Remote Desktop Web Connection အကြောင်း
ယခုကျွန်တော်ပြောပြမယ့် အကြောင်းအရာကတော့ Remote Desktop Web Connection အကြောင်းဖြစ်ပါတယ်။ Remote Desktop Web Connection အကြောင်းကို
မပြောခင် Remote Desktop အကြောင်းကို နည်းနည်းလောက်ပြောပြချင်ပါတယ်။ Remote Desktop Connection ဆိုတာကတော့ Remote မှာရှိတဲ့ User တွေ၊ Computer
တွေကို လှမ်းပြီး Access လုပ်ချင်တဲ့အခါမှာ အသုံးပြုတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ Remote Desktop ကိုအသုံးပြုပြီးတော့ Network ပေါ်မှာရှိတဲ့ Computer တွေကို
Completely Control လုပ်လို့ရပါတယ်။ ဆိုလိုတာကတော့ Network ပေါ်မှာရှိတဲ့ Computer တွေဟာ Remote Desktop ကိုအသုံးပြုပြီး အချင်းချင်း တစ်ခုနဲ့တစ်ခု လှမ်းပြီး
အသုံးပြုလို့ရပါတယ်။ အဓိကအားဖြင့်တော့ Network Administrator သမားတွေဟာ Remote Desktop ကိုအသုံးပြုကြတာပိုများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
Network မှာရှိတဲ့ Computer အသီးသီးကို Control လုပ်တဲ့အခါမှာ ၄င်း Computer တွေဆီကိုမသွားတော့ပဲနဲ့ Server ကနေပဲထိုင်ပြီး ၄င်း Computer တွေအားလုံးကို
Remote နဲ့ခေါ်ယူအသုံးပြုလို့ရပါတယ်။ အဲဒီ Computer တွေရှေ့မှာထိုင်ပြီးအသုံးပြုနေသကဲ့သို့အသုံးပြုလို့ရပါတယ်။ ဒါကတော့ Remote Desktop ရဲ့ အကျိုးကျေးဇူးလေးတွေ
ပေါ့နော်။ ယခုပြောပြမယ့် Remote Destop Web Connection ဆိုတာက Browser ကိုအသုံးပြုပြီး Remote Desktop Client တွေကို Remote လှမ်းလုပ်တာပါ။ Internet
Explorer တို့ ၊ Mozilla Firefox တို့ Browser တွေကိုအသုံးပြုပြီး Remote လှမ်းလုပ်တာပါ။ ဆိုလိုတာကဗျာ Internet ပေါ်ကနေ မိမိရဲ့ Computer ကို Remote Desktop
Web Connection ကိုအသုံးပြုပြီး Access လုပ်နိုင်တယ်။ Network ပေါ်မှာလည်း အဲဒီလိုပဲ။ Network Connection ကိုအသုံးပြုပြီးတော့ မိမိ Computer ကနေ ကျန်တဲ့
Computer ကို Access လုပ်လို့ရပါတယ်။ အခြား Computer ကိုမိမိ Computer ကနေပဲလှမ်းပြီး အသုံးပြုချင်ရင် ( အဲဒီတခြားစက်မှာ ထိုင်ပြီးသုံးနေသလကဲ့သို့အသုံးပြုချင်ရင်)
Remote Desktop Web Connection ကိုအသုံးပြုလို့ရပါတယ်။
Remote Desktop Web Connection ကိုအသုံးပြုမယ်ဆိုရင် မိမိအသုံးပြုချင်တဲ့ Computer တိုင်းမှာ ၎င်းကို Install လုပ်ထားရပါမယ်။ ဥပမာ...မိမိက Server မှာထိုင်ပြီး
အခြား Client တွေကို လှမ်းပြီးအသုံးပြုချင်တယ်ဆိုရင် ၎င်း Server Computer မှာ Remote Desktop Web Connection Services ကို Run ထားရမှာဖြစ်ပါတယ်။ ကျန်တဲ့
Client Computer ဘက်မှာတော့ Allow users to connect remotely to this computer ကို On ပေးထားရုံပါပဲ။ အဲဒီလိုပါပဲ မိမိက Client Computer ဘက်ကနေ Server
