Hardware Special
 
 
Hardware - Hardware
Monday, 12 October 2009 01:54
ATX Power အကြောင်း
စကားဦး

ကွန်ပျူတာဆိုတာ စပေါ်တဲ့အချိန်ကစပြီး နှစ်တွေနှစ်တွေပြောင်းလဲလာတာနဲ့အမျှ ကွန်ပျူတာ System ထဲမှာ
ထည့်တဲ့ အခြေခံပစ္စည်းတွေမှာလည်း တဖြည်းဖြည်းပြောင်းလဲလာတာပါပဲ။ ဒါကြောင့် System ရဲ့ပုံစံကို
တစ်သမတ်တည်း ပြန်သတ်မှတ်ဖို့အတွက်ကို Desktop ကွန်ပျူတာတွေအတွက် စံသတ်မှတ်ချက်တွေ
ထုတ်ပေးလိုက်တယ်။ Desktop Computerတွေရဲ့ ပုံစံပိုင်းတွေ၊ လျှပ်စစ်ပစ္စည်းလိုအပ်ချက်တွေ၊ အရွယ်
အစားတွေအပိုင်းမှာ စံနှုန်းတွေ သတ်မှတ်ခဲ့တာပါ။ ဒါမှ Vendorတွေ၊ System တွေအကြားမှာ Parts
တွေကို လွယ်လွယ်ကူကူ ပြောင်းလို့လည်းရမှာပါ။ ဒီအစိတ်အပိုင်းတွေ အားလုံးအတွက်ဆိုရင် လျှပ်စစ်
စွမ်းအားကို Low Voltage ကနေ High Voltage အဖြစ် ပြောင်းလဲပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့်
Power Supply တွေလည်း တဖြည်းဖြည်းနဲ့ပြောင်းလဲလာပြီး သတ်မှတ်ချက်တွေကို ရှင်းရှင်းလင်း
လင်း ပေးလာကြပါတယ်။

AT ၊ ATX ၊ ATX12V ......ဘာတွေလဲ?

ပြောခဲ့သလို Desktop Design နဲ့ပတ်သက်ပြီး စံသတ်မှတ်မှုတွေက ပြီးခဲ့တဲ့ နှစ်တစ်လျှောက်လုံးကိုပဲ
အမျိုးမျိုးပြောင်းနေတယ်လေ။ ဟိုးအစောပိုင်းနှစ်တွေတုန်းက IBM Compatible System မှာ သတ်
မှတ်ခဲ့တာတစ်ခုကတော့ ATX လို့လည်းခေါ်တဲ့ Original Advanced Technology ပါပဲ။ သူက ပထမ
ဆုံးပေါ်ခဲ့တဲ့ နည်းပညာပါ။ နောက်ပိုင်း Power ပိုင်းဆိုင်ရာလိုအပ်ချက်တွေ၊ ပုံစံအနေအထားတွေပြောင်း
လဲလာတော့ စက်ရုံကနေပြီး ATX ကို ပြောင်းလဲထွင်ရပြန်တယ်။ ATX ဆိုတာAdvanced Technology
Extended ကို ပြောတာပါ။ ဒီ ATX ကို တော်တော်ကြာကြာ သုံးခဲ့သေးတယ်။ဘာဖြစ်လို့လဲဆိုတော့
ဒီကြားထဲနှစ်တွေမှာ Power ပြောင်းလဲမှုအမျိုးမျိုးနဲ့ကိုက်ညီအောင် လုပ်နိုင်ဖို့ လုပ်ငန်းရှင်တွေ
အားလုံး အာရုံစိုက်နေခဲ့ရတယ်လေ။ အခုမှာတော့ ATX 12V ဆိုတဲ့ ပုံစံအသစ်ကိုထုတ်လုပ်ပြီး
ဒါပဲသုံးခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ ဒီ Standard ကို ATX V2.0 လို့ခေါ်တယ်။ နောက်ပိုင်း 2.0 ထက်
မြင့်တာတွေလည်း ရှိသေးတယ်။ လက်ရှိသုံးနေတာတွေက ဒီ ATX ကနေ ခွဲထွက်လာတဲ့ Standard
Version တွေပါပဲ။ ဒါကြောင့် ATX နဲ့ပတ်သက်ပြီး သူရဲ့Version တစ်ခုချင်းစီကို သမိုင်းကြောင်း
အနေနဲ့ ရှင်းပြသွားမှာပါ။

ATX Power Supply အကြောင်း ပြန်လေ့လာကြရအောင်

ATX က ၁၉၉၅ မှာစပေါ်လာခဲ့တာပါ။ သူ့မှာ Power Connector အမျိုးအစား(၃)ခုလောက်ပါပါတယ်။
(၁)4-pin AMP MATE-N-LOK _ သူ့ကို MOLEX လို့လည်း အသိများတယ်။ AT Standard ကနေ
တိုက်ရိုက်ဆင်းသက်လာတာပါ။ P-ATA Hard Disk ၊ CD-ROMs တွေအတွက်ဆို +5V နဲ့ +12V
ဆိုပြီး (၂)မျိုးရနိုင်တယ်။ 5.25 inchFloppy Drive နဲ့တစ်ခြားပစ္စည်းတွေအတွက်ဆိုရင်လည်း အတူ
တူပါပဲ။ +5V နဲ့ +12V ပေါ့။(၂)4-pin Berg Floppy Connector_ ဒါလည်း AT Standard ကနေ
တိုက်ရိုက်ဆင်းသက်လာတာပါပဲ။ သူ့မှာဆိုရင်3.5 inch Floppy Drives ရယ်၊ တစ်ခြား Peripheral
တွေရယ်အတွက် +5V နဲ့ +12V ပေါ့။(၃)20-pin Main Motherboard Connector _ATX Standard
အသစ်တစ်ခုပါ။Power ပေးတဲ့နှုန်းနဲ့ပတ်သက်ပြီး သတ်မှတ်ချက်ပေးထားတာကတော့ PSU ရဲ့ Power
အများစုဆိုရင် 5V နဲ့ 3.3V railsရှိရမယ်ဆိုပြီးတော့ သတ်မှတ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့
CPU တို့၊ RAM ၊ Chipset တို့ ၊ PCI ၊ AGP တို့ ၊ ISACard တို့.....အို...လျှပ်စစ်ပစ္စည်းအကုန်နီးပါး
လောက်က 5V ၊ ဒါမှမဟုတ် 3.3 V ကို သုံးမှရတယ်လေ။  12V rail ကိုတော့HDD ၊ FDD ၊ CD-ROM
စတဲ့ ပစ္စည်းတွေရဲ့ ပန်ကာတွေ၊ မော်တာတွေ အတွက်ပဲသုံးပါတယ်။ဒီ ATX ကိုပဲ သူစပေါ်ခဲ့တဲ့ ၁၉၉၅
ကနေစပြီး ဘာမှမပြင်ဆင်ဘဲနဲ့ သုံးလာလိုက်တာ ၂၀၀၀ ခုနှစ်ထိပါပဲ။

ATX 12V 1.x

ဒီလိုနဲ့ကွန်ပျူတာတွေမှာ Pentium 3 ကိုသုံးလာရာကနေ ၁၉၉၉/ ၂၀၀၀ ခုနှစ်လောက်လည်းရောက်
ရော Pentium 4ကို စထွင်တော့တာပါပဲ။ အဲဒီမှာတင် အခုလက်ရှိသုံးနေတဲ့ 20-pin ATX Power
Connector ဟာ P4 မှာ တိုးတက်လာမယ့် လျှပ်စစ်ပစ္စည်းတွေအတွက် လိုအပ်ချက်တွေရှိနေပါတယ်။
မကိုက်ညီပါဘူးဆိုပြီးဖြစ်လာကြတယ်။ ဒါကြောင့် ATXကနေ ATX 12V 1.0 Standard အဖြစ်ထပ်ပြီး
တိုးချဲ့ပြုပြင်ရတော့တာပဲ။ အဲဒါကြောင့် ATX 12V 1.x Standard ကိုတစ်ခါတစ်လေကျရင် ATX P4
ဆိုပြီးခေါ်တာလေ။ Athlon XP နဲ့ Athlon 64 System တို့မှာ ဒီကောင်ကို ထည့်သုံးထား
တယ်။ 

ATX 12V 1.0

ATX 12V 1.0 ကို ၂၀၀၀ ခုနှစ် ဖေဖော်ဝါရီမှာ စထုတ်ခဲ့တာပါ။ သူ့မှာ ထပ်ပါလာတဲ့ Features တွေပြောင်း
လဲမှုတွေက တော့_(၁) CPU ကို ပါဝါပေးဖို့ 4pin ၊ 12-volt Connector အပိုတစ်ခုပါလာပါတယ်။ သူ့ကို
+12V Power Connectorလို့လည်း ခေါ်သေးတယ်။ ဒါပေမယ့် ဒီကောင်က Pentium 4 Processor
ကို Support ပေးတဲ့နေရာမှာ ပထမဆုံးလိုတဲ့ကောင်ဆိုတော့ P4 Connector လို့လည်း လူသိများပါတယ်။
အရင် Processor အဟောင်းတွေတုန်းက 5V rail နဲ့ ပါဝါပေးတာလေ။(၂)Motherboard ကြီးကို
လိုအပ်တဲ့အချိန်မှာ 3.3 V နဲ့ 5 V အပိုပါဝါပေးဖို့လို့ 6-pin AUX Connector ပါပါတယ်။ ဒီ3.3 V နဲ့ 5 V
တွေကို ATX 12V 1.x PSU တိုင်းကပေးနေပေမယ့် တစ်ခါတစ်လေကျရင် Motherboard တွေကလည်း
လိုလို့ပါ။ ဒါပေမယ့် ဒီလို Case မျိုးကရှားပါတယ်။(၃)12V rail ပေါ်က Power ကိုလည်း ထပ်မြှင့်ပေး
ထားပါတယ်။ (5 V တို့၊ 3.3 V rail တို့က Power တွေကတော့အတူတူပါပဲ။)


ATX 12V 1.1
၂၀၀၂ ခုနှစ်၊ ဇန်န၀ါရီလတုန်းက လုပ်ခဲ့တဲ့ ပြင်ဆင်ချက်သေးသေးလေးပါ။ အထူးခြားဆုံး ပြောင်းလဲသွား
တာက -5V railကို လုံးဝအသုံးမလိုတော့တာပါပဲ။ ဒီ Voltage တွေက သိပ်အသုံးနည်းတယ်လေ။
ISA add-on card တွေစိုက်တဲ့ Systemအဟောင်းတွေလောက်ပဲသုံးတာပါ။

ATX 12 V 1.3

စခဲ့တာက ၂၀၀၃ ခု၊ ပြေီလမှာပဲ။ ပြင်ဆင်ချက်အသေးစားလေးတွေ တော်တော်များများပါပါတယ်။
(၁)12V rail ပေါ်က ပါဝါကို နည်းနည်းလေးထပ်မြှင့်တယ်။
(၂)ပုံမှန် Load လုပ်ဖို့နဲ့ အလင်းပေးဖို့အတွက် PSU ကို လိုအပ်နေတောတွေ နည်းသွားမယ်။
(၃)အသံပိုင်းဆိုင်ရာ Level တွေသတ်မှတ်လာတယ်။
(၄)Serial ATA Power Connector စပါလာပါတယ်။

ATX 12V 2.x

ATX 12V 2.x မှာကျတော့ ပါဝါပိုင်းဆိုင်ရာအပြင် ဒီဇိုင်းပိုင်းမှာပါ သိသိသာသာကြီး ပြောင်းလဲသွားပါတယ်။
လက်ရှိသုံးနေတဲ့ ပါဝါပိုင်းရယ်၊ အရင်တုန်းကသုံးခဲ့တဲ့ ပါဝါရယ်ကို နှိုင်းယှဉ်တဲ့အခါမှာ 3.3 V နဲ့ 5 V rail
တွေကနေ ပါဝါပေးတာထက်PC အစိတ်အပိုင်းတွေကို 12 V နဲ့ ပါဝါပေးတာက အများကြီးပိုထိရောက်
ပါတယ်တဲ့။ စီးပွားရေးပိုင်းကနေ ကြည့်မလား၊စက်မှုပညာပိုင်းကနေကြည့်မလား..၊ နှစ်ခုစလုံးအတွက်
အရမ်းတိုးတက်လာတာကို တွေ့ရမှာပါ။

ATX 12 V 2.0

2.x မှာတုန်းက ပြောခဲ့တဲ့ အကျိုးကျေးဇူးကောင်းကွက်တွေက ဒီမှာလည်း ဒီအတိုင်းပါပဲ။ 2.0 ရဲ့ အားသာ
ချက်အနေနဲ့သီးသန့်ရှိပါသေးတယ်။
(၁)Main ATX Power Connector တွေကို အရင် System အဟောင်းတွေနဲ့လည်း ကိုက်ညီတဲ့ 24 pin
တွေအဖြစ်တိုးချဲ့လိုက်ပါတယ်။ နောက်ထပ်တိုးတဲ့ 4 pin တွေကြောင့် 3.3 V ၊ 5 V ၊ 12 V Circuit
အပိုတစ်ခုတိုးလာပါတယ်။
(၂)ATX 12 V 1.x မှာပါခဲ့တဲ့ 6 pin AUX Connector ကို ကျတော့ ဖယ်ပစ်လိုက်ပြီ။ 2.0 မှာ မပါတော့ဘူး။
ဘာလို့လည်းဆိုတော့ အပိုထည့်ပေးထားတဲ့ 3.3 V နဲ့ 5 V Circuit တွေက 24 pin main connector ထဲမှာ
ပါသွားပြီလေ။
(၃)Power အများစုကတော့ 12 V rail ထဲမှာ ထည့်ပေးထားပါတယ်။ 12 V rail မှာလည်း နှစ်မျိုးရှိပါသေး
တယ်။ 4 pinConnector အတွက်က 12 V2 ၊ တစ်ခြားဟာတွေအတွက်က 12 V1 ပေါ့။ စံသတ်မှတ်ထား
တာကတော့ သီးသန့်ကာကွယ်မှု တွေရှိနေတဲ့ ဒီ 12 V rail နှစ်ခုလုံဟာ Power ပိုင်းဆိုင်ရာ လိုအပ်ချက်
တွေအားလုံးနဲ့ သွားကိုက်နေရမယ်တဲ့။ပါဝါအရမ်းမြင့်တဲ့ တစ်ချို့ PSU တွေမှာ တွေမှာ rail နှစ်ခုလောက်
ရှိတယ်။ အဲဒီလို PSU အကြီးကြီးတွေအတွက်
သတ်မှတ်ထားတာတွေကျတော့ ဒီစံနှုန်းကနေ သတ်မှတ်ပေးထားတာ မဟုတ်ဘူး။
-3.3V နဲ့ 5 V rail ရဲ့ Power တွေက သိသိသာသာကြီး လျော့ကျသွားမယ်။
-Serial ATA Power Cable လိုလာပါပြီ။
-တစ်ခြား သတ်မှတ်ချက်တွေ၊ ထပ်တိုးတာတွေကလည်း အများကြီးပါပဲ။
 
