ခွင့်ပြုမှတ်တမ်းတင်ထားနိုင်တဲ့ လုံခြုံရေးဆိုင်ရာ နည်းပညာတစ်ရပ်ပါပဲ။
အဲဒီ နည်းပညာကို Hardware-Based အနေနဲ့လည်းရနိုင်ပါတယ်။ Software-Based အနေနဲ့လည်းရနိုင်ပါတယ်။
Hardware-Based တွေကိုတော့ Firewall တစ်လုံးမှာ ရှိသင့်ရှိထိုက်တဲ့ Commector Ports တွေနဲ့ Built-in Firewall OS တစ်ခု ပါဝင်ဖွဲ့စည်းထားတဲ့ Special Purpose Computer တစ်လုံးအသွင်နဲ့ တွေ့မြင်ရနိုင်ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ပုံစံကတော့ Computer တစ်လုံးအသွင်ရှိနေမှာ မဟုတ်ပါဘူး။ သူ့ရဲ့ Firewall Configuration တွေကို ပြင်ဆင်ချင်ရင်တော့ သူ့မှာပါလာမယ့် Console Port နဲ့ Computer နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး Browser မှ (သို့မဟုတ်)  DOS မှဝင်ရောက်ပြင်ဆင်  Configured လုပ်ပေးရမှာ ဖြစ်ပါတယ်။
သူတို့ကို တကယ့် Enterprise Level Company ကြီးမှာ သာအသုံးပြုကြပါတယ်။ သူတို့က ဈေးအရရော နည်းပညာအရမှာပါ မြင့်မားရှုပ်ထွေးမှုရှိပါတယ်။ လုံခြုံရေးအရလည်း ပိုပြီးအားကောင်းပါတယ်။
Software-Based Firewall တွေကတော့ ဈေးနှုန်းအရမှာရော နည်းပညာအရမှာပါ သက်သာလွယ်ကူပါတယ်။
သူတို့ကိုတော့ မိမိနှစ်သက်ရာ Performance ကောင်းတဲ့ Computer တစ်လုံးမှာ Install လုပ်ပေးထားရမှာပါ။ Install လုပ်ထားမယ့် Firewall အဖြစ်သုံးဖို့ ရွေးချယ်ထားတဲ့ Computer ဟာ Performance ပိုင်းမှာတော့ စိတ်ချရဖို့လိုအပ်ပါတယ်။
ဒါမှသာ လိုအပ်တဲ့ Processing လုပ်ဆောင်မှုတွေကိုမြန်မြန်ဆန်ဆန် ဆုံးဖြတ်လုပ်ဆောင်ပေးနိုင်မှာပါ။ သူတို့အများစုကတော့ Installed လုပ်ထားတဲ့ Computer ကနေပဲ တိုက်ရိုက် GUI နဲ့ဖြစ်စေ DOS နဲ့ဖြစ်စေ Configured လုပ်ထားနိုင်ပါတယ်။ ဒါပေမယ့် Astaro လိုတချို့ Firewall မျိုးကတော့ Installed လုပ်ထားတဲ့ Computer က direct မရဘဲ အခြား Computer တစ်လုံးကနေသူ့ရဲ့ IP Address ကို Browser ကခေါ်ပြီး Configured လုပ်ရပါလိမ့်မယ်။ ဘယ်လိုပင် ဖြစ်စေ Software Firewall တွေဟာ Hardware Firewall တွေနဲ့ယှဉ်ရင် ဈေးနှုန်းအရလည်း လေးငါးဆမကကွာခြားသက်သာပါတယ်။ နည်းပညာရှုပ်ထွေးမှုလည်း နည်းပါးပါတယ်။ ဒါကြောင့် တော်ရုံတန်ရုံ Company ကြီးတွေမှာတောင်သုံးစွဲနေကြဆဲ ဖြစ်ပါတယ်။
ကဲ Firewall အကြောင်းကို တော်တော်လေးပြောခဲ့ပြီးတဲ့နောက်မှာ သူတို့ကို ဘယ်လိုနေရာမှာ ဘာကြောင့်သုံးရမှာလဲလို့ မေးလာရင်တော့ နည်းးပညာပိုင်းလျင်မြန်စွာတိုးတက်လာမှုကြောင့် သုံးဖို့လိုအပ်လာတာတို့ ပြောရပါမယ်။ အခုချိန်မှာ ကမ္ဘာအနှံ့မှာ Network တွေချိတ်ဆက်မှုဟာ လျင်မြန်စွာ ကျယ်ပြန့်လာပါတယ်။ ဘယ်လောက်အထိ ကျယ်ပြန့်လာသလဲဆိုရင် Network တွေ အချင်းချင်း လွှမ်းခြုံချိတ်ဆက်မိပြီး Internet လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ Netwrk ကြီးပေါ်ပေါက် အရှိန်ရနေခဲ့တာ ကြာပြီ မဟုတ်လား။ Internet ကွန်ယက်ကြီးပေါ်ပေါက်လာရတဲ့ အဒိကအကြောင်းအရင်းများစွာထဲမှာ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်က Network တိုင်းအတွက် အကွာအဝေး ကန်သတ်ချက် ကင်းမဲ့တဲ့ (ကမ္ဘာလုံးအတိုင်းအတာ) နေရာပေါင်းစုံက ချိတ်ဆက်လိုသော တခြား Network များ (သူတို့ရဲ့ Network အခွဲ company အခွဲတွေပေါ့) နဲ့ အခက်အခဲမရှိချိတ်ဆက်နိုင်မယ့် ဗဟိုကြားခံ Medium တစ်ခု ပေါ်ပေါက်ရေးဟာလည်းအဓိက အချက်ပါပဲ။ ကျွန်တော်ပြောတဲ့ အချက်ကို သဘောပေါက်မိရဲလား။ အခုဆိုရင်ဗျာ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာပဲကြည့်။ ABC Company (ဥပမာနော် BEER Company ကိုပြောတာမဟုတ်ဘူး) ဟာ ရန်ကုန်မှာ ရုံးချုပ်ရှိတယ်။ မန္တလေးမှာ ရုံးခွဲရှိမယ်။ အဲဒီ Company ရုံးချုပ်နဲ့ ရုံးခွဲအားလုံးကို Network ချိတ်ဆက်စရာ မလိုပါဘူး။ Internet connection ပေါ်ကနေမဲရုံးသုံးခုကို အပြန်အလှန်ချိတ်ဆက်ထားနိုင်ပါတယ်။ ဒါကို ပြောတာပါ။ Internet ဟာကြားခံ Medium တစ်ခုကဲ့သို့လည်း အသုံးပြုနိုင်ပါတယ် လို့ ဆိုလိုတာပါ။ ကျွန်တော်တို့အနေနဲ့ Distance အလွန်ကွားဝေးတဲ့ နေရာတွေက Network တွေအချင်းချင်း Internet Connection ကို ဖြတ်သန်းပြီး အလွာ်တကူ ချိတ်ဆက်နိုင်ကြပြီလေ။ ကဲမကောင်းဘူးလား။ မလွယ်ဘူးလား။ ကောင်းတော့ကောင်းတာပေါ့။ ဒါပေမယ့် မကောင်းဘူး လို့ပဲ ပြောရမလား။ ကောင်းတဲ့အချက်တွေများသလို ဆိုးတဲ့အချက်လေးတွေကလဲပါတယ်ဗျ။ ဘယ်လိုပြောရမလဲ။ NO Man is Perfect လို့ပဲပြောရမလား။ အရာရာတိုင်းဟာ အကောင်းနဲ့အဆိုးဒွန့်တွဲနေတာ ပါလို့ပဲ ပြောရမလား။ ဆိုးတဲ့ အချက်က ဘာလဲဆိုတော့ ကျွန်တော်တို့မှာ Privacy ပိုင်းနဲ့ security ပိုင်းမှာ လုံခြုံမှုမရှိတေ့တာပါပဲ။ ဥပမာပြောရရင် ကျွန်တော်ျတို့ အိမ်တွေကိုပဲကြည့်။ အိမ်ရှေ့ လမ်းမပေါ်မှာ လူပေါင်းများစွာလိုချင်တဲ့ အိမ် လိုချင်တဲ့နေရကို အလွယ်တကူ သွားလို့ရတယ်မဟုတ်လား။ အဲဒါပေမယ့် ဘာပဲဖြစ်ဖြစ် မကောင်းတဲ့ အကြံ အစည်နဲ့ ၀င်လာတာပဲဖြစ်ဖြစ်မရှိရအောင် ကျွန်တော်တို့တွေ အိမ်တိုင်းတံခါးတပ်ထားကြရတယ် မဟုတ်လား။ ဒါဆို ဘယ်သူပဲဖြစ်ဖြစ် အိမ်ထဲဝင်ချင်တယ် ဆိုရင် တံခါးတော့ အရင် ခေါက်ရမယ်လေ။ အဲဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ ဘယ်သူဘယ်ဝါမိတ်ဆွေလား ရန်သူလားဆိုတာမသိနိုင်ဘူးလား။ ကမြင်ဘူးတဲ့ လူစိမ်းဆိုရင်လဲ ဘယ်သူလဲ ဘယ်ကလဲ စိတ်ချရအော်င မေးမြန်းခွင့်ကော မရ နိုင်ဘူးလား။ ကိုယ့် အနေနဲ့ ယုံကြည်ရမယ်လို့ ဆုံးဖြတ်လိုက်ရင် တံခါးဖွင့်ပေးမယ်။ မယုံကြည်ရဘူးလို့ ဆုံးဖြတ်လိုက်ရင် တံခါးဘယ်ဖွင့်ပေးမလဲ။ လိုအပ်ရင် ရဲစခန်းကို တောင်လှန်းပြီး အကူအညီတောင်း နိုင်တယ်မလား။ အဲဒီလို တံခါးမတပ်ထားရင် ကိုယ့် အိမ်က ဘယ်မှာ လုံခြုံ မှု ရှိတော့မှာလဲ။ ၀င်ချင်တဲ့သူဝင် ထွက်ချင်တဲ့လူထွက်ဖြစ်နေမှာပေါ့။
အဲ.ဒီလိုပါပဲ။ Network တွေဟာလည်း အိမ်တွေလိုပါပဲ။ အိမ်တွေမှာ ကိုယ်ရဲ့ ကိုယ်ပိုင်အဖိုးတန်ပစ္စည်းတွေရှိမှာပဲ ဖြစ်သလို့ ကိုယ့်ရဲ့ Network တွေမှာလည်း ကိုယ့် Company ရဲ့ အရေးကြီးတဲ့ Data သတင်းအချက်အလက်တွေ ရှိမှာပဲလေ။ ဒါတွေကို သူများတကာ အလွယ်တကူ ၀င်ရောက်မယူနိုင်အောင်လို့ တံခါးတွေနဲ့ တူတဲ့ Frirewall ကို သုံးသင့်ပါတယ်။ တချို့ချမ်းသာတဲ့ လူတွေဆိုရင် အိမ်တံခါး အပြင် ခြံခတ်ပြီး ခြံတံခါးတွေတောင်ထားကြသလိုပဲ ကိုယ့်ရဲ့ Data အချက်အလက်တွေကလည် အရေးကြီးတယ်လုံးဝ privacy ချိုးဖောက်ခံနိုင်စွမ်း မရှိတဲ့ Data မျိုးဆိုရင်တော့ Firewall ကို တစ်ခုတောင်မကဘဲ နှစ်ခု လောက် ဆင့်ပြီး တောင်ခံထားသင့်ပါတယ်။
Firewall ကိုဘယ်နေရာမှာ သုံးသင့်တယ်ဆိုတာကို ခုလောက်ဆိုတော်တော်သဘောပေါက်လောက်ပြီထင်ပါတယ်။ ရှင်းရှင်းလင်းလင်းမြင်သွားအောင် ထပ်ပြောပြပါဦးမယ်။ Firewall ဆိုတာ private Network တစ်ခု နဲ့ Public Network (Internet Connection) တို့ရဲ့ ကြားသူတို့ နှစ်ခု ချိတ်ဆက်တဲ့ နေရာမှာ ကြားခံထားရမယ့် Security ထိန်းချုပ်ပေးတဲ့ ပစ္စည်း ကိရိယာ (Hardware_based) သို့မဟုတ် နည်းပညာ software (Software _based) တစ်ခုပဲဖြစ်ပါတယ်။ ကိုယ်ရဲ့ Network က Public Network (Internet) နဲ့ ချိတ်ဆက်ထားခြင်းမရှိရင် (သိုမဟုတ်) အရေးကြီးတဲ့ Data မျိုးတွေ မရှိဘူးဆိုရင် တော့ Firewall မတပ်ဆင်ထားလဲ ပြဿနာ မရှိနိုင်ဘူးပေါ့။ တကယ်လို့ ကိုယ့်ရဲ့ Network က Public Network နဲ့လည်းချိတ်ဆက်ထားတယ်။ Data တွေကလည်းအရမ်းအရေးကြီး သင့်ပါတယ်။ ပိုပြီးထင်သာမြင်သာသွားအောင်ပုံ လေးဆွဲပြလိုက်ပါမယ်။ သေသေချာချာ နားလည်အောင်ကြည့်ပြီးမှတ်ထားမှတ်ထားလိုက်ပါနော်။


ုံ

ပုံမှာဆွဲပြထားသလိုပဲ။ ABC Company Head Office က ၀န်ထမ်းတွေ ဟာ Internet Connection ကိုဖြတ်ပြီး Branch Office က Database server ထဲက Data တွေကို လှမ်းယူနိုင်သလို Branch Office  ၀န်ထမ်းတွေကလည်း Head Office မှာရှိတဲ့ Database Server ထဲက Data တွေကို လှမ်းယူနိုင်ပါတယ်။ ဒီလို ဖြစ်အောင် Firewall နှစ်ခုလုံးမှာလိုအပ်တဲ့ Configuration တွေတော့ လုပ်ထားရမှာပေါ့။ အဲဒီ Configuration တွေထဲမှာ Internet Connecio ပေါ်ကနေတခြား လူတွေ Datacase Server တွေထဲမှာရှိတဲ့ Data တွေကို လှမ်းမယူနိုင်အောင်လို့ လဲလုပ်ထားနိုင်ပါတယ်။ ဒါ့အပြင်ရုံးတွင်းက ၀န်ထမ်းတွေကို မကြည့်စေချင်တဲ့ Internet Website တွေနဲ့ Internet လုံးဝသုံးခွင့်မပေးချင်တဲ့ Computer တွေကို လည်း စိတ်ကြိုက်သတ်မှတ်ထားနိုင်ပါတယ်။ ဒီလိုနည်းနဲ့ ABC Company ဟာသူရဲ့ Office နှစ်ခုကို Internet Connection ပေါ်ကနေ လုံလုံခြုံခြုံ ချိတ်ဆက်ထားနိုင်ပါတယ်။
ကဲကဲ ဒီလောက်ဆိုရင်တော့ Firewall ကိုဘယ်နေရာတွေမှာ ဘယ်လို အသုံးပြုသင့်တယ်ဆိုတာ တောတော်လေးသဘောပေါက်နားလည်လောက်ပြီထင်ပါတယ်နော်။ ဒါဆိုရင်တော့ ဒီနားမှာပဲ ဒီအကြောင်းကို နားလိုက်ကြရအောင်။
...................................

