Powerline networking ဆိုတာက ကျွန်တော်တို့လက်ရှိသုံးနေတဲ့ လျှပ်စစ်ပါဝါကြိုးတွေကိုပဲ သုံးပြီး
Network ချိတ်ဆတ်နိုင်တဲ့ နည်းပညာပါ။ CAT5 ကြိုးကို လုံးဝမသုံးရတာတော့ မဟုတ်ပါဘူး။ ဥပမာ
အပေါ်ထပ်မှာ ရှိတဲ့ ကွန်ပျူတာနဲ့ အောက်ထပ်မှာရှိတဲ့ ကွန်ပျူတာနှစ်လုံးကို Network ချိတ်ချင်တယ်
ဆိုပါစို့။ Network ကြိုး အရှည်ကြီး ၀ယ်စရာမလိုတော့ပါဘူး။ တိုတိုလေး နှစ်ချောင်းရှိရင် ရပြီ။
ပထမကြိုးကို အောက်ထပ်က ကွန်ပျူတာမှာစိုက်ထားတဲ့ Network Card မှာထိုးတပ်လိုက်၊ ကျန်တဲ့တစ်
ဘက်ကို မီးပလက်ပေါက်မှာ သွားထိုးတပ်လိုက်။ RJ45 ခေါင်းကြီးကို မီးပလပ်ပေါက်မှာ ဒီအတိုင်းထိုးလို့
တော့ ဘယ်ရမလဲဗျာ။ Powerline adaptor ဆိုတာလာတယ်။ သူနဲ့ကြားခံရမှာပေါ့။ ဒီမှာတော့ ၀ယ်လို့
ရမရ မသိဘူး။ အပေါ်ထပ်လည်း အဲဒီအတိုင်း လုပ်လိုက်။ ဒါဆို Network ချိတ်လို့ ရသွားပါပြီ။ ပုံကတော့
Powerline adaptor ရဲ့ပုံပါ။
ဟဲ..ဟဲ ရေးတာလေးကတော့ ချောနေတာပဲ။ ကျွန်တော်လည်း PC World ထဲ ပါတာနဲ့ လိုက်လေ့လာ
ကြည့်ရင်း နားလည်သလောက် ပြန်ရေးလိုက်တာပါ။ ကိုယ်လည်း တစ်ခါမှ မချိတ်ဖူးပါဘူး။ အားနည်းချက်
ကတော့ Powerline Networking ဟာ 14 Mbps ပဲရတာပါ။ တစ်ချို့ကတော့ 200 Mbps ရှိတယ်လို့
လည်း ပြောကြပြန်ပါတယ်။ အခု LAN တွေမှာက 100 Mbps လေ။ အခုဆို 1Gbps ထိတောင် ရောက်
နေပြီလေ။ ပြီးတော့ ဈေးနှုန်း။ Powerline Networking မှာသုံးတဲ့ adaptor တစ်ခုရဲ့ တန်ဖိုးက မြန်မာ
ငွေနဲ့တွက်ရင် နှစ်သောင်းကျော်လောက်ရှိတယ်။ ဒါတောင် RJ45 port တစ်ခုပဲ ပါတယ်။ ပြီးတော့ လျှပ်စစ်
ဝပ်အား အသုံးများရင် များသလို သူ့ရဲ့ စွမ်းဆောင်ရည်ကို သွားပြီး ထိခိုက်နိုင်တယ်လို့လည်း သိရပါတယ်။
ဘာတွေပဲပြောပြောပါ နည်းပညာအရ အကုန်လုပ်လို့ရနေပြီလေ။ UTP နဲ့မှ မဟုတ်ဘူး၊ ဖုန်းကြိုးနဲ့
ဟောအခုတော့ လျှပ်စစ်ကြိုးနဲ့လည်း Network ချိတ်လို့ရပါကြောင်း...
စာဖတ်သူထဲက Powerline Networking အကြောင်း သိတဲ့သူများပါရင် Comments ပေးခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
တစ်နေ့က ကွန်ပျူတာနှစ်လုံးကို Network ချိတ်ပေးရပါတယ်။ PC to PC ပါ။ IP တွေပေး၊ Computer Name
တွေပေး၊ Workgroup name တွေ သတ်မှတ်လိုက်တယ်။ အဲဒီလို လုပ်ပြီးတော့ Ping ရိုက်ကြည့်တယ်။
Reply တွေ တက်လာတယ်။ OK ပေါ့။ အဲဒါနဲ့ PC2 ကနေ PC1 ရဲ့ Partition D: ကို လှမ်းခေါ်ကြည့်တယ်။
အဲဒီအခါမှာ ကျွန်တော်လုံးဝမမြင်ဖူးတဲ့ error တက်လာပါတယ်။ ဒါမျိုးလေးပါ။
အစပိုင်တော့ Not enough Server Storage ဆိုတော့ Memory များ နည်းလို့လားလို့ဆိုပြီး ထင်မိတယ်။
(အလိုက်ပုံက) ဒါပေမဲ့ ဘယ်လိုမှ ဖြစ်နိုင်စရာအကြောင်းမရှိဘူးလေ။ PC1 က Memory က 1GB တောင် ရှိတာ။
ဟိုလိုလုပ်ကြည့်၊ ဒီလိုလုပ်ကြည့်နဲ့ ဘယ်လိုမှ မရတော့ နောက်ဆုံးမှာ Event Viewer ကို ခေါ်ကြည့်မိတယ်။
အဲဒီမှာ အခုလို Event လေး တက်နေပါတယ်။
ဘာတဲ့။ irpstacksize is too small ဆိုပါလား။ irp တန်ဖိုးနည်းနေလို့ ဒါမျိုးဖြစ်တာပေါ့။ အဲဒီ irp တန်ဖိုး
ဘယ်နား သွားတိုးရမှန်း ကျွန်တော်လည်း မသိခဲ့ဘူး။ အဲဒါနဲ့ customer ကို နောက်ရက်မှ ပြန်လာခဲ့မယ်ဆိုပြီး
ချိန်းလိုက်ပါတယ်။ ပြီးတော့ အင်တာနက်မှာ ရှာကြည့်ခဲ့ပါတယ်။ IRP အကြောင်းရယ်၊ ဘယ်လို တန်ဖိုးတိုးရ
မလဲ ဆိုတာကိုပါ သိခဲ့ရပါတယ်။
IRP ဆိုတာ I/O Request Packets ရဲ့ အတိုကောက်ပါ။ IRP stack တစ်ခုဟာ 36 bytes ဆီ အသုံးပြုပြီး
အဲဒီ IRP တွေကို buffer လုပ်ပေးနိုင်ပါတယ်။ IRPStackSize ဆိုတာကတော့ IRP Stack အရေအတွက်ကို
ပြောတာပါ။ သူ့ရဲ့ Default Value 15 ဖြစ်ပါတယ်။ Default Value ထက် နည်းနေတယ်ဆိုရင် အခု
ကျွန်တော် ကြုံသလိုမျိုး error တွေ တက်လာပါလိမ့်မယ်။
ဖြေရှင်းနည်း
Microsoft ကတော့ အခုလို လုပ်ခိုင်းထားပါတယ်။
To resolve this behavior, increase the IRPStackSize value in the registry:
1. Click Start, and then click Run.
2. Type regedit, and then click OK.
3. Navigate to the following key:
HKEY_LOCAL_MACHINESystemCurrentControlSetServicesLanmanServerParameters
4. In the right pane, double-click the IRPStackSize value.
NOTE: If the IRPStackSize value does not already exist, use the following procedure to create it:
a. In the Parameters folder of the registry, right-click the right pane.
b. Point to New, and then click DWord Value.
c. Type IRPStackSize.