ATX 12V V2.01

အသေးစားပြင်ဆင်ချက်လေးလုပ်ပြီး ၂၀၀၄ ခု၊ ဇွန်လမှာ ထုတ်လိုက်တာပါ။ -5 V rail ကတော့ လုံးဝကို
မပါတော့ဘူး။

ATX 12V V2.1

ဒီကောင်လည်းအတူတူပဲ။ ၂၀၀၅ ခု၊ မတ်လမှာအသေးစားပြင်ဆင်ပြီး ထုတ်လိုက်တာပါ။ သူတို့ကလည်း
ပြင်ပြင်နိုင်လွန်းတယ်နော်။ ဒီကောင့်မှာတော့ rail တွေအားလုံးမှာ Power တွေနည်းနည်းစီ မြှင့်ပေးထားတယ်။

ATX 12V V2.2

သူ့မှာ အဓိကပြောင်းလဲလိုက်တာက တစ်ခုပဲ။ Motherboard Power Connector မှာ အရည်အသွေး ပိုမြှင့်တဲ့
Connector တွေ သုံးလို့ရလာတာပါပဲ။
ရှင်းခဲ့သမျှအကုန်လုံးက ATX ရဲ့ သမိုင်းကြောင်းတွေပါပဲ။သူတို့ကပြောင်းလိုက်၊ နောက်တစ်မျိုး ပေါ်လာလိုက်နဲ့။
နည်းနည်းလေးထပ်ထည့်လိုက်တာနဲ့ Version နောက်တစ်မျိုးဖြစ်သွားရော။ ဘာဖြစ်လို့ ဒီလောက်ပြောင်း
နေမှန်းမသိဘူး။ ဒီမှာရေးရတာ ညောင်းလာပြီ။ ဒါပေမယ့် ညောင်းသလောက်ရေးရတာ ပျော်ပါတယ်။
ကိုယ့်အသိပညာလေးကို ဖြန့်ဝေပေးရတာကိုး။

ကဲ....ကဲ ဆက်ကြဦးစို့နော်။
ပြောခဲ့တဲ့ ATX တွေထဲမှာ နောက်ဆုံးပေါ်တဲ့ကောင်က ATX 12 V 2.2 ပေါ့နော်။ ဒီကောင်နဲ့အရင် ATX V 1.3 နဲ့
ဘယ်လိုကွာလဲဆိုတော့ သေချာပြန်ချကြည့်ရအောင်။
 
(၁)PCI Express အတွက် 20-Pin Connector အစား 24-Pin Main Power Connector ကို သုံးလာတယ်။
(၂)6-Pin Aux Power Connector တွေက လုံးဝ၊ လုံးဝကို မလိုတော့ပါဘူး။
(၃)18 A ထက်ပိုများတယ်ဆိုရင် 12 V Rails ကို ပြိုင်တူသုံးပါတယ်။
(၄)Serial ATA Power Connector ကိုတော့ စသုံးလာပါပြီ။
(၅)Power Conversion Efficiency လည်း နည်းသွားပါတယ်။
ဒီအပြောင်းအလဲတွေထဲမှာ အသစ်ပါလာတဲ့အသုံးအနှုန်းနဲ့ ပစ္စည်းလေးတွေအကြောင်း ဆက်ရှင်းရင်
ကောင်းမလား မသိဘူး။

24-Pin Main Power

ATX 12 V Standard ပေါ်လာတဲ့အတွက် အသိသာဆုံး ပြောင်းလဲမှုကို ပြောပါဆိုရင် 24-Pin Express
က 75 Wattလိုတယ်လေ။ ဒီ Watt ကိုကျတော့ အရင် 20-Pin Connector တွေက မပေးနိုင်ဘူး။
ဒါကြောင့် 24 Pin Connectorပြောင်းသုံးလိုက်ရတာ။ အခုနောက်ပိုင်းထွက်တဲ့ 24-Pin တွေမှာတော့
အရင်တုန်းက 20-Pin Connector သုံးတဲ့ Boardတွေနဲ့ပါ တွဲသုံးနိုင်အောင် ထုတ်လုပ်လာကြပါပြီ။
သူတို့မှာဆို 20-Pin သပ်သပ်၊ 4-Pin က သပ်သပ်ခွဲပေးထားတာကိုတွေ့ရမှာပါ။

Dual 12 V Rails

System တွေထဲမှာ Processor တွေ၊ Drives တွေ၊ Fan တွေအတွက် ပါဝါလိုအပ်ချက်တွေက
တဖြည်းဖြည်းနဲ့ များလာတော့ 12 rail ကနေပေးရတဲ့ Power ပမာဏကလည်း များလာတာပေါ့။
ဒီလိုမျိုးများများလာတာက အန္တရာယ်ရှိတယ်လေ။ဒီပြဿနာကနေ ဖြေရှင်းနိုင်ဖို့အတွက် အခုနောက်ပိုင်း
ထွက်သမျှ Board တိုင်းမှာ ပါဝါ 18A ထက်ပိုပြီး ထုတ်ပေးနိုင်တဲ့Power Supply တွေပါလာကြတယ်။
ဒီလို 18A ထုတ်ပေးတာကြောင့် 12 rail တွေကနေ သီးသန့် 12V rail လိုင်းနှစ်ခုခွဲပြီးအလုပ်လုပ်ပေးတာ
ကြောင့် ပါဝါစွမ်းအားတည်ငြိမ်စေတယ်။ အန္တရာယ်လည်း မဖြစ်တော့ပါဘူး။ High Watt ပါတဲ့ ပါဝါ
Supply အချို့ဆိုရင် သီးသန့် 12V rail လိုင်း၃ခုတောင် ခွဲထွက်ပေးတာ တွေ့ရတယ်။

Serial ATA Connectors

ဟိုးအရင် ATX v1.3 Power Supply တွေမှာ တွေ့ရတဲ့ Serial ATA Connector တွေကထည့်သာ
ထည့်ထားပေမယ့်သိပ်မလိုပါဘူး။ သိပ်အသုံးမများပါဘူး။ နောက်ပိုင်း SATA Drive တွေ ထည့်သုံးပြီး
နောက်ပိုင်းကျတော့မှ Power Supplyတွေအားလုံးမှာ Connector အရေအတွက်လျော့နည်းသွား
ပါတယ်။  ATX v1.3 unit တွေတုန်းက Connector နှစ်ခုလောက်ပဲပေးပေမယ့် ATV v2.0 unit
အသစ်တွေမှာဆိုရင် ၄ခုလောက် Supply ပေးတယ်။ကွန်ပျူတာအစိတ်အပိုင်းတွေအတွက် လိုအပ်တဲ့
လျှပ်စီးကြောင်းတွေကို Wall Outlet Voltage ကနေ Lower VoltageLevel ကို ပြောင်းတဲ့အချိန်မှာ
တစ်ချို့လျှပ်စီးကြောင်းလေးတွေက အပူအဖြစ်ကို ပြောင်းပြီး အလဟဿဖြစ်သွားတာမျိုး ဖြစ်တတ်
တယ်။ ဒါကြောင့် ဒီ Power Supply တစ်ခုဟာ 500 W ပေးတယ်လို့ ပြောထားပေမယ့် တကယ်တမ်း
Wall ကနေဆွဲယူတဲ့အခါမှာ ဒီထက်ပိုပြီးတော့ ဆွဲယူရပါတယ်။ ဒါကြောင့် Power Efficiency Rating
ဆိုတာ ဖြစ်လာတာပါ။ကွန်ပျူတာကနေ ပြန်ထွက်လာတဲ့ Power နဲ့တကယ်တမ်း Wall ပေါ်ကနေ
ဆွဲယူတဲ့ Power နဲ့ကို နှိုင်းယှဉ်ထားတဲ့ဟာကိုPower Efficiency Rating လို့သတ်မှတ်ခဲ့တာပါ။
Standard အသစ်တွေမှာ Power Efficienchy အနည်းဆုံး ၇၀ ရာခိုင်နှုန်းလောက်ရှိရပါမယ်။
သို့သော် တကယ်တမ်း ရှိသင့်တာကတော့ ၈၀ ရာခိုင်နှုန်းလို့ပြောပါတယ်။ Wattage Level ဘယ်
လောက်ပဲရှိရှိ Power Efficiency ၈၀ ရာခိုင်နှုန်းထက်ပိုပြီးပေးနိုင်တဲ့ Power Supply ကတော့
တကယ့်ကို နည်းနည်းလေးပဲရှိပါသေးတယ်။

20-Pin PSU နဲ့ 24-Pin Power Supply Unit (PSU) ဘာကွာတာလဲ?

Motherboard တစ်ခုမှာက 20-Pin Connector ၊ နောက်တစ်ခုမှာက 24-Pin Connector
ဖြစ်နေတယ်။ ဟုတ်လား။ဒါဆိုရင်တော့ ရှင်းစရာနည်းနည်းရှိလာပြီပေါ့။ 20-Pin Connector တွေက
ဟိုးအရင်တုန်းကပေါ်ခဲ့တဲ့ ATX 1.x Standardအဟောင်းတွေမှာသုံးခဲ့တာဖြစ်ပြီး 24-Pin Connector
ကတော့ အခုခေတ်မှာသုံးနေကြတဲ့ ATX 2.x Standard အသစ်တွေမှာ သုံးလာတာဖြစ်ပါတယ်။
ဒီမှာပိုမြင်သာအောင် 20-Pin နဲ့ 24-Pin Connector တွေကို ရှင်းလင်းပြပေးထားပါတယ်။
ကြည့်ပါဦး။ ဒီဟာကတော့20-Pin Power Connector ထဲက Pin တွေပါ။



ကဲ 24-Pin Connector ပေါ်က Pin တွေကို ကြည့်ချင်ရင်တော့ ဒီမှာကြည့်...။



ဒီနှစ်ခုက ဘာကွာလို့လဲတဲ့...။  အဓိကကွာတာက Pin 11 ရယ်၊ Pin 11 ရယ်၊ Pin 12 ရယ်၊ Pin 23 ရယ်၊
Pin 24 ရယ်တို့ပါ။ 20-Pin မှာကြည့်လိုက်လေ။ Pin 11 က 12 V ၊ Pin 12 က 3.3 V ၊ Pin 23 က
5 V နဲ့ Pin 24 က ground ဆိုပြီးသတ်မှတ်ပေးထားတာတွေ့တယ်မဟုတ်လား။ ဒီကောင်တွေလောက်ပဲ
ကွာသွားတာပါ။ 20-Pin Connector ကနေ 24-PinConnector ကို ပြောင်းပေးနိုင်တဲ့ Cable ကို
လွယ်လွယ်ကူကူ ရှာတွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီ Cable ကို သုံးတော့မယ်ဆိုရင်တော့ PSU မှာ
ဒီလိုသုံးဖို့အတွက် Ample Power ရှိနေဖို့လိုအပ်ပါတယ်။ တကယ်လို့ ကိုယ့် Motherboard က လို
တာက 8 Pin ၊ ဒါမှမဟုတ် 4 Pin ရှိတဲ့ 12 V Auxiliary Connector ကို လိုနေတယ်။ ဒါပေမယ့် လက်ရှိ
ကိုယ့်စက်ပေါ်ကPSU မှာက တစ်ခုမှမပါဘူးဆိုရင်တော့ PS အသစ်တစ်ခုရှိမှပဲ ရတော့မှာပါ။ ကိုယ့်ဆီမှာ
ရှိတာက 4-Pin aux Connector ၊ကိုယ်လိုနေတာက 8-Pin ဆိုလို့ရှိရင်လည်း အဲဒီ 4-Pin ကို 8-Pin
အဖြစ်ပြောင်းပေးနိုင်တဲ့ Converter လည်း ရှိပါသေးတယ်။
အပြင်မှာ ၀ယ်လို့ရနိုင်ပါတယ်။
ဒါပေမယ့် ကိုယ်တွေစမ်းသပ်ကြည့်လို့ သိရသလောက်ကတော့ အဲဒီလို Converters တွေကိုသုံးတာ
ထက် PSU အသစ်တစ်ခု ၀ယ်သုံးလိုက်တာကမှ ပိုပြီးလွယ်ကူပြီး အလုပ်ရှုပ်သက်သာသေးတယ်။ ဟို
Converters တွေသုံးတာက Casingထဲမှာ ၀ါယာတွေရှုပ်ကုန်တာပဲ ရှိတယ်။ဒါလောက်ဆိုရင်
Power Supply အကြောင်းကို သေသေချာချာနားလည်ရောပေါ့နော်။ ဒီတော့ အဆုံးသတ် အမှာစကား
ပြောရဖို့ပဲ ကျန်တော့တယ်။ဒီတော့ Power Supply တစ်ခုကို ကိုယ်က၀ယ်ရတော့မယ်ဆိုရင်
ကိုယ့်ကွန်ပျူတာ System ရဲ့ ပါဝါသတ်မှတ်ချက်၊လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် Power Supply
မျိုးဝယ်ဖို့က အရေးကြီးပါတယ်။ နောက်တစ်ချက် ပြောလို့ရတာက ATXStandard တွေအားလုံးက
အရင်တုန်းက System အဟောင်းတွေနဲ့ ပါ တွဲဖက်သုံးလို့ရအောင် ထုတ်ပေးတာပါ။ ဒီတော့ ကဲ
Power Supply အ၀ယ်ထွက်ရပြီဆိုလို့ရှိရင် အနည်းဆုံး ATX v2.01 လောက်ရှိတဲ့ (သို့) ဒီထက်မြင့်တဲ့ 
Power Supplyမျိုးကို ၀ယ်တာအကောင်းဆုံးပါပဲ။ ဒါတွေက ATX System အဟောင်းတုန်းက
20-Pin Main Power Connector တွေကိုလည်း ကောင်းကောင်းထောက်ပံ့ပေးနိုင်တယ်လေ။
ဒါကြောင့် Power Supply အ၀ယ်တော်လုပ်ရတဲ့ လူတွေအားလုံး အဆင်ပြေပြေနဲ့ အ၀ယ်ထွက်နိုင်ကြပါစေ။
 