step by step peer network Installation PDF Print E-mail
User Rating: / 0
PoorBest 
Network - Network
Friday, 25 September 2009 07:21
Step By Step Peer Network Installation   
ကဲကျွန်တော်တို့ ဒီတစ်ခါတော့ Peer-to-Peer Network လေးတစ်ခုလောက်တည်ဆောက်ကြည့်ကြရအောင်။ အရင်ဆုံး Peer-to-Peer Network ရဲ့ သဘောသဘာဝလေးကို ပြောကာပြပေးမယ်နော်။ Peer-to-Peer Network ကို နောက်တစ်မျိုးခေါ်နိုင်ပါ သေးတယ်။ အဲဒါကတော့ Workgroup Network ပါ။ အဲဒီ Network မျိုးကိုတော့ သာမန်ရုံးတွင်း Computer အချင်းချင်းချိတ်ဆက်ပြီး Data တွေဖလှယ်ကြတဲ့နေရာမျိုးမှာ သုံးပါတယ်။ သူတို့မှာ Server လိုစွမ်းဆောင်ရည်ပိုမို မြင့်မားတဲ့ Computer မျိုးတွေပါဝင်လေ့မရှိ ပါဘူး။ ပုံမှန်စွမ်းဆောင်ရည်ရှိတဲ့ Desktop PC တွေ၊ Laptop တွေ လောက်ပဲပါဝင်လေ့ရှိကြပါတယ်။ အချင်းချင်း Data တွေ ဖလှယ်ဖို့ အပြင် Command Line က "net send" လို Command မျိုးသုံးပြီး Message တွေအပြန်အလှန်ပို့ဖို့ရယ် ပြီးတော့ Printer တို့ Hard Disk Space တို့ CD-ROM တို့လို Peripheral Hardware Device တွေကို အချင်ချင်း Share လုပ်နိုင်ဖို့အတွက်လည်း ဒီ Network မျိုးက အသုံးဝင်ပါတယ်။
Peer-to-Peer Network တစ်ခုချိတ်ဆက်တော့မယ်ဆိုရင် အဓိကအရေးအကြီးဆုံးလိုအပ်တဲ့ Device တွေကဘာလဲသိလား မသိသေးရင်မှတ်ထားနော်။ Computer တွေပါပဲ။ ဟဲဟဲ။ Computer တွေတောင်မှ အနည်းဆုံး နှစ်လုံးရှိမှ ဖြစ်မှာပါ။ နို့မို့ဆိုရင် Network ဘယ်လိုလုပ်ပြီးချိတ်မှာလဲ။ အဲဒီတော့ Computer တွေကအရေးအကြီးဆုံး Device တွေဆိုတာ မဟုတ်ဘူးလား။ အဲနောက် တစ်ခုအရေးအကြီးဆုံးကတော့ Cable တွေရယ် Network Card တွေရယ်ပါပဲ။ တကယ်လို့ Computer နှစ်လုံးတည်း ချိတ်မယ်ဆိုရင် Switch တောင် မလိုသေးပါဘူး။ နှစ်လုံးထက်ပိုသွားပြီ (Printer တို့ဘာတို့ အပါအ၀င်ပေါ့) ဆိုရင်တော့ Switch လိုပါပြီ။ အဲဒီပစ္စည်း တွေ စုံပြီဆိုရင်တော့ Peer-to-Peer Network တစ်ခုစတင်တပ်ဆင်လို့ရပါပြီ။
Computer တွေအပိုင်းကတော့ ကျွန်တော်သိပ်ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။ Network Card ကလည်းကြိုက် နှစ်သက်ရာ တံဆိပ်ကို ရွေးချယ်ဝယ်ယူပါ။ အခုနောက်ပိုင်း Motherboard တွေမှာဆို LAN Port ဆိုပြီး Network Card Built-in ပါလာ တတ်တာမို့ သိပ်ကိစ္စမရှိပါဘူး။ Cable တွေကတော့ UTP Cat 5 ဆိုတဲ့ Unshielded Twisted Pair Cable Category 5 ကိုသုံးပါမယ်။ Cable အမျိုးအစားအများကြီးထဲမှာ ဈေးနှုန်းအရရော Performance ပိုင်းမှာရော တပ်ဆင်ရတဲ့အပိုင်းမှာရော အားလုံးမှာ အသင့်တော် ဆုံးဖြစ်တဲ့အပြင် ဈေးကွက်ထဲမှာ အလွယ်တကူရနိုင်တဲ့ Network Card အများစုနဲ့လည်း Compatible ဖြစ်နိုင်တာကြောင့် ဒီ Cable အမျိုးအစားကို ရွေးချယ်အသုံးပြုတာပါ။ Switch ကို လည်း မိမိနှစ်သကရာတံဆိပ်ထဲက Ethernet Switch အမျိုးအစားကို ရွေးချယ် ၀ယ်ယူပါ။ ကိုယ်တပ်ဆင်မယ့် Computer အရေအတွက်၊ Network တည်ရှိတဲ့ အကျယ်အ၀န်း အနေအထားကို လိုက်ပြီး 8 ports Switch လား၊ 16 ports Switch လား၊ 8 ports Switch နှစ်ခုလားဆိုတာကိုတော့ ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။ ကဲအားလုံးစုံပြီဆိုရင် တော့ စတင်တပ်ဆင်ကြတာပေါ့။
အဲဒီမှာကျွန်တော် Cabling နဲ့ပတ်သက်လို့တော့ နည်းနည်းထပ်ပြောပြပါဦးမယ်။ အိမ်က၀ါယာကြိုးတွေမှာတောင်ကျွန်တော် တို့အနေနဲ့ လျှပ်စစ် ဓာတ်အားရယူနိုင်ဖို့ ပလပ်ပေါက် တွေတပ်ဆင်ထားရတယ်မဟုတ်လား။ ကိုယ်သုံးမယ့် လျှပ်စစ်ပစ္စည်းက ထွက်လာတဲ့ကြိုးကိုလည်း အဲဒီပလပ်ပေါက်တွေမှာထိုးနိုင်ဖို့အတွက် 3 pins လား၊ 2 pins လားစသည်ဖြင့် ပလပ်ပေါက်အမျိုးအစားကို လိုက်ပြီး သင့်တော်တဲ့ ပလပ်ခေါင်းတွေတပ်ထားရတယ်လေ။ တကယ်လို့ Original ပလပ်ခေါင်းက ပလပ်ပေါက်နဲ့မကိုက်ညီဘူး ဆိုရင် ကြားထဲကနေ Converter ခေါင်းတစ်ခုခံထားရတယ်နော်။ ဒါမှသူတို့ (ပလပ်ခေါင်းနဲ့ပလပ်ပေါက်) ချိတ်ဆက်မိပြီး လျှပ်စစ်ပစ္စည်းဆီကို လျှပ်စစ်ဓာတ်အား ရောက်သွားပြီး အလုပ်လုပ်နိုင်တော့မှာပေါ့။
အဲဒီသဘောပါပဲ။ ကျွန်တော်တို့ Network ဆင်မယ့် Cable တွေမှာလည်း သက်ဆိုင်ရာပလပ်ခေါင်းနဲ့အလားတူတဲ့ Cable ခေါင်းတွေ တပ်ဆင်ထားရပါမယ်။ လျှပ်စစ်ပစ္စည်းတွေမှာ ပလပ်ခေါင်းကကြိုးရဲ့တစ်ဘက်ထိပ်မှာပဲပါပြီး ကျန်တဲ့တစ်ဘက်ကတော့ အဲဒီပစ္စည်းတွေထဲမှာပဲ များသောအားဖြင့် အသေတပ်ထားကြတတ်ပါတယ်။ ဒါပေမယ့် Network Cable တွေမှာတော့ Cable ခေါင်းကို ကြိုးရဲ့ ထိပ်နှစ်ဘက်လုံးမှာ တပ်ဆင်ဖို့လိုအပ်ပါတယ်။ Computer ရဲ့ Network Card က Interface (ပလပ်ပေါက်လိုပေါ့) ဟာ Cable ကို အသေတပ်ဆင်ထားဖို့မလိုအပ်ပါဘူး။ အလွယ်တကူ ဖြုတ်နိုင်တပ်နိုင်ပါတယ်။ ပြီးတော့ Network Card က Interface နဲ့ Ethernet Switch တွေမှာပါတဲ့ Interface တွေကလည်း အတူတူပါပဲ။ ဒါကြောင့် Network Cable တွေမှာတော့ Switch နဲ့ Computer  ကြားက Cable တွေဟာ Cable ခေါင်းနှစ်ခုတူညီနေရမှာဖြစ်ပါတယ်။ အဲဒီလို Switch နဲ့ Computer ကြားမှာချိတ်ဆက်တဲ့ Cable မျိုး ကို Straight Cable လို့ခေါ်ပါတယ်။ ဒီတစ်မျိုးတည်းရှိတာလားဆိုရင်တော့ မဟုတ်ပါဘူး။ Cross Cable ကျန်ပါသေးတယ်။ သူ့ကိုတော့ Computer အချင်းချင်းကြား(Computer နှစ်လုံးတည်းချိတ်တဲ့အခါမျိုးပေါ့)ပြီးတော့ Switch နှစ်လုံးကြားမှာချိတ်ဆက်အသုံးပြုပါတယ်။ (တချို့ Switch တွေမှာတော့ Uplink Port ဆိုပြီး Switch နှစ်လုံးချိတ်ဖို့ သီးသန့် Port ပါတတ်ပါတယ်။ အဲဒီလိုမျိုးမှာဆိုရင်တော့ Straight Cable နဲ့တင်ချိတ်ဆက်နိုင်ပါတယ်။ )
အဲဒီ Straight Cable နဲ့ Cross Cable နဲ့က Cable အမျိုးအစားကော ခေါင်း(Connector Type) ရောအတူတူပါပဲ။ ဘယ်နေရာမှာ မတူတာလဲဆိုရင်တော့ Cable နဲ့ Connector နဲ့ ချိတ်ဆက်တဲ့နေရာမှာ မတူတာပါ။ချိတ်ဆက်ပုံချိတ်ဆက်နည်းပေါ့။ ၀ါယာကြိုးတွေမှာ တပ်ဆင်ရမယ့် ၀ါယာနန်းကြိုးနှစ်မျှင်သာပါတာများပေမယ့် UTP Cat 5 Cable မှာတော့ နန်းကြိုးလေးတွေ ရှစ်မျှင် တောင်ပါပါတယ်။ အဲဒီနန်းကြိုးလေး ရှစ်မျှင်ကို Connector မှာ သွားတပ်တဲ့အခါ အစီအစဉ် ထားသို တပ်ဆင်ပုံလေးတွေက Cross နဲ့ Straight ကို ကွဲပြားသွားစေတာပါ။ တပ်ဆင်ပုံနှစ်မျိုး ရှိပါတယ်။ ၀ါယာအစီအစဉ်ပေါ့။ ဖြူစိမ်း၊စိမ်း၊ ဖြူမော်၊ပြာ၊ ဖြူပြာ၊မော်၊ ဖြူညို၊ညို ဆိုပြီးအစဉ်လိုက်ပုံစံတစ်မျိုးရယ်၊ နောက်တစ်မျိုးကတော့ ဖြူမော်၊မော်၊ ဖြူစိမ်း၊ပြာ၊ ဖြူပြာ၊စိမ်း၊ ဖြူညို၊ညို ဆိုပြီးတော့တစ်မျိုးရယ်ပါ။ Cable ရဲ့ထိပ်နှစ်ဘက်စလုံးကို ပထမပုံစံတစ်မျိုးတည်းနဲ့ဖြစ်ဖြစ်၊ ဒုတိယပုံစံတစ်မျိုးတည်းနဲ့ဖြစ်ဖြစ် စီစဉ်ပြီး Connector နဲ့ ချိတ်ဆက် ထားမယ်ဆိုရင် အဲဒီ Cable ဟာ Straight Cable ပါ။ တကယ်လို့အဲလိုမဟုတ်ဘဲ Cable ရဲ့တစ်ဘက်ထိပ်မှာ ပထမပုံစံအတိုင်းစီစဉ်ပြီး နောက်တစ်ဘက်ထိပ်မှာတော့ ဒုတိယပုံစံအတိုင်း စီစဉ်ထားမယ်ဆိုရင် အဲဒီ Cable ဟာ Cross Cable ပါ။ မှတ်မိသွားအောင် အောက် မှာ ပုံလေးတွေနဲ့ပြထားပါတယ်။ သြော်အရေးကြီးတာပြောရဦးမယ်။ UTP Cable မှာတပ်ဆင်ရမယ့် Connector က RJ 45 Connector ပါ။ တခြား Connector နဲ့ ချိတ်ဆက်လို့ရနိုင်မှာ မဟုတ်ပါဘူး။
Straight 1