IMPORTANT: Type "IRPStackSize" exactly as it is displayed because the value name is case-sensitive.
5. Change the Base to decimal.
6. In the Value Data box, type a value that is larger than the value that is listed.
If you created the IRPStackSize value using the procedure described in step 4, the default value is 15. It is recommended that you increase the value by 3. Therefore, if the previous value was 11, type 14, and then click OK.
7. Close the Registry Editor.
8. Restart the computer.
ကိုညီညီဦး(
nnyioo.googlepages.com)က ပို့လိုက်တဲ့အတိုင်းပဲ ပြန်ဖော်ပြလိုက်ပါတယ်။
Bagan net proxy (or) myantel proxy တို့ ၏ လိပ်စာကိုသိချင်လျှင်
Start>>run. Enter the "cmd". And then , you try the Following Command.
nslookup
cache.bagan.net.mm >>> Enter
203.81.71.229
203.81.71.234
203.81.71.237
203.81.71.238
203.81.71.70
203.81.71.74
203.81.71.75
203.81.71.80
203.81.71.88
203.81.71.111
203.81.71.116
203.81.71.120
203.81.71.228
nslookup
cache.myantel.net.mm >>>Enter
203.81.71.237,
203.81.71.238,
203.81.71.70,
203.81.71.74,
203.81.71.75,
203.81.71.80,
203.81.71.88,
203.81.71.120,
203.81.71.228,
203.81.71.229,
203.81.71.234,
www.4shared.com က သိတဲ့အတိုင်းပဲ ပိတ်ထားတယ်လေ။ အဲဒီတော့ အခုလို ၀င်လိုက်တယ်။
Start>Run ထဲမှာ cmd လို့ ရိုက်ပြီး Enter ခေါက်လိုက်တယ်။
ပြီးတော့ ping www.4shared.com ဆိုပြီး ရိုက်ပြီး Enter ခေါက်လိုက်တယ်။ အဲဒီအခါမှာ Pinging
www.4shared.com [72.233.72.144] with 32 bytes of data: ပေါ်လာတယ်။ အဲဒီ့ 72.233.72.144
က 4shared ရဲ့ IP လေ။
Firefox ကိုဖွင့်ပြီး address bar မှာ 72.233.72.144 လို့ရိုက်ပြီး Enter ခေါက်လိုက်တာ
4shared.com Site ကြီး ပွင့်လာပါရော။
တခြားပိတ်ထားတဲ့ Site တစ်ချို့ကိုလည်း ဒီနည်းလေးနဲ့ စမ်းကြည့်လို့ရပါတယ်။
Difference Between Wi-Fi & Wi-Max
သူငယ်ချင်းတစ်ယောက်က Wi-Fi နဲ့ Wi-Max နဲ့ ဘာကွာလဲလို့ လာမေးတာနဲ့ IT Men စာဖတ်သူတွေ
ထဲမှာလည်း အဲဒီလိုသိချင်တဲ့သူ ရှိမှာပဲလေဆိုတဲ့ အတွေးနဲ့ တင်လိုက်တာပါ။
Wi-Fi က 802.11b standard ကိုပြောတာပါ။ frequency range က 2.4 GHz ရှိပါတယ်။
သီအိုရီအရ Speed က 11 Mbps ရှိပေမဲ့ လက်တွေ့မှာတော့5 Mbps လောက်ပဲ ရပါတယ်။
မီတာ 100 အကွာအဝေး ပေနဲ့ပြောရရင် 330 ပေအတွင်းမှာပဲ အသုံးပြုနိုင်ပါတယ်။ Transport Protocol
ကEthernet ကို သုံးပါတယ်။
Wi-Max က 802.16 Standard နဲ့ 802.16a Standard ကိုပြောတာပါ။ 802.16 က
10 GHz ကနေ 66 GHz ထိ frequency range ရှိပါတယ်။802.16a ကတော့ 2GHz ကနေ
11GHz ထိရှိပါတယ်။ Speed အနေနဲ့ 802.16 ဟာ channel တစ်ခုအတွက် 124 Mbps အများဆုံး
ရပါတယ်။802.16a ကတော့ 20 MHz ရှိတဲ့ Channel မှာ 70 Mbps ရပါတယ်။ အကွာအဝေးမှာတော့
တစ်မိုင်ထက်ကျော်လွန်ပြီး သုံးလို့ရပါတယ်။ TransportProtocol ကတော့ TCP ကိုသုံးပါတယ်။
TCPView is a Windows program that will show you detailed listings of all TCP and
UDP endpoints on your system, including the local and remote addresses and state
of TCP connections. On Windows Server 2008, Vista, NT, 2000 and XP TCPView also
reports the name of the process that owns the endpoint. TCPView provides a more
informative and conveniently presented subset of the Netstat program that ships with
Windows. The TCPView download includes Tcpvcon, a command-line version
with the same functionality.