 
Disk Defragment ကို Run သည့် နည်းလမ်း(၃)မျိုး


Hardware - Hardware
Monday, 12 October 2009 01:46
Disk Defragment ကို Run သည့် နည်းလမ်း(၃)မျိုး
 
ကဲ မိမိရဲ့စက်မှာ (Drive) တွေ ဘယ်လိုမျိုး (Defragment) Run နိုင်ပါသလဲ။ Defragment Run ခြင်းကို
ဘယ်လိုမျိုးအသုံးပြုလို့ရနိုင်ပါသလဲ။ ဒါဆိုစပြီးတော့ Defragment Run ခြင်း (၃)မျိုးကို ဖော်ပြပေးပါ့မယ်။
အဲ Defragment Run တယ်ဆိုတာက မိမိရဲ့ (Drive) အတွင်းမှာ သိမ်းဆည်းပေးထားတဲ့ Data တွေ၊
Informationတွေကို စနစ်တကျပြန်လည်စီစဉ်ပေးတာကို Defragment Run တယ်လို့ ခေါ်ပါတယ်။
ဒါဆို ပထမတစ်နည်းကို စတင်လေ့လာကြရအောင်။

My Computer မှတစ်ဆင့် Defragment ကို အသုံးပြုခြင်း

ပထမဦးဆုံး My Computer ကို သွားပေးပါ။ ၎င်းမှတစ်ဆင့် မိမိအသုံးပြုမည့် Drive ကို Right Click နှိပ်၍
Propertiesသို့သွားပါ။
 
 
၎င်း Drive ရဲ့ Properties Box ပေါ်လာပါကပုံ၌ ၀ိုင်းပြပေးထားသော Defragment Now ကို Click နှိပ်ပေးပါ။
 
ကဲ ဒါဆို Disk Defragmenter ဆိုပြီး ပေါ်လာပါလိမ့်မယ်။ ဒါက ပထမတစ်နည်းပါ။
 
Computer Management မှတစ်ဆင့် Defragment အား အသုံးပြုခြင်း

ကဲ ဒုတိယတစ်နည်းကတော့ Computer Management မှပါတဲ့။ ကဲဒါဆို Desktop ပေါ်က
My Computer ပုံကိုRight Click နှိပ်၍ Manage ကို Click နှိပ်ပေးပါ။
 
 
နောက်ဆုံး Computer Management မှတစ်ဆင့် Disk Defragmenter ကို Click နှိပ်ပေးပါ။ ဒါဆိုမိမိ
ကြိုက်နှစ်သက်သည့်Drive များကို Defragment Run နိုင်ပါပြီ။
 
Command Line မှတဲ့ဗျ
ကဲ..နောက်ဆုံးသော တစ်နည်းကတော့ Command Line မှတဲ့ဗျ။ ကဲ ဒီလိုမျိုးလေး Run နိုင်အောင်
(MARSခြင်ဆေးခွေကိုဆောင်) အဲလေ။ Command Mode ကို ဆောင် ဟုတ်ပြီလား။
ပထမဦးစွာ Start>Run မှတစ်ဆင့် cmd လို့ ရိုက်ထည့်ပေးပါ။ ပြီးပါက OK ကို Click နှိပ်ပေးပါ။
 

 
ဒုတိယပုံတွင် Command Line ပေါ်လာပါက (defrag 12) ဆိုတဲ့ Command ကို ရိုက်ထည့်ပေးပါ။
ဒါဆို၎င်းနဲ့ပတ်သက်တဲ့ Switch တွေ ကျလာပါလိမ့်မယ်။ ဒါ့အပြင် ၎င်း (defrag) ဆိုတဲ့ Command
ဟာ Command Line မှာ(Hidden Command) ဖြစ်ပါတယ်။
ကဲ စာဖတ်သူတို့ Disk ကို ဘယ်လိုနေရာတွေမှတစ်ဆင့် Defragment ကို Run နိုင်သလဲဆိုတာကို
ပုံနှင့်တကွ နားလည်သွားပြီပေါ့နော်။ Run နိုင်ကြပါစေ။ သြော် Defragment ကို ပြောတာနော်။
 
 
Internet Explorer မှာ Zawgyi Fonts ပြောင်းလဲနည်း


Hardware - Hardware
Friday, 09 October 2009 10:06
Internet Explorer မှာ Zawgyi Fonts ပြောင်းလဲနည်း
    Mozillar Firefox တွင် မြန်မာ Fonts တွေကို Zawgyi သာမက WinInwa နှင့်အခြား Fonts
တိုက်ရိုက်မြင်နိုင်တယ်။

Internet Explorer မှာကတော့ Fonts ရှိရဲ့သားနဲ့ အသုံးမပြုနိုင်တဲ့အခါမှာ ဒီနည်းကို အသုံးပြုပြီး
ပြင်လို့ရပါတယ်။  

ပထမဦးဆုံး စတင်၍ Internet Explorer ကို ဖွင့်လိုက်ပါ။ ပြီးနောက် Tools>Internet Options
ထဲက General Tab ထဲကို သွားလိုက်ပါ။ အောက်ဆုံးလေးမှာ Accessibility ဆိုတဲ့ (Button)
ကို တွေ့ရပါလိမ့်မယ်။ ၎င်းနောက်  Accessibility Button ကို Click နှိပ်လိုက်ပါ။ Dialog Box
ကလေးကျလာပါလိမ့်မယ်။ အဲဒီအထဲက Formatting ထဲမှာပဲ

စာကြောင်းသုံးခုပါပါတယ်။

 -Ignore Color specified on Web Page

 -Ignore Font Styles specified on Web Page

 -Ignore Font Size specified on Web Page စတာတွေကို တွေ့ပါလိမ့်မယ်။

      အဲဒီအထဲမှာ အမှန်ခြစ်ခြစ်ထားရင် ဖြုတ်ခဲ့လိုက်ပါ။ Ignore font styles specified on
webpages ကို အမှန် ခြစ်ဖြုတ်ထားဖို့ လိုအပ်ပါတယ်။ အဲဒါမှမရသေးရင် Tools>Internet Options>
General>Fonts Button ကိုနှိပ်လိုက် ပါ။ language Scripts မှာ သူ့အတိုင်း Latin Based ကိုပဲ
ထားလိုက်ပါ။ Webpage Font မှာတော့ Zawgyi-One ကို ရွေးထားပေးလိုက်ပါ။ ဒါမှမရသေးဘူး
ဆိုရင်တော့ ကိုယ့်စက်ထဲမှာ Webiste ကအသုံးပြုတဲ့ Fonts မရှိ၊ Fonts Style

ချင်းမတူဆိုတာဖြစ်ဖို့ များသွားပါပြီ။
 IE မှာဆိုရင် အရင်ဆုံး Notepad ကို ဖွင့်
 body
 {
  
 }
 input, select, textarea
 {
 
 }

 ဆိုပြီး ရိုက်လိုက်ပါ။ ပြီးရင် Notepad မှာရိုက်ပြီး D:ie.css နဲ့သိမ်းလိုက်

 ပြီးတော့ IE ကိုဖွင့်

 Tool->Internet Option->Accessibility ကို ကလစ်နှိပ်လိုက်ပါ။

 Ignore Font Style Specified...Pages ကို Check လုပ်ပါ။

 Format documents using my styles sheet ကို Check လုပ်ပါ။

 Browse လုပ်လိုက်ပါ။

 D:ie.css ကို ရွေးလိုက်ပါ။

 ပြီးရင် OK လုပ်လိုက်ပါ။ OK ထပ်လုပ်ပါ။

 ကဲရပါပြီ။ မြန်မာလို IE တစ်ခုလုံး Zawgyi Font ဖြစ်သွားပါပြီ။
.....................................................

မိမိကွန်ပျူတာရှိ Drive များအား ၀င်ရောက်သုံးစွဲခြင်းမှ ကာကွယ်ခြင်း



Hardware - Hardware
Monday, 05 October 2009 02:00
မိမိကွန်ပျူတာရှိ Drive များအား ၀င်ရောက်သုံးစွဲခြင်းမှ ကာကွယ်ခြင်း

ယခုဆောင်းပါးကတော့ မိမိရဲ့ ကွန်ပျူတာအတွင်းမှာပါဝင်တဲ့ Drive တွေကို ၀င်ရောက်သုံးစွဲခြင်းမှ ဘယ်လိုမျိုးကာကွယ်ရမယ်ဆိုတာကို ပြောပြပေးပါ့မယ်။
ဆိုလိုတာကတော့ဗျာ မိမိရဲ့ Drive တွေထဲမှာ အရေးကြီးတဲ့ အချက်အလက်တွေရှိမယ်။ ဒါဆို မိမိက တစ်ခြား
သောလူများကို ပေးမသုံးစေချင်ဘူးဆိုပါစို့။ ကဲ ဒါဆိုအောက်မှာ ဖော်ပြထားတဲ့အတိုင်း လေ့လာကြည့်ပါ။ သင်နားလည်သွားပါလိမ့်မယ်။
 

ပုံ တွင် Start>Run> မှတစ်ဆင့် gpedit.msc ကို ရိုက်ပေးပါ။
 

Group Policy Box ပေါ်လာပြီး ပုံ၌ပြထားတဲ့အတိုင်း သွားပေးပါ။ ၎င်းမှတစ်ဆင့် Prevent access to
drives from my computer ကို Select မှတ်၍ Double Click နှိပ်ပေးပါ။
 


၎င်း Properties Box ပေါ်လာပြီး Enabled ကို ရွေးပေးပါ။ အောက်မှာဖော်ပြပေးထားချက်တွေသည်
မိမိပိတ်ချင်တဲ့ Drive တွေကို ရွေးချယ်ခွင့်ရှိကြောင်း ပြောခြင်းဖြစ်ပါတယ်။
 
 

Restrict C:drive only ကိုပဲ ရွေးချယ်ပေးခဲ့ပါတယ်။ ပြီးပါက Apply နှင့် OK ကို Click နှိပ်ပြီး ထွက်ခဲ့ပေးပါ။
 


My Computer အတွင်းမှ (C:) ဆိုသည့် Drive ကို ၀င်ရောက်သုံးစွဲသည့်အခါ၌ ပုံမှာဖော်ပြပေးထားသော
Error Box ကျလာလိမ့်မည် ဖြစ်ပါတယ်။
ကဲ...ဒီဆောင်းပါးလေးမှာတော့ My Computer အတွင်းက (C:) ဆိုတဲ့ Drive ကိုပဲ ပိတ်ထားပေးခဲ့ပါတယ်။
အဲ မိမိက ပြန်လည်အသုံးပြုချင်တယ်ဆိုပါက (Not Configured) ကိုသာ ပြန်လည်သတ်မှတ်ပေးလိုက်ရုံ
ပင်ဖြစ်ပါတယ်။
.................................................

SSD အကြောင်း



Hardware - Hardware
Thursday, 01 October 2009 05:29
SSD ( Solid State Drive )

Electronics Device တွေအားလုံးကို Semiconductor တွေ၊ Chips တွေနဲ့ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။
Solid State လို့ ဆိုလိုက်တာနဲ့ Semiconductor တွေနဲ့ ပြုလုပ်ထားတဲ့ Electronics Circuit ဆိုတာ
သိရပါမယ်။ SSD လို့ ဆိုလိုက်တာနဲ့ Semiconductor နဲ့ ပြုလုပ်ထားတဲ့ IC လေး ဒါမှမဟုတ် Data သိမ်း
ဆည်းနိုင်တဲ့ ပစ္စည်းလေးဆိုတာ သိနေရပါမယ်။အခုလက်ရှိ အနီးစပ်ဆုံး ဥပမာ ပြရရင်တော့ USB Ports
မှာထိုးပြီးသုံးရတဲ့ Flash Memory Stick လေးတွေကို ပြရမှာပါ။ Solid State Drive နဲ့ USB Flash Drive
ဆိုပြီး နာမည်သာ ကွဲသွားတာပါ။ Non-volitile Memory Chips ဖြစ်တာကတော့ အတူတူပါပဲ။
Non-volatile Memory ဆိုတာက သူ့ထဲမှာ သိမ်းထားတဲ့ Data တွေကို ကိုယ်က မဖျက်သရွေ့
ပျောက်မသွားပဲ တည်ရှိနေမှာပါ။ Power မရှိတော့တဲ့ အချိန်မှာတောင် Data တွေရှိနေအောင် သိမ်းထား
နိုင်ပါတယ်။တစ်ခုကွာခြားတာရှိပါတယ်။ အဲဒါကတော့ Flash Drive က PC ရဲ့ အပြင်ဘက်မှာ သုံးဖို့ အဓိက
Design ထုတ်ထားတာပါ။ SSD ကတော့ System ရဲ့အတွင်းဘက်၊ အတိအကျပြောရမယ်ဆိုရင်တော့
Hard Disk နေရာမှာ အစားထိုးပြီး သုံးနိုင်ဖို့ အဓိက ရည်ရွယ်ပြီး Design ထုတ်ထားတာပါ။
ဒါကြောင့်မို့ SSD ကို အပြင်ဘက်ကကြည့်ရင် Hard Disk နဲ့ အတော်တူပါတယ်။ အဓိက ရည်ရွယ်တာက
တော့ Notebook နဲ့ PC တွေမှာ သုံးဖို့ပါ။ ဒီလိုသုံးနိုင်ဖို့အတွက်တော့ Hard Disk အရွယ်အစားလောက်ရှိမှ
ဖြစ်မှာပေါ့။ ပြီးတော့ IDE Connector တွေ SATA Connector တွေကလည်းပါရဦးမယ်လေ။