Straight 2



Cross


ကဲ Cable တွေကို လိုအပ်သလို လိုအပ်သလောက် အကွာအဝေး အတိုင်းအတာလေးတွေ ဖြတ်ပြီး ထိပ်တွေမှာ RJ 45 Connector လေးတွေတပ်ဆင်ထားလိုက်ပါ။ ကျွန်တော်ကတော့ Switch တစ်လုံးနဲ့ပဲ ချိတ်ပြမှာဆိုတော့ Cross Cable မလိုပါဘူး။ အားလုံးကို Straight Cable နဲ့ပဲချိတ်ပြမှာပါ။ Switch နဲ့ စက်တစ်လုံးစီတိုင်းကို Straight Cable တွေနဲ့ ချိတ်ဆက်လိုက်ပါ။ ဒါဆိုရင် တော့ ကျွန်တော်တို့ရဲ့ကြိုးသွယ်တန်းမှု အောင်မြင်ပြီးဆုံးသွားပါပြီ။ သြော်မေ့လို့ Switch တွေကို Power ပေးဖို့တော့ မမေ့နဲ့ဦးနော်။ ကြိုးတွေ သွယ်တန်းပြီး Computer တွေဖွင့်လိုက်ရုံနဲ့ ကြိုးသွယ်တန်းမှု မပြီးသေးပါဘူး။ Switch ကိုလဲ Power ပေးပြီး ဖွင့်ပေးရပါဦး မယ်။
ကျွန်တော်တို့ရဲ့ Computer တွေအားလုံးဟာ Windows XP Professional OS တွေတင်ထားတယ်လို့ ယူဆလိုက်မယ်နော်။ Windows XP က Network Card ကို Detect သိလား မသိဘူးလားဆိုတာကို အရင်ကြည့်ပါ။ My Network Place ကို Right Click နှိပ် ပြီး Properties ကို ရွေးပါ။ ဒါဆိုရင်တော့ ကိုယ့်ရဲ့စက်မှာ တပ်ဆင်ထားတဲ့ Network Card တွေကို တွေ့ရပါလိမ့်မယ်။ ကိုယ့်ရဲ့စက်မှာ Network Card စိုက်ထားပါရဲ့နဲ့ အဲဒီမှာမတွေ့ရဘူးဆိုရင်တော့ Windows XP က Card ကို Detect မသိလို့ပါ။ ဒါဆိုရင်ဘယ်လိုလုပ်မ လဲ။ စိတ်မပူသွားပါနဲ့။ Network Card က Motherboard မှာ built-in ပါတဲ့ Card ဆိုရင် Motherboard Driver ခွေကို ထည့်ပြီး Network Card ကို Install လုပ်ပါ။ သီးသန့်ထပ်စိုက်ထားတဲ့ Network Card ဆိုရင်လည်း Card oယ်တုန်းကပါလာတဲ့ Driver ခွေကို ထည့်ပြီး Install လုပ်နိုင်ပါတယ်။ ဘယ်လိုလုပ်မှာလဲ။ My Computer ကို Right Click နှိပ်ပြီး Properties ကို ခေါ်ပါ။ ပြီးရင် Hardware Tab အောက်က Device Manager ထဲကိုသွားပါ။ အဲဒီမှာ My Computer Nodes ကို Right Click နှိပ်ပြီး Scanning Plug And Play Hardware ကိုနှိပ်ပါ။ ပုံမှန်ဆိုရင်တော့ အဲဒီမှာတင်တွေ့ပါလိမ့်မယ်။ Ethernet Controller ဆိုပြီး တွေ့ရပါလိမ့်မယ်။ အဲဒါကို Right Click နှိပ်ပြီး Update Driver ကိုနှိပ်ပါ။ ပြီးရင် Driver Location တောင်းရင် CD ကို ညွှန်းပြီး Install လုပ်လိုက်ပါ။ သူ့ဟာသူ Driver ရှာပြီး Card ကို Install လုပ်ပါလိမ့်မယ်။ အဲဒီလိုလုပ်လို့ အောင်မြင်သွားရင်တော့ My Network Place ရဲ့ Properties ထဲမှာ Local Area Connection ဆိုပြီးပေါ်လာပါလိမ့်မယ်။ နှစ်ကဒ်ဆိုရင် Local Area Connection 1 , Local Area Connection 2 ဆိုပြီးအစဉ် လိုက်ပေါ်နေပါလိမ့်မယ်။ အဲဒီထဲကမှကိုယ်ကြိုက်တဲ့ကဒ်ကို Double Click နှိပ်ပါ။ ပြီးရင် Properties ကိုရွေးပါ။
 
ပြီးရင် Internet Protocol (TCP/IP) ကို Select မှတ်ပြီး Properties ကိုနှိပ်ပါ။ အဲဒီမှာ IP Address ပေးရပါမယ်။ Network တစ်ခုလုံးကို Same Network ဖြစ်နေအောင် IP Address ပေးရပါမယ်။ (ဥပမာ 192.168.0.x ပေါ့) ပြီးလို့ Tab နှိပ်လိုက်တာနဲ့ Subnet Mask က Auto ဖြည့်ပြီးသားဖြစ်သွားပါလိမ့်မယ်။ ပြီးရင် OK နဲ့ထွက်လိုက်ပါ။



Network တစ်ခုလုံးမှာ တပ်ဆင်ပါဝင်မယ့် စက်တွေအားလုံးကို အဲဒီနည်း နဲ့ IP Address တွေသတ်မှတ်ပါ။ အားလုံးပြီးသွားရင် ipconfig (Command Line Command) ကိုသုံးပြီး IP Address ကိုစစ်ကြည့်ပါ။ ဟိုဖက်ဒီဖက် Computer အချင်းချင်း Connection မိသလား မမိဘူးလား သိရအောင် ping (Command Line Command ) ကိုသုံးပြီး အပြန်အလှန်စမ်းကြည့်ပါ။ အောင်မြင်တယ်ဆိုရင်ပြီးတာပါပဲ။ ကျန်တဲ့အဆင့်တွေကို ဆက်လုပ်ပါ။ ဆက်လုပ်ရမှာက My Computer ကို Right Click နှိပ်ပြီး Properties ကိုနှိပ်ပါ။ ပြီးရင် Computer Name Tab အောက်ကိုလာပါ။

ပြီးရင် Change ကိုနှိပ်ပါ။ အဲဒီမှာ Computer Name နဲ့ Workgroup Name ပေးပါ။ Computer Name ကတော့ တစ်လုံးနဲ့ တစ်လုံးမတူရပါဘူး။ Workgroup Name ကတော့ အားလုံးအတွက် သတ်မှတ်ထားတဲ့ Name ကိုပဲပေးရမှာပါ။ ပြီးရင် OK နှိပ်ပါ။ ခဏ စောင့်ပါ။ အားလုံးအဆင်ပြေရင် "Welcome from the Workgroup" ပေါ်လာပါလိမ့်မယ်။



ပြီးရင် စက်ကို Restart ချရပါလိမ့်မယ်။ စက်ပြန်တက်လာရင် Workgroup Network တစ်ခုဒါမှမဟုတ် Peer-to-Peer Network တစ်ခုချိတ်လို့ပြီးသွားပါပြီ။ ဒါပေမယ့်ဒီမှာတင် မရပ်လိုက်ပါနဲ့ဦး။
ပြီးရင် Workgroup ထဲမှာ (Network ထဲမှာပေါ့နော်) တပ်ဆင်ထားတဲ့စက်တွေမှာ အသုံးပြုမယ့်လူတွေရဲ့ User Name တွေနဲ့ Password တွေကို သက်ဆိုင်ရာ စက်အသီးသီးမှာ သက်ဆိုင်ရာ လူတွေအတွက် Configure လုပ်ပေးပါ။ My Computer ကို Right Click နှိပ်ပြီး Manage လို့ပြောပါ။ Computer Management Console ပေါ်လာပါလိမ့်မယ်။



အဲဒီထဲကမှ Local Users and Groups Nodes ကို Select မှတ်ပြီး သူ့ဘေးက (+) ကို နှိပ်ပါ။ အဲဒီထဲကမှ Users Nodes ကို Right Click နှိပ်ပြီး New User လို့ပြောပါ။


Username ပေးပါ။ Full Name နဲ့ Description က Optional ပါ။ မထည့်လဲ ရပါတယ်။ Password ပေးပါ။ Confirm Password ပေးပါ။ User must change password at next log on ဘေးက Check Box ကို ဖြုတ်ပါ။ မဟုတ်ရင်နောက်တစ်ခါ အဲဒီ User Log on ၀င်တဲ့အခါ Password ကို ပြောင်းပေးကိုပေးရပါလိမ့်မယ်။ အောက်က Check Box တွေကိုတော့ မိမိလိုအပ်ချက်ပေါ်မှာ မူတည်ပြီး On ချင်ရင် On ပေးပါ။ ကျွန်တော်ကတော့ ဒီအတိုင်းထားခဲ့ပါမယ်။ ပြီးရင် Create ကိုနှိပ်ပါ။


User တစ်ယောက် Create လုပ်ပြီးပါပြီ။ Users Folder အောက်မှာ ကိုယ်ခုနက create လုပ်ခဲ့တဲ့ User လေးအတွက် သူ့ရဲ့ User Name နဲ့ Folder လေးလည်း ရောက်နေတာကို တွေ့ရပါလိမ့်မယ်။အဲဒီလိုပဲ ကျန်တဲ့စက်တွေမှာလည်း သက်ဆိုင်ရာ User တွေအတွက် Configured လုပ်ပေးလိုက် ပါ။ ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ Workgroup Network (သို့မဟုတ်) Peer-to-Peer Network တစ်ခုချိတ်ဆက်မှုဟာ အမှန်တကယ် ပြီးဆုံးပါပြီ။

..................................................

Linux OS မှ Apache Web Server PDF Print E-mail
User Rating: / 0
PoorBest 
Network - Network
Friday, 25 September 2009 06:59
Linux OS မှ Apache Web Server တစ်ခု တည်ဆောက်ခြင်း
ကဲ ကျွန်တော်တို့ရဲ့ Online ICT Reader ပရိသတ်ကြီးလည်း Microsoft Windows Operating System တွေနဲ့ပဲ နပန်းလုံးနေရတာ ပျင်းရိငြီးငွေ့နေကြရောပေါ့။ ဒီတစ်ခါတော့ အတွေ့အကြုံသစ်တစ်ခု အနေနဲ့ Linux Operating System တွေဘက်ကို တခါလှည့်ကြတာပေါ့နော်။

ကျွန်တော်တို့ အနေနဲ့ Microsoft Operating System မှာ Web Server တစ်ခုကို IIS (Internet Information Service) ကို အသုံးပြုပြီး တည်ဆောက်နိုင်သလိုပဲ Linux Operating System မှာလည်း Web Server တစ်ခုကို Apache Web Server ကို အသုံးပြုပြီး တည်ဆောက်နိုင်ပါတယ်။ Apache Web Service ဟာ Linux Operating System တွေမှာ တခါတည်းပါလာမှာဖြစ်ပါတယ်။ Apache Web Service ကို Microsoft Operating System တွေမှာလည်း Install လုပ်ပြီး အသုံးပြုနိုင်ပါတယ်။
ကဲ ဘယ်ကနေဘယ်လို စလုပ်ကြမလဲ။ ကျွန်တော်ကတော့ Linux Operating System ရဲ့ Version တွေထဲက Fedora Version နဲ့ စမ်းသပ်လုပ်ပြမှာဖြစ်ပါတယ်။ ပြီးတော့ လုပ်နိုင်တဲ့ နည်းလမ်း နှစ်မျိုးဖြစ်တဲ့ GUI (Graphical User Interface) နဲ့ လုပ်ဆောင်နည်းရယ် ၊ Command Line Mode ကနေ လုပ်ဆောင်နည်းရယ် မှာ ကျွန်တော်ကတော့ Command Line Mode နဲ့ပဲ လုပ်ဆောင်ပြမှာဖြစ်ပါတယ်။ ပိုပြီးတော့လည်း မှတ်သားရလွယ်မယ်ထင်လို့ပါ။
ကဲ စလိုက်ကြရအောင်။ ကွန်ပျူတာကို Linux Fedora Operating System နဲ့ စတက်လိုက်ပါ။ ပြီးရင် root (Microsoft က Administrator နဲ့ တူတူပါပဲ) user account နဲ့ Log On ၀င်ပါ။ Linux မှာကတော့ OS စတက်ပြီဆိုတာနဲ့ Command Line Mode နဲ့ စတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် root နဲ့ Log On ၀င်ပြီးတဲ့အချိန်မှာ အခုလိုမြင်တွေ့နေရပါလိမ့်မယ်။

ပုံ (၁)
 


root User Account နဲ့ Log On ၀င်ထားတာဖြစ်တဲ့အတွက် Root Folder အောက်ကို တန်းရောက်နေမှာဖြစ်ပါတယ်။ Root Folder ဟာ Microsoft က Windows Folder နဲ့ အလားသဏ္ဍန်တူပါတယ်။ သူ့ထဲမှာ Operating System နဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ System File တွေပါဝင်ပါတယ်။ ကဲ ပြီးရင်တော့ etc Folder အောက်က httpd Folder အောက်က conf Folder အောက်ကို ဆက်ဝင်လိုက်ပါ။ သုံးရမယ့် Command ကတော့ cd ဖြစ်ပါတယ်။ အောက်မှာ ပြထားပါတယ်။

ပုံ (၂)

httpd Folder အောက်ကို ရောက်သွားပြီဆိုရင်တော့ အဲဒီ Folder ထဲမှာ ဘာ File တွေရှိတယ် ဆိုတာကို အရင်ကြည့်နိုင်ပါတယ်။ သုံးရမယ့် Command ကတော့ ls ဖြစ်ပါတယ်။ သူက လက်ရှိ ရောက်နေတဲ့ Folder ထဲမှာ ရှိသမျှ File တွေ Folder တွေအားလုံးကို ဖော်ပြပေးမှာဖြစ်ပါတယ်။
အောက်မှာ ကြည့်လိုက်ပါဦး။

ပုံ (၃)

ကဲဒါဆိုရင် httpd.conf ဆိုတဲ့ File လေးကို တွေ့နေရပြီ မဟုတ်လား။ ကျွန်တော်တို့ ၀င်ပြီးတော့ Configuration တွေပြင်ဆင်ရမယ့် File လေးဖြစ်ပါတယ်။ အဲဒီ File လေးထဲမှာ ရေးထားတာတွေကို အရင်ဆုံး ၀င်ရောက်ဖတ်ရှုပြီးမှ ပြင်ဆင်ရမယ့်နေရာတွေမှာ တခါတည်း ပြင်ဆင်ရမှာဖြစ်ပါတယ်။ File လေးကို ၀င်ရောက်ဖတ်ရှုဖို့ အသုံးပြုရမယ့် Command လေးကတော့ vi ဖြစ်ပါတယ်။ vi httpd.conf လို့ ရိုက်ပြီး Enter နှိပ်ရမှာဖြစ်ပါတယ်။

ပုံ (၄)

ဒါဆိုရင်တော့ အောက်မှာ မြင်တွေ့နေရတဲ့အတိုင်း File ထဲမှာ ရေးသားထားတဲ့ စာသားတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ပုံ (၅)


အဲဒီထဲမှာ ကျွန်တော်တို့တွေ အနေနဲ့ ပြင်ဆင်စရာရှိတာတွေကို ရှာဖွေပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ရှာဖွေပြင်ဆင်ရမှာတွေကများတယ်ဗျ ၊ ပြီးတော့ ကျွန်တော်တို့တွေ အနေနဲ့ ရေးထားသမျှစာတွေကို တစ်ကြောင်းချင်းစီသာ ဖတ်ပြီးရှာနေရမယ်ဆိုရင်လည်း ပြင်ဆင်စရာရှိတာတွေ အကုန် ပြင်လို့မပြီးသေးခင်မှာတင် ကျွန်တော်တို့ခေါင်းတွေမူးကုန်မယ်။ ဒီတော့ Linux က စီမံပေးထာတာရှိပါတယ်။ ကျွန်တော်တို့ ရှာချင်တဲ့ စကားလုံး (Key Word) လေးတွေကို ရှေ့က (  /  ) ခံရိုက်ပြီး Enter နှိပ်လိုက်မယ်ဆိုတာနဲ့ အဲဒီ စကားလုံးလေးတွေကို ရှာဖွေဖော်ထုတ်ပြမှာ ဖြစ်ပါတယ်။ Microsoft က Find Option နဲ့ ဆင်တူပါတယ်။ ကျွန်တော်တို့ ပထမဆုံးရှာဖွေရမယ့် စကားလုံးကတော့ ServerAdmin ဖြစ်ပါတယ်။ စာလုံးပေါင်း အကြီးအသေးကော Space ပါတာမပါတာကော လုံးဝလွဲလို့မရပါဘူး။ လွဲသွားရင် ကျွန်တော်တို့ လိုချင်တဲ့ စကားလုံးကိုလဲ ရှာတွေ့မှာ မဟုတ်ပါဘူး။ ဒါဆိုရင် ကျွန်တော်တို့ ပြင်ရမယ့် နေရာကိုလည်း ရောက်မှာမဟုတ်ပါဘူး။ ဒီတော့ "/ServerAdmin" လို့ ရိုက်ပြီး Enter ခေါက်ပါ။

