Hardware Special-1
ATX Power အကြောင်း PDF Print E-mail
Hardware - Hardware
Monday, 12 October 2009 01:54
ATX Power အကြောင်း

စကားဦး

ကွန်ပျူတာဆိုတာ စပေါ်တဲ့အချိန်ကစပြီး နှစ်တွေနှစ်တွေပြောင်းလဲလာတာနဲ့အမျှ ကွန်ပျူတာ System ထဲမှာ ထည့်တဲ့ 
အခြေခံပစ္စည်းတွေမှာလည်း တဖြည်းဖြည်းပြောင်းလဲလာတာပါပဲ။ ဒါကြောင့် System ရဲ့ပုံစံကို တစ်သမတ်တည်း ပြန်သတ်
မှတ်ဖို့အတွက်ကို Desktop ကွန်ပျူတာတွေအတွက် စံသတ်မှတ်ချက်တွေ ထုတ်ပေးလိုက်တယ်။ Desktop Computer
တွေရဲ့ ပုံစံပိုင်းတွေ၊ လျှပ်စစ်ပစ္စည်းလိုအပ်ချက်တွေ၊ အရွယ်အစားတွေအပိုင်းမှာ စံနှုန်းတွေ သတ်မှတ်ခဲ့တာပါ။ ဒါမှ Vendor
တွေ၊ System တွေအကြားမှာ Parts တွေကို လွယ်လွယ်ကူကူ ပြောင်းလို့လည်းရမှာပါ။ ဒီအစိတ်အပိုင်းတွေ အားလုံး
အတွက်ဆိုရင် လျှပ်စစ်စွမ်းအားကို Low Voltage ကနေ High Voltage အဖြစ် ပြောင်းလဲပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့်
Power Supply တွေလည်း တဖြည်းဖြည်းနဲ့ပြောင်းလဲလာပြီး သတ်မှတ်ချက်တွေကို ရှင်းရှင်းလင်းလင်း ပေးလာကြပါတယ်။

AT ၊ ATX ၊ ATX12V ......ဘာတွေလဲ?

ပြောခဲ့သလို Desktop Design နဲ့ပတ်သက်ပြီး စံသတ်မှတ်မှုတွေက ပြီးခဲ့တဲ့ နှစ်တစ်လျှောက်လုံးကိုပဲ အမျိုးမျိုးပြောင်း
နေတယ်လေ။ ဟိုးအစောပိုင်းနှစ်တွေတုန်းက IBM Compatible System မှာ သတ်မှတ်ခဲ့တာတစ်ခုကတော့ ATX လို့လည်း
ခေါ်တဲ့ Original Advanced Technology ပါပဲ။ သူက ပထမဆုံးပေါ်ခဲ့တဲ့ နည်းပညာပါ။ နောက်ပိုင်း Power ပိုင်းဆိုင်ရာလို
အပ်ချက်တွေ၊ ပုံစံအနေအထားတွေပြောင်းလဲလာတော့ စက်ရုံကနေပြီး ATX ကို ပြောင်းလဲထွင်ရပြန်တယ်။ ATX ဆိုတာ
Advanced Technology Extended ကို ပြောတာပါ။ ဒီ ATX ကို တော်တော်ကြာကြာ သုံးခဲ့သေးတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီကြားထဲနှစ်တွေမှာ Power ပြောင်းလဲမှုအမျိုးမျိုးနဲ့ကိုက်ညီအောင် လုပ်နိုင်ဖို့ လုပ်ငန်းရှင်တွေ
အားလုံး အာရုံစိုက်နေခဲ့ရတယ်လေ။ အခုမှာတော့ ATX 12V ဆိုတဲ့ ပုံစံအသစ်ကိုထုတ်လုပ်ပြီး ဒါပဲသုံးခဲ့တာ တော်တော်
ကြာခဲ့ပါပြီ။ ဒီ Standard ကို ATX V2.0 လို့ခေါ်တယ်။ နောက်ပိုင်း 2.0 ထက်မြင့်တာတွေလည်း ရှိသေးတယ်။ လက်ရှိ
သုံးနေတာတွေက ဒီ ATX ကနေ ခွဲထွက်လာတဲ့ Standard Version တွေပါပဲ။ ဒါကြောင့် ATX နဲ့ပတ်သက်ပြီး သူရဲ့
Version တစ်ခုချင်းစီကို သမိုင်းကြောင်းအနေနဲ့ ရှင်းပြသွားမှာပါ။

ATX Power Supply အကြောင်း ပြန်လေ့လာကြရအောင်

ATX က ၁၉၉၅ မှာစပေါ်လာခဲ့တာပါ။ သူ့မှာ Power Connector အမျိုးအစား(၃)ခုလောက်ပါပါတယ်။
(၁)4-pin AMP MATE-N-LOK _ သူ့ကို MOLEX လို့လည်း အသိများတယ်။ AT Standard ကနေ တိုက်ရိုက်ဆင်း
သက်လာတာပါ။ P-ATA Hard Disk ၊ CD-ROMs တွေအတွက်ဆို +5V နဲ့ +12V ဆိုပြီး (၂)မျိုးရနိုင်တယ်။ 5.25 inch
Floppy Drive နဲ့တစ်ခြားပစ္စည်းတွေအတွက်ဆိုရင်လည်း အတူတူပါပဲ။ +5V နဲ့ +12V ပေါ့။
(၂)4-pin Berg Floppy Connector_ ဒါလည်း AT Standard ကနေ တိုက်ရိုက်ဆင်းသက်လာတာပါပဲ။ သူ့မှာဆိုရင်
3.5 inch Floppy Drives ရယ်၊ တစ်ခြား Peripheral တွေရယ်အတွက် +5V နဲ့ +12V ပေါ့။
(၃)20-pin Main Motherboard Connector _ATX Standard အသစ်တစ်ခုပါ။
Power ပေးတဲ့နှုန်းနဲ့ပတ်သက်ပြီး သတ်မှတ်ချက်ပေးထားတာကတော့ PSU ရဲ့ Power အများစုဆိုရင် 5V နဲ့ 3.3V rails
ရှိရမယ်ဆိုပြီးတော့ သတ်မှတ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ CPU တို့၊ RAM ၊ Chipset တို့ ၊ PCI ၊ AGP တို့ ၊ ISA
Card တို့.....အို...လျှပ်စစ်ပစ္စည်းအကုန်နီးပါးလောက်က 5V ၊ ဒါမှမဟုတ် 3.3 V ကို သုံးမှရတယ်လေ။  12V rail ကိုတော့
HDD ၊ FDD ၊ CD-ROM စတဲ့ ပစ္စည်းတွေရဲ့ ပန်ကာတွေ၊ မော်တာတွေ အတွက်ပဲသုံးပါတယ်။
ဒီ ATX ကိုပဲ သူစပေါ်ခဲ့တဲ့ ၁၉၉၅ ကနေစပြီး ဘာမှမပြင်ဆင်ဘဲနဲ့ သုံးလာလိုက်တာ ၂၀၀၀ ခုနှစ်ထိပါပဲ။