SSD ကို ဘာကြောင့်သုံးသင့်သလဲ
SSD က Hard Disk အပေါ်မှာ သာသွားတဲ့အချက် သုံးချက်ရှိပါတယ်။
နံပါတ် ( ၁ )က Power အစားနည်းပါတယ်။ ဘာ့ကြောင့်လဲဆိုရင် Motor တွေလည်ဖို့ အသုံးပြုရတဲ့ Power
မလိုတော့ပါဘူး။ Drive လည်း Hard Disk ထက်ကို Energy အများကြီးသုံးစရာမလိုပါဘူး။
နံပါတ် ( ၂ )အချက်က Data တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ပို့နိုင် Access လုပ်နိုင်ပါတယ်။ လူတိုင်းလူတိုင်း
လိုချင်ကြတဲ့ အချက်ပါ။ Data တွေရှာဖို့အတွက် Hard Disk မှာလို Platter တွေ ရွှေ့စရာမလိုပါဘူး။ Head တွေလည်းနေရာချစရာ မလိုပါဘူး။ အနည်းဆုံးတော့ ဒီအချိန်တွေက ပိုထွက်လာပါတယ်။ Data တွေကို ဖတ်ဖို့
Command ပေးလိုက်တာနဲ့ ချက်ချင်းဖတ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ Hard Disk ထက်ကို ၂၀ ရာခိုင်နှုန်း
ပိုပြီးမြန်မြန် ဖတ်နိုင်တယ်လို့ ဆိုပါတယ်။     ယုံကြည်စိတ်ချရ မှုကလည်း Hard Disk ထက်ကိုပိုပါတယ်။
Hard Disk ရဲ့ Platter တွေဟာ ကျိုးပျက်လွယ်တဲ့ အထိမခံ အမျိုးအစားတွေပါ။ Head Crash ဖြစ်ရတာနဲ့၊
Bad Sector ပေါ်ရတာနဲ့ မဆုံးနိုင်တော့ပါဘူး။ Hard Disk ကို နေရာနည်းနည်း ရွှေ့လိုက်ရင်ပဲ ဖတ်လို့မရဘူး
ဆိုတာတွေ ဖြစ်တတ်ပါတယ်။SSD ရဲ့ အဓိက အားသာချက်ကတော့ အလုပ်လုပ်တဲ့ အစိတ်အပိုင်းတွေက
ရွှေ့လျားမှုလုံးဝမရှိဘဲ ကောင်းမွန်စွာ အလုပ်လုပ်ခြင်း ဖြစ်ပါတယ်။ Chips အားလုံးကို ကျစ်ကျစ်လျစ်လျစ်နဲ့
တသားတည်း ပြုလုပ်ထားတာပါ။ ဆိုလိုတာက ပြုတ်ကျလို့ အထဲက အစိတ်အပိုင်းတွေ ပျက်စီးသွားတယ်
ဆိုတာ SSD မှာမရှိပါဘူး။

SSD ကို ဘာကြောင့် မသုံးကြသေးတာလဲဆိုရင် အဓိက အချက်ကတော့ ဈေးနှုန်းပါ။ SSD တစ်ခုရဲ့ ဈေးနှုန်း
ဟာဆိုရင် Notebook Computer တစ်လုံးရဲ့ ဈေးနှုန်း နီးနီးရှိပါတယ်။ Notebook Computer ထုတ်လုပ်သူ
တိုင်းက SSD ကို မသုံးနိုင်သေးပါဘူး။နောက်ပြသနာ တစ်ခုက Data ဝင်ဆန့်မှုပါ။ လက်ရှိ Hard Disk တွေက
200 GB နှင့်အထက် သိုလှောင်နိုင်နေတဲ့အချိန်မှာ ဈေးကြီးပါတယ် ဆိုတဲ့ SSD က 64 GB လောက်သာ
ဝင်ဆန့်သေးတာပါ။ ရိုးရိုး Hard Disk နဲ့စာရင် ဈေကြီးပြီး Data ဝင်ဆန့်မှု နည်းနေပါတယ်။ဒါပေမယ့် မကြာခင်
အချိန်အတွင်းမှာ ဒီအချက်တွေ အားလုံးပြေလည်သွားမယ်လို့ မျော်လင့်ရပါတယ်။ Notebook လောကမှာ
SSD သို့ ပြောင်းလဲသုံးစွဲခြင်းသည် ကြီးမားသော ပြောင်းလဲမှု တစ်ရပ် ဖြစ်လာပါလိမ့်မယ်။
............................................................

Mouse ဖွဲ့စည်းတည်ဆောက်ပုံ နဲ့ အလုပ်လုပ်ပုံ



Hardware - Hardware
Wednesday, 30 September 2009 02:43


Mouse ဆိုတဲ့ အရာလေးကတော့ Computer လောကမှာ မပါမဖြစ်အရေးပါတဲ့ ပစ္စည်း (Device) လေး
တစ်ခုပါ။ Mouse ကို တစ်နည်းအားဖြင့် Pointing Device လို့လည်းခေါ်ပါသေးတယ်။
 
ကိုယ်အလိုရှိရာကို Pointing Device ဖြစ်တဲ့ Mouse လေးအသုံးပြုပြီး လုပ်ဆောင်နိုင်ပါတယ်။ ဒီတော
့  Icons တွေကို Select မှတ်ချင်တဲ့ အခါမှာ ၊ Screen ပေါ်မှာမြင်တွေ့နေရတဲ့ Objects တွေကို ညွှန်ပြဖို
့ (Pointing) နဲ့ ရွေ့လျားစေဖို့ (Moving)  စတဲ့အရာတွေ လုပ်ဆောင်စေချင်တဲ့အခါမှာ Mouse ကိုအသုံး
ပြုဖို့လိုအပ်လာပါတယ်။ Mouse လို့အမည်ပေးထားတာကလည်း ကြွက်လေးတစ်ကောင်နဲ့ တူနေလို့ပါ။
မယုံရင် Mouse လေးကိုကြည့်ကြည့်ပါဦး။ အနောက်မှာ ထွက်နေတဲ့ Wire ကြိုးလေးကတော့ ကြွက်က
လေးရဲ့ အမြီးလေးပါ။ တူတယ်မဟုတ်လား။
 

တကယ်တော့ Mouse လေးက Display Screen ပေါ်မှာ မြင်တွေ့နေရတဲ့ Cursor (သို့) Pointer လေးကိုထိန်းချုပ်ထားပေးတာပါ။ Mouse လေးကို ရွေ့လျားလိုက်ခြင်းဖြင့် Display Screen ပေါ်မှာမြင်တွေ့
နေရတဲ့ Pointer လေးလှုပ်ရှားမှု ပြုနိုင်ပါတယ်။ Mouse လေးကို အသုံးပြုတဲ့အခါ သူ့ရဲ့အောက်မှာ
အောက်ခံအနေနဲ့ထားရှိဖို့ Mouse Pad လေးကို အသုံးပြုသင့်ပါတယ်။
 

Mouse တစ်ခုမှာ အနည်းဆုံး Button တစ်ခု ပါဝင်ပြီး ယခုအခါမှာတော့ Button သုံးခုအထိ ပါဝင်လာပြီ ဖြစ်
ပါတယ်။ တစ်ချို့ Mouse တွေမှာ ဆိုရင် Button အပြင် Scroll Wheel လို့ခေါ်တဲ့ ဘီးလေးတွေ ပါဝင်လာ
တတ်ပါတယ်။ ဒီတော့ ပထမဆုံး Two Button Mouse လို့ခေါ်ပြီး Button နှစ်ခုပါတဲ့ Mouse လေးကို အရင်ဆုံးကြည့်ကြည့်ရအောင်။

အားလုံးသိကြတဲ့အတိုင်း Two Button Mouse မှာ တစ်ခုက Left Click အတွက်ဖြစ်ပြီး နောက်တစ်ခုက
တော့ Right Click အတွက်ဖြစ်ပါတယ်။ ကဲ... အခု Two Button and one wheel လို့ခေါ်ပြီး Button
နှစ်ခုနဲ့ Scroll Wheel တစ်ခုပါဝင်တဲ့ Mouse လေးကို ကြည့်ကြရအောင်။

ပုံလေးမှာတွေ့ရတဲ့အတိုင်း သူ့မှာ Button နှစ်ခုပါတဲ့အတွက် Left နဲ့ Right Click အတွက်ဖြစ်ပြီး Wheel
ဆိုတာကတော့ ရှည်လျားတဲ့ စာတွေကို အပေါ်မှ အောက်သို့ ရွေ့လျားပြီး ဖတ်ရှုချင်တဲ့နေရာမှာ သုံးလို့ရပါတယ်။
အခု Button သုံးခုပါဝင်တဲ့ Three Button Mouse အကြောင်းကို ပုံလေးနဲ့ လေ့လာကြရအောင်။
 

Button နှစ်ခုကတော့ ထုံးစံအတိုင်း Left နဲ့ Right (Context Menu) Click တွေအတွက်ဖြစ်ပြီး အလယ်မှာ
ပိုနေတဲ့ တစ်ခုကတော့ ပုံမှာမြင်တွေ့တဲ့အတိုင်း Double Click နှိပ်ဖို့လိုအပ်တဲ့အခါတွေမှာ Left Click
မနှိပ်တော့ဘဲ အလယ်က Button လေးကို တစ်ချက်နှိပ်လိုက်ရုံနဲ့ Double Click နှိပ်ပြီးသားဖြစ်သွားပါလိမ့်မယ်။
ကဲ... အခု ဆက်လက်ပြီးတော့ Mouse အမျိုးအစားတွေကို လေ့လာကြည့်ရအောင်။ အဓိကအားဖြင့်
Mouse အမျိုးအစား သုံးမျိုးရှိပြီး အဲဒါတွေကတော့ Serial mouse , Universal Serial Bus Mouse နဲ့
Optical Mouse တို့ဖြစ်ကြပါတယ်။ ပထမဆုံး Serial Mouse ဆိုတာက RS-232C Serial port (သို့)
PS/2 port နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့အမျိုးအစားပါ။
 
 
ဒုတိယ အမျိုးအစားဖြစ်တဲ့ Universal Serial Bus Mouse ကတော့ USB port နဲ့ ချိတ်ဆက်ထားတာပါ။
အခုနောက်ပိုင်းမှာ USB Connector တွေကို အသုံးပြုတာများလာပြီဖြစ်တဲ့အတွက် USB port နဲ့ ချိတ်
ဆက်ဖို့လိုအပ်တဲ့ Mouse ကို အသုံးပြုလာကြပါပြီ။

နောက်ဆုံးတစ်မျိုးကတော့ Optical Mouse ဖြစ်ပါတယ်။ သူ့မှာတော့ Infrared Light ဆိုတဲ့ အလင်းလေးတွေ
ပါနေတတ်ပါတယ်။ မြင်ဖူးကြမယ်ထင်ပါတယ်။ Mouse လေးလင်းနေတာဟာ Optical Mouse မှာ အလင်းပြန်အောင်လုပ်ဆောင်ထားလို့ပါ။ ပုံလေးကိုကြည့်လိုက်ကြရအောင်။

အခု စောစောကပြောခဲ့တဲ့ Mouse တွေနဲ့ သက်ဆိုင်တဲ့ Port လေးတွေကို လေ့လာကြည့်ရအောင်။ ဒီတော့
Serial Port, PS/2 Port, USB Port တို့ရဲ့ ပုံလေးတွေကို ကြည့်လိုက်ပါဦး။
 

ပုံမှာ ပါဝင်တဲ့ နံပါတ်လေးတွေ အကြောင်းအနည်းငယ်ပြောပြပေးချင်ပါတယ်။
(၁) PS/2 Keyboard port ( ခရမ်းရောင် ) ၊ PS/2 Mouse port ( အစိမ်းရောင် )
ဒီ Ports တွေကတော့ အဓိကအားဖြင့် Keyboard နဲ့ Mouse  အတွက်ပါ။
(၂) USB 2.0 ports
ဒီ Ports တွေကတော့ USB port ကို အသုံးပြုတဲ့ ပစ္စည်း (Devices) တွေအတွက်ပါ။ တကယ်လို့ မိမိအသုံး
ပြုနေတဲ့ Mouse က USB mouse အမျိုးအစား
ဆိုရင်တော့ ဒီ port ကို အသုံးပြုရမှာပါ။
(၃) Serial (COM1) port
9-pin ရှိတဲ့ Serial port ကတော့ တစ်ခါတစ်ရံ Serial port ကို အသုံးပြုထားတဲ့ Mouse အတွက်ဖြစ်ပြီးတော
့ အထူးသဖြင့် Serial devices တွေအတွက်ပါ။
(၄) Video Graphics Adapter (VGA) port
ဒီ port ကတော့ VGA Monitor အတွက်ပါ။ တစ်ခါတစ်ရံ အခြား VGA နဲ့ အဆင်ပြေမှုရှိတဲ့ ပစ္စည်း
( VGA-compatible devices )  တွေအတွက်ပါ။
(၅) LAN 1 (RJ-45) port
(၆) LAN 2 (RJ-45) port
ဒီ ports နှစ်ခုကတော့ Local Area Network နဲ့ သက်ဆိုင်တဲ့ ports တွေပါ။ ဒီတော့ Internet ကို
အသုံးပြုချင်တယ်ဆိုရင်၊ Network ချိတ်ဆက်ချင်တယ်ဆိုရင် ဒီ Ports တွေကို အသုံးပြုလို့ရပါတယ်။

ဗဟုသုတ အနေနဲ့ ပြောပြတာပါ။ အခုဆိုရင် Mouse ကို အသုံးပြုလို့ရတဲ့ Ports တွေ အကြောင်းအတော်
လေးသိရှိလာပြီပေါ့နော်။ အခု ဆက်လက်ပြီး Mouse ရဲ့ အတွင်းပိုင်းမှာ ရှိတဲ့အရာလေးတွေကို ဖေါ်ပြပေး
ချင်ပါတယ်။  Mouse ရဲ့ အတွင်းပိုင်းမှာ Ball လို့ခေါ်တဲ့ အရာလေးတစ်ခု ပါဝင်နေပြီး Mouse လေးကို
ရွေ့လျားလိုက်တဲ့အခါ အဲဒီ Ball လေးက Mouse ရွေ့လျားနိုင်အောင် ကူညီပေးပါတယ်။ Screen
ပေါ်မှာ မြင်တွေ့ နေရတဲ့ Mouse Cursor လေးရွေ့လျားနိုင်အောင်လည်း ဒီ Mouse Ball လေးက
အဓိကလုပ်ဆောင်ပေးပါတယ်။ Mouse တစ်ခုမှာ ဒီ Ball လေးသာ မပါဝင်ခဲ့ဘူးဆိုရင် Cursor လေး ရွေ့လျားနိုင်မှာမဟုတ်ပါဘူးနော်။ ဒါကြောင့် အရေးပါတဲ့ အရာလေးပါ။ ဒီ Ball လေးက Choppers နဲ့
Gears နှစ်ခုကို အသုံးပြုပြီး Computer အတွင်း ရွေ့လျားမှုပြုနိုင်အောင် လုပ်ဆောင်ပေးပါတယ်။
ပုံလေးကို ကြည့်လိုက်ပါဦးနော်။
 
ပုံမှာမြင်တွေ့ရတဲ့အတိုင်း Mouse ရဲ့ အလယ်ဗဟိုမှာ Ball လေးပါဝင်နေတာကို တွေ့ရမှာပါ။
အခုလောက်ဆိုရင် Mouse နဲ့ ပတ်သက်တာကို သိသင့်သလောက်တော့ သိရပါပြီနော်။
ဒါကြောင့် Mouse သင်ခန်းစာလေးကို ဒီမှာတင် အဆုံးသတ်လိုက်ပါတော့မယ်။
..............................................