ပုံ (၆)
လိုချင်တဲ့ စကားလုံးနေရာအစစ် ဒါမှမဟုတ် ပြင်ရမယ့်နေရာကိုတော့ အောက်မှာပြထားပါတယ်။ သေချာ မှတ်သားထားဖို့ လိုပါလိမ့်မယ်။

ပုံ (၇)
အဲဒီမှာ တွေ့နေရတဲ့ စာကြောင်းက Default ပါလာပြီးသား စာကြောင်းဖြစ်ပါတယ်။ အဲဒီ စာကြောင်းကိုပဲ မလိုတဲ့ နေရာတွေမှာ ဖျက်ပြီး တခါတည်းဝင်ပြင်လို့လည်း ရပါတယ်။ ဒါမှမဟုတ် အဲဒီ စာကြောင်းရဲ့ရှေ့မှာ "#" Sign ထည့်ပြီး ဒီစာကြောင်းကို Inactive ပုံစံမျိုးလုပ်ထားလို့လဲရပါတယ်။ ပြီးတော့မှ သူ့အောက်ကနေ ကျွန်တော်တို့ လိုချင်တဲ့ စာကြောင်းကို အပြည့်အစုံ ရိုက်ထည့်လိုက်မယ်ဆိုလည်း ရပါတယ်။ ရိုက်ရမှာကတော့ ဒီ Server နဲ့ ပတ်သက်လို့ တစုံတရာ ပြဿနာပေါ်လာတဲ့အခါဖြစ်ဖြစ် အသိပေးစရာရှိလာတဲ့အခါဖြစ်ဖြစ် mail ပို့ပေးလို့ရနိုင်မယ့် ဒီ Web Server နဲ့ ပတ်သက်တဲ့ တာဝန်ရှိတဲ့သူ Administrator ရဲ့ E-mail လိပ်စာဖြစ်ပါတယ်။ ဒီ Web Server ရဲ့ Domain Name အတွင်းမှာပဲ အကျုံးဝင်နေတဲ့ E-mail လိပ်စာဖြစ်ဖို့လိုပါတယ်။ ပြောရမယ်ဆိုရင် ဒီ Web Server က www.youth.net ဆိုရင် E-mail လိပ်စာဟာလည်း root@youth.net သို့မဟုတ် user@youth.net ဖြစ်ရပါမယ်။ (ဥပမာ "ServerAdmin user@youth.net ")

ပုံ (၈)

နောက်ထပ်ရှာရမယ့် စကားလုံးကတော့ ServerName ဖြစ်ပါတယ်။ ထုံးစံအတိုင်း "/ServerName" လို့ရိုက်ပြီး Enter နှိပ်ပါ။

ပုံ (၉)

ပြင်ရမယ့် နေရာကတော့ အောက်မှာ ပြထားပါတယ်။

ပုံ (၁၀)


သူ့မှာလည်း Default စာကြောင်းကို ရှေ့က "#" Sign ခံပြီး ပိတ်လိုက်ပါ။ ဒီမှာ ရိုက်ရမှာကတော့ Server Name ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ Full DNS Name ရိုက်ထည့်လည်း ရပါတယ်။ ဒါမှမဟုတ် ကိုယ့် Domain ထဲမှာ ဒီ Web Site တစ်ခုထဲ ရှိတယ်ဆိုရင်တော့ Domain Name ပဲ ရိုက်ထည့်လိုက်လဲ ရပါတယ်။ နောက်က ပါလာတဲ့ ":80" ဆိုတာက Web Service အတွက် အသုံးပြုတဲ့ HTTP Protocol ရဲ့ Port နံပါတ်ပါ။ ခုနကလိုပဲ Web Site တစ်ခုထဲရှိမယ်ဆိုရင်တော့ Default က 80 ဖြစ်တဲ့အတွက် ကိုယ်က ထပ်မထည့်တော့လဲ ရပါတယ်။ ထည့်လဲဘာမှမဖြစ်ပါဘူး။ ("ဥပမာ ServerName youth.net")

ပုံ (၁၁)

နောက်ထပ် ရှာရမယ့် စကားလုံးကတော့ NameVirtualHost ဖြစ်ပါတယ်။ ထုံးစံအတိုင်းပေါ့နော်။ သေချာအောင် အောက်မှာ ဖော်ပြထားပါတယ်။

ပုံ (၁၂)

ပြင်ရမယ့် နေရာကတော့ အောက်မှာ ဖော်ပြထားပါတယ်။

ပုံ (၁၃)
အဲဒီမှာကတော့ Host Name ကို Port နံပါတ် နဲ့တွဲပြီး ဖော်ပြပေးရမှာဖြစ်ပါတယ်။ Server ရဲ့ Name ကို ထည့်လိုက်လဲရပါတယ်။ ("ဥပမာ NameVirtualHost youth:80")

ပုံ (၁၄)


ကဲ နောက်တစ်ခါရှာရမယ့် စကားလုံးကတော့ နီးနီးလေးမှာ ကပ်လျက်သားဖြစ်နေတဲ့အတွက် ရှာမနေတော့ပါဘူး။ VirtualHost ပါ။ Screen ပေါ်မှာတင်တွေ့နေရမှာ ဖြစ်ပါတယ်။ ဒီတစ်ခါပြင်ရမှာက နည်းနည်းတော့များပါတယ်။ ပြင်ရမယ့် နေရာဝန်းကျင်ကို Highlight ပြထားပါတယ်။

ပုံ (၁၅)

အောက်မှာ ဖော်ပြထားတဲ့ အတိုင်းလေးပြင်ပေးရပါမယ်။ အဲဒီမှာ VirtualHost ကတော့ Web Server ရဲ့ Domain Name ပါ။ ServerAdmin မှာလည်း Domain Name ကိုပဲ ထည့်ပေးပါ။ ServerName မှာတော့ Web Server ရဲ့ IP Address ကို ထည့်ပေးပါ။ ကျန်တာတွေကတော့ Web Server တစ်လုံးအတွက် Common Configuration တွေဖြစ်တာကြောင့် ဒီတိုင်းထည့်ပေးပါ။ မှတ်လည်းမှတ်သားထားလိုက်ပေါ့နော်။

ပုံ (၁၆)

ကဲ ဒါဆိုရင် ဒီ httpd.conf File လေးထဲမှာ ကျွန်တော်တို့ ပြင်ဆင်ရမှာလေးတွေ အားလုံးပြင်ဆင်လို့ ပြီးသွားပါပြီ။ ဒါဆိုရင်တော့ (":wq") ကိုနှိပ်ပြီး ဒီ File ထဲက ထွက်ပေးပါ။ (":wq") ဟာ Save And Exit လို့ သဘောသက်ရောက်ပါတယ်။

ပုံ (၁၇)

ပြီးရင်တော့ အောက်မှာဖော်ပြထားတဲ့အတိုင်းသာ တစ်ကြောင်းချင်း တစ်ဆင့်ချင်းစီ ရိုက်သွားလိုက်ပါနော်။ တစ်ကြောင်းချင်းစီ တစ်ဆင့်ချင်းစီ သေသေချာချာလေးရိုက်သွားလိုက်ပါနော်။

ပုံ (၁၈)

အောက်ကပုံမှာပြထားတဲ့အတိုင်းလည်း ထပ်မံ Configure လုပ်ပေးဖို့လိုပါလိမ့်မယ်။

ပုံ (၁၉)

အားလုံးပြီးသွားတဲ့အခါ မှာ အပေါ်ကပုံမှာပြထားခဲ့သလိုပဲ Web Service (http Service) ကှိုStart လုပ်ပေးရပါမယ်။ Command ကတော့ ("service httpd start") ပါ။ ပုံမှာ ပြခဲ့သလိုပဲ  ("OK") လို့ ပြောခဲ့မယ်ဆိုရင်တော့ အားလုံး OK ပါတယ်။ ကျွန်တော်တို့ရဲ့ Apache Web Server ဟာ စတင် Run နေပြီဖြစ်ပါတယ်။ Client ကွန်ပျူတာတွေကနေ ကျွန်တော်တို့ရဲ့ Web Server ကို Browser ကနေ လှမ်းခေါ်ပြီး ကြည့်ရှုနိုင်ပါပြီ။ လောလောဆယ်တော့ အောက်မှာ မြင်တွေ့ရမယ့် အတိုင်းပဲ တွေ့ရဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ရေးထားတဲ့ Web Site မရှိသေးတာကြောင့် Apache Web Service ရဲ့ Default Testing Web Page ကြီးကိုပဲ မြင်တွေ့ရမှာပါ။ နောက်မှ ကိုယ်ပေါ်စေချင်တဲ့ Web Site တွေကို သက်ဆိုင်ရာ Folder တွေအောက်မှာသွားပြီး Save လုပ်ပေးလိုက်မယ်ဆိုရင်တော့ ကိုယ့် Web Site ကိုပဲ မြင်ရမှာဖြစ်ပါတယ်။

ပုံ (၂၀)


ကဲ ဒီလောက်ဆိုရင်တော့ Linux Operating System ကတဆင့် Apache Web Server တစ်လုံးကို စမ်းသပ် ဖန်တီးတတ်လောက်ပြီလို့ထင်ပါတယ်။ ကိုယ်တိုင် လက်တွေ့စမ်းသပ် တတ်ကျွမ်းနိုင်ကြပါစေနော်။
........................................