ATX 12V 1.x

ဒီလိုနဲ့ကွန်ပျူတာတွေမှာ Pentium 3 ကိုသုံးလာရာကနေ ၁၉၉၉/ ၂၀၀၀ ခုနှစ်လောက်လည်းရောက်ရော Pentium 4
ကို စထွင်တော့တာပါပဲ။ အဲဒီမှာတင် အခုလက်ရှိသုံးနေတဲ့ 20-pin ATX Power Connector ဟာ P4 မှာ တိုးတက်လာ
မယ့် လျှပ်စစ်ပစ္စည်းတွေအတွက် လိုအပ်ချက်တွေရှိနေပါတယ်။ မကိုက်ညီပါဘူးဆိုပြီးဖြစ်လာကြတယ်။ ဒါကြောင့် ATX
ကနေ ATX 12V 1.0 Standard အဖြစ်ထပ်ပြီး တိုးချဲ့ပြုပြင်ရတော့တာပဲ။ အဲဒါကြောင့် ATX 12V 1.x Standard ကို
တစ်ခါတစ်လေကျရင် ATX P4 ဆိုပြီးခေါ်တာလေ။ Athlon XP နဲ့ Athlon 64 System တို့မှာ ဒီကောင်ကို ထည့်သုံးထား
တယ်။ 

ATX 12V 1.0

ATX 12V 1.0 ကို ၂၀၀၀ ခုနှစ် ဖေဖော်ဝါရီမှာ စထုတ်ခဲ့တာပါ။ သူ့မှာ ထပ်ပါလာတဲ့ Features တွေပြောင်းလဲမှုတွေက တော့_
(၁) CPU ကို ပါဝါပေးဖို့ 4pin ၊ 12-volt Connector အပိုတစ်ခုပါလာပါတယ်။ သူ့ကို +12V Power Connector
လို့လည်း ခေါ်သေးတယ်။ ဒါပေမယ့် ဒီကောင်က Pentium 4 Processor ကို Support ပေးတဲ့နေရာမှာ ပထမဆုံးလိုတဲ့
ကောင်ဆိုတော့ P4 Connector လို့လည်း လူသိများပါတယ်။ အရင် Processor အဟောင်းတွေတုန်းက 5V rail နဲ့ ပါဝါပေး
တာလေ။
(၂)Motherboard ကြီးကို လိုအပ်တဲ့အချိန်မှာ 3.3 V နဲ့ 5 V အပိုပါဝါပေးဖို့လို့ 6-pin AUX Connector ပါပါတယ်။ ဒီ
3.3 V နဲ့ 5 V တွေကို ATX 12V 1.x PSU တိုင်းကပေးနေပေမယ့် တစ်ခါတစ်လေကျရင် Motherboard တွေကလည်း
လိုလို့ပါ။ ဒါပေမယ့် ဒီလို Case မျိုးကရှားပါတယ်။
(၃)12V rail ပေါ်က Power ကိုလည်း ထပ်မြှင့်ပေးထားပါတယ်။ (5 V တို့၊ 3.3 V rail တို့က Power တွေကတော့
အတူတူပါပဲ။)

ATX 12V 1.1

၂၀၀၂ ခုနှစ်၊ ဇန်န၀ါရီလတုန်းက လုပ်ခဲ့တဲ့ ပြင်ဆင်ချက်သေးသေးလေးပါ။ အထူးခြားဆုံး ပြောင်းလဲသွားတာက -5V rail
ကို လုံးဝအသုံးမလိုတော့တာပါပဲ။ ဒီ Voltage တွေက သိပ်အသုံးနည်းတယ်လေ။ ISA add-on card တွေစိုက်တဲ့ System
အဟောင်းတွေလောက်ပဲသုံးတာပါ။

ATX 12 V 1.3

စခဲ့တာက ၂၀၀၃ ခု၊ ပြေီလမှာပဲ။ ပြင်ဆင်ချက်အသေးစားလေးတွေ တော်တော်များများပါပါတယ်။
(၁)12V rail ပေါ်က ပါဝါကို နည်းနည်းလေးထပ်မြှင့်တယ်။
(၂)ပုံမှန် Load လုပ်ဖို့နဲ့ အလင်းပေးဖို့အတွက် PSU ကို လိုအပ်နေတောတွေ နည်းသွားမယ်။
(၃)အသံပိုင်းဆိုင်ရာ Level တွေသတ်မှတ်လာတယ်။
(၄)Serial ATA Power Connector စပါလာပါတယ်။

ATX 12V 2.x

ATX 12V 2.x မှာကျတော့ ပါဝါပိုင်းဆိုင်ရာအပြင် ဒီဇိုင်းပိုင်းမှာပါ သိသိသာသာကြီး ပြောင်းလဲသွားပါတယ်။ လက်ရှိသုံး
နေတဲ့ ပါဝါပိုင်းရယ်၊ အရင်တုန်းကသုံးခဲ့တဲ့ ပါဝါရယ်ကို နှိုင်းယှဉ်တဲ့အခါမှာ 3.3 V နဲ့ 5 V rail တွေကနေ ပါဝါပေးတာထက်
PC အစိတ်အပိုင်းတွေကို 12 V နဲ့ ပါဝါပေးတာက အများကြီးပိုထိရောက်ပါတယ်တဲ့။ စီးပွားရေးပိုင်းကနေ ကြည့်မလား၊
စက်မှုပညာပိုင်းကနေကြည့်မလား..၊ နှစ်ခုစလုံးအတွက် အရမ်းတိုးတက်လာတာကို တွေ့ရမှာပါ။

ATX 12 V 2.0

2.x မှာတုန်းက ပြောခဲ့တဲ့ အကျိုးကျေးဇူးကောင်းကွက်တွေက ဒီမှာလည်း ဒီအတိုင်းပါပဲ။ 2.0 ရဲ့ အားသာချက်အနေနဲ့
သီးသန့်ရှိပါသေးတယ်။
(၁)Main ATX Power Connector တွေကို အရင် System အဟောင်းတွေနဲ့လည်း ကိုက်ညီတဲ့ 24 pin တွေအဖြစ်
တိုးချဲ့လိုက်ပါတယ်။ နောက်ထပ်တိုးတဲ့ 4 pin တွေကြောင့် 3.3 V ၊ 5 V ၊ 12 V Circuit အပိုတစ်ခုတိုးလာပါတယ်။
(၂)ATX 12 V 1.x မှာပါခဲ့တဲ့ 6 pin AUX Connector ကို ကျတော့ ဖယ်ပစ်လိုက်ပြီ။ 2.0 မှာ မပါတော့ဘူး။
ဘာလို့လည်းဆိုတော့ အပိုထည့်ပေးထားတဲ့ 3.3 V နဲ့ 5 V Circuit တွေက 24 pin main connector ထဲမှာ ပါသွားပြီလေ။
(၃)Power အများစုကတော့ 12 V rail ထဲမှာ ထည့်ပေးထားပါတယ်။ 12 V rail မှာလည်း နှစ်မျိုးရှိပါသေးတယ်။ 4 pin
Connector အတွက်က 12 V2 ၊ တစ်ခြားဟာတွေအတွက်က 12 V1 ပေါ့။ စံသတ်မှတ်ထားတာကတော့ သီးသန့်ကာ
ကွယ်မှု တွေရှိနေတဲ့ ဒီ 12 V rail နှစ်ခုလုံဟာ Power ပိုင်းဆိုင်ရာ လိုအပ်ချက်တွေအားလုံးနဲ့ သွားကိုက်နေရမယ်တဲ့။
ပါဝါအရမ်းမြင့်တဲ့ တစ်ချို့ PSU တွေမှာ တွေမှာ rail နှစ်ခုလောက် ရှိတယ်။ အဲဒီလို PSU အကြီးကြီးတွေအတွက်
သတ်မှတ်ထားတာတွေကျတော့ ဒီစံနှုန်းကနေ သတ်မှတ်ပေးထားတာ မဟုတ်ဘူး။
-3.3V နဲ့ 5 V rail ရဲ့ Power တွေက သိသိသာသာကြီး လျော့ကျသွားမယ်။
-Serial ATA Power Cable လိုလာပါပြီ။
-တစ်ခြား သတ်မှတ်ချက်တွေ၊ ထပ်တိုးတာတွေကလည်း အများကြီးပါပဲ။
 