Download TCP View (94 KB)
ကွန်ပျုတာမှာရှိတဲ့ drive တွေ ( C$, D$,etc) အစရှိတဲ့ Drive တွေကို Windows XP ဖျောက်ထားကြတယ်။
အဆို ပါဖျောက်ထားတဲ့ Drives တွေကို Windows XP Installation လုပ်စဉ်က တည်ဆောက်ခဲ့တဲ့
Admistrative Privileges ( Admin ကခွင့်ပြုထားတဲ့ User Account) တွေက ၀င်ရောက်သုံးစွဲခွင့်ရှိပါတယ်။
တကယ်လို့များ Admin Share ကို Disable လုပ်ထားချင်တယ်ဆိုရင် -
1. Start --- Run--- Type Regedit ရိုက်ပါ။
2. HKEY_LOCAL_MACHINESystemCurrentControlSetServiceslanmanserverparameters
ကို ရောက်အောင်သွားပါ။
3. ညာဘက်လွတ်နေသော Space တွင် right click နှိပ် New --- DWORD Value ကိုရွေးပါ။
4. AutoShareWks ရိုက်ပြီး တန်ဖိုးကို zero ရိုက်ပါ။
5. စက်ကို restart လုပ်ပါ။
အဆင်ပြေပါစေ။
အရင်ကတည်းက Network ဆင်တိုင်း ကွန်ပျူတာတွေရဲ့ IP မှာ network ID ကို Class C ဖြစ်တဲ့
192.168.0 ကိုပဲ အမြဲပေးမိတယ်။ ဒါပေမယ့် ဘာကြောင့် အဲဒီ net ID ပဲ ပေးမိမှန်းမသိဘူး။ နောင်တော်ကြီး
တွေဆီကပဲ အတုခိုးမိတာလား။ ကိုယ့်ကိုယ်ကိုလည်း မသိတော့ဘူး။ သူငယ်ချင်းတစ်ယောက်ကလည်း
မေးဖူးတယ်။ ဘာကြောင့် LAN တွေရဲ့ Net ID ကို 192.168.0 ပဲ သုံးတာလဲတဲ့။ ကျွန်တော်လည်း ဘာရမလဲ။
မှတ်ရတာ လွယ်လို့နေမှာပေါ့ကွာလို့ ဖြေမိတယ်။ အခု MCSE XP SP2 စာအုပ်ဖတ်တော့မှ တက်တက်စင်အောင်
လွဲမှန်းသိတော့တယ်။ အဲဒီထဲမှာ ရေးထားတာက
IP တွေသုံးစွဲခွင့်ကို ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းကြီး ရှိတယ်။ အင်တာနက်နဲ့ ချိတ်မဲ့ကွန်ပျူတာတိုင်းဟာ
IP ရှိရတယ်။ အဲဒီ IP ကို ကိုယ်ပေးချင်တာ ရမ်းပေးလို့မရဘူး။ IANA (Internet Assigned Numbers
Authority) ဆိုတဲ့ အဖွဲ့ဆီမှာ မှတ်ပုံတင်ရမယ်။ ဒါပေမဲ့ အင်တာနက်နဲ့ ဆက်သွယ်မှုမရှိတဲ့ Network
(ဒါမှမဟုတ်) Private Network တွေအတွက်တော့ မှတ်ပုံတင်စရာမလိုဘဲ လွတ်လပ်စွာအသုံးပြု ခွင့်ပြုပေး
ထားတဲ့ IP တွေရှိပါတယ်။
Class A ဆိုရင် 10.0.0.0 ကနေ 10.255.255.255
Class B ဆိုရင် 172.16.0.0 ကနေ 172.31.255.255
Class C ဆိုရင် 192.168.0.0 ကနေ 192.168.255.255 ထိ ပေးခွင့်ရှိတယ်လို့ ရေးထားပါတယ်။
အခုဖော်ပြထားတဲ့ Address range တွေကို ဘယ် Internet Host ကမှ သုံးစွဲထားခြင်းမရှိဘူးလို့လည်း
ရေးထားပါသေးတယ်။
Network ကနေ တခြားကွန်ပျူတာကို လှမ်းကြည့်ချင်ရင် အကောင်းဆုံး Program တစ်ခုရှိပါတယ်။
အဲဒါကတော့ UltraVNC ပါ။ သုံးရတာလည်း အရမ်းလွယ်ပါတယ်။ လှမ်းကြည့်ချင်တဲ့ကွန်ပျူတာမှာရော၊
ကိုယ့်ကွန်ပျူတာမှာပါ ဒီ Program ကိုတင်လိုက်ပါ။ စကြည့်မယ်ဆိုရင်တော့ VNC Viewer ကိုဖွင့်ပြီး
ကိုယ်ကြည့်ချင်တဲ့ကွန်ပျူတာရဲ့ IP သို့မဟုတ် Computer name ကို ရိုက်ထည့်ပြီး Connect ကို
နှိပ်လိုက်ရင် စကြည့်လို့ရပါပြီ။
ဒီမှာနှိပ်ပြီး Download လုပ်ပါ။ (Size: 2.13 MB)
Network Load Balancing မိတ်ဆတ်
NLB service ဟာ Web Server, Firewall Server, Proxy Server စသည်တွေမှာသုံးတဲ့ Internet
Server Application တွေကို အချိန်တိုင်းခေါ်ယူသုံးစွဲနိုင်အောင် (server down သည့်အချိန်နည်းပါးအောင်)
နဲ့ cluster (server များကို အုပ်စုဖွဲ့ထားခြင်း) တစ်ခုဟာ performance နှေးနေပါက နောက်ထပ်
system များ အလွယ်တကူ ထပ်တိုးနိုင်အောင် စသည်တို့ကို ပိုကောင်းမွန်အောင် ပြုလုပ်ပေးပါတယ်။
Windows Server တင်ထားတဲ့ ကွန်ပျူတာတစ်လုံးဟာ စွမ်းဆောင်ရည်အပိုင်းမှာရော၊ စိတ်ချရမှုမှာပါ
အကန့်အသတ်တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ Windows Server တင်ထားတဲ့ ကွန်ပျူတာနှစ်လုံး၊
သုံးလုံးလောက်ကို cluster တစ်ခုအနေနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် NLB ဟာ အဲဒီ server တွေ
အချင်းချင်းအတွက် performance တွေ reliability တွေကို ညီအောင် ပြုလုပ်ပေးနိုင်ပါတယ်။
ဥပမာ Web Server၊ FTP Server၊ Telnet Server သုံးလုံးကိုစုထားတဲ့ cluster တစ်ခုမှာဆိုရင်
NLB ဟာ ၀င်လာတဲ့ client request မှန်သမျှကို အဲဒီ cluster အတွင်းမှာရှိတဲ့ host (Network
အတွင်းရှိသော IP ပါသည့် device မှန်သမျှ) တွေအကုန်လုံးဆီ ဖြန့်ဝေပေးပါတယ်။ ဒါမှမဟုတ်လည်း
NLB ကိုသုံးပြီး traffic တွေမှန်သမျှကို host တစ်ခုတည်းဆီသွားအောင်လည်း လုပ်လို့ရပါသေးတယ်။
ပြီးတော့ NLB ဟာ cluster အတွင်းမှာရှိတဲ့ ကွန်ပျူတာတွေအကုန်လုံးကို cluster IP address သုံးပြီး
address တပ်လို့ရပါသေးတယ်။ (မူရင်း IP ကို မထိခိုက်စေပါဘူး)
ကိုယ့် Network မှာ NLB ကိုလည်း သုံးထားမယ်၊ run နေတာကလည်း Load-Balanced
application ဖြစ်မယ်ဆိုရင် အဲဒီ application တင်ထားတဲ့ ကွန်ပျူတာ down သွားတောင်မှ
NLB က တခြား အလုပ်လုပ်နေသေးတဲ့ ကွန်ပျူတာဆီကို အဲဒီကွန်ပျူတာဆီရောက်လာတဲ့
load တွေကို လွှဲပေးမှာပါ။ မူလကွန်ပျူတာ ပြန်ကောင်းသွားရင်တော့ load တွေကို share
ပြန်ယူလို့ရပါတယ်။
Tasklist command သုံးမရဘူး။ password တောင်းနေတယ်လို့ တော်တော်များများ ပြန်ပြောကြပါတယ်။
ကျွန်တော့် Network မှာ စမ်းတုန်းကတော့ အဆင်ပြေတယ်ဗျ။ ဒါပေမဲ့ ကျွန်တော်က Windows အသစ်တင်ထားတဲ့
ကွန်ပျူတာနှစ်လုံးမှာ သွားစမ်းကြည့်တာကိုး။ ပြီးတော့ တင်ထားတဲ့ Windows က Windows XP SP2
August 07 version ဗျ။ အဲဒီကောင်တွေကတော့ အဆင်ပြေတယ်။ အရင်တုန်းက Windows တွေတင်ထားတဲ့
တခြားကွန်ပျူတာတွေနဲ့ ထပ်စမ်းကြည့်တော့ ကျွန်တော်လည်း အဆင်မပြေဘူး။ Password တောင်းထားပဲ။ အဲဒါ
ဘာကြောင့်ဖြစ်တာလဲပေါ့။ လိုက်ရှာကြည့်တော့ အဖြေကို တွေ့ရှိသွားကြောင်းပါခင်ဗျာ။ ဘာကြောင့်လဲဆိုတော့