Motherboard ဘာကြောင့် ပျက်ရတာလဲ။



Hardware - Hardware
Wednesday, 30 September 2009 02:31
Motherboard ဘာကြောင့် ပျက်ရတာလဲ။
ကွန်ပျူတာ တစ်လုံးမှာ Motherboard ဆိုတာဟာလည်း မရှိမဖြစ်အသုံးပြုရတဲ့ အစိတ်အပိုင်းကြီးတစ်ခုပဲ
ဖြစ်တယ်။ ဒီ ကွန်ပျူတာမှာ Motherboard မရှိရင် ဘာမှလုပ်လို့ ဖြစ်မှာမဟုတ်ပါဘူး။
အဲ့ဒီ ကွန်ပျူတာမှာ သိပ်ကိုအရေးပါတဲ့ Motherboard ဟာ တစ်ခုခုကြောင့် ချို့ယွင်းချက်တစ်စုံတစ်ရာရှိ
လာပြီဆိုရင် ကွန်ပျူတာဟာ ကောင်းကောင်းအလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ ဒီလို အရေးကြီးတဲ့
Motherboard ကို မပျက်စီးအောင် ထိန်းသိမ်းသင့်တာက ကွန်ပျူတာ အသုံးပြုနေသူ အားလုံးအတွက်
အရေးကြီးတဲ့အချက် တစ်ခုဖြစ်တယ်။ အဲ့လိုမျိုး Motherboard ကို  မပျက်အောင် ထိန်းသိမ်းနိုင်ဖို့ရန်
အတွက်ဆိုရင်တော့ ဘာလုပ်ရမလဲ။ Motherboard ကို မပျက်အောင် ထိန်းသိမ်းဖို့အတွက်ပါ ဆိုမှတော့
ဒီ Motherboard ဟာ ဘာတွေကြောင့် ပျက်တတ်တယ် ဆိုတာကို သိထားမှ အဲ့ဒီ ပျက်တတ်တဲ့ အကြောင်း
အရာလေးတွေကို ရှောင်သင့်ရင်ရှောင်ရမယ်လေ။ ဒါမမဟုတ် ဂရုစိုက်ရမယ်။ ဒါမှလည်း ကိုယ့်အိမ်က
အသုံးပြုနေသော ကွန်ပျူတာ Motherboard ကို မပျက်စီးအောင် ထိန်းသိမ်းနိုင်မှာပေါ့။ ဟုတ်ပြီ။ ဒါဆိုရင်
Motherboard မပျက်အောင် ထိန်းသိမ်းနိုင်ဖို့အတွက် Motherbaord ကို ပျက်စေတတ်သော အကြောင်း
အရာလေးတွေကို အရင်သိထားသင့်တယ် မဟုတ်လား။ ဒီတော့ Motherboard ကို မပျက်စီးအောင်၊
မပျက်ယွင်းအောင်အတွက် Motherboard ကို ပျက်စီးစေတတ်သော အကြောင်းလေးတွေကို
အရင်ဆုံးပြောပြချင်ပါတယ်။

အခုပြောမယ့် Motherboard ကို ပျက်စီးစေတတ်သော အကြောင်းလေးတွေက ယေဘုယျ ဖြစ်တတ်
တဲ့အကြောင်းအရာတွေကို ပြောမှာဖြစ်ပါတယ်။  အများအားဖြင့်တော့ အခုပြောမယ့် အချက်တွေကြောင့်
Motherboard တွေဟာ ပျက်တတ်ပါတယ်။

ပြောရမယ်ဆိုရင် Motheboard တွေဟာ ဖုန်တွေကြောင့်လည်း ပျက်တတ်ပါတယ်။ တစ်ချို့တွေက ဖုန်တေ
ွကြောင့်ပဲ ကွန်ပျူတာ Motherboard ကို ပျက်စီးစေတတ်သလားလို့ ထင်ချင်ထင်ကြလိမ့်မယ်။ ပျက်တတ
်တာပေါ့။ ဖုန်တွေကြောင့် Motherboard ကို ပျက်စီးစေတတ်တာပေါ့။ ကွန်ပျူတာကို အသုံးပြုတာ ကြာလာ
တဲ့အခါမှာ တဖြည်းဖြည်းနဲ့ ဖုန်တွေ ၀င်တတ်ပါတယ်။ မိမိကတော့ သုံးလို့ရနေတာပဲ ကောင်းနေတာပဲ ဆိုပြီး
တော့ အဲ့ဒီ ဖုန်တွေကြောင့် Motherboard ပေါ်မှာရှိသော Device တွေ၊ အစိတ်အပိုင်းတွေကို ထိခိုက်နိုင်
ပါတယ်။ ဒါကြောင့် ကွန်ပျူတာကို ဖုန်တွေဝင်ရင် မကြာခဏလေး ကွန်ပျူတာ Casing ဖုံးကိုဖွင့်ပြီး Blower
လေးဖြင့် မှုတ်ပေးလိုက်ခြင်းအားဖြင့် ဖုန်တွေကို သန့်စင်စေနိုင်ပါတယ်။ ဒါဆိုရင် Motherboard ကိုပျက်စီးခြင်းမှ ကာကွယ်စေနိုင်ပါတယ်။

စိုထိုင်းမှု့ကြောင့်လည်း ကွန်ပျူတာ Motherboard ကို ပျက်စီးစေနိုင်ပါတယ်။ မိုးရာသီတွေမှာဆိုရင် ကွန်ပျူ
တာကို ရေငွေ့ရိုက်မှုကြောင့် စိုထိုင်းမှု့တွေ ဖြစ်တတ်တယ်။ အဲ့ဒီရေငွေ့တွေက Motherboard ပေါ်မှာရှိသော
အစိတ်အပိုင်းတွေ၊ Device တွေကို စိမ့်ဝင်ပြီးတော့ Device တွေရဲ့ Performance ကို ထိခိုက်စေပါတယ်။
ဒါကြောင့် မိုးရာသီတွေမှာ ဆိုရင် ကွန်ပျူတာ Motherboard ကို ရေငွေ့ရိုက် စိုထိုင်းမှု့ မရှိရလေအောင်
ဂရုစိုက်သင့်ပါတယ်။ ကွန်ပျူတာ ကို ရေစိုတာတွေဘာတွေ မဖြစ်အောင် ပြတင်းပေါက်နားမှာ ထားခြင်း
တို့ကို ရှောင်သင့်ပါတယ်။

နောက်ပြီး Electrostatic ကလည်း ကွန်ပျူတာရဲ့ Motherboard ကို ပျက်စီးနိုင်တဲ့အကြောင်း တစ်ရပ်
ဖြစ်တယ်။ ဆိုလိုတာက လူတွေဟာ လမ်းလျှောက်တဲ့အခါမှာ ကြမ်းပြင်နဲ့ လူရဲ့ ခြေထောက်နဲ့ ထိပြီး
တော့ ပွတ်တိုက်မှုကြောင့် Static Charge ဆိုတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုမျိုး လမ်းလျှောက်ရာ
ကနေ ကွန်ပျူတာ Motherboard ကို ထိကိုင်လိုက်ပြီဆိုရင် အဲ့ဒီ လူ့ခန္ဓာကိုယ်နှင့် ကြမ်းပြင်ရဲ့ ပွတ်တိုက်
မှုကြောင့် ဖြစ်တတ်တဲ့ Static Charge ဟာ Motherboard ပေါ်က ပစ္စည်းတွေ၊ Capacitor တွေကို
ထိခိုက်ပြီးတော့ Motherboard ကို ပျက်စီးသွားစေတတ်ပါတယ်။
 
အပြင်ပန်းကြည့်ရင်တော့ ဘာမှမဖြစ်သလိုပါပဲ။ ဒါပေမယ့် တကယ်တမ်းအလုပ်လုပ်တဲ့ အခါမှာတော့ အဲ့ဒီ
Motherboard ဟာ အလုပ်မလုပ်တော့ပါဘူး။

Motherboard တွေဟာ အပူချိန်ကြောင့်လဲ ပျက်စီးတတ်ပါတယ်။ အပူချိန်ကြောင့်ဆိုတာက ကွန်ပျူတာ
အသုံးပြုသော အခန်းရဲ့အနေအထား အပူချိန်ကိုပြောတာ ဖြစ်တယ်။ တကယ်လို့ အခန်းဟာ ဥပမာပေါ့
အမိုးတွေနိမ့်ပြီး အရမ်းပူနေတာပဲဖြစ်ဖြစ်၊ ဒါမမဟုတ် ရာသီဥတုအရမ်းပူတဲ့အခါတွေမှာ Motherboard
တွေဟာ အရမ်းပူပြီးတော့ ပျက်စီးတတ်ပါတယ်။ ဒါလည်း သတိထားရမယ့် အချက်တစ်ခုဖြစ်တယ်။

နောက်တစ်ချက်က ကွန်ပျူတာ Motherboard တွေဟာ မီးအားမငြိမ်မှုကြောင့်လည်း ပျက်တတ်ပါတယ်။
ကွန်ပျူတာ Motherboard ဟာ သူအလုပ်လုပ်နေစဉ်အတွင်းမှာ မီးအားအတက်အကျများရင် သူ့ထဲမှာရှိ
သော Capacitor တွေ ပေါက်တာတို့ လောင်တာတို့ ဖြစ်တတ်ပါတယ်။ ဒါဟာ Motherboardကို ပျက်စေ
တတ်ပါတယ်။ ဒါကြောင့် Motherboard ကို မပျက်စီးစေရအောင် ထိန်းသိမ်းဖို့အတွက် မီးအားအတက်
အကျ မရှိဖို့လိုပါတယ်။ မီးအားမငြိမ်ဘူးဆိုလျင်တော့ ကွန်ပျူတာ Motherboard ပေါ်က Capacitor
တွေ ပေါက်ပြီးတော့ ကွန်ပျူတာ Motherboard ကို ပျက်စီးစေတတ်ပါတယ်။

တကယ်တော့ Capacitor ဆိုတာ ကွန်ပျူတာ Motherboard ပေါ်က အစိတ်အပိုင်းတွေကို Power
ငြိမ်စေဖို့အတွက် အိမ်မီး ပလပ်ပေါက်ကနေလာသော AC Power ကို DC (Direct Current) Voltage
ဖြင့် တည်ငြိမ်သော လျှပ်စစ် Power ကို ပေးတာဖြစ်တယ်။ အမှန်တော့ ဒီ လျှပ်စစ်ပစ္စည်းတွေဆိုတာက
တော့ Power ကို အသုံးပြုတဲ့အခါမှာ လျှပ်စစ်တည်ငြိမ်မှုရှိမှ ကောင်းတာပါ။ လျှပ်စစ်တည်ငြိမ်မှု မရှိဘူး
ဆိုလျင်တော့ ကောင်းကောင်း အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး။ လွယ်လွယ် ပျက်စီးတတ်ပါတယ်။
Capacitor ဆိုတာက လျှပ်သိုဖြစ်တယ်။ လျှပ်သိုဆိုတဲ့အတိုင်း Capacitor က အစိတ်အပိုင်းတွေလို
အပ်သော လျှပ်စစ်ပမာဏကို ထုတ်ပေးပြီးတော့ ကျန်တဲ့ လျှပ်စစ်တွေကို သူ့ဆီမှာ စုပ်ယူထားလိုက်တာ
ဖြစ်တယ်။ ဒါကြောင့် Motherboard ပေါ်က အစိတ်အပိုင်းတွေဟာ ဒီ Capacitor တွေကြောင့်
တည်ငြိမ်သော လျှပ်စစ်ကို ရရှိနေတာ ဖြစ်တယ်။ ဒါပေမယ့် ဒါဟာ Capacitor ကောင်းနေလို့ ဖြစ်ပါတယ်။
တကယ်လို့ Capacitor သာ မကောင်းဘူးဆိုလျင်တော့ ကွန်ပျူတာ Motherboard ပေါ်က အစိတ်အပိုင်း
တွေဟာ ဘာတွေဖြစ်လာနိုင်သလဲ။

Motherboard ပေါ်မှ  Capacitor တွေဟာ အဓိကအားဖြင့် အလုပ်လုပ်တာကတော့ ကွန်ပျူတာ
Motherboard ပေါ်က အစိတ်အပိုင်းတွေကို လျှပ်စစ်ငြိမ်အောင်လုပ်ပေးတဲ့ အစိတ်အပိုင်းလေးပါ။
ဒါကြောင့် Capacitor တွေ မကောင်းတော့ဘူး ပျက်ပြီ၊ ပေါက်ပြီဆိုလျင် ကိုယ်ကိုယ်တိုင်ကတောင်မှ
ပျက်နေပါပြီဆိုမှတော့ ဘယ်လိုလုပ် တခြားအစိတ်အပိုင်းတွေကို Power လျှပ်စစ်ငြိမ်အောင်
ပေးနိုင်တော့မှာလဲ။ ဒီတော့ ကွန်ပျူတာ Motherboard ပေါ်က အစိတ်အပိုင်းတွေကို Power
ကောင်းကောင်း မပေးနိုင်တော့ဘူးဆိုလျင် Motherboard ဟာ ဘယ်လိုလုပ် အလုပ်ကောင်းကောင်း
လုပ်နိုင်တော့မှာလဲ။ ဒီတော့ ကွန်ပျူတာဟာလည်း အလုပ်မလုပ်တော့ဘူးပေါ့။ ဒါကြောင့် ကွန်ပျူတာ
Motherboard ကို ပျက်စီးစေတဲ့ ဒီ Capacitor တွေဟာ အရည်အသွေးကောင်းဖို့လဲ လိုသလို၊
သူ့ကို အသုံးပြုတဲ့အခါမှာပေးတဲ့ Power ဟာ လုံးဝငြိမ်ဖို့ လိုပါတယ်။
ကဲ အခု ကွန်ပျူတာ Motherboard ဘာကြောင့်ပျက်ရသလဲဆိုတာကို ရှင်းပြီးပြီဆိုတော့ မိမိရဲ့
ကွန်ပျူတာ Motherboard ကိုမပျက်အောင်ဘယ်လို ထိန်းသိမ်းရမလဲ၊ ထိန်းသိမ်းသင့်သလဲဆိုတာကို
သဘောပေါက်လောက်ပြီနော်။
 
.................................................