ATX 12V V2.01

အသေးစားပြင်ဆင်ချက်လေးလုပ်ပြီး ၂၀၀၄ ခု၊ ဇွန်လမှာ ထုတ်လိုက်တာပါ။ -5 V rail ကတော့ လုံးဝကို မပါတော့ဘူး။

ATX 12V V2.1

ဒီကောင်လည်းအတူတူပဲ။ ၂၀၀၅ ခု၊ မတ်လမှာအသေးစားပြင်ဆင်ပြီး ထုတ်လိုက်တာပါ။ သူတို့ကလည်း ပြင်ပြင်နိုင်လွန်း
တယ်နော်။ ဒီကောင့်မှာတော့ rail တွေအားလုံးမှာ Power တွေနည်းနည်းစီ မြှင့်ပေးထားတယ်။
ATX 12V V2.2

သူ့မှာ အဓိကပြောင်းလဲလိုက်တာက တစ်ခုပဲ။ Motherboard Power Connector မှာ အရည်အသွေး ပိုမြှင့်တဲ့
Connector တွေ သုံးလို့ရလာတာပါပဲ။
ရှင်းခဲ့သမျှအကုန်လုံးက ATX ရဲ့ သမိုင်းကြောင်းတွေပါပဲ။သူတို့ကပြောင်းလိုက်၊ နောက်တစ်မျိုး ပေါ်လာလိုက်နဲ့။ နည်း
နည်းလေးထပ်ထည့်လိုက်တာနဲ့ Version နောက်တစ်မျိုးဖြစ်သွားရော။ ဘာဖြစ်လို့ ဒီလောက်ပြောင်းနေမှန်းမသိဘူး။ ဒီမှာ
ရေးရတာ ညောင်းလာပြီ။ ဒါပေမယ့် ညောင်းသလောက်ရေးရတာ ပျော်ပါတယ်။ ကိုယ့်အသိပညာလေးကို ဖြန့်ဝေပေးရတာ
ကိုး။
ကဲ....ကဲ ဆက်ကြဦးစို့နော်။
ပြောခဲ့တဲ့ ATX တွေထဲမှာ နောက်ဆုံးပေါ်တဲ့ကောင်က ATX 12 V 2.2 ပေါ့နော်။ ဒီကောင်နဲ့အရင် ATX V 1.3 နဲ့
ဘယ်လိုကွာလဲဆိုတော့ သေချာပြန်ချကြည့်ရအောင်။
(၁)PCI Express အတွက် 20-Pin Connector အစား 24-Pin Main Power Connector ကို သုံးလာတယ်။
(၂)6-Pin Aux Power Connector တွေက လုံးဝ၊ လုံးဝကို မလိုတော့ပါဘူး။
(၃)18 A ထက်ပိုများတယ်ဆိုရင် 12 V Rails ကို ပြိုင်တူသုံးပါတယ်။
(၄)Serial ATA Power Connector ကိုတော့ စသုံးလာပါပြီ။
(၅)Power Conversion Efficiency လည်း နည်းသွားပါတယ်။
ဒီအပြောင်းအလဲတွေထဲမှာ အသစ်ပါလာတဲ့အသုံးအနှုန်းနဲ့ ပစ္စည်းလေးတွေအကြောင်း ဆက်ရှင်းရင် ကောင်းမလား မသိဘူး။

24-Pin Main Power

ATX 12 V Standard ပေါ်လာတဲ့အတွက် အသိသာဆုံး ပြောင်းလဲမှုကို ပြောပါဆိုရင် 24-Pin Express က 75 Watt
လိုတယ်လေ။ ဒီ Watt ကိုကျတော့ အရင် 20-Pin Connector တွေက မပေးနိုင်ဘူး။ ဒါကြောင့် 24 Pin Connector
ပြောင်းသုံးလိုက်ရတာ။ အခုနောက်ပိုင်းထွက်တဲ့ 24-Pin တွေမှာတော့ အရင်တုန်းက 20-Pin Connector သုံးတဲ့ Board
တွေနဲ့ပါ တွဲသုံးနိုင်အောင် ထုတ်လုပ်လာကြပါပြီ။ သူတို့မှာဆို 20-Pin သပ်သပ်၊ 4-Pin က သပ်သပ်ခွဲပေးထားတာကို
တွေ့ရမှာပါ။

Dual 12 V Rails

System တွေထဲမှာ Processor တွေ၊ Drives တွေ၊ Fan တွေအတွက် ပါဝါလိုအပ်ချက်တွေက တဖြည်းဖြည်းနဲ့ များလာ
တော့ 12 rail ကနေပေးရတဲ့ Power ပမာဏကလည်း များလာတာပေါ့။ ဒီလိုမျိုးများများလာတာက အန္တရာယ်ရှိတယ်လေ။
ဒီပြဿနာကနေ ဖြေရှင်းနိုင်ဖို့အတွက် အခုနောက်ပိုင်းထွက်သမျှ Board တိုင်းမှာ ပါဝါ 18A ထက်ပိုပြီး ထုတ်ပေးနိုင်တဲ့
Power Supply တွေပါလာကြတယ်။ ဒီလို 18A ထုတ်ပေးတာကြောင့် 12 rail တွေကနေ သီးသန့် 12V rail လိုင်းနှစ်ခုခွဲပြီး
အလုပ်လုပ်ပေးတာကြောင့် ပါဝါစွမ်းအားတည်ငြိမ်စေတယ်။ အန္တရာယ်လည်း မဖြစ်တော့ပါဘူး။ High Watt ပါတဲ့ ပါဝါ
Supply အချို့ဆိုရင် သီးသန့် 12V rail လိုင်း၃ခုတောင် ခွဲထွက်ပေးတာ တွေ့ရတယ်။