OSI 7layers Oct1 PDF Print E-mail
User Rating: / 1
PoorBest 
Network - Network
Friday, 25 September 2009 06:11
OSI (7) Layers အကြောင်းသိကောင်းစရာ
OSI ဆိုတာဟာဘာလဲ။ အရှည်ပြောရရင်တော့ Open System Interconnection လို့ခေါ်ပါတယ်။ သူဟာ Network တွေ တစ်ခုနဲ့တစ်ခု အပြန်အလှန် ချိတ်ဆက်ကြရာမှာ အခက်အခဲမရှိ လွယ်ကူချောမွေ့ စေဖို့အတွက် International Organization for Standardization (ISO) အဖွဲ့ ကြီးက ချမှတ်ထားတဲ့ စံတစ်ခုဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ကွန်ပျူတာ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကြီးတွေ အများကြီးရှိပါတယ်။ အဲဒီလိုပဲ ကွန်ပျူတာတွေ တစ်လုံးနဲ့
တစ်လုံးချိတ်ဆက်တဲ့အခါမှာသုံးတဲ့ Networking Devices တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေလည်း အများကြီးရှိပါတယ်။ အဲဒီလိုမျိုး နည်းပညာပိုင်းဆိုင်ရာ မတူညီကြတဲ့ အမျိုးအစားအမျိုးမျိုးသော ကွန်ပျူတာတွေ၊ Networking Devices တွေကို အသုံးပြုထားကြတဲ့ Network တွေအသီးသီးဟာ တစ်ခုနဲ့တစ်ခု လွယ်လင့်တကူ အပြန်အလှန် ချိတ်ဆက်မိချင်တယ်ဆိုရင် သူတို့အားလုံးကြားထဲမှာ ပုံသေစံနှုန်း(ဘုံတူညီချက်များ) ရှိဖို့တော့လိုအပ်နေပါတယ်။ ဒါမှသာ အဲဒီ Network တွေဟာ အတူတကွ ချောမွေ့စွာ ချိတ်ဆက် အလုပ်လုပ်နိုင်ကြမှာဖြစ်ပါတယ်။ဒါကြောင့် ISO အဖွဲ့ကြီးဟာ အဲဒီလိုအပ်ချက်ကို ပြေလည်စေဖို့အတွက် OSI Layers (7)ခုကို ၁၉၇၄ ခုနှစ်လောက်ကတည်းက စတင်ဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။
အခုအချိန်မှာတော့ OSI(7) Layers စံနှုန်းများနဲ့ တိုက်ဆိုင်ကိုက်ညီမှုမရှိဘဲ ကွဲပြားနေတဲ့ Networking နဲ့ပတ်သက် ဆက်နွယ်နေသော Device ရယ်လို့ ဈေးကွက်ထဲမှာ မရှိတော့တဲ့အထိ တစ်ကမ္ဘာလုံးက OSI Layers (7) ခုကို အသိအမှတ်ပြုလက်ခံ နေကြပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေဟာ ယနေ့ခေတ်မှာ ဆက်သွယ်ရေးစနစ်ရဲ့အရေးကြီးပုံနဲ့အသုံးဝင်ပုံ တွေကိုပိုမိုခံစား သိရှိလာကြတာနဲ့အမျှ ကောင်းမွန်မြန်ဆန်တဲ့ ဆက်သွယ်ရေးစနစ်တွေကို အသုံးပြုခွင့်ရဖို့ ပိုမိုတောင့်တလာကြပါတယ်။ ကွန်ပျူတာ ကွန်ယက်တွေဟာလည်း ယနေ့ဆက်သွယ်ရေးစနစ်တွေမှာ အရေးပါတဲ့ အစိတ်အပိုင်းတွေအဖြစ် ပါဝင်လှုပ်ရှားနေကြတယ်ဆိုတာ အားလုံးသိနေကြမယ်ထင်ပါတယ်။ ဒီတော့ ကွန်ပျူတာ ကွန်ယက်တွေကြားမှာ နည်းပညာ Platform မတူသည်ဖြစ်စေ၊ အမျိုးအစား
တံဆိပ်မတူသည်ဖြစ်စေ အတူတကွ ချိတ်ဆက်လုပ်ဆောင် နိုင်ကြဖို့ဆိုတာ ဟာလည်း အမှန်တကယ်အရေးကြီးတဲ့လိုအပ်ချက် တစ်ခု ဖြစ်ပါတယ်။ ဒါမှသာ ကျယ်ပြန့်ကြီးမားတဲ့ ကွန်ပျူတာကွန်ယက်တွေ စီမံဖန်တီးချိတ်ဆက်နိုင်မှာပါ။ အဲဒီလိုအဲဒီလို အချက်တွေကြောင့်
လည်း OSI(7) Layers ဟာ ကမ္ဘာ့နည်းပညာစင်မြင့်ထက်မှာ အများစုလက်ခံသုံးစွဲတဲ့ စံနှုန်းတစ်ခုအဖြစ်အလျင်အမြန် နေရာရလာခဲ့ တာပဲဖြစ်ပါတယ်။OSI(7) Layers စံနှုန်းပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်း ကွန်ပျူတာကွန်ယက်ပိုင်းဆိုင်ရာ နည်းပညာတွေဟာ အပြန်အ လှန် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ အလျင်အမြန်တိုးတက်လာခဲ့ပါတယ်။ ကွန်ပျူတာကွန်ယက်တွေရဲ့ လွှမ်းခြုံဖြန့်ကျက်မှုဧရိယာ
တွေဟာလည်း ပိုမိုကျယ်ပြန့်ကြီးမားလာခဲ့ပါတယ်။ အသိသာအမြင်သာဆုံး အကျိုးဆက်ကို ပြပါဆိုရင်တော့ အခုတစ်ကမ္ဘာလုံး တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့ Internet ကိုသာကြည့်ပါ။ Internet ဆိုတာကတော့အားလုံးသိနေကြတဲ့ အတိုင်း ကမ္ဘာပေါ်
ကလူသန်းပေါင်းများစွာတို့ရဲ့ ဆက်သွယ်ရေးကြားခံမီဒီယာတစ်ခု လို့ပြောရင်လဲရသလို လိုအပ်တဲ့ သတင်းအချက်အလက် အများဆုံးကိုအမြန်ဆုံးရှာဖွေ ရယူနိုင်တဲ့တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ပျူတာကွန်ယက်ကြီးပဲဖြစ်ပါတယ်။ Internet ပေါ်မှာရှိတဲ့ ကွန်ပျူတာတွေ၊ Networking Devices တွေအားလုံးဟာ OSI(7) Layers စံနှုန်းတွေနဲ့အညီ အချင်းချင်း ချိတ်ဆက်လုပ်ဆောင်နေကြ တာပဲဖြစ်ပါတယ်။ သူတို့တွေထဲမှာ မတူညီတဲ့တံဆိပ်အမျိုးအစားတွေအများကြီး ပါတယ်။ မတူညီတဲ့ နည်းပညာ Platform တွေအများကြီးလည်းပါပါတယ်။ အားလုံးပာာ အတူတကွ ပြဿနာမရှိဘဲ အချင်းချင်း ချိတ်ဆက်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ကဲ ဒီလောက်ဆိုရင်တော့ OSI(7) Layers ဆိုတာဘာလဲဆိုတာ ရယ် ဘယ်လိုဘယ်ပုံပေါ်ပေါက်လာတယ်ဆိုတာတွေကိုသိမြင်လောက်ပြီ ထင်ပါတယ်။
OSI(7) Layers ရဲ့ပေါ်ပေါက်လာပုံ နဲ့ ဘာကြောင့် ပေါ်ပေါက်လာရတယ်ဆိုတာတွေကို သိရပြီးမှတော့ အဲဒီ Layers (၇) ခုအကြောင်းကိုကော ပိုပြီးမသိချင်ကြဘူးလား။ သိချင်တယ်ဆိုရင်တော့ ကျွန်တော် တတ်နိုင်သလောက်ကြိုးစားပမ်းစား ရှင်းပြ ထားတာလေးတွေကို ဆက်ပြီးဖတ်လိုက်ပါဦးနော်။
အရင်ဆုံး Layers (၇) ခု ရဲ့နာမည်လေးတွေကို အရင်ပြောပြမယ်နော်ဟုတ်ပြီလား။ သေသေချာချာလေးမှတ်သားထားမယ် ဆိုရင်တော့ပိုကောင်းတာပေါ့နော်။ Networking ကိုစိတ်ဝင်စားတယ်ဆိုတဲ့ လူတစ်ယောက်အနေနဲ့ ဒီ OSI Layers (၇) ခုဟာ ဘာတွေလဲဆိုတာလောက်တော့အနည်းဆုံး သိထားသင့်တယ်ဗျ။ ကဲကဲ မှတ်ထားလိုက်ကြနော်။
(၇) Application Layer
(၆) Presentation Layer
(၅) Session Layer
(၄) Transport Layer
(၃) Network Layer
(၂) Data Link Layer  နဲ့
(၁) Physical Layer  တို့ပဲဖြစ်ပါတယ်။
အဲ ကျွန်တော်က User နဲ့အနီးစပ်ဆုံး Layer ကနေစပြီး ရေးလိုက်တော့ Application Layer ကထိပ်ဆုံး ရောက်သွားတယ်။ ဒါပေမယ့် Network အခေါ်အဝေါ် အရဆိုရင်တော့ Application Layer ဟာ Layer (၇)ပါ။ အောက်ဆုံးက Physical Layer ကတော့ Layer(၁)ပါ။ အဲဒါလေးကိုလဲမရောထွေးစေဘဲ သေသေချာချာ မှတ်သားထားဖို့ သတိပေးလိုက်ပါရစေနော်။ နောင်မှာ Layer နံပါတ်နဲ့ ပြောကြရေးကြတာတွေကို တွေ့တဲ့အခါ ရှုပ်ထွေးကုန်မှာ စိုးလို့ပါ။ ကျွန်တော်ကတော့ User နဲ့အနီးစပ်ဆုံး Layer ကနေပဲအစဉ်လိုက် တစ်ခုစီ ရှင်းပြသွားပါမယ်။ သေသေချာချာလေး ခေါင်းကိုအေးအေးဆေးဆေးထားပြီး တွေးလိုက်ငေးလိုက်(အဲလေ) တွေးလိုက်ဖတ် လိုက် နဲ့တွေးတွေးပြီး ဖတ်ပြီးသမျှကို နားလည်အောင် စဉ်းစားပါနော်။ နားလည်သွားရင်လည်း တစ်ခါတည်းသာ မှတ်သားထားလိုက် ပါနော်။ Networking နဲ့ပတ်သက်တဲ့ ပစ္စည်းကိရိယာအားလုံးဟာ OSI Layers(၇)ခု နဲ့ကင်းကွာလို့မရနိုင်ပါဘူး။ ဒီ OSI Layers(၇)ခု ပေါ်မှာပဲအခြေခံပြီး အလုပ်လုပ်ကြတာမို့ Network သမားတစ်ယောက် အနေနဲ့ ဒီ OSI Layers(၇)ခု အကြောင်းကို အနည်းဆုံး အကြမ်းဖျင်းလောက်တော့နားလည် ထားသင့်ပါတယ်။
အရင်ဆုံး Layer(၇)ခုတစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီး အလုပ်လုပ်ပုံကို အပေါ်ယံမြင်နိုင်အောင် ပုံဆွဲပြလိုက်ပါတယ်။ ပုံထဲမှာ Computer A ကနေ Computer B ကို Data Packet သို့မဟုတ် Message တစ်ခုပို့လိုက်တယ်ပေါ့ဗျာ။ အဲဒီ Computer A ကပို့လိုက် တဲ့ Message ကို Computer B ဆီကိုတန်းတန်းမတ်မတ် စိတ်ချရတဲ့အနေအထား (Message အစစ်အမှန်အပြည့်အစုံ) နဲ့ ရောက်ရှိ သွားနိုင်ဖို့အတွက် OSI Layers(၇)ခုလုံးဟာ တစ်ခုနဲ့တစ်ခု အဆင့်ဆင့် လက်ဆင့်ကမ်း ပူးတွဲဆောင်ရွက်သွားကြတာပါ။ အဲဒီလို တစ်ခုနဲ့တစ်ခု အဆင့်ဆင့် ပူးတွဲဆောင်ရွက်ကြပုံကြောင့် OSI(7) Layers ကို တစ်ခါတစ်ရံမှာ Protocol Stacks လို့လဲ ခေါ်ကြပါတယ်။