ကို လှမ်းပြီးအသုံးပြုချင်တယ်ဆိုရင် ၎င်း Client Computer မှာ Remote Desktop Web Connection Service ကို Run ပေးထားရမှာဖြစ်ပါတယ်။ Remote Desktop Web
Connection ကိုအသုံးပြုတဲ့အခါ Server နဲ့ Client တွဲထားတာဆိုရင်တော့ တစ်ဘက်ကနေ အခြား Computer ဆီကို Log on ၀င်နေတဲ့အချိန် ဟိုဘက် Computer မှာLog Out
ဖြစ်မသွားပါဘူး။ ဒါက Server နဲ့မို့လို့ပါ။ အကယ်၍ Client အချင်းချင်း (Server မဟုတ်တဲ့)Remote Desktop ကိုအသုံးပြုမယ်ဆိုရင်တော့ Client တစ်ယောက်ကကျန်တဲ့ Client
Computer ကို Remote ကိုအသုံးပြုပြီး Log On ၀င်နေတဲ့အချိန်မှာ တစ်ဘက် Client Computer မှာ Log Out ဖြစ်သွားပါလိမ့်မယ်။ Client အချင်းချင်းဆိုရင်နှစ်ယောက်တစ်
ပြိုင်ထဲအသုံးပြုလို့မရပါဘူး။ Server/ Client တွေ မှာဆိုရင်တော့ နှစ်ဘက်စလုံးတစ်ပြိုင်ထဲ အသုံးပြုလို့ရပါတယ်။
ကဲ.......အခုကျွန်တော်တို့ Remote Desktop Web Connection ကို Install လုပ်ကြရအောင်ပါ။ Remote Desktop Web Connection Service ဟာ Internet
Information Services (IIS) ရဲ့ World Wide Web Service Component အမျိုးအစားတစ်ခုဖြစ်ပါတယ်။ IIS ကနေပြီးမှ Web Browser ဆီက Request တွေကို Respond
ပြန်လုပ်ပေးတာပါ။ ဒါကြောင့် အခု Remote Desktop Web Connection ကို Install လုပ်တော့မယ်ဆိုရင် ပတမဦးဆုံး Control Panel ဆီကိုသွားရမှာပါ။ Start > Setting >
Contro Panel ကို Click လိုက်ပါ။
အခုဆိုရင် Control Panel Box ကျလာပါပြီ။ ၎င်း Control Panel Box ထဲက Add or Remove Program ကို နှစ်ချက်နှိပ်ပြီးဖွင့်ပါ။
Add or Remove Box ကျလာပါပြီ။
၎င်း Add or Remove Program Box ထဲက Add / Remove Windows Components ကိုနှိပ်လိုက်ပါ။ Please Wait ဆိုပြီး ခဏစောင့်ခိုင်းလိမ့်မယ်။
Windows Component Box ကျလာတဲ့အခါ Application Server ကို Select မှတ်ပြီး Details ကိုနှိပ်ပါ။
၎င်းနောက် Application Server Box ဖွင့်လာပါပြီ။ ၎င်း Box ထဲက Internet Information Services (IIS) ကို Select မှတ်ပြီး Details Button ကိုနှိပ်ပါ။
အခု.........Internet Information Services (IIS) Box ကျလာပြီဆိုတော့ ၎င်း Box ထဲက World Wide Web Service ကို Select မှတ်၊ Details Button ကိုနှိပ်ပါ။
World Wide Web Service Box ပေါ်လာပါပြီ။ ၎င်း Box ထဲမှာရှိတဲ့ Remote Desktop Web Connection ရဲ့ ဘေးမှာရှိတဲ့ Check Box လေး ကို On ပေးပါ။ ၎င်း Check Box
ကို On လိုက်တာနဲ့တစ်ပြိုင်တည်း World Wide Web Service ဟာလည်း On ပြီးသားဖြစ်သွားပါပြီ။ Ok ကိုနှိပ်ပြီးရှေ့ဆက်သွားပါ။