Serial ATA Connectors

ဟိုးအရင် ATX v1.3 Power Supply တွေမှာ တွေ့ရတဲ့ Serial ATA Connector တွေကထည့်သာ ထည့်ထားပေမယ့်
သိပ်မလိုပါဘူး။ သိပ်အသုံးမများပါဘူး။ နောက်ပိုင်း SATA Drive တွေ ထည့်သုံးပြီး နောက်ပိုင်းကျတော့မှ Power Supply
တွေအားလုံးမှာ Connector အရေအတွက်လျော့နည်းသွားပါတယ်။  ATX v1.3 unit တွေတုန်းက Connector နှစ်ခု
လောက်ပဲပေးပေမယ့် ATV v2.0 unit အသစ်တွေမှာဆိုရင် ၄ခုလောက် Supply ပေးတယ်။
ကွန်ပျူတာအစိတ်အပိုင်းတွေအတွက် လိုအပ်တဲ့ လျှပ်စီးကြောင်းတွေကို Wall Outlet Voltage ကနေ Lower Voltage
Level ကို ပြောင်းတဲ့အချိန်မှာ တစ်ချို့လျှပ်စီးကြောင်းလေးတွေက အပူအဖြစ်ကို ပြောင်းပြီး အလဟဿဖြစ်သွားတာမျိုး ဖြစ်
တတ်တယ်။ ဒါကြောင့် ဒီ Power Supply တစ်ခုဟာ 500 W ပေးတယ်လို့ ပြောထားပေမယ့် တကယ်တမ်း Wall ကနေ
ဆွဲယူတဲ့အခါမှာ ဒီထက်ပိုပြီးတော့ ဆွဲယူရပါတယ်။ ဒါကြောင့် Power Efficiency Rating ဆိုတာ ဖြစ်လာတာပါ။
ကွန်ပျူတာကနေ ပြန်ထွက်လာတဲ့ Power နဲ့တကယ်တမ်း Wall ပေါ်ကနေ ဆွဲယူတဲ့ Power နဲ့ကို နှိုင်းယှဉ်ထားတဲ့ဟာကို
Power Efficiency Rating လို့သတ်မှတ်ခဲ့တာပါ။ Standard အသစ်တွေမှာ Power Efficienchy အနည်းဆုံး ၇၀ ရာခိုင်
နှုန်းလောက်ရှိရပါမယ်။ သို့သော် တကယ်တမ်း ရှိသင့်တာကတော့ ၈၀ ရာခိုင်နှုန်းလို့ပြောပါတယ်။ Wattage Level ဘယ်
လောက်ပဲရှိရှိ Power Efficiency ၈၀ ရာခိုင်နှုန်းထက်ပိုပြီးပေးနိုင်တဲ့ Power Supply ကတော့ တကယ့်ကို နည်းနည်းလေး
ပဲရှိပါသေးတယ်။

20-Pin PSU နဲ့ 24-Pin Power Supply Unit (PSU) ဘာကွာတာလဲ?

Motherboard တစ်ခုမှာက 20-Pin Connector ၊ နောက်တစ်ခုမှာက 24-Pin Connector ဖြစ်နေတယ်။ ဟုတ်လား။
ဒါဆိုရင်တော့ ရှင်းစရာနည်းနည်းရှိလာပြီပေါ့။ 20-Pin Connector တွေက ဟိုးအရင်တုန်းကပေါ်ခဲ့တဲ့ ATX 1.x Standard
အဟောင်းတွေမှာသုံးခဲ့တာဖြစ်ပြီး 24-Pin Connector ကတော့ အခုခေတ်မှာသုံးနေကြတဲ့ ATX 2.x Standard အသစ်
တွေမှာ သုံးလာတာဖြစ်ပါတယ်။
ဒီမှာပိုမြင်သာအောင် 20-Pin နဲ့ 24-Pin Connector တွေကို ရှင်းလင်းပြပေးထားပါတယ်။ ကြည့်ပါဦး။ ဒီဟာကတော့
20-Pin Power Connector ထဲက Pin တွေပါ။



ကဲ 24-Pin Connector ပေါ်က Pin တွေကို ကြည့်ချင်ရင်တော့ ဒီမှာကြည့်...။



ဒီနှစ်ခုက ဘာကွာလို့လဲတဲ့...။  အဓိကကွာတာက Pin 11 ရယ်၊ Pin 11 ရယ်၊ Pin 12 ရယ်၊ Pin 23 ရယ်၊ Pin 24 ရယ်
တို့ပါ။ 20-Pin မှာကြည့်လိုက်လေ။ Pin 11 က 12 V ၊ Pin 12 က 3.3 V ၊ Pin 23 က 5 V နဲ့ Pin 24 က ground ဆိုပြီး
သတ်မှတ်ပေးထားတာတွေ့တယ်မဟုတ်လား။ ဒီကောင်တွေလောက်ပဲကွာသွားတာပါ။ 20-Pin Connector ကနေ 24-Pin
Connector ကို ပြောင်းပေးနိုင်တဲ့ Cable ကို လွယ်လွယ်ကူကူ ရှာတွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီ Cable ကို သုံးတော့မယ်
ဆိုရင်တော့ PSU မှာ ဒီလိုသုံးဖို့အတွက် Ample Power ရှိနေဖို့လိုအပ်ပါတယ်။ တကယ်လို့ ကိုယ့် Motherboard က လို
တာက 8 Pin ၊ ဒါမှမဟုတ် 4 Pin ရှိတဲ့ 12 V Auxiliary Connector ကို လိုနေတယ်။ ဒါပေမယ့် လက်ရှိ ကိုယ့်စက်ပေါ်က
PSU မှာက တစ်ခုမှမပါဘူးဆိုရင်တော့ PS အသစ်တစ်ခုရှိမှပဲ ရတော့မှာပါ။ ကိုယ့်ဆီမှာရှိတာက 4-Pin aux Connector ၊
ကိုယ်လိုနေတာက 8-Pin ဆိုလို့ရှိရင်လည်း အဲဒီ 4-Pin ကို 8-Pin အဖြစ်ပြောင်းပေးနိုင်တဲ့ Converter လည်း ရှိပါသေးတယ်။
အပြင်မှာ ၀ယ်လို့ရနိုင်ပါတယ်။
ဒါပေမယ့် ကိုယ်တွေစမ်းသပ်ကြည့်လို့ သိရသလောက်ကတော့ အဲဒီလို Converters တွေကိုသုံးတာထက် PSU အသစ်
တစ်ခု ၀ယ်သုံးလိုက်တာကမှ ပိုပြီးလွယ်ကူပြီး အလုပ်ရှုပ်သက်သာသေးတယ်။ ဟို Converters တွေသုံးတာက Casing
ထဲမှာ ၀ါယာတွေရှုပ်ကုန်တာပဲ ရှိတယ်။
ဒါလောက်ဆိုရင် Power Supply အကြောင်းကို သေသေချာချာနားလည်ရောပေါ့နော်။ ဒီတော့ အဆုံးသတ် အမှာစကား
ပြောရဖို့ပဲ ကျန်တော့တယ်။
ဒီတော့ Power Supply တစ်ခုကို ကိုယ်က၀ယ်ရတော့မယ်ဆိုရင် ကိုယ့်ကွန်ပျူတာ System ရဲ့ ပါဝါသတ်မှတ်ချက်၊
လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် Power Supply မျိုးဝယ်ဖို့က အရေးကြီးပါတယ်။ နောက်တစ်ချက် ပြောလို့ရတာက ATX
Standard တွေအားလုံးက အရင်တုန်းက System အဟောင်းတွေနဲ့ ပါ တွဲဖက်သုံးလို့ရအောင် ထုတ်ပေးတာပါ။ ဒီတော့ ကဲ
Power Supply အ၀ယ်ထွက်ရပြီဆိုလို့ရှိရင် အနည်းဆုံး ATX v2.01 လောက်ရှိတဲ့ (သို့) ဒီထက်မြင့်တဲ့  Power Supply
မျိုးကို ၀ယ်တာအကောင်းဆုံးပါပဲ။ ဒါတွေက ATX System အဟောင်းတုန်းက 20-Pin Main Power Connector တွေကို
လည်း ကောင်းကောင်းထောက်ပံ့ပေးနိုင်တယ်လေ။
ဒါကြောင့် Power Supply အ၀ယ်တော်လုပ်ရတဲ့ လူတွေအားလုံး အဆင်ပြေပြေနဲ့ အ၀ယ်ထွက်နိုင်ကြပါစေ။
 
 
Disk Defragment ကို Run သည့် နည်းလမ်း(၃)မျိုး PDF Print E-mail
Hardware - Hardware
Monday, 12 October 2009 01:46
Disk Defragment ကို Run သည့် နည်းလမ်း(၃)မျိုး
 