Scan Disk ကိုရှင်းပြခြင်း



 
Hardware - Hardware
Wednesday, 30 September 2009 02:14
Scan Disk ကိုရှင်းပြခြင်း
Scan Disk သည် Windows Utilities tools တွေထဲက တစ်ခု ဖြစ်ပါတယ်။ Hard Disk ပေါ်မှာ ဖြစ်ပေါ်
နေတဲ့ error တွေ problem တွေ မှန်သမျှကို စစ်ဆေးပေးပါတယ်။
 
ပြန်ပြင်ဖို့ဖြစ်နိုင်တဲ့ error တွေကို ပြုပြင်ပေးပါတယ်။ စစ်လို့ရသမျှ ပြဿနာတွေကို  မဖြေရှင်းနိုင်ဘူးဆိုလျင်
တောင် Hard disk မှာ ပြဿနာတွေ ရှိနေပြီဆိုတာ ဖော်ပြပေးပါတယ်။

Scan Disk လုပ်လိုက်ခြင်းအားဖြင့် Bad sector ဖြစ်နေတာတွေ၊ Cluster ပျောက်နေတာတွေ၊ File တည်
နေရာလွဲနေတာတွေကို ပြန်ပြင်ပေးပါလိမ့်မယ်။
Scan Disk လုပ်တော့မယ်ဆိုလျင် အဓိက အချက်က administrator နဲ့ logon ၀င်ထားရမှာ ဖြစ်ပါတယ်။
ကိုယ်စစ်မယ့် Disk ရဲ့ အရွယ်အစား၊ သူ့ထဲမှာရှိတဲ့ Data ပမာဏ၊   System ထဲမှာရှိတဲ့ Processor နဲ့
Memory စသည်တို့ အပေါ်မှာ မူတည်ပြီး Scan disk run တဲ့အချိန်တွေကွာသွားပါတယ်။
Scan Disk စစ်နေတုန်းမှာ  ကိုယ်ကစစ်နေတဲ့ Drive ထဲက File တစ်ခုကို ဖွင့်ထားမယ်ဆိုလျင် Scan disk
က ဆက်ပြီးအလုပ်လုပ်တော့မှာ  မဟုတ်ပါဘူး။ပထမဦးဆုံး My computer ကို Double click ခေါက်ပြီး
ဖွင့်လိုက်ပါ။ ကွန်ပျူတာထဲမှာရှိတဲ့ Hard Disk ရဲ့ partition တွေကို မြင်ရပါလိမ့်မယ်။
ကိုယ်စစ်ချင်တဲ့ Drive ကို Right click ခေါက်ပြီး  Properties ကိုသွားပါ။ ပေါ်လာတဲ့ box ထဲက Tools
Tab ထဲကို သွားပါ။
 

Tools Tab ရဲ့ အပေါ်ဆုံးအကွက်မှာ error checking လို့ ရေးထားတဲ့ နေရာလေး တွေ့မှာပါ။ ဒီ volume
မှာ error တွေ စစ်ပေးပါမယ်လို့လည်း ရေးထားခြင်းဖြစ်ပါတယ်။ error checking အကွက်ရဲ့ အောက်ခြေညာ
ထောင့်က check now လို့ရေးထားတဲ့ button လေးကို နှိပ်လိုက်ပါ။ check disk option box လေး
ပေါ်လာပါလိမ့်မယ်။
 
 
ဒီ box မှာ  check box လေးနှစ်ခု ပါပါတယ်။ Automatically fix file system errors ဆိုတဲ့ check box
လေးကို  on ပေးခဲ့ရမယ်ဆိုလျင်တော့ File တွေကို စိစစ်ပြီးတော့ နေရာတကျ fix လုပ်ပေးသွားပါလိမ့်မယ်။
bad sector ကိုစစ်ပြီးတော့ recover လုပ်ချင်တယ်ဆိုလျင်တော့ Scan for and attempt recovery
of bad sectors ဆိုတဲ့ check box လေးကို on ပေးရပါမယ်။ check box နှစ်ခုလုံးကို on ပေးခဲ့လျင်တော့
အထက်ပါလုပ်ငန်းစဉ် နှစ်ခုစလုံးကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ပြီးရင် start ကို click နှိပ်လိုက်ပါ။ phase တစ်ခုချင်း check လုပ်ပါလိမ့်မယ်။ Scan Disk မလုပ်မီ file
တွေ application တွေကို ပိတ်ထားခဲ့ရပါတယ်။ လက်ရှိအသုံးပြုနေဆဲ windows ရှိနေတဲ့အပိုင်းကို 
Scan Disk လုပ်မယ်ဆိုလျင်တော့ Restart လုပ်ပေးပြီး စစ်ရပါလိမ့်မယ်။ Restart ပြန်တက်လာပြီး
Log on မ၀င်မီအချိန်မှာ Scan Disk လုပ်ငန်းစဉ်ကို လုပ်ဆောင်သွားပါလိမ့်မယ်။

အကယ်၍ Hard Disk သည် NTFS File System နဲ့ Format ချထားခဲ့မယ်ဆိုလျင် File တွေ နေရာ
ပြန်ချတာမျိုး၊ မကောင်းတဲ့ Cluster တွေကို ပြန်အစားထိုးတာမျိုး မရှိမဖြစ်လိုအပ်တဲ့ Information
တွေကို Copy လုပ်ပြီး သိမ်းထားပေးတာမျိုးစတာတွေကို windows ကနေ အလိုအလျောက် လုပ်ပေး
ပါလိမ့်မယ်။Scan Disk စစ်ဆေးတာကို windows ထဲကနေ မဟုတ်ဘဲ Third Parties software
တွေနဲ့လည်း စစ်လို့ရပါတယ်။ ဥပမာ-Norton Disk Doctor လို့ဟာမျိုး ဖြစ်ပါတယ်။
....................................................

CD ဘယ်လို Burn မလဲ



Hardware - Hardware
Wednesday, 30 September 2009 02:07
CD ဘယ်လို Burn မလဲ
Microsoft Windows XP မှာ မည်သည့် CD-Burning Software မှ အသုံးပြုစရာမလိုဘဲ ပုံတွေ၊ အချက်
အလက်တွေကို CD Burn နိုင်ပါတယ်။ ဘယ်လို Burn မလဲ။ အောက်မှာ အသေးစိတ်လေ့လာပါ။ ဘယ်လို
Burn တယ်ဆိုထာ သိသွားပါလိမ့်မယ်။

အရင်ဆုံး သင့်ဆီမှာ CD အလွတ်လေး တစ်ခုတော့ ရှိရပါမယ်။ ပြီးတော့ CD-RW Drive လို့ခေါ်တဲ့ ရေးနိုင်
ဖတ်နိုင်တဲ့ CD-Drive တစ်ခုလည်း ရှိရပါမယ်။ အဲဒါတွေ ရှိတယ်ဆိုလျင်တော့ CD အလွတ်လေးကို
CD-Drive ထဲကို သာသာယာယာပဲ ထည့်လိုက်ပါ။ သြော်... မေ့လို့။ CD ကို စစ်ဖို့လိုသေးတယ်။ CD မှာ
Standars CD ရယ်၊ High Capacity CD ရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ Standard CD က 650 MB အထ
ိ အချက်အလက်တွေကို သိမ်းဆည်းနိုင်ပြီး၊ High Capacity CD ကတော့ 850 MB ထိ သိမ်းဆည်းနိုင်
ပါလိမ့်မယ်။ ဆိုတော့က Burn ချင်တဲ့ အချက်အလက်တွေ၊ ပုံတွေက သိမ်းဆည်းနိုင်တဲ့ ပမာဏထက်
ကျော်လွန်လို့ မရပါဘူး။

CD Burn နေစဉ်အတွင်းမှာ အချက်အလက်တွေကို Hard Disk ထဲမှာ ယာယီသိမ်းဆည်းပြီးတော့မ
ှ CD ထဲကို ရေးထည့်ခြင်း ဖြစ်ပါတယ်။ ထိုသို့ယာယီ သိမ်းဆည်းဖို့ရန်အတွက် Hard Disk မှာ လုံ
လောက်တဲ့ ပမာဏရှိရမှာ ဖြစ်ပါတယ်။ Standard CD အတွက်ဆိုလျင် 700 MB ရှိရမှာ ဖြစ်ပြီး၊
High Capacity CD အတွက်ဆိုလျင်တော့ 1GB ရှိရမှာ ဖြစ်ပါတယ်။
 

ပြီးရင်တော့ Desktop ပေါ်မှာရှိတဲ့ My Computer ကို Click နှစ်ချက်ခေါက်ပြီး ဖွင့်လိုက်ပါ။ အဲဒီ My
Computer ထဲကမှ copy ကူးချင်တဲ့ File သို့မဟုတ် Folder ကို Right Click ခေါက်ပြီး Copy သို့မဟုတ်
Sent to CD Drive လို့ ပြောလိုက်ပါ။ Copy လို့ ပြောလိုက်မယ်ဆိုလျင်တော့ My Computer ကို ပြန်
သွားပြီး CD Drive ထဲမှာ Paste လုပ်ရမှာ ဖြစ်ပါတယ်။ Sent to CD Drive လို့ ပြောလိုက်မယ်ဆိုလျင်
တော့ CD Drive ထဲကို တိုက်ရိုက် ပို့ပေးသွားမှာပါ။ CD ရဲ့ ပမာဏ ဆံ့သလောက် တစ်ခုထက်ပိုတဲ့
file တွေ၊ folder တွေကို copy ကူးလို့ ရပါတယ်။ ဒါတွေပြီးရင် My Computer ကို ပြန်ဖွင့်လိုက်ပါ။
CD Drive ကို Double click လုပ်ပြီး ဖွင့်လိုက်ပါ။ ဒီအခါမှာ copy ကူးထားတဲ့ file တွေ၊ folder တွေကို
CD Drive ထဲမှာ တွေ့ရပါလိမ့်မယ်။ File တွေ၊ Folder တွေ မှန်၊မမှန် သေချာစွာစစ်ပါ။ သေချာသွားပြီ
ဆိုလျင်တော့ CD Burn ဖို့ရန်အတွက် အဆင်သင့်ဖြစ်နေပါပြီ။

BACK ကို click နှိပ်ပြီး CD Drive ထဲကနေ ထွက်လိုက်ပါ။ ထွက်ပြီးသွားပြီဆိုလျင်တော့ CD Drive ကို
Right Click ခေါက်ပြီး Write these files to CD ကို ရွေးလိုက်ပါ။ CD Writing Wizard ပေါ်လာပါလိမ့်
မယ်။ ပေါ်လာတဲ့ Wizard မှာရှိတဲ့ Instruction တွေအတိုင်း follow လိုက်ပြီး Burn လိုက်ပါ။ အဲလို
Burn ပြီးသွားပြီဆိုလျင်တော့ သင့်အတွက် အသုံးဝင်တဲ့ CD တစ်ချပ်ရရှိသွားပြီပေါ့။ သိမ်းဆည်းလိုက်
တဲ့ အချက်အလက်တွေ၊ ပုံတွေ ကို အချိန်မရွေး ပြန်ဖွင့်ကြည့်လို့ရပါပြီ။
သင့်လည်း CD ဘယ်လို Burn တယ်ဆိုတာ သိလောက်ပြီပေါ့။ CD Burn တာနဲ့ ပတ်သက်ပြီး ဒီမှာပဲ
ရပ်လိုက်ပါတော့မယ်။
...........................................