ကဲကဲ အပေါ်ယံ လေ့လာကြည့်ပြီးရင်တော့ အသေးစိတ်ဆက်ပြီး လေ့လာကြတာပေါ့။ ပထမဦးဆုံးအနေနဲ့ လေ့လာရမှာက တော့ Application Layer(Layer 7) ပါပဲ။ Application Layer ကဘာတွေလုပ်သလဲ။ပြောရရင်တော့ သူက Layer(၇)ခုလုံးမှာ User နဲ့ အနီးစပ်ဆုံး Layer ပါပဲ။ User တစ်ယောက် Network Connection အသုံးပြုပြီး Data တွေကိုဟိုဘက်တခြား User တစ်ယောက်ဆီကို ပို့ဖို့ ဒါမှမဟုတ် ဟိုဘက်ကပို့လိုက်တဲ့ Data တွေကို ပြန်လည်မြင်တွေ့ အသုံးချနိုင်အောင်လို့ လိုအပ်တဲ့ Services တွေ Application တွေ အားလုံးဟာ ဒီ Layer မှာ အကျုံးဝင်ကြပါတယ်။ ဥပမာ Electronic Mail တို့၊ File Transfer တို့၊ Remote Job Entry တို့ စတဲ့ Service တွေပေါ့။ ပြောရရင် Application Layer ဟာ User တွေကို သူတို့ ပို့ချင်တဲ့ Data အမျိုးအစားတွေအလိုက် သူတို့ပို့ချင်တဲ့ ပုံစံအနေအထားအတိုင်း လွယ်လွယ်ကူကူနဲ့ Network Connection ပေါ် တင်ပေးနိုင်အောင် ကူညီပံ့ပိုးပေးပါတယ်။ Network Connection ကိုဖြတ်သန်းပြီး လက်ခံမယ့်သူဘက်အခြမ်းကို ရောက်သွားရင်လည်း ဒီဘက်ကပို့လိုက်တဲ့ Data အမျိုးအစားကို လိုက်ပြီး လက်ခံသူအဆင်ပြေစွာနဲ့ အဲဒီ Data တွေကိုလက်ခံယူနိုင်အောင်၊ ပြန်လည်အသုံးချနိုင်အောင် လိုအပ်တဲ့ Service တွေနဲ့ကူညီပေးပြန် ပါတယ်။ ဘယ်လိုသဘောမျိုးလဲဆိုတော့ Interface တစ်ခုလိုသဘောထားမယ်ဆိုရင်လည်းရပါတယ်။ကျွန်တော်တို့အနေနဲ့ကွန်ပျူတာ ထဲမှာ စာစီစာရိုက်လုပ်ချင်တယ်။ဒါမှမဟုတ်ကျွန်တော်တို့ရေးသားထားတဲ့စာတွေကို ကွန်ပျူတာထဲမှာသိမ်းထားချင်တယ်ဆိုရင် Microsoft Word တို့၊ Adobe PageMaker တို့ဟာ ကွန်ပျူတာနဲ့ ကျွန်တော်တို့ကြားကနေ ကျွန်တော်တို့ကို ကူညီပေးတဲ့ Interface တွေပဲဖြစ်ပါတယ်။ အဲဒီလိုပဲ ကွန်ပျူတာတွေ တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်ပြီး သတင်းအချက်အလက်တွေဖလှယ်တဲ့အခါ ဟိုဘက်ဒီ ဘက် Data တွေ Transfer လုပ်ကြတဲ့အခါ တွေမှာလည်း User တွေနဲ့ Network Connection တွေကြား ပြောရရင်တော့ User နဲ့ အောက်ပိုင်း Layer တွေကြားမှာ Application Layer ဟာ Interface တစ်ခုပါပဲ။ User တွေပို့ချင်တဲ့ သတင်းအချက်အလက်တွေ၊ Data တွေအားလုံးကို အောက်ပိုင်း Layers တွေကနားလည်လက်ခံယူနိုင်ပြီး ဟိုဘက်တခြားကို ဆက်လက်ပို့ဆောင်ပေးနိုင်ဖို့အတွက် Application Layer ကကြားကနေ၀င်ရောက်ပြီး Interface တစ်ခုအနေနဲ့ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ပေးရာမှာ User ပို့လွှတ်မယ့် Data အမျိုးအစားပေါ်မူတည်ပြီး အသုံးပြုတဲ့ Service တွေဟာလည်း အမျိုးမျိုးရှိနေမှာဖြစ်ပါတယ်။ ဒါမှလည်း Data အမျိုးအစားများစွာကို User တွေအခက်အခဲမရှိဘဲ တစ်ဖက်နဲ့တစ်ဖက် Transfer လုပ်နိုင်မှာဖြစ်ပါတယ်။
ဥပမာတစ်ခုနဲ့ပိုရှင်းအောင် ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ တယ်လီဖုန်းဆက်သွယ်ရေးစနစ်နဲ့ ဥပမာပေးချင်ပါတယ်။ အဲဒီမှာ တယ်လီဖုန်းအခွံ (Hand Phone မှာဆိုရင်တော့ HandSet ပေါ့နော်။) ဟာ Application Layer လို့သဘောထားပေးပါ။ အဲဒီဖုန်း ရဲ့နံပါတ်ကတော့ Application Layer ကအသုံးပြုတဲ့ Service ပေါ့နော်။ Data Transfer လုပ်ချင်တယ်ဆိုရင် Network Connection ရှိရမှာဖြစ်သလို အဲဒီဖုန်းဟာလည်း Service ၀င်နေဖို့တော့လိုတာပေါ့နော်။ ကဲဒါဆိုရင် ကျွန်တော်တို့ အဲဒီဖုန်းကို အသုံးပြုပြီးတော့ ကျွန်တော်တို့ရဲ့သူငယ်ချင်းတွေ မိတ်ဆွေတွေဆီကို ဆက်သွယ်လို့ ရနိုင်ပြီပေါ့။ အဲဒီမှာ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ခေါ်ဆိုချင်တဲ့ Phone ရဲ့အမျိုးအစား(GSM လား၊ WCDMA လား၊ CDMA 450 လား ဒါမှမဟုတ် ကြိုးဖုန်းလား) ဆိုတာပေါ်မူတည်ပြီး ကျွန်တော်တို့အသုံးပြုခေါ်ဆိုရတဲ့ ဖုန်းနံပါတ်တွေဟာမတူကြဘူးမဟုတ်လား။ အင်းအဲဒီလိုပါပဲ Application Layer ဟာလည်း ကျွန်တော်တို့အသုံးပြုချင်တဲ့ Data အမျိုးအစားအလိုက် Services တွေအများကြီးတွေနဲ့ ကြားခံ Interface တစ်ခုအဖြစ်ကျွန်တော်တို့နဲ့ အောက်ပိုင်း Layer တွေ ကြားမှာ ကူညီလုပ်ဆောင်ပေးပါတယ်။
ကဲကဲ Application Layer တစ်ခုတည်းကိုရှင်းနေတာတော်တော်တောင်ရှည်နေပြီ။ ဒီလောက်ဆိုရင်လည်း Application Layer အကြောင်းကို တော်တော်လေးသဘောပေါက်လောက်ပြီလို့ ယူဆပါတယ်။ ဒါဆိုရင်အောက်ကနောက်ထပ် Layer တစ်ခုကို ထပ်ပြီးလေ့လာကြတာပေါ့နော်။ နောက်ထပ် Layer တစ်ခုကဘာပါလိမ့်။ မှတ်မိတဲ့လူရှိရင်လည်း ပြောလိုက်ကြပါနော်။ ဘာတဲ့။ ဟုတ်ကဲ့။ Presentation Layer ပါ။ မှန်ပါတယ်။ အားလုံးမှန်ကြပါတယ်။ ကဲကဲဆက်ပြီး လေ့လာလိုက်ကြရအောင်နော်။
Presentation Layer(Layer 6) ကတော့ Application Layer ကနေ စီးဆင်းလာတဲ့ Data တွေကို Network Connection တစ်လျှောက်မှာ သွားလာနိုင်မယ့် Format ပုံစံမျိုးကို ပြောင်းလဲပေးပါတယ်။ အဲဒါကို Encode လုပ်တယ်လို့ခေါ်ပါတယ်။ ဒါ့အပြင် Security ပိုင်းစိတ်ချရစေရန်အတွက်လိုအပ်တဲ့ Encryption တွေကိုလည်းလုပ်ပေးပါတယ်။ ပြီးတော့ပမာဏကြီးမားစွာဖောင်းပွနေတာ မျိုးမဖြစ်အောင် လိုအပ်တဲ့ Compression လုပ်ဆောင်မှုအပိုင်းလေးတွေလည်း လုပ်ဆောင်ပေးပါတယ်။ ဒါကပို့တဲ့ဘက်ကပေါ့နော်။ လက်ခံမယ့်ဘက်ရောက်တဲ့အခါကျတော့ ပုံမှန်အရွယ်ပမာဏပြန်ဖြစ်အောင် မှန်မှန်ကန်ကန် Decompression လုပ်ပေးပါတယ်။ မှန်ကန်သော Encryption နည်းလမ်းများနဲ့ Decryption ပြန်လုပ်ပေးပါတယ်။ ပြီးရင်တော့ သင့်တော်တဲ့ Format တစ်ခုနဲ့ Data တွေ ကိုပြန်ပြီး Decode လုပ်ပေးပါတယ်။ Application Layer ကနားလည်လက်ခံနိုင်မယ့် Format မျိုးနဲ့ပေါ့။ ဒါမှလည်း Application Layer က User တွေကို Data တွေပြန်လည်ပြသပေးနိုင်မှာဖြစ်ပါတယ်။
အင်းအဲဒီလိုလုပ်ဆောင်တဲ့နေရာမှာ Application Layer မှာတုန်းကလိုပဲနည်းစနစ်အမျိုးမျိုးရှိပါတယ်။ Encodeလုပ်တဲ့နေရာ မှာနဲ့ Decode လုပ်တဲ့နေရာမှာဆို သုံးရတဲ့ Mechanism တွေက ပို့တဲ့ဘက်အခြမ်းမှာ နဲ့လက်ခံမယ့်ဘက်အခြမ်းမှာတောင် တူချင်မှတူ ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ ဒီဘက် Computer A(Sender) ကသုံးတဲ့ Character Set(ကွန်ပျူတာကသုံးတဲ့ Data Representation စနစ်) နဲ့ဟိုဘက်က Computer B(Receiver) ကသုံးတဲ့ Character Set နဲ့က တူချင်မှတူမှာမို့ပါ။ဥပမာ Computer A က ASCII Code (American Standard Code for Information Interchange) ကိုအသုံးပြုပြီး သူ့ရဲ့စက်မှာ Data တွေကိုသိမ်းပေမယ့် Computer B ကတော့ EBCDIC (Extended Binary Coded Decimal Interchange Code) ကိုသုံးချင်သုံးပါလိမ့်မယ်။ဒါဆိုရင် Presentation Layer ဟာပို့တဲ့ဘက် Sender ဘက်မှာ ASCII Coded Data တွေကို Network Connection ပေါ်မှာသွားလာမယ့် Format မျိုးအဖြစ်ပြောင်း လဲပေးရပြီးလက်ခံမယ့်ဘက်မှာတော့ Network Connection ပေါ်ကလာတဲ့ Data တွေကို EBCDIC Coded Data တွေအဖြစ်ပြန်လည် ပြောင်းလဲပေးရပါတယ်။ ဒါဟာ Presentation Layer ရဲ့အဓိကလုပ်ဆောင်ချက်ပါပဲ။
နောက်ပိုင်း Network Connection တွေပေါ်ကနေ Data တွေကို အပြန်အလှန် Transfer လုပ်ကြရာမှာ Security ပိုင်းဟာ လည်းစဉ်းစားစရာ အချက်တစချက် ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် Data တွေကို Transfer လုပ်တဲ့နေရာမှာ ဟိုးအရင်လိုဒီအတိုင်းပုံမှန် အတိုင်း ပေးပို့ရာကနေ Encryption လုပ်ပြီးမှသာ Transfer လုပ်လာကြပါတယ်။ အဲဒီလို Encryption လုပ်တဲ့နေရာမှာတော့ဟိုဘက် နဲ့ဒီဘက်နှစ်ဘက်စလုံးမှာတူညီတဲ့လိုက်ဖက်ညီတဲ့စနစ်တစ်ခုကိုပဲသုံးကြပါတယ်။ Encoding နဲ့ Decoding တို့မှာလိုဟိုဘက်ဒီဘက်ကွဲ ပြားတဲ့ Mechanism မရှိတော့ဘူးလို့ ဆိုချင်တာပါ။အဲဒီလို Encryption Decryption လုပ်ဆောင်ချက်တွေဟာလည်း Presentation Layer မှာပဲလုပ်ဆောင်ကြတာပါ။ ပြီးတော့ Network Connection ပေါ်ကနေ Data တွေ Transfer လုပ်ကြရာမှာ ကျွန်တော်တို့အနေ နဲ့ Connection Bandwidth ကိုလဲမမေ့ထားသင့်ပါဘူး။ ဒီတော့ Data တွေ ဟိုဘက်ပို့ချင်တဲ့နေရာဆီကို မြန်မြန်ရောက်သွားဖို့ဆိုတာ ဟာ Data ရဲ့Size ပမာဏပေါ်မူတည်ပါတယ်။ Size သေးလေပိုမြန်လေပဲပေါ့။ ဒီတော့ Data တွေကိုပုံမှန် Size အတိုင်းပို့မယ့်အစား Compression လုပ်ပြီးမှပဲ ပို့ကြပါတယ်။အဲဒီလို Compression လုပ်ထားတဲ့ Data ကိုဟိုဘက် Destination (Computer B)ဆီရောက် တဲ့အခါ Decompression လုပ်ပြီးပုံမှန် Size ပြန်ရအောင်လုပ်ပါတယ်။ ဒီနေရာမှာတော့ Compression လုပ်တဲ့နည်းစနစ်နဲ့ Decompressionလုပ်တဲ့နည်းစနစ်တို့တူညီမှသာမှန်ကန်တဲ့ Data ကို မှန်ကန်တဲ့ Original Size အနေအထားပြန်ရမှာပါ။ အဲဒီလို Data Compression တွေ Decompression တွေအားလုံးဟာလည်း Presentation Layer မှာလုပ်ဆောင်ကြပါတယ်။
Session Layer(Layer 5) ကတော့ Data တွေ Transfer လုပ်ဖို့အတွက်ဟိုဘက်နဲ့ဒီဘက်ကြားထဲမှာ Connection တစ်ခုကို အစပြုဖြစ်ထွန်းစေပါတယ်။ Logical Connection ပေါ့နော်။ပြီးရင်အဲဒီ Connection လေးကို Data တွေ Transferလုပ်တာမပြီးသေးခင် အထိ ထိန်းသိမ်းထားပါတယ်။ Presentation Layer ကနေတဆင့်လက်ခံရရှိလာတဲ့ Data တွေကိုလည်းအဲဒီ Connection ပေါ်မှာ အဆင်ပြေပြေသွားနိုင်အောင်သင့်တော်တဲ့အပိုင်းလေးတွေအဖြစ်ပိုင်းပေးတာကိုလည်းလုပ်ဆောင်ပါသေးတယ်။အဲဒီလိုအပိုင်းလေးတွေ ပိုင်းတဲ့နေရာမှာအပိုင်းလေးတွေရဲ့ Size ပမာဏဟာရရှိနိုင်မယ့် Network Connection ပေါ်မှာမူတည်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့ Logical Connection ဆိုတာလေ။ ဒါပေမယ့် Connection ရဲ့ Speed နဲ့ Bandwidth ပေါ်မှာမူတည်တာတော့မဟုတ်ပါဘူး။ အဲဒီ Connection ရဲ့အသုံးပြုထားတဲ့နည်းပညာပေါ်မှာသာမူတည်တာပါ။ အပိုင်းတစ်ပိုင်းမှာ ဘယ်လောက် Bytes ရှိမယ်ဆိုတာဟာအဲဒီ Connection တစ်လျှောက်လုံးကကြားခံ မီဒီယာကြိုးတွေ၊ Network Card တွေ၊ Swithch တွေ၊ Router တွေ နဲ့ Protocols တွေပေါ်မှာ သာမူတည်မှာပါ။ ဆိုလိုတာက Ethernet လား၊ ISDN လား၊ ATM လား ဆိုတာတွေပေါ့။ ဒါတွေအားလုံးကို Session Layer ကလေ့လာ မှတ်သားပြီး Computer A နဲ့ Computer B ကြားမှာ Logical Connection လေးတစ်ခုကို စတင်ချိတ်ဆက်လိုက်ပါတယ်။ အဲဒီ Connection တစ်လျှောက်လုံးမှာဘယ်လောက် Size ပမာဏရှိတဲ့ Data Packet တွေသွားရင်အဆင်ပြေမယ်ဆိုတာကို သတ်မှတ်ပြီး Decision ချပါတယ်။ အဲဒီ Decision နဲ့အညီ Data တွေကို အပိုင်းလေးတွေပိုင်းပါတယ်။ အဲဒီလို ပိုင်းတဲ့အခါအပိုင်းလေးတွေတိုင်းမှာ လိုအပ်တဲ့ Information လေးတွေကိုလည်း တခါတည်းပေါင်းထည့်ပေးပါတယ်။ ဒီအပိုင်းလေးဟာ နံပါတ်ဘယ်လောက်ဖြစ်ပါတယ် ဆိုတာမျိုးပေါ့။ ဒါမှလည်းဟိုဘက်လက်ခံမယ့် Receiver ဘက်မှာ ပြန်ပြီးစုစည်းတဲ့အခါအစီအစဉ်အလိုက်မှန်မှန်ကန်ကန် စုစည်းနိုင် တော့မှာပေါ့။ အဲဒီလိုပိုင်းထားတဲ့ Data အပိုင်းလေးတွေကို အောက်ပိုင်း Layer တွေဆီကို ပို့ဆောင်လက်ဆင့်ကမ်းပေးပြီး ဟိုဘက်လို ချင်တဲ့ နေရာဆီကို ရောက်အောင်ဆက်လက်ပို့ဆောင်စေပါတယ်။ ဟိုဘက် Session Layer ကလည်းလက်ခံရရှိလာတဲ့ Data အပိုင်း လေးတွေကို နဂို Data ပြန်ရအောင်အစီအစဉ်အလိုက်ပြန်လည်ထုပ်ပိုးပါတယ်။ နဂိုမူရင်း Data ကိုရရှိပြီဆိုတော့မှ Presentation Layer ကိုပြန်လည်ပို့ဆောင်ပေးပါတယ်။ အဲဒီလို Data ကိုအပိုင်းလေးတွေပိုင်းတာ၊ ပြန်လည်စုစည်းတာဟာ Session Layer ရဲ့အဓိက လုပ်ဆောင်မှုဖြစ်ပါတယ်။ Logical Connection တစ်ခုအစပြုတည်ဆောက်တာဟာလည်းအဲဒီလို Data တွေပိုင်းတဲ့လုပ်ဆောင်မှုကို ထောက်ပံ့မှုရစေဖို့အတွက်ပဲဖြစ်ပါတယ်။ Logical Connection တစ်ခုတည်ဆောက်လိုက်ခြင်းဖြင့် Session Layer ဟာ တကယ့် Network Connection ပေါ်မှာ Data Transfer အဆင်ပြေပြေလုပ်လို့ရနိုင်မယ့် အခြေအနေတစ်ခုကို တိတိကျကျ သိရှိရအောင် စုံစမ်း လိုက်ခြင်းပဲဖြစ်ပါတယ်။ ဒါမှလည်း Data တွေကို ပိုင်းတဲ့အခါမှာ Network Connection ပေါ်မှာ ရနိုင်မယ့်အခြေအနေ၊ Services တွေ နဲ့ အဆင်ပြေအောင်ကောင်းမွန်စွာ ပိုင်းထုတ်နိုင်မှာဖြစ်ပါတယ်။ ကဲဒီလောက်ဆိုရင်တော့ Session Layer အကြောင်းကို တွေးမြင် သဘောပေါက်လောက်ပြီလို့ထင်ပါတယ်။