ကဲ မိမိရဲ့စက်မှာ (Drive) တွေ ဘယ်လိုမျိုး (Defragment) Run နိုင်ပါသလဲ။ Defragment Run ခြင်းကို ဘယ်လိုမျိုး
အသုံးပြုလို့ရနိုင်ပါသလဲ။ ဒါဆိုစပြီးတော့ Defragment Run ခြင်း (၃)မျိုးကို ဖော်ပြပေးပါ့မယ်။
အဲ Defragment Run တယ်ဆိုတာက မိမိရဲ့ (Drive) အတွင်းမှာ သိမ်းဆည်းပေးထားတဲ့ Data တွေ၊ Information
တွေကို စနစ်တကျပြန်လည်စီစဉ်ပေးတာကို Defragment Run တယ်လို့ ခေါ်ပါတယ်။ ဒါဆို ပထမတစ်နည်းကို စတင်လေ့
လာကြရအောင်။

My Computer မှတစ်ဆင့် Defragment ကို အသုံးပြုခြင်း

ပထမဦးဆုံး My Computer ကို သွားပေးပါ။ ၎င်းမှတစ်ဆင့် မိမိအသုံးပြုမည့် Drive ကို Right Click နှိပ်၍ Properties
သို့သွားပါ။
 
 
၎င်း Drive ရဲ့ Properties Box ပေါ်လာပါကပုံ၌ ၀ိုင်းပြပေးထားသော Defragment Now ကို Click နှိပ်ပေးပါ။

 
ကဲ ဒါဆို Disk Defragmenter ဆိုပြီး ပေါ်လာပါလိမ့်မယ်။ ဒါက ပထမတစ်နည်းပါ။

 
Computer Management မှတစ်ဆင့် Defragment အား အသုံးပြုခြင်း

ကဲ ဒုတိယတစ်နည်းကတော့ Computer Management မှပါတဲ့။ ကဲဒါဆို Desktop ပေါ်က My Computer ပုံကို
Right Click နှိပ်၍ Manage ကို Click နှိပ်ပေးပါ။
 
 
နောက်ဆုံး Computer Management မှတစ်ဆင့် Disk Defragmenter ကို Click နှိပ်ပေးပါ။ ဒါဆိုမိမိ ကြိုက်နှစ်သက်သည့်
Drive များကို Defragment Run နိုင်ပါပြီ။

 
Command Line မှတဲ့ဗျ

ကဲ..နောက်ဆုံးသော တစ်နည်းကတော့ Command Line မှတဲ့ဗျ။ ကဲ ဒီလိုမျိုးလေး Run နိုင်အောင် (MARS
ခြင်ဆေးခွေကိုဆောင်) အဲလေ။ Command Mode ကို ဆောင် ဟုတ်ပြီလား။
ပထမဦးစွာ Start>Run မှတစ်ဆင့် cmd လို့ ရိုက်ထည့်ပေးပါ။ ပြီးပါက OK ကို Click နှိပ်ပေးပါ။
 

 
ဒုတိယပုံတွင် Command Line ပေါ်လာပါက (defrag 12) ဆိုတဲ့ Command ကို ရိုက်ထည့်ပေးပါ။ ဒါဆို
၎င်းနဲ့ပတ်သက်တဲ့ Switch တွေ ကျလာပါလိမ့်မယ်။ ဒါ့အပြင် ၎င်း (defrag) ဆိုတဲ့ Command ဟာ Command Line မှာ
(Hidden Command) ဖြစ်ပါတယ်။



ကဲ စာဖတ်သူတို့ Disk ကို ဘယ်လိုနေရာတွေမှတစ်ဆင့် Defragment ကို Run နိုင်သလဲဆိုတာကို ပုံနှင့်တကွ နားလည်
သွားပြီပေါ့နော်။ Run နိုင်ကြပါစေ။ သြော် Defragment ကို ပြောတာနော်။
 
 
Internet Explorer မှာ Zawgyi Fonts ပြောင်းလဲနည်း PDF Print E-mail
Hardware - Hardware
Friday, 09 October 2009 10:06
Internet Explorer မှာ Zawgyi Fonts ပြောင်းလဲနည်း
    Mozillar Firefox တွင် မြန်မာ Fonts တွေကို Zawgyi သာမက WinInwa နှင့်အခြား Fonts တိုက်ရိုက်မြင်နိုင်တယ်။

Internet Explorer မှာကတော့ Fonts ရှိရဲ့သားနဲ့ အသုံးမပြုနိုင်တဲ့အခါမှာ ဒီနည်းကို အသုံးပြုပြီးပြင်လို့ရပါတယ်။  

ပထမဦးဆုံး စတင်၍ Internet Explorer ကို ဖွင့်လိုက်ပါ။ ပြီးနောက် Tools>Internet Options ထဲက General Tab

ထဲကို သွားလိုက်ပါ။ အောက်ဆုံးလေးမှာ Accessibility ဆိုတဲ့ (Button) ကို တွေ့ရပါလိမ့်မယ်။ ၎င်းနောက်  Accessibility
Button ကို Click နှိပ်လိုက်ပါ။ Dialog Box ကလေးကျလာပါလိမ့်မယ်။ အဲဒီအထဲက Formatting ထဲမှာပဲ

စာကြောင်းသုံးခုပါပါတယ်။

 -Ignore Color specified on Web Page

 -Ignore Font Styles specified on Web Page

 -Ignore Font Size specified on Web Page စတာတွေကို တွေ့ပါလိမ့်မယ်။

      အဲဒီအထဲမှာ အမှန်ခြစ်ခြစ်ထားရင် ဖြုတ်ခဲ့လိုက်ပါ။ Ignore font styles specified on webpages ကို အမှန်

ခြစ်ဖြုတ်ထားဖို့ လိုအပ်ပါတယ်။ အဲဒါမှမရသေးရင် Tools>Internet Options>General>Fonts Button ကိုနှိပ်လိုက်

ပါ။ language Scripts မှာ သူ့အတိုင်း Latin Based ကိုပဲ ထားလိုက်ပါ။ Webpage Font မှာတော့ Zawgyi-One ကို

ရွေးထားပေးလိုက်ပါ။ ဒါမှမရသေးဘူးဆိုရင်တော့ ကိုယ့်စက်ထဲမှာ Webiste ကအသုံးပြုတဲ့ Fonts မရှိ၊ Fonts Style

ချင်းမတူဆိုတာဖြစ်ဖို့ များသွားပါပြီ။
 IE မှာဆိုရင် အရင်ဆုံး Notepad ကို ဖွင့်
 body
 {
  
 }
 input, select, textarea
 {
 
 }

 ဆိုပြီး ရိုက်လိုက်ပါ။ ပြီးရင် Notepad မှာရိုက်ပြီး D:ie.css နဲ့သိမ်းလိုက်

 ပြီးတော့ IE ကိုဖွင့်

 Tool->Internet Option->Accessibility ကို ကလစ်နှိပ်လိုက်ပါ။

 Ignore Font Style Specified...Pages ကို Check လုပ်ပါ။

 Format documents using my styles sheet ကို Check လုပ်ပါ။

 Browse လုပ်လိုက်ပါ။

 D:ie.css ကို ရွေးလိုက်ပါ။

 ပြီးရင် OK လုပ်လိုက်ပါ။ OK ထပ်လုပ်ပါ။

 ကဲရပါပြီ။ မြန်မာလို IE တစ်ခုလုံး Zawgyi Font ဖြစ်သွားပါပြီ။
.....................................................