Norton Disk Doctor အကြောင်း



Hardware - Hardware
Wednesday, 30 September 2009 01:52
Norton Disk Doctor အကြောင်း သိကောင်းစရာ
Norton Disk Doctor ဆိုတာ ဘာလဲ ။ Norton Disk Doctor ဆိုတာ Hard disk ကို စစ်ဆေးတာ
ဖြစ်တယ်။ ဘာဖြစ်လို့ Hard Disk ကို စစ်တာလဲဆိုတော့ Hard Disk မှာ Error ရှိ၊မရှိ စစ်ဆေးပေး
တာ ဖြစ်တယ်။Hard Disk မှာ ရှိတဲ့ Error တွေ ဆိုတာက ဘာတွေကြောင့် ဖြစ်တတ်သလဲ၊ ဘယ်လို
မျိုးကို ပြောတာလဲဆိုတော့ ကွန်ပျူတာကို အသုံးပြုရင်းနဲ့ မီးကပြတ်သွားတာတို့ ဘာတို့ကြောင့်
ကွန်ပျူတာကို Shut Down မလုပ်လိုက်ရပဲနဲ့  ပိတ်သွားတဲ့အခါကျတော့ လက်ရှိ ကွန်ပျူတာမှာ
အသုံးပြုနေတဲ့ File တွေ၊ Program တွေဟာ ပျက်သွားတတ်တာမျိုး၊ ဒါမှမဟုတ် အသုံးပြုတဲ့အခါ
Errorပြ တတ်တာမျိုးကို ကြုံရတတ်ပါတယ်။ ပြောရမယ်ဆိုရင် Norton Disk Doctor မှာ
Scandisk နှင့် သဘောတရား အတူတူပဲ ဖြစ်ပါတယ်။အဲ့ဒီ ကိုယ့်ရဲ့ ကွန်ပျူတာမှာ ဖြစ်ပေါ်တတ်သော
Error တွေကို တစ်လတစ်ခါ သို့မဟုတ် ကိုယ့်ရဲ့ ကွန်ပျူတာ အသုံးပြုမှုပေါ် မူတည်ပြီးတော့ ဒီ Norton
Disk Doctor ကို Run ပေးမယ်ဆိုရင် ဒီ Hard Disk မှာ ဖြစ်ပေါ်တတ်တဲ့ Error တွေဟာ
ဘာမှမဖြစ်တော့ပါဘူး။ အသုံးပြုနေရင်းနဲ့ Error ပြတာတွေ ဘာတွေမဖြစ်တော့ပါဘူး။ Hard Disk
ပေါ်မှာ Bad Sector တွေ၊ Pertition Table တွေ၊ File Structure တွေနှင့် Free Space တို့ကို
စစ်ဆေးတာ ဖြစ်တယ်။ တကယ်တော့ Norton Disk Doctor ဆိုတာ တစ်စုံတစ်ခုကြောင့် ဖြစ်ပေါ်
လာတဲ့ Hard Disk ပေါ်က Error တွေကို ပြန်ကောင်းလာအောင်၊ ကုသပေးလိုက်တာ ဖြစ်တယ်။
သူ့ရဲ့နာမည်ကိုက Norton Disk Doctor တဲ့။ Disk မှာ ဖြစ်ပေါ်လာတဲ့ အနာရောဂါတွေ မှန်သမျှကို
ကုသပေးတဲ့ ဆရာဝန်ပေါ့။ တကယ်တော့ ဒီ Norton Disk Doctor ဆိုတာ Scandisk နှင့်
အတူတူပဲဖြစ်တယ်။

Norton Disk Doctor မှာ အမျိုးအစား(၂)မျိုး ရှိတယ်။ Standard နှင့် Surface Test ဆိုပြီးတော့
ဖြစ်တယ်။ Standard ကတော့ Standard တစ်ခုပဲ စစ်ပေးမှာ ဖြစ်တယ်။ Surface Test ဆိုရင်တော
့ Standard ရော Surface Test ရော စစ်ဆေးပေးတယ်။ Surface Test လုပ်တယ်ဆိုတာကတော့
ကွန်ပျူတာ Hard Disk ပေါ်မှာ ဖြစ်တတ်တဲ့ Bad Sector တွေကို စစ်ပေးတာ ဖြစ်တယ်။ Standard
ကတော့ Bad Sector တွေကို မစစ်ပေးပါဘူး။ ကောင်းတာက Surface Test နှင့်စစ်တာ ပိုကောင်းပါ
တယ်။ ပိုသေချာတာပေါ့။ Standard နှင့် စစ်တာက မသေချာဘူး မဟုတ်ပါဘူး။ Surface Test က
ကျတော့ Hard disk  ပေါ်က Bad Sector တွေကိုပါ စစ်ပေးတော့ အဲ့ဒီ Surface Test ကို Run
လိုက်ပြီဆိုတာနဲ့ မိမိရဲ့ကွန်ပျူတာ Hard Disk မှာ ကောင်းသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Surface
Test နှင့် စစ်တာက အချိန်တော့ ပိုကြာပါတယ်။

အပေါ်မှာ ပြောခဲ့သလိုပါပဲ Norton Disk Doctor မှာ Scandisk နှင့် သဘောတရား အတူတူပါပဲ။
နှစ်ခုစလုံးက Hard Disk ကို စစ်ဆေးတာ ဖြစ်တယ်။ ဒါပေမယ့် Scandisk ကတော့ Windows
မှာ တစ်ခါတည်း ပါလာတာဖြစ်တယ်။ Windows တင်လိုက်တာနှင့် တစ်ခါတည်း ပူးတွဲပါလာပြီးသား
ဖြစ်တယ်။ Norton Disk Doctor ကကျတော့ Third Party Software တစ်ခု ဖြစ်တယ်။ သူ့ကို
သီးသန့် Install လုပ်ပြီးတော့မှ သုံးရတာ ဖြစ်တယ်။

ဒါပေမယ့် Scandisk ကို Norton Disk Doctor နှင့် ယှဉ်လိုက်ရင် ကွာခြားတဲ့ အချက်တွေတော့
နည်းနည်းရှိပါတယ်။ ပြောရမယ်ဆိုရင် Norton Disk Doctor ရဲ့ အားသာချက်တွေပေါ့။ ဒီမှာတော
့ Norton Disk Doctor နှင့်ပဲ စစ်ပြပါမယ်။မိမိရဲ့ ကွန်ပျူတာ Hard disk ကို စစ်ဆေးတဲ့အခါမှာ
Norton Disk Doctor ကို ကွန်ပျူတာမှာ Run တဲ့အခါနှင့် Scandisk ကို Run တာနှင့်စာရင်
Norton Disk Doctor နှင့် စစ်တာက ပိုမြန်ပါတယ်။ အချိန်ကုန်သက်သာတာပေါ့။

နောက်တစ်ချက်က ဒီ Norton Disk Doctor ဆိုတဲ့ Third Party Software ကို သုံးခြင်းအားဖြင့်
ကွန်ပျူတာ Hard Disk ကို စစ်ဆေးတဲ့အခါမှာ Hard disk ပေါ်က Bad Setter တွေကို သေသေချာ
ချာ စစ်ဆေးပေးတာဖြစ်တယ်။ ဆိုလိုတာက တကယ်လို့ မိမိရဲ့ Hard Disk ကို စစ်လိုက်တဲ့အခါမှာ
အဲ့ဒီ Bad Setter ဟာ စစ်လို့မရတော့ဘူးဆိုရင်တောင်မှ ဒီ Norton Disk Doctor ဟာ အဲ့ဒီ Bad
Setter ကို မရမက ရအောင်စစ်ဆေးတာ ဖြစ်တယ်။ ဒါဟာ ဒီ Norton Disk Doctor ရဲ့ အားသာချက်ပဲ
ဖြစ်တယ်။ Scandisk ဆိုရင်တော့ စစ်လိုက်လို့ တကယ်လို့ မရတော့ဘူးဆိုရင်ဖြင့် အဲ့ဒီ Hard Disk
ပေါ်က Bad Setter ကို မစစ်ဆေးတော့ဘဲနှင့် ကျော်ချသွားမှာ ဖြစ်တယ်။ Norton Disk Doctor
ကတော့ မရရအောင် စစ်ဆေးပေးပါတယ်။

နောက်ပြီးတော့ အဲ့ဒီ စစ်ဆေးလိုက်တဲ့ Bad Setter တွေပေါ်မှာလည်း နောက်ထပ် File တွေ၊ Folder
တွေ ထပ်ပြီးတော့ မရေးရတော့အောင် အဲ့ဒီ Bad Setter တွေကို သပ်သပ်ဖယ်ထားလိုက်သလို ပုံစံမျိုး
နှင့်လဲ လုပ်ပေးပါတယ်။ ဒါဆို နောက်ထပ် Hard Disk မှာ File တွေ၊ Folder တွေကိုရေးတဲ့အခါမှာ
အဲ့ဒီ Bad Setter တွေပေါ်မှာ မရေးတော့ပါဘူး။ ဒါဆို File တွေ Folder တွေဟာ Bad Setter ပေါ်
ရောက်သွားလို့ ပျက်သွားတာတို့၊ ပျောက်သွားတာတို့ မဖြစ်တော့ဘူးပေါ့။
ပြီးတော့ Hard Disk ပေါ်မှာ တစ်နေ့ပြီးတစ်နေ့ အသုံးပြုထားသော File တွေ Folder တွေဟာ
Hard Disk ပေါ်မှာ အများကြီးပါပဲ။ ပြောရမယ်ဆိုရင်တော့ ပြန့်ကြဲနေတာပဲပေါ့။ အဲ့ဒီ Hard Disk ပေါ်မှာ
ပြန့်ကြဲနေသော File တွေ Folder တွေကို ဒီ Norton Disk Doctor ကို Run ပေးခြင်းအားဖြင့် ပြန်ပြီးတော့
သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်စီပေးတာ ဖြစ်တယ်။ အဲ့သလိုမျိုး File တွေ Folder တွေကို ပြန်စီပေးတဲ့
အခါမှာ ဒီ Norton Disk Doctor ဟာ ပိုပြီးတော့ ကောင်းကောင်းပြန်စီပေးနိုင်ပါတယ်။ ပြောရမယ်
ဆိုရင် Scandisk ကို Run ပေးတာထက် ဒီ Norton Disk Doctor ကို Run ပေးလိုက်ခြင်းဟာ
မိမိ Hard disk ပေါ်မှာ ပြန့်ကြဲနေသော File တွေ Folder တွေကို ပြန်ပြီးတော့ စီစီရီရီ သူ့နေရာနဲ့
သူ ပြန်ဖြစ်သွားပါတယ်။

အဲ့ဒါတွေအပြင် ဒီ Norton Disk Doctor ကို သုံးပေးလိုက်မယ်ဆိုရင် မိမိအသုံးပြုနေသော ကွန်ပျူ
တာရဲ့ Hard Disk ပေါ်က Loss Cluster တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ Hard Disk မှာ
Data တွေကို သိမ်းတဲ့အခါမှာ Cluster အလိုက်ပဲ သိမ်းတာဆိုတော့ အဲ့ဒီမှာ မသိမ်းရပဲ ဆုံးရှုံးသွားတဲ့
နေရာတွေကို Loss Cluster လို့ခေါ်တာ ဖြစ်တယ်။ ဘယ်လိုမျိုးလဲဆိုတော့ ဥပမာဗျာ... မိမိရဲ့ Hard Disk
မှာ Cluster တစ်ခုဟာ 54 MHz ရှိတယ် ဆိုပါစို့။ ဒါဆိုရင် မိမိက File တစ်ခုကို အသုံးပြုလိုက်ပြီးတော့
Save လုပ်လိုက်ပြီဆိုရင် အဲ့ဒီ File Size ဟာ 42 MHz ပဲ ရှိတယ်။ အပေါ်မှာ ပြောခဲ့တယ်လေ။ Hard
disk မှာ Data တွေသိမ်းတဲ့အခါ Cluster အလိုက်ပဲ သိမ်းတယ်လို့ပါ။ ဒီတော့အခုပြောတဲ့ Hard Disk
Cluster Size နှင့် File Size ကို ကြည့်မယ်ဆိုရင် အဲ့ဒီ Cluster Size က 54 MHz ဖြစ်ပြီးတော့ File
Size က 42 MHz ပဲရှိတာဆိုတော့ ဘယ်လောက်ကွာနေသလဲ။ Cluster Size ဖြစ်တဲ့ 54 ကနေပြီး
တော့ File Size ဖြစ်တဲ့ 42 ကိုနှုတ်လိုက်ရင် ကျန်တဲ့ အကြွင်းဟာ Loss Cluster ဖြစ်တယ်။ ဒီမှာ
Loss Cluster က ဘယ်လောက်ကျန်လဲဆိုတော့ 12 MHz ကျန်တယ်။ ဒီတော့ ဒီ ကျန်တဲ့ 12 ဟာ
Hard Disk မှာ ဆုံးရှုံးသွားသော နေရာလေးဖြစ်တယ်။ နောက်တစ်ခါ နောက်တစ် File ကို Hard Disk
မှာ ထပ်ပြီးတော့ Save လုပ်မယ်ဆိုရင် Hard disk မှာ အခုနက File သိမ်းလို့ကျန်နေတဲ့ Cluster မှာ
ထပ်ပြီးတော့ မသိမ်းတော့ဘူး။ နောက်ထပ် Cluster တစ်ခုမှာပဲ ထပ်သိမ်းတာဆိုတော့ နောက်တစ် File
ကလည်း အဲ့ဒီ လိုပဲ Loss Cluster ကျန်နေမယ်ဆိုရင် အားလုံးစုလိုက်မယ်ဆိုရင် Hard disk မှာ
ဆုံးရှုံးသွားသော Loss Cluster တွေများနေမှာပေါ့။ ဒါဟာဆိုရင် Hard disk ရဲ့ Space တွေကို
သက်သက်မဲ့နေရာ ပုပ်စေတာပေါ့။

ဒီတော့ ဒီ Norton Disk Doctor ကို မိမိ ရဲ့ ကွန်ပျူတာမှာ Run ပေးလိုက်ခြင်းအားဖြင့် အဲ့ဒီ Loss
Cluster တွေ အရမ်းများနေတာကို လျှော့ချပေးနိုင်ပါလိမ့်မယ်။ ဒါဟာဆိုရင်လည်း Norton Disk
Doctor ရဲ့ ကောင်းတဲ့အချက်တစ်ခုပါပဲ။

Norton Disk Doctor ကို Scandisk နှင့် ယှဉ်လိုက်ရင် အပေါ်မှာပြောခဲ့တဲ့ ကွာခြားချက်လေးတော့
နည်းနည်းရှိပါတယ်။ ဒါကြောင့် ဒီနေရာမှာ Scandisk ကိုအသုံးပြုမပြတော့ပဲ Norton Disk
Doctor ကိုပဲ အသုံးပြုတတ်အောင် သင်ပြပေးမှာ ဖြစ်တယ်။

ဒီတော့ Norton Disk Doctor ဆိုတာ ဘာလဲဆိုတာကို သိမယ်နော်။ သူ့ရဲ့ အားသာချက်တွေကို
လည်း သိပြီးပြီဆိုတော့ Norton Disk Doctor ကို ကိုယ့်ရဲ့ ကွန်ပျူတာမှာ ဘယ်လို Run မလဲဆို
တာကိုလဲ သိဖို့လိုတယ်။ ဟုတ်ပြီ ဒီတော့ကာ Norton Disk Doctor ကိုဘယ်လို Run မလဲဆိုတာ
ကိုပါ ဆက်လေ့လာရအောင်နော်။ တစ်ဆင့်ချင်း ပြောပြသွားမယ်။

ကဲအခု Hard disk ကို Scandisk ကိုမသုံးပဲ Norton Disk Doctor ကို အသုံးပြုပြီးတော့ စစ်ပြပါ့မယ်။
အရင်ဆုံး Norton Disk Doctor ကို Install လုပ်ပြီးသား ဖြစ်ရမယ်။ Norton Disk Doctor ကို ဖွင့်
လိုက်ပါ။ ပုံ လေးအတိုင်းတွေ့ရမှာပါ။
 