Transport Layer(Layer 4) ကတော့ကျွန်တော်တို့ Data တွေအပြန်အလှန်ဖလှယ်ကြရာမှာစိတ်ချရတဲ့အနေအထားမျိုးနဲ့ Transfer လုပ်နိုင်အောင်လုပ်ဆောင်ပေးပါတယ်။ဘယ်လိုလုပ်ဆောင်ပေးလဲဆိုတော့ခုနက Session Layer ကနေအပိုင်းလေးတွေ ပိုင်းပြီးလက်ဆင့်ကမ်းပေးလိုက်တဲ့Data အပိုင်းလေးတွေကို (Data Packet လေးတွေပေါ့ဗျာ။) သူက Additional Information လေး တွေထပ်ထည့်ပေးလိုက်ပါတယ်။ဘာ Information လေးတွေလဲဆိုတော့ ပိုပြီးတိကျတဲ့ Packet Information လေးတွေ ဆိုလိုတာက ဒီ Packet မှာ Data ကဘယ်လောက် Bytes ပါတယ်၊ တခြား Information တွေလည်း ဘယ် Information ကဖြင့်ဘယ်လောက် Bytes ပါတယ် စသဖြင့်ပေါ့ဗျာ။ အဲဒီလို Information လေးတွေအပြင် Packet တိုင်းမှာ Error Control လေးတွေလည်းထပ်ထည့်ပေး သေးတယ်ဗျ။ အဲဒီ Error Control လေးတွေကတော့ နည်းစနစ်အမျိုးမျိုးနဲ့ အများကြီးရှိပါတယ်။ သူတို့အားလုံးကဒီ Packet ကိုလမ်းမှာ တခြားလူတစ်ယောက်ကခိုးယူပြီး Data တွေပြင်ပေးလိုက်သလား၊ ဒါမှမဟုတ် Connection တစ်နေရာမှာချို့ယွင်းချက်တွေရှိလို့ Data တွေတစ်စိတ်တစ်ပိုင်းများ Lost ဖြစ်နေသလားဆိုတာသိနိုင်တဲ့ သင်္ချာဆိုင်ရာတွက်ချက်မှု ပုံစံမျိုးလေးတွေပါ။ တွက်ချက်ပုံနည်းလမ်းကို လိုက်ပြီးအမျိုးအမည်အများကြီးရှိပါတယ်။ဒီတော့ကာ ဒီ Error Control ကိုကြည့်ပြီးတော့ Receiver ဘက်မှာ Data ဟာ Original Data ဟုတ်မဟုတ်ဆိုတာကို ချက်ချင်းသိနိုင်တာပေါ့။တကယ်လို့လက်ခံရရှိထားတဲ့ Packet ဟာ Original Packet မဟုတ်ဘူးဆိုရင်လဲ အဲဒီ Packet တစ်ခုတည်းကိုချက်ချင်း Sender ဘက်က Transport Layer ကထပ်ပြီးပို့ပေးပါတယ်။ဒါကြောင့် Transport Layer ဟာ Data Transfer အစမှအဆုံးတိုင် Data Packet တစ်ခုချင်းစီအတိုင်းအတာအထိစိတ်ချရတဲ့ Data Transferring ဖြစ်စေဖို့အတွက် တာဝန်ယူလုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် Transport Layer နောက်ထပ်လုပ်ဆောင်ပေးတာကတော့ Data Transfer Speed ကို Control လုပ်ပေးတာပါပဲ။ Data Packets တွေကို Network Connection ပေါ်ကိုတင်ပို့ပေးတဲ့အခါမှာ ဟိုဘက်က လက်ခံမယ့် Receiver ဘက်က Switch တွေ၊ Network Card တွေကလက်ခံနိုင်မယ့် Speed အတိုင်းလိုက်လျောညီထွေဖြစ်အောင် ထိန်းချုပ်ပေး ပါတယ်။ဒါပေမယ့် အဲဒီ Connection က Direct Connection (Sender နဲ့ Receiver တို့ဟာ Network တစ်ခုတည်းအတွင်းမှာပဲ ရှိနေရင်လို့ဆိုလိုတာပါ) ဆိုရင်တော့ ဒီကိစ္စဟာ မသိသာပါဘူး။အဲဒါပေမယ့် Indirect Connection (Sender နဲ့ Receiver ကြားမှာ Network တွေအများကြီး ခြားရင်ခြားနေမယ်၊ဒါမှမဟုတ် Internet ပေါ်ကဖြတ်သွားရတာမျိုးလည်းဖြစ်ရင်ဖြစ်နေမယ်၊ဆိုလိုတာက တော့ Sender ကနေ Receiver ဆီကိုသွားမယ့် Data Packets တွေဟာကြားမှာ Router တို့ Gateway တို့လို High Performance Networking Device တွေအဆင့်ဆင့်ကို လက်ဆင့်ကမ်းဖြတ်ကျော်သွားရတာမျိုးကိုပြောတာပါ။) ဆိုရင်တော့ Transport Layer ရဲ့ လုပ်ဆောင်ချက်ကအရေးပါပါတယ်။သူဟာလမ်းတစ်လျှောက်လုံးမှာ Data Packets တွေကိုဘယ်နေရာကနေဘယ်နေရာ အတိုင်းအတာအထိကိုတော့ဘယ်လောက် Speed နဲ့သွားရမယ်၊ဘယ်နေရာကျရင်တော့ဘယ်လောက် Speed နဲ့သွားရမယ်ဆိုတာကို မှတ်သားလေ့လာဆုံဖြတ်ပြီးတော့ ထိန်းချုပ်ပေးပါတယ်။ ဒါကို Flow Control လုပ်ဆောင်တယ်လို့ခေါ်ပါတယ်။ဒါမှသာ Data တွေဟာ ကြားထဲမှာ Bottle Neck ပြဿနာလို တစ်ခုနဲ့တစ်ခု အထပ်ထပ် ထပ်မိပြီး ပျောက်ဆုံးပျက်ဆီးသွားတာတို့၊Packetsတစ်ခုနဲ့တစ်ခုကြား Time Limits တန်ဖိုးတစ်ခုလောက်အထိကွာဝေးအဆက်ပြတ်သွားတာတို့ မဖြစ်နိုင်တော့ဘူးပေါ့နော်။ ဒါကြောင့် Transport Layer ရဲ့ လုပ်ဆောင်မှုတွေကိုအနှစ်ချုပ်ပြီး Reliable End-to-End Error Recovery and Flow Control လုပ်ပေးနိုင်တယ်လို့ပြောနိုင်ပါတယ်။ ဒီလောက်ဆိုရင်တော့ Transport Layer အကြောင်းကို တော်တော်လေး သဘောပေါက်လောက်ပြီလို့ထင်ပါတယ်။
ကဲ ကျွန်တော်တို့ နောက်ထပ် Layer တစ်ခုကို ထပ်ပြီး လေ့လာကြည့်ရအောင်။ ကျွန်တော်တို့အခုလေ့လာမယ့် Layer ကတော့ Network Layer (Layer 3) ပဲဖြစ်ပါတယ်။ အရင်ဆုံးကျွန်တော်တို့တစ်တွေ Network Layer ကဘာလဲဆိုတာကစပြီးစဉ်းစား ရအောင်။ မြန်မာလိုပဲတွေးကြည့်ဗျာ။ Network ဆိုတာကွန်ယက်တွေ၊ ကွန်ပျူတာတွေ တစ်လုံးနဲ့တစ်လုံးချိတ်ဆက်ထားတယ်ဆိုတဲ့ အဓိပ္ပယ်ဟုတ်လား။ အဲဒီလိုပဲ Network Layer ဟာလည်း Sender နဲ့ Receiver ကြားမှာ Connection အဓိကချိတ်ဆက်ပေးတဲ့အလုပ် ကိုလုပ်ဆောင်ပါတယ်။ ဘယ်လို လုပ်ဆောင်ပေးတာလဲ။ ဟုတ်ကဲ့။ မတူညီတဲ့ Network တွေကြားမှာ ချိတ်ဆက်ပေးတာပါ။ (ဥပမာ Routers တို့ Gateway တို့လိုပေါ့။) Network Layer ရဲ့လုပ်ဆောင်မှုဟာလည်းအပေါ်က Transport Layer ရဲ့ Flow Control လုပ်ဆောင်မှုလိုပဲ Direct Connection တွေမှာတော့ သိပ်မသိသာ သိပ်အရေးမပါလှပါဘူး။ But ဒါပေမယ့်ပေါ့နော် Indirect Connection တွေမှာတော့ သိပ်ပြီးအရေးပါလှပါတယ်။ မတူညီတဲ့ Network ဆိုတာမျိုးကဘာကိုပြောတာလဲဆိုတော့နှစ်မျိုးရှိပါတယ်။ ပထမ တစ်မျိုးက Network Architecture တူပြီး Network Address တွေ Class မတူတာ Subnet မတူတာမျိုးပါ။ နောက်တစ်မျိုးက Network Architecture ကိုမတူတာပါ။ ပထမတစ်မျိုးမှာ အရင်ကြည့်ရအောင်။ ကျွန်တော်တို့တွေအနေနဲ့ IP Address တွေ အကြောင်းကို အနည်းငယ် သိထားဖို့တော့လိုပါမယ်။ IP Address ဆိုတာက TCP/IP Protocol ကိုသုံးတဲ့ Network တွေမှာ ကွန်ပျူတာတွေကို သတ်မှတ်ထားတဲ့ Logical Address တွေပါ။ တစ်လုံးနဲ့တစ်လုံး လုံးဝတူလို့မရပါဘူး။ အဲဒီ IP Address တွေမှာ အဓိက အသုံးပြုတာ Class (၃) မျိုး ရှိပါတယ်။ Class (၁)ခုအတွင်းမှာ အကျုံးဝင်တဲ့ Address တွေနဲ့တခြား Class တွေမှာ အကျုံးဝင်တဲ့ Address တွေဟာ Network မတူပါဘူး။ Class တစ်ခုအတွင်းမှာ အကျုံးဝင်နေတဲ့ Address တွေကိုတောင် သီးခြားအစု လိုက်အစုလိုက် Network လေးတွေပြန်ခွဲနိုင်ပါသေးတယ်။ Subnet ကွဲတယ်လို့လဲပြောနိုင်ပါတယ်။(အသေးစိတ်ကိုတော့ IP Subnetting မှာလေ့လာလိုက်ပါနော်။ကျွန်တော်ကတော့ လိုသလောက်ပဲပြောသွားပါမယ်။) အဲဒီတော့ အဲဒီလိုမတူညီကြတဲ့ Network တွေဟာ Cable တွေနဲ့ဆက်သွယ်ထားပေမယ့် တစ်ခုနဲ့တစ်ခု Connection မရနိုင်ပါဘူး။ Data Transfer မလုပ်နိုင်ဘူးပေါ့ဗျာ။ အဲဒီလို အခါမျိုးမှာ Network Layer က၀င်ပြီးတော့ သူတို့တွေကြားမှာ ချိတ်ဆက်ပေးပါတယ်။ ဒါမှလဲ သူတို့အချင်းချင်း Data Transfer လုပ်လို့ရသွားပါတယ်။ အဲဒါကိုကျွန်တော်တို့အနေနဲ့ Routing လုပ်တယ်လို့ခေါ်ပါတယ်။ နောက်တစ်မျိုးဖြစ်တဲ့ Network Architecture ကိုမတူတဲ့ Network တွေကြားမှာလည်း Network Layer ဟာသူတို့အချင်းချင်းကြားမှာဝင်ရောက်ချိတ်ဆက်ပေးပါတယ်။ Data Transfer လုပ်လို့ရနိုင်အောင်လို့ပါ။ အဲဒီမှာ တစ်ခုတော့ ပြောချင်ပါတယ်။ သူက Connection ရအောင်ပဲလုပ်ပေးတာပါ။ အဓိက ကတော့ Data Packet တွေကို ပို့နိုင်အောင် လက်ခံနိုင်အောင် သူကကြားဝင်တံတားထိုးပေးတဲ့သဘောမျိုးပါပဲ။ ပြောရရင်တော့ Only for Routing and Data Transmission ပါပဲ။ တခြားလိုအပ်တဲ့ Data ကို Processing လုပ်နိုင်အောင် နားလည်အောင် လုပ်ဆောင်ပေး ရတာတွေကတော့ အပေါ်ပိုင်း Layer တွေရဲ့ တာဝန်ပါ။သူနဲ့မဆိုင်ပါဘူး။
Network Layer ရဲ့အရေးပါတဲ့နောက်ထပ်လုပ်ဆောင်မှုတစ်ခုရှိပါသေးတယ်။ ခုနက ကျွန်တော်ပြောခဲ့သလိုပဲမတူညီတဲ့ Network တွေကြားမှာ ၀င်ရောက်တံတားထိုးပေးတဲ့သဘော Network Layer ကလုပ်ဆောင်ပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့နေရာမှာ တံတားတစ်စင်းပဲထိုးလို့ရတယ်။ တခြားနေရာကသွားစရာလမ်းမရှိတော့ဘူး။ဒီတစ်လမ်းပဲရှိတော့တယ်ဆိုရင်တော့သိပ်မသိသာပါဘူး။ ဒါပေမယ့် တခြားသွားလို့ရတဲ့လမ်းတွေလည်းရှိတယ်။ အဲဒီလမ်းတွေဟာလည်း Data Packets တွေကို Receiver (Destination )ဆီကို ရောက်စေနိုင်တယ်ဆိုရင် အဲဒီလမ်းတွေမှာလည်းတံတားတွေထိုး လိုက်ပြီး Data Packets တွေကို တစ်လမ်းတည်းက တစ်စုတစ်ဝေးတည်းမသွားစေတော့ဘဲ အဖွဲ့တွေခွဲပြီး တခြားလမ်းတွေကပါဖြန့်ပြီးသွားခိုင်းပါတယ်။ ဒါဟာ Data Transfer Speed ကိုအများကြီး တိုးတက်စေပါတယ်။ အဲဒါမျိုးဟာ Internet လိုအများသုံး Network ကြီးတွေ (လမ်းကြောင်းတွေအများကြီးအပြန်အလှန်ချိတ်ဆက်ထားကြတဲ့ Network အစုအဝေးတွေမှာပေါ့။) ပေါ်ကနေ Data Transfer လုပ်တဲ့အခါမှာ သိပ်အရေးပါပါတယ်။ ဒါပေမယ့်အဲဒီလို လမ်းကြောင်းတွေခွဲတဲ့အခါမှာ Network Layer ဟာရောက်ရင်ပြီးရောဆိုပြီးတော့ ပြီးပြီးရောပို့တာမျိုးတော့မဟုတ်ပါဘူး။ အရင်ဆုံး Sender ဘက် Network Layer ကသူနဲ့ချိတ်ဆက်ထားသမျှ Network လမ်းကြောင်းတွေတစ်လျှောက် Message တစ်ခုစီကို Time Limit တစ်ခုနဲ့ ချိန်ပြီးပို့လိုက်ပါတယ်။ အဲဒီ Message တွေထဲကမှ Time Limit မကုန်မီရောက်လာတဲ့ Message တွေကိုတော့ လာရာလမ်းအတိုင်း Receiver ဘက် Network Layer ကပြန်ပြီး အကြောင်းကြားစေပါတယ်။ Acknowledgement ပြန်တယ်ပေါ့ဗျာ။ Time Limit ကုန်တဲ့ အထိ Receiver ဘက်ကိုမရောက်သေးတဲ့ Message တွေကိုတော့ Time Limit ကုန်ပြီဆိုတာနဲ့ သက်ဆိုင်ရာ ရောက်ရှိနေတဲ့ Network ကသူ့ဘာသာ Auto ဖျက်ချလိုက်ပါတယ်။ Sender ဘက်ကိုလည်း ပြန်အကြောင်းကြားမှု ရောက်မလာတော့ဘူးပေါ့။ အဲဒီလို ဖြစ်ပြီဆိုတော့မှ ခုနက အကြောင်းကြားမှုပြန်ရတဲ့လမ်းကြောင်းတွေအတိုင်း Network Layer ကလိုက်ပြီး တံတားထိုး (Route လုပ်တယ်ပေါ့ဗျာ) ပါတယ်။ ပြီးတာနဲ့ Data Transfer လုပ်နိုင်ဖို့ အောက်ပိုင်း Layer တွေဆီ လက်ဆင့်ကမ်းပို့ဆောင်ပါတယ်။ ကဲဒီလောက်ဆိုရင် Network Layer ရဲ့လုပ်ဆောင်ပုံတွေကို နားလည် သဘောပေါက်လောက်ပြီ လို့ထင်ပါတယ်။
ကဲနောက်တစ်ဆင့်ကတော့ Data Link Layer (Layer 2) ပါ။ Data Link Layer ရဲ့အဓိကလုပ်ဆောင်ချက်ကတော့ အပေါ် Layer တွေဆီကလက်ခံရရှိလာတဲ့ Data Packet လေးတွေကို Network Connection တစ်လျှောက်မှာ သွားလာနိုင်မယ့် Data Frame အဖြစ်ပြောင်းလဲပေးပါတယ်။ အဲဒီ Data Frame ပေါ်မှာလိုအပ်တဲ့ Information တွေလည်းထပ်ထည့်ပါတယ်။ ပြီးတော့ Data တွေ ကိုလည်း အောက်က Physical Layer ကလက်ခံနားလည်ပြီး Network Connection ပေါ်တင်ပို့ပေးနိုင်အောင်လို့ Raw Bits တွေအဖြစ်ပြောင်းလဲပေးပါတယ်။ Data Link Layer ရဲ့အဓိကနောက်ထပ်လုပ် ဆောင်ချက် တစ်ခုကတော့ Sender နဲ့အနီးစပ်ဆုံး လက်ခံမယ့် Receiver( Destination Receiver အစစ်မဟုတ်သေးတဲ့ကြားကလက်ဆင့်ကမ်းပေးမယ့်သူကိုပြောတာပါ) ကြားထဲက Data သွားမယ့် Network Connection ဟာ Clear ဖြစ်နေလား၊ Data သွားမယ်ဆိုရင် Collision ဖြစ်နိုင်လားဆိုတာတွေကို လေ့လာစစ်ဆေးပြီး စိတ်ချရပြီဆိုမှ Data တွေကိုပို့လွှတ်စေပါတယ်။ နောက်တစ်ပိုင်းဖြစ်တဲ့ ခုနကလက်ခံခဲ့တဲ့ Receiver နဲ့ နောက်တစ်ဆင့် Receiver ကြားမှာလည်းအဲဒီလိုစစ်ဆေးပြီး စောင့်သင့်ရင်စောင့်ပြီး စိတ်ချရမှ ပို့စေပါတယ်။အဲဒီလိုလုပ်တာဟာ တကယ့် Destination Receiver အစစ်ဆီကို ရောက်တဲ့အထိပါပဲ။ အဲဒီလိုစစ်ဆေးတဲ့နေရာမှာ ကြားခံ Network ရဲ့သုံးထားတဲ့နည်းပညာပေါ်ကို မူတည်ပြီး စစ်ဆေးပုံစစ်ဆေးနည်းတွေကတော့အများကြီးရှိပါတယ်။ Data Link Layer ကိုထပ်ပြီး (၂)ပိုင်း ပိုင်းနိုင်ပါသေးတယ်။ Logical Link Control (LLC) ဆိုတဲ့ Sublayer နဲ့ Media Access Control (MAC) ဆိုတဲ့ Sublayer တို့ပဲဖြစ်ပါတယ်။ Logical Link Control (LLC) ကတော့ ခုနကပြောခဲ့တဲ့ Collision မဖြစ်အောင်စောင့်ထိန်းပေးတဲ့ကိစ္စမှာ အရင်ဆုံး Data တွေကို မပို့ခင် Nodes နှစ်ခုကြားမှာ (Sender နဲ့အနီးဆုံး Receiver ပဲထားပါတော့ဗျာ) Cable တွေ Card တွေကို Connection ရအောင် လုပ်ပါတယ်။ Logical Link လေးပေါ့ဗျာ။အဲဒီ Link ပေါ်မှာ သွားနိုင်အောင် Data တွေကို အဆင်သင့်ဖြစ်အောင်ပြင်ဆင်ပေးပါတယ်။ Raw Bits တွေဖြစ်လာအောင်ပေါ့။ ဘယ်အပိုင်းက အရင်သွားရမယ်။ ဘယ်အပိုင်းက နောက်ကလိုက်မယ်ဆိုတာကိုလဲ ဆုံးဖြတ်ပေးပါတယ်။ လက်ခံမယ့်ဘက်မှာလည်း Data တွေကို အပေါ် Layer တွေဆီ တင်ပေးနိုင်ဖို့အဆင်သင့်အနေအထားဖြစ်အောင် ပြန်ပြုပြင်ပါတယ်။ Data Frame တွေကိုလည်း အစီအစဉ်တကျပြန်ပြီးစီရတာပေါ့ဗျာ။ အဲနောက်တစ်လွှာဖြစ်တဲ့ Media Access Control ကတော့ LLC Sublayer နဲ့ Physical Layer ကြားမှာ Interface ပုံစံမျိုးလုပ်ပေးပါတယ် LLC Sublayer ဆီက Data Frame တွေကို တစ်ခုချင်းစီရယူပြီး Data Collision ဖြစ်နိုင်မဖြစ်နိုင်စောင့်ကြည့်ကာ မဖြစ်နိုင်ဘူးဆိုရင် Transmit လုပ်ပါတယ်။ Collision ဖြစ်နိုင်တယ်ဆိုရင်ယာယီစောင့်နေ ပါသေးတယ်။ ပြီးတော့လည်း Data Frame တစ်ခုပြီးမှတစ်ခုယူပြီး Transmit လုပ်တာပါ။ လက်ခံမယ့်ဘက်ကတော့ တစ်ခုချင်းစီလက်ခံစစ်ဆေးပြီးပါလာတဲ့ Information တွေနဲ့ကိုက်ညီတယ်ဆိုမှ LLC Sublayer ကိုလက်ဆင့်ကမ်းပေးပါတယ်။ အကယ်၍ ပါလာတဲ့ Information တွေနဲ့ မကိုက်ညီဘူးဆိုရင် အဲဒီ Frame ကိုထပ်ပို့ခိုင်းပါတယ်။ Data Link Layer နဲ့သူရဲ့ Sublayer နှစ်ခုအကြောင်းကို ကောင်းစွာသဘောပေါက် လောက်ပြီလို့ထင်ပါတယ်။
ကဲလာပါပြီ။ နောက်ဆုံး Layer 1 ဖြစ်တဲ့ Physical Layer ပါ။ Physical Layer ကဘာတွေလုပ်ပါသလဲ။ Physical Layer ကတော့ Network Cable ပေါ်မှာ Data တွေကို အမှန်တကယ် Transmission လုပ်နိုင်အောင်လုပ်ဆောင်ပေးပါတယ်။ အပေါ် Data Link Layer ကတဆင့်ရရှိလာတဲ့ Raw Bits Data Frame  တွေကို Cable တွေပေါ်မှာ အမှန်တကယ်သွားနိုင်မယ့် Data Signals များအဖြစ်သို့ပြောင်းလဲပေးပါတယ်။ ပြောင်းလဲတဲ့နေရာမှာ Cable အမျိုးအစားတွေ၊ Card အမျိုးအစားတွေ၊ Connector အမျိုးအစားတွေကိုလိုက်ပြီး တစ်ဘကနဲ့တစ်ဘက် Transfer လုပ်လို့အဆင်ပြေနိုင်မယ့် Signal မျိုးကိုပြောင်းလဲပေးပါတယ်။ Cable တွေ၊ Card တွေ၊ Connector တွေအမျိုးအစား အများကြီးရှိသလို Physical Layer ကပြောင်းလဲပေးရတဲ့ Signal အမျိုးအစားတွေလည်းအများကြီးတော့ ရှိတာပေါ့နော်။ ဥပမာ Digital Signal ၊ Analog Signal တို့ပေါ့။ ပြီးတော့ Signal အမျိုးအစားတစ်ခုချင်းစီအတွက်တောင် ကြားထဲက ချိတ်ဆက်ထားတဲ့ Network Connection ရဲ့နည်းပညာပေါ်မူတည်ပြီး ထုတ်လွှတ်ပုံထုတ်လွှတ်နည်းတွေကွဲပြားပါသေး တယ်။ (ဥပမာ Star လား Ring လား Bus လား) ဒါကြောင့် Physical Layer ဟာတကယ့် Really Physical Media ပေါ်မှာ Data တွေမှန်မှန်ကန်ကန် အဆင်ပြေပြေသွားနိုင်ဖို့အ တွက်ကို လိုအပ်တဲ့ လုပ်ဆောင်မှုတွေဖြစ်တဲ့ Raw Bits Data Frame တွေကို Electric Signal အသွင်ပြောင်းပေးတာတွေ၊ အဲဒီလိုပြောင်းတဲ့အခါမှာ ဘယ်လို Signal ပုံစံကို ပြောင်းမှာလဲဆိုတာတွေ၊ ပြောင်းပြီးသား Signal တွေကို ဘယ်လိုဘယ်ပုံ Cable ကြိုးပေါ်ကို တင်ပေးမှာလဲ ဆိုတာတွေအပြင် Cable ပေါ်ကို Data တွေတင်ပေးနိုင်ဖို့အတွက် လိုအပ်တဲ့ Voltage တွေကအစဆုံးဖြတ်သတ်မှတ်ထုတ်လုပ်ပေးတာကိုလုပ်ဆောင်ပါတယ်။ ကဲဒီလောက်ဆိုရင်တော့ Physical Layer ရဲ့အကြောင်းကိုလည်းတော်တော်သဘော ပေါက်လောက်ပြီလို့ထင်ပါတယ်။
ကဲဒါဆိုရင် Layer (၇)ခု လုံးအကြောင်းကို အားရပါးရ စိတ်ဝင်တစားဖတ်ပြီးသွားတဲ့အခါ ခေါင်းထဲမှာ အရေးကြီးတာလေးတွေကို စွဲကျန်မှတ်မိနေအောင်လို့ Layer (၇) ခုလုံးကို အနှစ်ခြုပ်ပြီးပြန်လည်ဖော်ပြလိုက်ပါတယ်။ ဒီတစ်ခါတော့ Network အခေါ်အဝေါ် Layer နံပါတ်စဉ်အတိုင်းဖော်ပြလိုက်ပါတယ်နော်။
Layer                     တာဝန်
Physical Layer        Transfer Medium ပေါ်မှာ Data သွားလာနိုင်ဖို့ ကူညီပေးပါတယ်။ Data တွေကို Transfer Medium နဲ့လိုက်လျောညီထွေရှိမယ့်                         Signal ပုံစံအဖြစ်ပြောင်းလဲပေးပါတယ်။ အဲဒီ Data Signal တွေကို Transmission လုပ်နိုင်ဖို့ရောပြန်ပြီး Synchronization                         လုပ်နိုင်ဖို့ရော လိုအပ်တဲ့ Voltage Levels ကိုဆုံးဖြတ်ပေးပါတယ်။