မိမိကွန်ပျူတာရှိ Drive များအား ၀င်ရောက်သုံးစွဲခြင်းမှ ကာကွယ်ခြင်း PDF Print E-mail
User Rating: / 0
PoorBest 
Hardware - Hardware
Monday, 05 October 2009 02:00
မိမိကွန်ပျူတာရှိ Drive များအား ၀င်ရောက်သုံးစွဲခြင်းမှ ကာကွယ်ခြင်း

ယခုဆောင်းပါးကတော့ မိမိရဲ့ ကွန်ပျူတာအတွင်းမှာပါဝင်တဲ့ Drive တွေကို ၀င်ရောက်သုံးစွဲခြင်းမှ ဘယ်လိုမျိုးကာကွယ်ရမယ်ဆိုတာကို ပြောပြပေးပါ့မယ်။
ဆိုလိုတာကတော့ဗျာ မိမိရဲ့ Drive တွေထဲမှာ အရေးကြီးတဲ့ အချက်အလက်တွေရှိမယ်။ ဒါဆို မိမိက တစ်ခြားသောလူများကို ပေးမသုံးစေချင်ဘူးဆိုပါစို့။ ကဲ ဒါဆိုအောက်မှာ ဖော်ပြထားတဲ့အတိုင်း လေ့လာကြည့်ပါ။ သင်နားလည်သွားပါလိမ့်မယ်။

 

ပုံ တွင် Start>Run> မှတစ်ဆင့် gpedit.msc ကို ရိုက်ပေးပါ။

 

Group Policy Box ပေါ်လာပြီး ပုံ၌ပြထားတဲ့အတိုင်း သွားပေးပါ။ ၎င်းမှတစ်ဆင့် Prevent access to drives from my computer ကို Select မှတ်၍ Double Click နှိပ်ပေးပါ။
 


၎င်း Properties Box ပေါ်လာပြီး Enabled ကို ရွေးပေးပါ။ အောက်မှာဖော်ပြပေးထားချက်တွေသည် မိမိပိတ်ချင်တဲ့ Drive တွေကို ရွေးချယ်ခွင့်ရှိကြောင်း ပြောခြင်းဖြစ်ပါတယ်။
 
 

Restrict C:drive only ကိုပဲ ရွေးချယ်ပေးခဲ့ပါတယ်။ ပြီးပါက Apply နှင့် OK ကို Click နှိပ်ပြီး ထွက်ခဲ့ပေးပါ။
 


My Computer အတွင်းမှ (C:) ဆိုသည့် Drive ကို ၀င်ရောက်သုံးစွဲသည့်အခါ၌ ပုံမှာဖော်ပြပေးထားသော Error Box ကျလာလိမ့်မည် ဖြစ်ပါတယ်။
ကဲ...ဒီဆောင်းပါးလေးမှာတော့ My Computer အတွင်းက (C:) ဆိုတဲ့ Drive ကိုပဲ ပိတ်ထားပေးခဲ့ပါတယ်။ အဲ မိမိက ပြန်လည်အသုံးပြုချင်တယ်ဆိုပါက (Not Configured) ကိုသာ ပြန်လည်သတ်မှတ်ပေးလိုက်ရုံပင်ဖြစ်ပါတယ်။
.................................................

SSD အကြောင်း PDF Print E-mail
User Rating: / 0
PoorBest 
Hardware - Hardware
Thursday, 01 October 2009 05:29
SSD ( Solid State Drive )

Electronics Device တွေအားလုံးကို Semiconductor တွေ၊ Chips တွေနဲ့ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ Solid State လို့ ဆိုလိုက်တာနဲ့ Semiconductor တွေနဲ့ ပြုလုပ်ထားတဲ့ Electronics Circuit ဆိုတာ သိရပါမယ်။ SSD လို့ ဆိုလိုက်တာနဲ့ Semiconductor နဲ့ ပြုလုပ်ထားတဲ့ IC လေး ဒါမှမဟုတ် Data သိမ်းဆည်းနိုင်တဲ့ ပစ္စည်းလေးဆိုတာ သိနေရပါမယ်။
အခုလက်ရှိ အနီးစပ်ဆုံး ဥပမာ ပြရရင်တော့ USB Ports မှာထိုးပြီးသုံးရတဲ့ Flash Memory Stick လေးတွေကို ပြရမှာပါ။ Solid State Drive နဲ့ USB Flash Drive ဆိုပြီး နာမည်သာ ကွဲသွားတာပါ။ Non-volitile Memory Chips ဖြစ်တာကတော့ အတူတူပါပဲ။ Non-volatile Memory ဆိုတာက သူ့ထဲမှာ သိမ်းထားတဲ့ Data တွေကို ကိုယ်က မဖျက်သရွေ့ ပျောက်မသွားပဲ တည်ရှိနေမှာပါ။ Power မရှိတော့တဲ့ အချိန်မှာတောင် Data တွေရှိနေအောင် သိမ်းထားနိုင်ပါတယ်။
တစ်ခုကွာခြားတာရှိပါတယ်။ အဲဒါကတော့ Flash Drive က PC ရဲ့ အပြင်ဘက်မှာ သုံးဖို့ အဓိက Design ထုတ်ထားတာပါ။ SSD ကတော့ System ရဲ့အတွင်းဘက်၊ အတိအကျပြောရမယ်ဆိုရင်တော့ Hard Disk နေရာမှာ အစားထိုးပြီး သုံးနိုင်ဖို့ အဓိက ရည်ရွယ်ပြီး Design ထုတ်ထားတာပါ။
ဒါကြောင့်မို့ SSD ကို အပြင်ဘက်ကကြည့်ရင် Hard Disk နဲ့ အတော်တူပါတယ်။ အဓိက ရည်ရွယ်တာကတော့ Notebook နဲ့ PC တွေမှာ သုံးဖို့ပါ။ ဒီလိုသုံးနိုင်ဖို့အတွက်တော့ Hard Disk အရွယ်အစားလောက်ရှိမှ ဖြစ်မှာပေါ့။ ပြီးတော့ IDE Connector တွေ SATA Connector တွေကလည်းပါရဦးမယ်လေ။