Windows security ကြောင့်ပါ။ Local Security မှာပါတဲ့ DCOM ကြောင့်ပါ။ ဖြေရှင်းနည်းအသေးစိတ် မနက်ဖြန်
တင်ထားမယ်နော်။ အခုတော့ ဘယ်လိုမှ မအားသေးလို့ပါ။
BlackGhost နဲ့ york တို့ Cbox မှာ အော်ထားလို့ လုပ်နည်းလေးတစ်ခုကို
ဖော်ပြပေးလိုက်ပါတယ်။ Network နဲ့ မရင်းနှီးသေးသူတွေအတွက်တော့ အိမ်သုံး၊
ရုံးသုံး ကွန်ရက် လက်တွေ့တည်ဆောက်ခြင်းဆိုတဲ့ စာအုပ်လေးရေးပြီးတော့မှပဲ
လက်ဆောင်ပေးတော့မယ်။
ကိုယ့် Network အတွင်းမှာရှိတဲ့ တခြားကွန်ပျူတာတွေကို
ထိန်းချုပ်တဲ့နည်းတွေ မြောက်မြားစွာ ရှိပါတယ်။
တခြားကွန်ပျူတာဘာလုပ်နေတာကအစ ထိုင်ကြည့်လို့ရတဲ့ Program တွေလည်း
မြောက်မြားစွာရှိပါတယ်။ Local Chat (Text, Voice) ၊ Local Mail၊ Local
Intranet စတာတွေလည်း ဖန်တီးလို့ ရပါသေးတယ်။ နောက်ပိုင်းမှာ
တစ်ခုချင်းရေးတင်သွားပါ့မယ်။ (နောက်မှတွေများနေပြီနဲ့တူတယ်)
အခုတော့ တခြားကွန်ပျူတာတွေမှာ သုံးနေတဲ့ Program တွေကို
လှမ်းပိတ်တဲ့နည်းလေး တင်လိုက်ပါတယ်။ တစ်ခုလောက်တောင်းဆိုချင်တာက
ဒီနည်းလမ်းကို အသုံးချပြီး သူတစ်ပါးကို အနှောင့်အယှက်မပေးပါနဲ့။
အထူးတောင်းဆိုလိုပါတယ်။
၁။ ပထမဆုံး Command Prompt ထဲ ၀င်လိုက်ပါ။
၂။ တခြားကွန်ပျူတာမှာ run နေတဲ့ Program list ကို ကြည့်နိုင်ဖို့
tasklist command ကို သုံးရပါ့မယ်။ Parameter တွေ ခံရပါမယ်။ tasklist /s
computername လို့ ရိုက်ပါ။ computername နေရာမှာ ကိုယ်ဆက်သွယ်မယ့်
ကွန်ပျူတာရဲ့ name ကို ထည့်ရပါမယ်။
၃။ ဒါဆိုရင် အဲဒီ ကွန်ပျူတာမှာ run နေတဲ့ program list တွေ ပေါ်လာပါပြီ။
၎။ လှမ်းပိတ်နိုင်ဖို့အတွက် taskkill command ကို ထပ်သုံးရပါ့မယ်။
၅။ taskkill /s computername /im programname ပါ။
၆။ programname နေရာမှာ ပိတ်ချင်တဲ့ program name ကို ရိုက်ရပါမယ်။ ဥပမာ
notepad.exe
ခဏလောက် စောင့်ကြည့်ပါ။ ပြီးရင် အဲဒီကွန်ပျူတာ ကိုင်တဲ့သူ ငါ့ကွန်ပျူတာ
ဘာဖြစ်သွားတာပါလိမ့်ဆိုတဲ့ မျက်နှာကြီးကို စပ်ဖြီးဖြီးနဲ့
ကြည့်နေလိုက်ပေါ့။
website လိပ်စာတစ်ခုကို ကြည့်မယ်ဆိုရင် ဥပမာ - http://www.google.com အဲဒီလိပ်စာမှာ ရှေ့က
http ဆိုတာက hyper text rtansfer protocol ရဲ့ အတိုကောက်ဖြစ်ပါတယ် ။ protocol ဆိုတာက
a set of rules and formats လို့ပြောကြပါတယ် ။ စည်းမျဉ်းစည်းကမ်းတွေကိုစုစည်းထားခြင်း လို့
ပြောနိုင်ပါတယ် ။ ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေလည်းဆိုရင်တော့ data အပို့အယူ လုပ်တဲ့အခါမှာ
လိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေကို ပြောတာပါ ။
protocol ပေါင်းမြောက်မြားစွာရှိပါတယ် ။ အင်တာနက် website တွေကိုကြည့်တဲ့အခါမှာသုံးရတဲ့
protocol က http ပါ။ hyper text transfer protocol ဆိုတော့ hyper text များပြောင်းရွေ့သယ်ယူ
ရာတွင် သုံးရသော protocol ပေါ့။ hyper text ဆိုတာက ရိုးရိုး text တွေမဟုတ်ဘဲ link ပါတဲ့စာသား
တွေကို hyper text လို့ခေါ်ပါတယ် ။ အားလုံးသိတဲ့အတိုင်း webpage တိုင်း webpage တိုင်းမှာ
link ပါတဲ့ text တွေရှိတာပဲမဟုတ်လား။
http ပြီးတော့ အခုနောက်ပိုင်း အသုံးများလာတဲ့ protocol ကတော့ https ပါ။ https ရဲ့အရှည်က
hyper text transfer protocol over secure socket layer (ssl) ပဲဖြစ်ပါတယ် ။ ssl ပါတဲ့ http ပါ
။ ssl က ဘာလုပ်ပေးနိုင်သလဲဆိုတော့ encryption/decryption လုပ်ပေးနိုင်ပါတယ်။ encrypt
လုပ်တယ်ဆိုတာက မြန်မာလိုပြောရင် ၀ှက်စာလုပ်တာပေါ့ ။ ဥပမာ ကွန်ပျုတာ A ကနေ ကွန်ပျုတာ B
ဆီကို abc ဆိုတဲ့စာသားလေးကိုပို့မယ်ဆိုပါစို့။ ဒီအတိုင်းရိုးရိုးတန်းတန်းပို့မယ်ဆိုရင် ကွန်ပျုတာ A ကနေ
ကွန်ပျုတာ B ဆီကို မရောက်ခင်ကြားမှာ တတ်တဲ့သူတစ်ယောက်က ခိုးယူလို့ရပါတယ်။ encrypt လုပ်ပြီး
ပို့မယ်ဆိုရင် ခိုးယူ၍ရခဲ့ရင်တောင်မှ ဖက်လို့ရမှာမဟုတ်တော့ပါဘူး။ abc လို့တိုက်ရိုက်မပို့ပဲ abc ဆိုတဲ့စာ
လုံးသုံးလုံးကြားမှာ 123 ထည့်ပြီး ပို့မယ်၊ ဒါဆိုရင်a1b2c3ဖြစ်သွားပြီ။ ပြီးတော့မှ ကွန်ပျုတာ B ကို မင်းငါပို့တဲ့
data ရတဲ့အခါမှာ 123 ကိုဖယ်ပြီးမှ လက်ခံလို့ပြောထားလိုက်မယ်။ ကြားကနေဖောက်တဲ့သူကတော့
a1b2c3 ဆိုတာကို နားလည်မှာ မဟုတ်တော့ဘူး။ ဒါက ဥပမာ အနေနဲ့ပြောတာပါ ။ တကယ်တမ်း
encrypt လုပ်နည်းများစွာရှိပြီး အဲဒီ encrypt ကိုပြန်လည်ဖြည်ခြင်း decrypt လုပ်ဖို့ရာ အတော်ခက်ခဲပါတယ်။
့https protocol ကို login လုပ်ရတဲ့ website တွေမှာ အသုံးများပါတယ်။ user တွေ ရိုက်ထည့်တ
ဲ့ login name နဲ့ password တွေ လုံခြုံမှုရှိစေဖို့ ဖြစ်ပါတယ်။ Gmail ဟာ https ကိုသုံးပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ရိုက်ထည့်လိုက်တဲ့ username နဲ့ password ကို ကြားကနေ ခိုးယူလို့မရနိုင်ပါဘူး။
နောက် Internet မှာ အသုံးများတဲ့ protocol ကတော့ ftp ပါပဲ။ file transfer protocol ဖြစ်ပါတယ်။
ဖိုင်တွေ ရွေ့ပြောင်းလို့ရအောင် အထူးတလည် တီထွင်ထားတဲ့ protocol ပါ။ website တိုင်းကို ftp နဲ့
access လုပ်လို့ရပါတယ်။ ftp://www.google.com ပေါ့။ ဒါပေမယ့် အဲဒီ ftp ကိုသုံးတဲ့အခါမှာ
authorized person မှကြည့်လို့ရပါလိမ့်မယ်။ free ဖွင့်ပေးထားတဲ့ ftp site တွေလည်း ရှိပါတယ်။
ftp နဲ့ site တွေကို ကြည့်တဲ့အခါမှာ စာတွေပုံတွေကိုမြင်ရမှာမဟုတ်ဘဲ PC မှာ My Computer
ကိုဖွင့်လိုက်သလိုမျိုး file တွေ folder တွေကိုပဲမြင်ရမှာပါ။
နောက်ကျန်သော Protocol များအကြောင်းကို ရေးသားသွားပါဦးမည်။
...................................................