World Wide Web Service ဟာလည်းပဲ On ပြီးသားဖြစ်သွားပါလိမ့်မယ်။ Ok ကိုဆက်နှိပ်ပါ။
Internet Information Services (IIS) ဟာလည်းပဲ On သွားပါပြီး ၎င်း Box ရဲ့ Ok ကိုထပ်နှိပ်ပါ။
Application Server ဟာလည်း။ On ပြီးသွားပါပြီ။ Next ကို နှိပ်ပြီး Run လို့ရပါပြီ။
အခုဆိုရင် Remote Desktop Web Connection Service Run နေပါပြီ။
၎င်း Server ကို Run နေချိန်မှာ Windows CD တောင်းပါလိမ့်မယ်။ မိမိ Computer ရဲ့ ယခုအသုံးပြုနေတဲ့ Windows OS CD ကိုထည့်ပြီး Ok လို့ပြောပါ။
ဆက်လက်ပြီး Run နေပါပြီ။
ကဲ.......... Finish Box ကျလာပြီဆိုတော့ Finish Button ကိုနှိပ်လိုက်လို့ရပါပြီ။
အခုဆိုလို့ရှိရင် Remote Desktop Web Connection ကို Install လုပ်တာပြီးသွားပါပြီ။ မိမိ Remote လှမ်းခေါ်ချင်တဲ့ Computer မှာ Enable Remote Desktop on this
computer ကို On ပေးထားရပါမယ်။ ဒါမှ ၎င်း Computer ကို Remote လှမ်းလုပ်လို့ရမှာဖြစ်ပါတယ်။ အခု Remote လှမ်းခေါ်ချင်တဲ့ Computer ကို Enable Remote Desktop
ကို On ပေးဖို့အတွက် My Computer ကို Right Click နှိပ်ပြီး Properties ကိုနှိပ်လိုက်ပါ။
System Properties Box ထဲက Enable Remote Desktop On this Computer ရဲ့ဘေးမှာရှိတဲ့ Check Box ကို On ပေးပါ။
ကဲ..........အခု Remote Desktop Web Connection Run ထားတဲ့ Computer မှာ Internet Expolrer (IE) Browser ကိုဖွင့်ပါ။ IE မှမဟုတ်ပါဘူး။ ကျန်တဲ့ Browser
တွေကိုသုံးလို့လည်းရပါတယ်။ အခုတော့ IE ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ IE Box ကျလာပါပြီ။
၎င်း Microsoft Internet Explorer Box ထဲက Address Bar မှာ http://192.168.100.10/ tsweb လို့ရိုက်ထည့်လိုက်ပါ။ ၎င်း IP Address သည် Remote Desktop Web
Connection ကို Run ထားသော Computer ရဲ့ IP Address ဖြစ်ပါတယ်။
ဒါဆိုရင် Remote Desktop Web Connection Box ကျလာပါလိမ့်မယ။် ၎င်း Box ထဲက Server ဆိုတဲ့နေရာမှာ မိမိ Remote လှမ်းလုပ်ချင်တဲ့ Computer ရဲ့ IP Address(or)
Computer Name ကိုရိုက်ထည့်လိုက်ပါ။ ၎င်းနောက် Size မှာမိမိအလိုရှိတဲ့ Size ကိုရွေးပါ။ ၎င်းနောက် Connect ကိုနှိပ်ပါ။
Log On to Windows Box ကျလာပါပြီ။
၎င်း Log On to Windows Box ထဲက User Name မှာမိမိ Log On လှမ်းဝင်ချင်တဲ့ Computer ရဲ့ User Name နဲ့ Password ကိုရိုက်ထည့်ပေးပါ။ ၎င်းနောက် Ok
ကိုနှိပ်လှိက်ပါ။
ကဲ.......အခုဆိုရင် တစ်ခြား Computer ကိုလှမ်းပြီး အသုံးပြုလို့ရပါပြီ။ အခုဆိုရင် အခြား Computer ရဲ့ Computer ဆီကိုဝင်သုံးနေတာပါ။
ဒီလောက်ဆိုရင်တော့ Remote Desktop Web Connection ရဲ့အကြောင်းကိုလည်းသိလောက်ပါပြီး Install လည်းလုပ်တတ်ပြီလို့ထင်ပါတယ်။
|