SSD ကို ဘာကြောင့်သုံးသင့်သလဲ
SSD က Hard Disk အပေါ်မှာ သာသွားတဲ့အချက် သုံးချက်ရှိပါတယ်။
နံပါတ် ( ၁ )က Power အစားနည်းပါတယ်။ ဘာ့ကြောင့်လဲဆိုရင် Motor တွေလည်ဖို့ အသုံးပြုရတဲ့ Power မလိုတော့ပါဘူး။ Drive လည်း Hard Disk ထက်ကို Energy အများကြီးသုံးစရာမလိုပါဘူး။
နံပါတ် ( ၂ )အချက်က Data တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ပို့နိုင် Access လုပ်နိုင်ပါတယ်။ လူတိုင်းလူတိုင်းလိုချင်ကြတဲ့ အချက်ပါ။ Data တွေရှာဖို့အတွက် Hard Disk မှာလို Platter တွေ ရွှေ့စရာမလိုပါဘူး။ Head တွေလည်းနေရာချစရာ မလိုပါဘူး။ အနည်းဆုံးတော့ ဒီအချိန်တွေက ပိုထွက်လာပါတယ်။ Data တွေကို ဖတ်ဖို့ Command ပေးလိုက်တာနဲ့ ချက်ချင်းဖတ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ Hard Disk ထက်ကို ၂၀ ရာခိုင်နှုန်း ပိုပြီးမြန်မြန် ဖတ်နိုင်တယ်လို့ ဆိုပါတယ်။     ယုံကြည်စိတ်ချရ မှုကလည်း Hard Disk ထက်ကိုပိုပါတယ်။ Hard Disk ရဲ့ Platter တွေဟာ ကျိုးပျက်လွယ်တဲ့ အထိမခံ အမျိုးအစားတွေပါ။ Head Crash ဖြစ်ရတာနဲ့၊ Bad Sector ပေါ်ရတာနဲ့ မဆုံးနိုင်တော့ပါဘူး။ Hard Disk ကို နေရာနည်းနည်း ရွှေ့လိုက်ရင်ပဲ ဖတ်လို့မရဘူး ဆိုတာတွေ ဖြစ်တတ်ပါတယ်။
SSD ရဲ့ အဓိက အားသာချက်ကတော့ အလုပ်လုပ်တဲ့ အစိတ်အပိုင်းတွေက ရွှေ့လျားမှုလုံးဝမရှိဘဲ ကောင်းမွန်စွာ အလုပ်လုပ်ခြင်း ဖြစ်ပါတယ်။ Chips အားလုံးကို ကျစ်ကျစ်လျစ်လျစ်နဲ့ တသားတည်း ပြုလုပ်ထားတာပါ။ ဆိုလိုတာက ပြုတ်ကျလို့ အထဲက အစိတ်အပိုင်းတွေ ပျက်စီးသွားတယ်ဆိုတာ SSD မှာမရှိပါဘူး။

SSD ကို ဘာကြောင့် မသုံးကြသေးတာလဲဆိုရင် အဓိက အချက်ကတော့ ဈေးနှုန်းပါ။ SSD တစ်ခုရဲ့ ဈေးနှုန်းဟာဆိုရင် Notebook Computer တစ်လုံးရဲ့ ဈေးနှုန်း နီးနီးရှိပါတယ်။ Notebook Computer ထုတ်လုပ်သူတိုင်းက SSD ကို မသုံးနိုင်သေးပါဘူး။
နောက်ပြသနာ တစ်ခုက Data ဝင်ဆန့်မှုပါ။ လက်ရှိ Hard Disk တွေက 200 GB နှင့်အထက် သိုလှောင်နိုင်နေတဲ့အချိန်မှာ ဈေးကြီးပါတယ် ဆိုတဲ့ SSD က 64 GB လောက်သာ ဝင်ဆန့်သေးတာပါ။ ရိုးရိုး Hard Disk နဲ့စာရင် ဈေကြီးပြီး Data ဝင်ဆန့်မှု နည်းနေပါတယ်။
ဒါပေမယ့် မကြာခင်အချိန်အတွင်းမှာ ဒီအချက်တွေ အားလုံးပြေလည်သွားမယ်လို့ မျော်လင့်ရပါတယ်။ Notebook လောကမှာ SSD သို့ ပြောင်းလဲသုံးစွဲခြင်းသည် ကြီးမားသော ပြောင်းလဲမှု တစ်ရပ် ဖြစ်လာပါလိမ့်မယ်။
............................................................

Mouse ဖွဲ့စည်းတည်ဆောက်ပုံ နဲ့ အလုပ်လုပ်ပုံ PDF Print E-mail
User Rating: / 0
PoorBest 
Hardware - Hardware
Wednesday, 30 September 2009 02:43


Mouse ဆိုတဲ့ အရာလေးကတော့ Computer လောကမှာ မပါမဖြစ်အရေးပါတဲ့ ပစ္စည်း (Device) လေးတစ်ခုပါ။ Mouse ကို တစ်နည်းအားဖြင့် Pointing Device လို့လည်းခေါ်ပါသေးတယ်။
 
ကိုယ်အလိုရှိရာကို Pointing Device ဖြစ်တဲ့ Mouse လေးအသုံးပြုပြီး လုပ်ဆောင်နိုင်ပါတယ်။ ဒီတော့  Icons တွေကို Select မှတ်ချင်တဲ့ အခါမှာ ၊ Screen ပေါ်မှာမြင်တွေ့နေရတဲ့ Objects တွေကို ညွှန်ပြဖို့ (Pointing) နဲ့ ရွေ့လျားစေဖို့ (Moving)  စတဲ့အရာတွေ လုပ်ဆောင်စေချင်တဲ့အခါမှာ Mouse ကိုအသုံးပြုဖို့လိုအပ်လာပါတယ်။ Mouse လို့အမည်ပေးထားတာကလည်း ကြွက်လေးတစ်ကောင်နဲ့ တူနေလို့ပါ။ မယုံရင် Mouse လေးကိုကြည့်ကြည့်ပါဦး။ အနောက်မှာ ထွက်နေတဲ့ Wire ကြိုးလေးကတော့ ကြွက်ကလေးရဲ့ အမြီးလေးပါ။ တူတယ်မဟုတ်လား။
 

တကယ်တော့ Mouse လေးက Display Screen ပေါ်မှာ မြင်တွေ့နေရတဲ့ Cursor (သို့) Pointer လေးကိုထိန်းချုပ်ထားပေးတာပါ။ Mouse လေးကို ရွေ့လျားလိုက်ခြင်းဖြင့် Display Screen ပေါ်မှာမြင်တွေ့နေရတဲ့ Pointer လေးလှုပ်ရှားမှု ပြုနိုင်ပါတယ်။ Mouse လေးကို အသုံးပြုတဲ့အခါ သူ့ရဲ့အောက်မှာ အောက်ခံအနေနဲ့ထားရှိဖို့ Mouse Pad လေးကို အသုံးပြုသင့်ပါတယ်။
 

Mouse တစ်ခုမှာ အနည်းဆုံး Button တစ်ခု ပါဝင်ပြီး ယခုအခါမှာတော့ Button သုံးခုအထိ ပါဝင်လာပြီ ဖြစ်ပါတယ်။ တစ်ချို့ Mouse တွေမှာ ဆိုရင် Button အပြင် Scroll Wheel လို့ခေါ်တဲ့ ဘီးလေးတွေ ပါဝင်လာတတ်ပါတယ်။ ဒီတော့ ပထမဆုံး Two Button Mouse လို့ခေါ်ပြီး Button နှစ်ခုပါတဲ့ Mouse လေးကို အရင်ဆုံးကြည့်ကြည့်ရအောင်။

အားလုံးသိကြတဲ့အတိုင်း Two Button Mouse မှာ တစ်ခုက Left Click အတွက်ဖြစ်ပြီး နောက်တစ်ခုကတော့ Right Click အတွက်ဖြစ်ပါတယ်။
ကဲ... အခု Two Button and one wheel လို့ခေါ်ပြီး Button နှစ်ခုနဲ့ Scroll Wheel တစ်ခုပါဝင်တဲ့ Mouse လေးကို ကြည့်ကြရအောင်။

ပုံလေးမှာတွေ့ရတဲ့အတိုင်း သူ့မှာ Button နှစ်ခုပါတဲ့အတွက် Left နဲ့ Right Click အတွက်ဖြစ်ပြီး Wheel ဆိုတာကတော့ ရှည်လျားတဲ့ စာတွေကို အပေါ်မှ အောက်သို့ ရွေ့လျားပြီး ဖတ်ရှုချင်တဲ့နေရာမှာ သုံးလို့ရပါတယ်။
အခု Button သုံးခုပါဝင်တဲ့ Three Button Mouse အကြောင်းကို ပုံလေးနဲ့ လေ့လာကြရအောင်။
 