ဒီနေ့
Router ရဲ့ Firewall နဲ့ ပက်သက်တာ မေးမြန်းတဲ့သူတစ်ယောက်
ကွန်ပျူတာရဲ့ IP Address ကိုသိရုံနဲ့ Connection ကျအောင် လုပ်လို့ရတယ်ဆိုတဲ့ ဟက်ကာ ဒါတွေကြောင့် ဒီပို့စ်ကိုတင်လိုက်ပါတယ်။
MMSO မှာ brb တင်ထားပြီးသား ပိုစ်တစ်ခုကိုပါ ကူးယူဖော်ပြလိုက်ပါတယ်။
သာမာန်ထက် လုံခြုံစိတ်ချရသော အိမ်သုံး Wireless တစ်ခုတည်ဆောက်မယ်...
ဒါကတော့ မိမိရဲ့ အိမ်သုံး၊ ရုံးသုံး Wireelss Access Point တွေအတွက် လုံခြုံစိတ်ချရ အောင် နည်းလမ်းတစ်ချို့ပါ။
၁။ Wireless Router or Access Point ရဲ့ မူလနေရာတွင်
Wireless Router ဒါမှမဟုတ် Wireless Access Point တိုင်းမှာ Administrator တစ်ယောက်အနေနဲ့
Device Configuration Setting တွေကို ပြင်ဆင်လို့ရအောင် manufacture setting အနေနဲ့ user name
= admin , password = admin နဲ့ Wireless Access Password အနေနဲ့ WEP protect လုပ်ထားရင်
passsword = aabbccddee စသည့်ဖြင့် အသုံးပြုသူအနေနဲ့ လွယ်ကူအောင် Factory Default တွေ
သတ်မှတ်ထားပါတယ်။ သာမာန် ကွန်ပျူတာကို တပ်ဆင်အသုံးပြုသူတွေအနေနဲ့ အင်တာနက်ကို တန်းဝယ်
ကောက်ဆင်လုပ်တတ်တဲ့အတွက် ဒီ Setting နှစ်ခုကို protect လုပ်ဖို့ သတိမရကြပါဘူး။ တစ်ချို့
Technician တွေအနေနဲ့လည်း ပြီးရင်ပြီးရော password ရှိတာပဲ ဆိုကာ ဒီအတိုင်းပဲ ထားခဲ့တတ်ကြပါတယ်။
ဒီတော့ ကွန်ပျူတာ အနည်းငယ်တတ်ကျွမ်းတဲ့ သူတွေက သူတို့ရဲ့ Notebook ကိုဖွင့်က အနီးအနားက
Wireless ကိုဖမ်းတဲ့အခါ တစ်ချို့ Device တွေက Factory Default တွေပါ။ ဆိုလိုတာက Aztech
ဆိုရင် SSID မှာ aztech , D-link = d-link နဲ့ Linksys ဆိုရင် linksys စသည်ပေါ့။ ဒီလို ပေါ်နေပြီဆို
ရင် ၉၀% ကတော့ သူတို့ ဒီ router / ap ရဲ့ default ကိုမပြောင်းရသေးပါဘူး။ wireless ရဲ့
password ကိုမပြောင်းရသေးမှတော့ Device ရဲ့ administrative password ကိုလည်း မပြောင်းရသေး
တာသေချာပါတယ်။
Administrator password နဲ့ Wireless Password ကိုပြောင်းဖို့မမေ့ပါနဲ့။ ဒါက အဓိက။
၂။ Don't broadcast your SSID (Service Set IDentifier)
ဒါကတော့ အခုနောက်ပေါ်တဲ့ Access Point တစ်ချို့ (အကုန်လုံးနီးပါး) မှာပါတဲ့ Function တစ်ခုပါ။
Linksys ရဲ့ WAP54G ကိုကြည့်မယ်ဆိုရင် သူက အနီးအနားမှာ ရှိတဲ့ AP နဲ့ Router Device တွေကို
ရှာဖွေကာ AP to AP , AP to Router ချိတ်ဆက်တာပါ။ ပုံမှန်အားဖြင့်တော့ ဒါလေးက On နေတတ်ပါတယ်.