Data Link Layer        Network လမ်းကြောင်းတစ်လျှောက်မှာအဆင်ပြေပြေသွားနိုင်မယ့် Frame လေးတွေဖြစ်လာအောင် Data ကိုတည်ဆောက်ပေးပါ                 တယ်။ Network Connection တစ်လျှောက်မှာ Collision မဖြစ်အောင်စောင့်ကြပ်ထိန်းသိမ်းပေးပါတယ်။ Collision ဖြစ်သွားရင်                 ဒါမှမဟုတ် Error Control Information နဲ့မတိုက်ဆိုင်ပဲ Error တွေ့နေရတယ်ဆိုရင် အဲဒီFrame ကိုချက်ချင်းထပ်ပို့ပေးပါတယ်။

Network Layer         မတူညီတဲ့ Network တွေကြားမှာ Connection ရအောင် ၊ Data Transfer လုပ်နိုင်အောင် ကြားခံဆက်သွယ်ပေးပါတယ်။                 Network လမ်းကြောင်းတွေကိုလည်းရှာဖွေပေးပြီး Data Transfer လုပ်ရာမှာပိုမိုမြန်ဆန်အောင်ကူညီပေးပါတယ်။        

Transport Layer         Data Transfer လုပ်ရာမှာအစမှအဆုံးတိုင် Data Packet တစ်ခုချင်းစီအတိုင်းအတာအထိ စိတ်ချရတဲ့ Data Transmission တစ်ခု                 ဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ Error Control နဲ့ Flow Control ကို ဆောင်ရွက်ပါတယ်။ အကယ်၍ Data Packet                 တစ်ခုမှာများနဂို Packet အတိုင်းမဟုတ်ကြောင်းတွေ့ရှိပါကချက်ချင်းထပ်ပို့ပေးပါတယ်။

Session Layer        Data Transfer လုပ်ဖို့အတွက် Sender နဲ့ Receiver ကြားမှာ Logical Connection တစ်ခုကို အစပြုတည်ဆောက်ပါတယ်။ အဲဒီ                 Connection ကို Data Transmission မပြီးမချင်းထိန်းသိမ်းထားပါတယ်။ Data တွေကိုလည်းအဲဒီ Connection ပေါ်မှာ အဆင်ပြေ                 ပြေ သွားနိုင်မယ့်အပိုင်းလေးတွေအဖြစ်ပိုင်းပါတယ်။ လက်ခံမယ့်ဘက်ရောက်တဲ့အခါမှာနဂိုမူရင်း Original Data ပြန်ရအောင် ပြန်                 လည်စုစည်းပါတယ်။


Presentation Layer        Data တွေကိုအောက်ပိုင်း Layer တွေကနားလည်အဆင်ပြေမယ့် Format ပုံစံမျိုးပြောင်းလဲပေးပါတယ်။ လိုအပ်တဲ့ Encryption                 တွေနဲ့ Compression တွေကိုလည်းလုပ်ဆောင်ပေးပါတယ်။ လက်ခံမယ့်ဘက်မှာကျတော့ Decompression တွေနဲ့ Decryption                 တွေကိုလိုအပ်သလို လုပ်ဆောင်ပါတယ်။ User နားလည်လက်ခံနိုင်မယ့် Format မျိုးပြန်ရအောင် Data ကိုပြန်ပြီး Format ပြောင်း                 ပေးပါတယ်။

Application Layer        User တွေပို့ချင်တဲ့ သတင်းအချက်အလက်တွေ၊ Data တွေကို အောက်ပိုင်း Layer တွေက နားလည်လက်ခံပြီးဆက်လက် Process                  လုပ်နိုင်ဖို့အတွက် Interface တစ်ခုအဖြစ်ကြားခံပြီး User တွေကို ပိုမို လွယ်ကူအဆင်ပြေစေပါတယ်။ လက်ခံမယ့်ဘက်မှာလည်း                         User တွေအနေနဲ့လက်ခံရရှိလာတဲ့ Data တွေကို အသုံးချချင်သလိုအသုံးချနိုင်ခွင့် ရရှိအောင် Interface တစ်ခုအနေနဲ့                 Userတွေကို ပိုမိုအဆင်ပြေစေရန် အသုံးတော်ခံပြန်ပါတယ်။
.................................................




မြန်မာစံတော်ချိန်
 
ပြက္ခဒိန်
 
အခုဝင်ရောက်ကြည့်ရှူနေသူ
 
widgeo.net
 
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free