Button နှစ်ခုကတော့ ထုံးစံအတိုင်း Left နဲ့ Right (Context Menu) Click တွေအတွက်ဖြစ်ပြီး အလယ်မှာ ပိုနေတဲ့ တစ်ခုကတော့ ပုံမှာမြင်တွေ့တဲ့အတိုင်း Double Click နှိပ်ဖို့လိုအပ်တဲ့အခါတွေမှာ Left Click မနှိပ်တော့ဘဲ အလယ်က Button လေးကို တစ်ချက်နှိပ်လိုက်ရုံနဲ့ Double Click နှိပ်ပြီးသားဖြစ်သွားပါလိမ့်မယ်။
ကဲ... အခု ဆက်လက်ပြီးတော့ Mouse အမျိုးအစားတွေကို လေ့လာကြည့်ရအောင်။ အဓိကအားဖြင့် Mouse အမျိုးအစား သုံးမျိုးရှိပြီး အဲဒါတွေကတော့ Serial mouse , Universal Serial Bus Mouse နဲ့ Optical Mouse တို့ဖြစ်ကြပါတယ်။ ပထမဆုံး Serial Mouse ဆိုတာက RS-232C Serial port (သို့) PS/2 port နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့အမျိုးအစားပါ။
 
 
ဒုတိယ အမျိုးအစားဖြစ်တဲ့ Universal Serial Bus Mouse ကတော့ USB port နဲ့ ချိတ်ဆက်ထားတာပါ။ အခုနောက်ပိုင်းမှာ USB Connector တွေကို အသုံးပြုတာများလာပြီဖြစ်တဲ့အတွက် USB port နဲ့ ချိတ်ဆက်ဖို့လိုအပ်တဲ့ Mouse ကို အသုံးပြုလာကြပါပြီ။

နောက်ဆုံးတစ်မျိုးကတော့ Optical Mouse ဖြစ်ပါတယ်။ သူ့မှာတော့ Infrared Light ဆိုတဲ့ အလင်းလေးတွေပါနေတတ်ပါတယ်။ မြင်ဖူးကြမယ်ထင်ပါတယ်။ Mouse လေးလင်းနေတာဟာ Optical Mouse မှာ အလင်းပြန်အောင်လုပ်ဆောင်ထားလို့ပါ။ ပုံလေးကိုကြည့်လိုက်ကြရအောင်။

အခု စောစောကပြောခဲ့တဲ့ Mouse တွေနဲ့ သက်ဆိုင်တဲ့ Port လေးတွေကို လေ့လာကြည့်ရအောင်။ ဒီတော့ Serial Port, PS/2 Port, USB Port တို့ရဲ့ ပုံလေးတွေကို ကြည့်လိုက်ပါဦး။
 

ပုံမှာ ပါဝင်တဲ့ နံပါတ်လေးတွေ အကြောင်းအနည်းငယ်ပြောပြပေးချင်ပါတယ်။
(၁) PS/2 Keyboard port ( ခရမ်းရောင် ) ၊ PS/2 Mouse port ( အစိမ်းရောင် )
ဒီ Ports တွေကတော့ အဓိကအားဖြင့် Keyboard နဲ့ Mouse  အတွက်ပါ။
(၂) USB 2.0 ports
ဒီ Ports တွေကတော့ USB port ကို အသုံးပြုတဲ့ ပစ္စည်း (Devices) တွေအတွက်ပါ။ တကယ်လို့ မိမိအသုံးပြုနေတဲ့ Mouse က USB mouse အမျိုးအစား
ဆိုရင်တော့ ဒီ port ကို အသုံးပြုရမှာပါ။
(၃) Serial (COM1) port
9-pin ရှိတဲ့ Serial port ကတော့ တစ်ခါတစ်ရံ Serial port ကို အသုံးပြုထားတဲ့ Mouse အတွက်ဖြစ်ပြီးတော့ အထူးသဖြင့် Serial devices တွေအတွက်ပါ။
(၄) Video Graphics Adapter (VGA) port
ဒီ port ကတော့ VGA Monitor အတွက်ပါ။ တစ်ခါတစ်ရံ အခြား VGA နဲ့ အဆင်ပြေမှုရှိတဲ့ ပစ္စည်း ( VGA-compatible devices )  တွေအတွက်ပါ။
(၅) LAN 1 (RJ-45) port
(၆) LAN 2 (RJ-45) port
ဒီ ports နှစ်ခုကတော့ Local Area Network နဲ့ သက်ဆိုင်တဲ့ ports တွေပါ။ ဒီတော့ Internet ကို အသုံးပြုချင်တယ်ဆိုရင်၊ Network ချိတ်ဆက်ချင်တယ်ဆိုရင် ဒီ Ports တွေကို အသုံးပြုလို့ရပါတယ်။

ဗဟုသုတ အနေနဲ့ ပြောပြတာပါ။ အခုဆိုရင် Mouse ကို အသုံးပြုလို့ရတဲ့ Ports တွေ အကြောင်းအတော်လေးသိရှိလာပြီပေါ့နော်။ အခု ဆက်လက်ပြီး Mouse ရဲ့ အတွင်းပိုင်းမှာ ရှိတဲ့အရာလေးတွေကို ဖေါ်ပြပေးချင်ပါတယ်။  Mouse ရဲ့ အတွင်းပိုင်းမှာ Ball လို့ခေါ်တဲ့ အရာလေးတစ်ခု ပါဝင်နေပြီး Mouse လေးကို ရွေ့လျားလိုက်တဲ့အခါ အဲဒီ Ball လေးက Mouse ရွေ့လျားနိုင်အောင် ကူညီပေးပါတယ်။ Screen ပေါ်မှာ မြင်တွေ့ နေရတဲ့ Mouse Cursor လေးရွေ့လျားနိုင်အောင်လည်း ဒီ Mouse Ball လေးက အဓိကလုပ်ဆောင်ပေးပါတယ်။ Mouse တစ်ခုမှာ ဒီ Ball လေးသာ မပါဝင်ခဲ့ဘူးဆိုရင် Cursor လေး ရွေ့လျားနိုင်မှာမဟုတ်ပါဘူးနော်။ ဒါကြောင့် အရေးပါတဲ့ အရာလေးပါ။ ဒီ Ball လေးက Choppers နဲ့ Gears နှစ်ခုကို အသုံးပြုပြီး Computer အတွင်း ရွေ့လျားမှုပြုနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ ပုံလေးကို ကြည့်လိုက်ပါဦးနော်။
 
ပုံမှာမြင်တွေ့ရတဲ့အတိုင်း Mouse ရဲ့ အလယ်ဗဟိုမှာ Ball လေးပါဝင်နေတာကို တွေ့ရမှာပါ။ အခုလောက်
ဆိုရင် Mouse နဲ့ ပတ်သက်တာကို သိသင့်သလောက်တော့ သိရပါပြီနော်။ ဒါကြောင့် Mouse သင်ခန်းစာလေးကို ဒီမှာတင် အဆုံးသတ်လိုက်ပါတော့မယ်။
..............................................

 
 
 
......................................



မြန်မာစံတော်ချိန်
 
ပြက္ခဒိန်
 
အခုဝင်ရောက်ကြည့်ရှူနေသူ
 
widgeo.net
 
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free