. ဒီလိုအချိန်မျိုးမှာ တစ်ခြား AP or Router နေရာကနေ Signal ကိုယူက Network Traffic ကို
sniffing လုပ်နိုင်ပါတယ်.. အသုံးမလိုက ပိတ်ထားပါ။
၃။ WPA/WPA2 ကို WEP အစားသုံးပါ။
WPA (Wi-Fi Protected Access WEP) ဆိုတာ WEP (Wired Equivalent Privacy) ထက်ပိုပြီး
လုံခြုံစိတ်ချရပါတယ်။ WEP password သာပေးထားရင် ဟက်ကာ မဟုတ်လည်း Hacking Tool
တွေနဲ့ ဟက်ရင် ၅ မိနှစ်မကြာပါဘူး။ WPA ကိုကော ဟက်လို့မရဘူးလားဆိုတော့ ရတော့ရတယ်.. ခက်တယ်။
၎။ MAC filtering လုပ်ခြင်း
MAC (Media Access Control) ဆိုတာကတော့ Network Adapters / Network Interface Cards (NICs)
တိုင်းမှာပါတဲ့၎င်းတို့ရဲ့ Manufacturer for Identification ပါ။ Character ၁၂ ပါတဲ့ မတူညီ အမှတ်ပါ။
MAC filtering Setting ကိုသွား၍ မိမိတို့ရဲ့ MAC ကိုကြိုတင် Reserved လုပ်ခြင်းဖြင့် Network Security ကိုပိုပြီး
စိတ်ချစေနိုင်ပါတယ်။ ဒါက Private အတွက်ပါ။
၅။ Remote Administration ကို ပိတ်ခြင်းပါ။
ပုံမှန်အားဖြင့်တော့ Remote Access ကို Wireless Device တော်တော်များများမှာ ပိတ်ထားတတ်ပါတယ်။
Remote Administration ဆိုတာကတော့ ဘယ်နေရာပဲရောက်ရောက် မိမိရဲ့ အိမ်၊ ရုံးက Router ရဲ့
Configuration Setting တွေကို ပြုပြင်လို့ရတဲ့ advanced management setting တစ်ခုပါ။
ဒါလေးကို လည်း Check ဖို့မမေ့ပါနဲ့။
-----------------------------*-----*-------------------------------
ကိုယ်တိုင်ရှာဖွေလို့ရတဲ့ Hardware/Software တွေရဲ့ ဟာကွက် vulnerabilities တွေကလွဲလို့ ကျန်တဲ့
ဟက်ကင်းဆိုင်ရာ နည်းပညာတို့၏ 90% ဟာ နေ့မခြားပဲသိမှပါ။ သူများရှာထားတဲ့ ဟက်ကင်း technic တွေ
ကိုနောက်ကျမှသိရခြင်း၊ နာရီခြား၊ ရက်ခြား သွာတာနဲ့ ၄င်း hacking technic / hacking tool ကိုအသုံးပြုဖို့
မစဉ်းစားပါနဲ့။ ဘယ်တော့မှ အသုံးပြု၍ ရမည်မဟုတ်။ ဒါကြောင့် ဟက်ကာဖြစ်ချင်တဲ့ သူတွေ၊ Hacking
ပညာကိုလေ့လာချင်တဲ့သူတွေကို Hacking Tool တွေမရှာခိုင်းတာပါ။ Hacking Tool တွေရှာမဲ့အစား
ကိုယ်ပိုင် penetration testing တွေကိုဘယ်လိုလုပ်ရသလဲ, vulnerable တွေကိုဘယ်လိုရှာရသလဲဆိုတာ
ကို အရင်လေ့လာပါ။ Keylogger/ Fake Login သုံးပြီး ကွန်ပျူတာ noobs တွေကိုဟက်ကာ ငါကွဟက်
ကာလို့တော့ ထမအော်နဲ့
(Sorry ပြောနေတာနဲ့ လိုရင်းမရောက်တော့ဘူး)
ဒီတော့ Router (Wired or Wireless) ကိုဟက်တယ်ဆိုတာ ဟက်တတ်ရင်လွယ်ပါတယ်။
မဟက်တတ်ရင်ခက်ပါတယ်။ (လူဗိန်းအတွေး၊ အပြောပါ)
Router ကိုဟက်ဖို့ဆိုတာ သာမာန်ဟက်ကာ တွေအနေနဲ့ တော်တော်ကိုမဖြစ်နိုင်တဲ့ ကိစ္စပါ။
2008 ကလို US Military Gov ကို တရုတ် ဟက်ကာတွေက Rookits ထည့်သုံးထားတဲ့ Cisco Router သုံးက
ဝင်ရောက်မွေနှောက်ပါတယ်။ ဒါကလည်း US Gov ရဲ့ Cisco Router Supplier တွေက ဈေးသက်သာရင်ပြီး
တာပဲဆိုပြီး သုံးတာကိုး။
(ဟက်ကာဖြစ်ချင်သူတွေ အဲ့လိုလုပ်ဖို့ ငွေအင်အား လူအင်အား ဘယ်လောက်လိုမယ်ဆိုတာကို ကြည့်ပါ)
အခုအချိန်အထိလည်း နာမည်ကြီး Network Brand ဖြစ်တဲ့ Cisco Routers တွေဆို vulnerable
တွေ့တယ် ပြင်တယ် တွေ့တယ်....တွေ့တယ် ပြင်တယ်... ဟက်ကင်း သံသရာပါ...
သာမာန် Router တစ်ခု ဥပမာ-
Zyxel P-320W
D-Link DIR-655
Linksys WRT54G (ပြီးခဲ့တဲ့နှစ်က vulnerable ဖြစ်ခဲ့တဲ့ Router- အခု upgrade လုပ်ပြီး)
ယခုအချိန် ဒီ Router ရှေ့သွားထိုင်ပြီးတော့ ကျကျနနထိုင်ပြီး ဟက်ပါ။ လွယ်ပါမလားလို့။
သူတို့မှာ Built-in Firewall, Access Policies တွေရှိပါတယ်။ ထိုင်ပြီးတော့ Brute Force နဲ့တိုက်
လူအိုသွားမယ်။ (ဒါက သာမာန်ဟက်ကာတွေအတွက်ပါ)
မလွယ်ဘူးဆိုတဲ့ အကြောင်းပြောပြတာ။ မရဘူးလို့မပြောဘူး။ (နည်းပညာမှာ ဒီနေ့နဲ့မနက်ဖြန်မတူဘူး-
ဟက်လို့မရရင် ဟက်ကင်း ဆိုတာ ဖြစ်မလာသလို - ကာကွယ်လို့မရင်ရင်လည်း security ဆိုတာပေါ်မလာဘူး)
ဘာကြောင့်ဒီလိုပြောရသလဲဆိုရင် ကျွန်တော်တို့ကိုယ်တိုင် လည်း တစ်ချို့အွန်လိုင်းက တွေ့တဲ့
ဟက်ကင်းနည်းတွေ၊ ဟက်ကင်း tutorial တွေကိုလေ့လာတယ်။ စမ်းသပ်တယ်.. စမ်းသပ်လို့မရင် ဒီ
technic အသုံးမ၀င်။ ဒါကိုပယ်တယ်။ ဒါပေမဲ့ ဒီလိုနည်းပညာကို အခြေခံတဲ့ နောင်လာလတ္တံသော
အသစ်အဆန်းတွေကို ရှာဖွေ၊ ဖန်တီးတယ်။
နောက်တစ်ခု အထက်မှာ ဖော်ပြခဲ့သလိုပဲ Router တွေတိုင်းမှာတော့ user အသုံးပြုရလွယ်ကူအောင
် factory default setting တွေရှိတယ်။ (ကြားဖြတ်အနေနဲ့ - Wordpress မှာ database prefix wp
နဲ့ admin default username ကိုပြောင်းဖို့ Security ပိုင်းဆိုင်ရာက recommend လုပ်သလိုပေါ့)။
ဟက်ကာတွေမဟက်ခင် အရင်ဆုံး pentest လုပ်တဲ့ အချိန်မှာ basic ကလုပ်တယ်။ XSS, CSRF
တွေ brute force စသည်ဖြင့်ပေါ့ ဒါတွေနဲ့ ဟက်ချလောင်းဆိုပြီး တမ်းမလုပ်ဘူး။ သူတို့ရဲ့ target -
ကိုဖောက်ဖို့အတွက် victim ရဲ့ default setting ကိုအမြဲရှာတယ်။
Default setting မှာဘာဟာကွက်တွေတွေ့မလဲဆိုတာကို အရင် စစ်တယ်။
ဒါက Router တွေရဲ့ Default Setting ပါ။ (တင်လိုက်ပါသေးတယ်..ဒါပေမဲ့ List များတော့
တင်လို့မရဘူး။ Security Override မှာသွားကြည့်ရန်..
ဒါကြောင့် မိမိ Network/ မိမိ ကွန်ပျူတာရဲ့ လုံခြုံရေးဟာ Router အပေါ်မှာလည်း တစ်ပိုင်းတစ်ဏ္ဍ
ပါဝင်ပါတယ်။ မှန်ကန်တဲ့ Security Policy သတ်မှတ်ခြင်းမရှိသော Router နဲ့ Network ဟာ လုံခြုံမှု့
အပြည့်အ၀ပေးစွမ်းနိုင်မှာမဟုတ်ပါဘူး။
လုပ်ငန်းအရေးကြီးလေ ကောင်းမွန်တဲ့ Network Security Firewall တစ်ခုလောက်တော့လိုပါလိမ့်မယ်
ဥပမာ - D-Link DFL-210 စသည်ပေါ့။
ထပ်လောင်းပြီး ပြောပါရစေ မိမိတို့ရဲ့ အိမ်သုံး Router နဲ့ Access Point / Modem တွေကို ထိုက်သင့်တဲ့
ကာကွယ်မှု့လေးတွေပေးထားပြီလားဆိုတာကို ဒီ post ကိုဖတ်ပြီးပြီးခြင်း ကြည့်ပါ။
ဝန်ခံချက်။ brb ရေးတာ မနိုင်းနိုင်းစနေလို အရေးအသားမကောင်းတော့ တောင်ရောက်၊ မြောက်ရောက်
ဖြစ်နေပါလိမ့်မယ်.... နားလည်သလိုဖတ်ပါ။ နားမလည်တာကို သိသလောက်ထပ်ပြီး ရှင်းပြပေးမယ်..
အိမ်တွေ ရုံးတွေမှာ အင်တာနက် တပ်ကြတယ်... အင်တာနက်လိုင်းကို ခွဲသုံးဖို့ အတွက် Router
ဝယ်တပ်ကြတယ်... ဝယ်တပ်လိုက်တဲ့ Router က Wireless (WiFi) ပါတယ်... Wireless လည်း
သုံးချင်တယ် လုံခြုံအောင် ဘယ်လို ပိတ်ရမှန်းမသိတော့ default setting အတိုင်း သုံးကြတယ်...
ဟော ဘေးပတ်ဝန်းကျင်က လူတွေပါ ကိုယ့်ရဲ့ wireless ကို အလွယ်တကူ မိပြီး ကိုယ့်ရဲ့ အင်တာနက်
ကိုပါ သုံးလို့ရရော... ကျတော်တောင် ဒီပြီးခဲ့တဲ့ သင်္ကြန်တုန်းက အိမ်နားက လှူပေးတားတဲ့ Wireless
လေးနဲ့ အလုပ်ဖြစ်လိုက်သေးတယ်... အဲဒီလို default setting တိုင်း တပ်ထားတဲ့ wireless တွေမှာ
လုံခြုံမှုရှိအောင် လုပ်နည်းလေး ပြောပါ့မယ်... လတ်တလော ကျတော် သုံးဖြစ်နေတဲ့ SMC wireless
router ပေါ်မှာ အခြေခံပြီး ပြောပါ့မယ်... Wireless router/access point တစ်ခုနဲ့ တစ်ခု setting
ချရတာ သိပ်မကွာပါဘူး...
၁. ကျတော်တို့ wireless router ကို setting လှမ်းပြင်မယ့် ကွန်ပျူတာနဲ့ wireless router ကို
network cable ကြိုးနဲ့ ချိတ်ဆက်ပါ...
၂. wireless router ရဲ့ default IP address ကို သိအောင်လုပ်ပါ... SMC wireless router မှာ
192.168.2.1 ပါ... ကွန်ပျူတာရဲ့ Cable ကြိုးနဲ့ ချိတ်ဆက်ထားတဲ့ LAN card ရဲ့ IP ကို 192.168.2.2လို့
ပြောင်းလိုက်ပါ...
(SMC မဟုတ်တဲ့ အခြား brand သုံးတယ်... အဲဒီ router ရဲ့ IP က 192.168.100.1
ဆိုရင်တော့ ကွန်ပျူတာရဲ့ IP ကို 192.168.100.2 လို့ပြောင်းလိုက်ပါ...)
၃. ကွန်ပျူတာမှာ Internet Explorer ဖွင့်ပြီး address bar မှာ SMC wireless router ရဲ့ default
IP address 192.168.2.1 ကို ရိုက်ထည့်လိုက်ပါတယ်... password တောင်းတဲ့ box တက်လာပါတယ်
... SMC wireless router တွေမှာ အဲဒီ web page မှာ default password ကို ရေးထားပါတယ်...
password ရိုက်ထည့်ပြီး ဝင်လိုက်ပါ...
၎. ဘယ်ဘက်အခြမ်း Menu တွေ ဖော်ပြထားတဲ့ထဲက WIRELESS ကို ကလစ်ခေါက်လိုက်ပါ...
sub menu တွေ ထပ်ထွက်လာပါလိမ့်မယ်... အဲဒီထဲက Channel and SSID ကို ထပ် ကလစ်ခေါက်ပါ...
အောက်မှာ ဖော်ပြထားတဲ့ ပုံအတိုင်း မြင်ရပါလိမ့်မယ်...
Wireless Network Connection ဆိုတဲ့ dialog box ပေါ်လာပါလိမ့်မယ်... ကျတော်တို့ ပတ်ဝန်းကျင်မှာ
ရှိနေတဲ့ ချိတ်ဆက် အသုံးပြုနိုင်မယ့် wireless စာရင်းကို ဖော်ပြထား ပေးပါတယ်...
၁၀. ကျတော်တို့ အဆင့်-၅ တုန်းက SSID မှာ MgHla လို့ နာမည် ပေးခဲ့တဲ့အတိုင်း အခု ကွန်ပျူတာနဲ့
ချိတ်ဆက် နိုင်မယ့် စာရင်းထဲမှာ MgHla ကိုတွေ့နေရပြီဆိုတော့... MgHla ကိုရွေးပြီး connect ကို
ကလစ်လုပ်ပါ...
၁၁. ကျတော်တို့ အခု security-enabled wireless network ဖြစ်တဲ့အတွက် network key လာ
တောင်းပါတယ်... network key နဲ့ confirm network keyနေရာမှာ အဆင့်-၇ တုန်းက ပေးထားခဲ့တဲ့
Maung150haNdsome ကို ရိုက်ထည့်ပါ...
၁၂. connect နှိပ်လိုက်ရင် MgHla Wireless Network နဲ့ ချိတ်ဆက်သွားပါလိမ့်မယ်... မချိတ်ဆက်ဘူး
ဆိုရင်တော့ network key ကို သေချာ ပြန်စစ်ပြီး ရိုက်ထည့်ပါ... ပေးထားတဲ့ network key မေ့သွားလို့
ပြန်ကြည့်ချင်တယ် ဆိုရင်တော့ SMC Wireless Router setting ချတဲ့ထဲက WIRELESS sub-menu
အောက်ဆုံးက Manual ထဲမှာ ပြန်ကြည့်နိုင်ပါတယ်...
ပိုမိုလုံခြုံချင်တယ်ဆိုရင်တော့... Wireless Router ရဲ့ Default IP address ကိုလည်း ပြောင်းပါ...
Wireless Router ရဲ့ default password ကိုလည်း ပြောင်းပါ... wireless network key ကို
အခြား မသက်ဆိုင်သူတွေ မသိအောင် ထိန်းသိမ်းပါ... လို့ အကြံပြုလိုက်ရပါတယ်...
...................................................
Here is not your Linksys Router Model, but I think the same all Linksys Router .
Try this
Wireless router တစ်ခုတည်ဆောက်မယ်
ကျွန်တော်တို့ တစ်တွေသည် စာတွေနှင့်ရှင်းပြသည်ထက် ပုံကလေးတွေနှင့်ရှင်းပြသည်ကို နှစ်သက်ကြ
လိမ့်မယ်လို့ ထင်ပါတယ်။ဒါကြောင့် ကျွန်တော် သူငယ်ချင်းတို့ တစ်တွေနားလည်ရလွယ်ကူအောင်
router/access point တစ်ခု တည်ဆောက်ပုံကို အတတ်နိုင်ဆုံးရှင်းလင်းလွယ်ကူမှုရှိအောင်
ပုံကလေးတွေနှင့်ရှင်းလင်းပြပေးပါမယ်။ ဤလမ်းညွှန် ချက်ကလေးဟာ
Linksys WRT54G ကို
အခြေခံထားပါတယ်ခင်မျာ။
အဆင့်(၁) Resetting
* Connect the power cord
* Unplug ALL Ethernet connections
* Hold down the reset button for at least 15 seconds
အဆင့်(၂) Cable setup
* သင့် computer ကနေပြီးတော့ (PC or MAC) LAN ports တစ်ခုဆီကို ချိပ်ဆက်ပါမယ်,
* Connect the Internet (WAN) Port to ResNet
DO NOT connect the wall port to any port on the Router yet!
အဆင့်(၃)Accessing Router
This image has been resized. Click this bar to view the full image. The original image
is sized 500x374.
အဆင့်(၆) Configure Wireless SSID
This image has been resized. Click this bar to view the full image. The original
image is sized 500x336.
# Click “Wireless”
# Click “Basic Wireless Settings”
# Enter a desired name into the “Wireless Network Name (SSID)” field
# Write down your Wireless Network SSID, it will be used for later.
# Click “Save Settings”
ဒီအဆင့်ထိအားလုံးအဆင်ပြေကြပါလမ့်မယ်ခင်မျာ။ ဒီအဆင့်ပြီးရင်နောက်တစ်ဆင့်ကို ဆက်သွားရပါမယ်။
အဆင့်(၇)Configure Wireless WEP or WPA Security Key
အကယ်၍ သင်ဟာ wireless connection မရသေးဘူးဆိုရင် အောင်ပါပုံအတိုင်း သင့်ရွေးချယ်မှုများကို ပြန်လည်ပြင်ဆင်လုပ်ဆောင်နိုင်ပါတယ်ခင်မျာ။
Click this bar to view the full image.
WPA (recommand)အတွက်ဆိုရင်
# Click “Wireless”
# Click “Wireless Security”
# Select “WPA Pre-Shared Key” in the “Security Mode” field
# Set the "WPA algorithm" to "TKIP" ကိုသွားမယ်။
#WPA shared key ကိုရိုက်ပါမယ်။စာလုံးပေါင်း 8 မှ 32 လုံးကြားမှာရှိနေရပါမယ်။
#Click “Save Settings”
WEP အတွက်ဆိုရင်
* Click “Wireless”
* Click “Wireless Security”
* Select “WEP” in the “Security Mode” field
* Bubble “1” under the “Default Transmit Key” field
* Select “128 bits 26 hex digits”
* Enter a desired passphrase into the “Passphrase” field
* Click “Generate”
* Carefully write down the code generated in the “Key 1” field on paper, and store
it in a safe place. THIS IS YOUR WEP KEY, it will be needed later on.
* Click “Save Settings”
အဲဒီအထဲကမှ သင်ကြိုက်နှစ်သက်ရာတစ်ခုခုနှင့် လုပ်ဆောင်သွားလို့ရပါတယ်။ အဆင်ပြေလောက
်မယ်ထင်ပါတယ်။ အကယ်၍ နားမလည်သည့်အပိုင်းများကို မေးမြန်းနိုင်ပါတယ်ခင်မျာ။
အဆင့်(၈) Final Cable Setup
#သင်ါ့ကွန်ပျူတာ (PC or MAC)တစ်ခုကနေ LAN port တစ်ခုကနေ ချိပ်ဆက်ပါမယ်။
#Connect the wall port to a WAN port on your Router။အောက်ပါပုံအတိုင်းချိပ်ဆက်ပေးပါမယ်။
အဆင့် (၉) Go To Control Panel
This image has been resized. Click this bar to view the full image. The original
image is sized 500x389.
Click start menu>control panel ကိုသွားပါမယ်။
အဆင့်(၁၀)Switch to Classic View
Click this bar to view the full image.
သူကတော့နောက်တစ်နည်းပါ။
အဆင့်(၁၁)Go to Network Connections
Click this bar to view the full image.
“Network Connections” ကို Double click နှိပ်ပါမယ်။အောက်ကပုံအတိုင်းပေါ်လာပါမယ်။
အဆင့်(၁၂)Network Connections
This image has been resized. Click this bar to view the full image. The original
image is sized 500x375.
Right click “Wireless Network Connection” and select “Properties”.
အဆင့်(၁၃)Wireless Network Connection Properties
Click this bar to view the full image.
“Wireless Networks” Tab ကိုသွားပါမယ်။
အဆင့် (၁၄) Adding a Wireless Profile
Click this bar to view the full image.
“Use Windows to configure my wireless network settings”ကိုရွေးချယ်လိုက်ပါမယ်။
နောက်ပြီး add ကို click ပါမယ်။
အဆင့်(၁၅) Making a Profile
Click this bar to view the full image.
* Network name ကို (SSID) လို့ရိုက်ပါမယ်။ (ဒီ SSID ပုံစံကို Step 6 မှာဖော်ပြထားပါတယ်။).
* “The key is provided for me automatically”မှ အမှန်ချက်ကလေးကို ဖြုတ်လိုက်ပါမယ်။
* Put in the “Key 1” code from Step 7 into “Network key” နှင့် “Confirm network key”.
* “OK”ကို click လိုက်ပါ ဒါဆိုရင် အားလုံးအဆင်ပြေသွားပါပြီ။သင်ဟာ wireless တစ်ခုကိုတည်
ဆောက်လို့ ပြီးပါပြီ။
သူ့ကိုကြည့်ချင်တယ်ဆိုရင် အောက်ပါ command key ကလေးနှင့်ကြည့်နိုင်ပါတယ်။
> Run> "cmd", clicking "Ok", > typing "ipconfig /all" လို့ရိုက်လိုက်ရင် အဆင်ပြေပါပြီ။