 
၁။    အဲ့ဒီမှာ မိမိစစ်ချင်တဲ့ Drive ကို Select မှတ်ပေးပါ။ ဒါက ကိုယ်စစ်ချင်တဲ့ Drive ကိုစစ်မှာ ဖြစ်တယ်။
ဥပမာ-Drive C သို့မဟုတ် Drive D ပေါ့။ ဒီတော့ မိမိစစ်ချင်သော Drive ရဲ့ဘေးက လေးထောင့်ကွက်
လေးမှာ အမှန်ခြစ်လေး ထည့်ပေးလိုက်ပါ။  အဲ့ဒီ အမှန်ခြစ် ခြစ်ထားသော Drive ကိုပဲ စစ်မှာဖြစ်ပါတယ်။

၂။    Fix Error ကို On လိုက်ပါ။ အမှန်ခြစ်လေး ခြစ်ထားပေးလိုက်ပါ။ Fix Error ဆိုတာက စစ်လိုက်လို့
တွေ့လာသမျှသော Error တွေကို အဲ့ဒီ Fix Error ကို On ထားခြင်းအားဖြင့် သူ့ဘာသာသူ Fix လုပ်
ပေးသွားမှာ ဖြစ်တယ်။ အကယ်၍များ ၄င်း Fix Error ကို Off လုပ်ထားမယ်ဆိုရင် Error တစ်ခုခုဖြစ်ရင် ဘယ်လိုဆက်လုပ်မလဲဆိုပြီးတော့ မေးပါတယ်။ အဲ့ဒါကို မိမိက တစ်ခုခုလုပ်မပေးမချင်း ဆက်မသွား
တော့ဘူး။ ဒီတော့ Fix Error ကို On ထားရင်တော့ ဘာမှကိစ္စမရှိဘူး။ သူ့ဘာသာသူ စစ်ဆေးသွား
လိမ့်မယ်။ စောင့်ကြည့်နေစရာမလိုဘူး။ စစ်ထားရင်းနဲ့ တစ်ခြားတစ်စုံတစ်ရာကို လုပ်မယ်ဆိုရင် သွား
လုပ်နေလို့ရတာပေါ့။ Fix Error ကို Off လုပ်ထားရင်တော့ Error တစ်ခုခုဖြစ်ရင် လူကနေမှ လုပ်ပေး
မှ ဆက်သွားမှာဖြစ်တယ်။ ဒါကြောင့် Fix Error ကို Off ထားရင်တော့ သေချာတယ် ထိုင်စောင့်
နေရလိမ့်မယ်။
 
 
၃။    ဒီတော့ Fix Error ကို On ထားပေးပြီးရင် Diagnose ကို Click တစ်ချက်နှိပ်ပါ။ ပုံ ပေါ်လာမှာ ဖြစ်တယ်။
အဲ့ဒီ Box လေးမှာ Checking Partition Table, Checking File Structure နှင့် Checking Free
Space ဆိုပြီးတော့ တွေ့ရလိမ့်မယ်။ ဒါက Norton Disk Doctor က စစ်ပေးနေတဲ့အချက်တွေ ဖြစ်တယ်။
•    Partition Table ကို ကောင်းမကောင်း စစ်ဆေးပေးတာ ဖြစ်တယ်။

•    နောက် File Structure က File တွေရဲ့ အထားအသို နေရာနှင့် ပုံစံကို စစ်ဆေးပေးတာ ဖြစ်တယ်။ File
တွေ သူ့နေရာနဲ့သူ ရှိ၊မရှိ စစ်ပေးတာ ဖြစ်တယ်။ ပြီးရင် File တွေကို သူ့နေရာနဲ့သူ သပ်သပ်စီ ပြန်စီပေးပါတယ်။

•    နောက်တစ်ခုဖြစ်တဲ့ Checking Free Space ကတော့ မိမိရဲ့ Hard Disk မှာ ကျန်နေတဲ့ Free Space
ကို စစ်တာ ဖြစ်တယ်။ Free Space ဘယ်လောက် ကျန်နေသလဲ။ အဲ့ဒီ Free Space မှာ Bad Sector
တွေ ပေါ်နေသလား။ ပေါ်နေရင် Bad Sector ရှိတဲ့နေရာကို ဖယ်ထားမယ်ပေါ့။
 
အဲ့ဒီ Partition Table, File Structure နှင့် Free Space တို့ကို စစ်ဆေးနေတဲ့ပုံလေးကတော့ အဲ့ဒီ
Windows ရဲ့ အောက်နားလေးမှာ အစိမ်းတုံးလေးတွေ သွားနေတာကို တွေ့ရမှာပါ။
အကယ်၍များ မိမိကွန်ပျူတာ Hard Disk မှာ Bad Sector တွေ ပေါ်နေရင်တော့ Surface Test ကို
စစ်ဆေးတာကို တွေ့လိမ့်မယ်။ အကယ်၍ Hard Disk မှာ Bad Sector မရှိဘူးဆိုရင်တော့ ဒီ Surface
Test ကို မစစ်ဘဲနှင့် ကျော်သွားမှာ ဖြစ်တယ်။ မိမိ အသုံးပြုနေသော Hard Disk မှာ Bad Sector
ပေါ်နေမယ်ဆိုရင် မိမိက Data အချက်အလက်တွေကို အသုံးပြုပြီးတော့ File သိမ်းလိုက်မယ်ဆိုရင်
အဲ့ဒီ Data အချက်အလက်တွေဟာ Hard Disk ပေါ်မှာ ရှိနေသော Bad Sector ပေါ်ကို ရောက်သွား
မယ်ဆိုရင်တော့ အဲ့ဒီ Data အချက်အလက်တွေဟာ အသုံးပြုဖို့ရန် ပြန်ခေါ်တဲ့အခါမှာ ပြန်ခေါ်လို့ရတော့မှာ
မဟုတ်ပါဘူး။ Data တွေ Loss ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဒီ Surface Test စစ်လိုက်မယ်ဆို
လို့ရှိရင် အဲ့ဒီ Hard Disk ပေါ်က Bad Sector တွေကို စစ်ဆေးပေးပြီးတဲ့အခါ နောက်တစ်ခါ File တွေကို
သိမ်းတဲ့အခါမှာ အဲ့ဒီ Bad Sector ပေါ်မှာ ထပ်မသိမ်းတော့ပါဘူ။ Bad Sector မရှိဘူးဆိုရင်တော့
Surface Test ကို စစ်မှာ မဟုတ်ပါဘူး။
 
 
၎။    ပြီးရင် ပုံ အတိုင်းတွေ့ရပါလိမ့်မယ်။ Ok လို့ပြောလိုက်ပါ။ ဒါဆို Hard Disk ကို စစ်တာပြီးသွားပြီ
ဖြစ်တယ်။အခု Norton Disk Doctor ကို မိမိရဲ့ ကွန်ပျူတာမှာ အသုံးပြုတတ်သွားမယ်နော်။ ဒီတော့
မိမိရဲ့စက်မှာ Norton Disk Doctor ကို Run ချင်တယ်ဆိုရင် အခုပြောပြခဲ့တဲ့ အတိုင်း အသုံးပြုရမှာ
ဖြစ်တယ်။ Scandisk နှင့် Norton Disk Doctor အတူတူပဲ ဖြစ်တယ်။ ဒါပေမယ့် Norton Disk Doctor
မှာ ပို၍ အားသာချက်ရှိတာဖြစ်တဲ့အတွက် ဒီမှာက Norton Disk Doctor ကို အသုံးပြုခြင်းနည်းက
ို ပြပေးတာ ဖြစ်တယ်။ ဒီတော့ အခုဒီမှာပဲ Norton Disk Doctor အကြောင်းကို အပြီးသတ်လိုက်ပါတယ်။
 
.............................................

Recycle Bin



Hardware - Hardware
Saturday, 26 September 2009 03:04
Recycle Bin တွင်သိထားသင့်သည့် အချက်များ
Bin ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း လွှင့်ပစ်ချင်တဲ့အရာတွေကို ထည့်လို့ရတဲ့ ပုံးကြီးတစ်ခု
လို့ပြောရမလား။ ဒါမှမဟုတ် ဗူးကြီးတစ်ခုလို့ပြောရမလားပဲ။ သို့ပေသိ Recycle ဆိုတာကတော
့  ပြန်လည်အသုံးပြုလို့ ရတယ်ပေါ့။ ဥပမာပြောရရင် စာရွက်တွေ၊ သတင်းစာတွေ ဆိုတာက ပြန်လည်
အသုံးပြုလို့ရတဲ့ ပစ္စည်းတွေပါ။ သုံးပြီးသား (အသုံးပြုပြီးသား) စာရွက်စာတမ်းတွေကို ရေနဲ့ကြိုပြီး
စာရွက်ကြမ်းတို့ အခြားအသုံးပြုလို့ရတဲ့ အစ္စည်းအမျိုးမျိုးပြုလုပ်ခြင်းကို Recycle လုပ်တယ်လို့ခေါ်
တယ်နော်။ တစ်နည်းအားဖြင့် အလွယ်ပြောရရင် လွှင့်ပစ်ပြီးသား ပစ္စည်းတွေ၊ အသုံးမ၀င်တော့တဲ့
အရာတွေကို ပြန်သုံးလို့ရအောင် လုပ်တယ်ပေါ့။ အဲဒါ Recycle ဆိုတဲ့ သဘောတရားပါ။ အဲ..
Recycle နဲ့ Bin ဆိုတဲ့ စာလုံးလေး ပေါင်းစပ်မိရင်တော့ အမှုက်ပုံးလေးလို့ အမည်ရတာပေါ့။
အဲ... ဒါဆို Computer ထဲမှာ ဘာကြောင့် ဒီ Recycle Bin (အမှိုက်ပုံး) ဆိုတဲ့ icon လေးရှိနေတာလဲ။
မထူးဆန်းဘူးလားဟင်။ သို့ပေသိ အဲဒီ icon လေးကလည်း သူ့နေရာနဲ့သူ အသုံးဝင်လေရဲ့။
အိမ်တိုင်းမှာ စွန့်ပစ်ပစ္စည်း ထည့်ဖို့အမှိုက်ပုံးဆိုတာ ရှိသလို Computer တွေမှာလည်း ဒီလိုပဲတဲ့။
စဉ်းစားကြည့်တော့ ဟုတ်သားနော်။ Computer ထဲမှာရှိတဲ့ data တွေ၊ files တွေ၊ ဓါတ်ပုံတွေ
စတဲ့ အရာတွေမှာ မလိုအပ်တော့တာတို့ ၊ နှစ်ကြိမ်ထပ်နေတာတို့ ဆိုရင်လည်း လွှင့်ပစ်ဖို့ လိုအပ်မှာ
ပေါ့နော်။ဟယ်..ဒါဆို ဘယ်လိုလွှင့်ပစ်ရမလဲ။ အိမ်ထဲက အမှိုက်ကို ” ဘတ် ” ဆိုပြီး ပစ်လို့လွယ်
ပေမဲ့ Computer ထဲက အမှိုက်ကိုဘယ်လိုလွှင့်ပစ်ရမလဲ။ လွယ်ပါတယ်နော်။ Keyboard မှာရှိတဲ့
" Delete " ဆိုတဲ့ key ကိုနှိပ်လိုက်ရုံပေါ့။ လက်တောင် မညစ်ပတ်လို့ ဆေး စရာမလိုဘူး။ ပိုပြီး
နားလည်အောင်ပြောရရင် ကျွန်မက ဓါတ်ပုံလေးတစ်ပုံ (ကိုးရီးယားမင်းသားလေးပေါ့) ကိုကြိုက်
လို့ဆိုပြီး Computer ထဲမှာ သိမ်းထား (Save) လိုက်တယ်။  ဟော..အကြိုက် တူတတ်တဲ့ ကျွန်မရဲ့
ညီမလေးကလည်း အဲဒီပုံကိုပဲ ထပ်ပြီး Save လုပ်ထားပြန်ရော။ ဟယ် ဒါဆို ဓါတ်ပုံတူ (၂)  ပုံ
ထပ်နေပြီပေါ့။ ဒီလိုနဲ့ Computer ကိုသုံးလာလိုက်တာ... သူက Save လိုက်၊ ကိုယ်က Save
လိုက်နဲ့လေ......... Computerကို သုံးရတာ နှေးလိုက်တာ..။
အော်. အဖြေရှာတွေ့ပြီ။ နှေးမှာပေါ့။ Data တွေက နှစ်ခုထပ်ပြီး အရမ်းများနေတာကိုး။ ဒီတော့
Data သိုလှောင်နိုင်တဲ့ ပမာဏ (Memory Space) နည်းနေပြီလေ။ အင်း...ဒါဆို ဘယ်လိုလုပ်ရ
ပါ့မလဲ။ ညီအစ်မ နှစ်ယောက် သိမ်းထားတဲ့ ဓါတ်ပုံတွေကို ဖျက်ပစ် (လွှင့်ပစ်) မှရတော့မယ်။
ဒီတော့ အမှုက်ပုံး (Recycle Bin) ထဲထည့်ရအောင်။ Delete နှိပ်ပြီသာ မှတ်ပေတော့။
အဲ. ဒီလိုဆိုတော့ Computer သုံးရတာ နည်းနည်းပိုအဆင်ပြေလာသလိုပဲ။ ဒီတော့
Recycle Bin ဆိုတဲ့ အမှုက်ပုံးလေး အကြောင်းလေ့လာ ကြည့်မိတယ်။

 

ပုံထဲမှာမြင်ရတဲ့အတိုင်း Computer တိုင်းရဲ့ Desktop Background ပေါ်မှာ မပါမဖြစ်ရှိနေတာ
သူပါ။ Recycle Bin ကိုပြောတာနော်။  တစ်ခြား ဘယ် icon မှမရှိရင်တောင် သူ မရှိဘူးဆိုတာ
မရှိဘူးနော်။ ပြီးမှ ကိုယ်ကြိုက်တဲ့ icon တွေကိုDesktop ပေါ်တင်ချင်ရင်တင်ပေါ့။ ဟုတ်ဘူးလား။



ကယ်... Recycle Bin လေးကိုဖွင့်ကြည့်ရအောင်။ ရှင်းနေတာပဲနော်။ အဲဒါက အမှိုက်ပုံး အသစ်
ကလေး (ဒါမှမဟုတ်) အမှိုက်ပုံး အလွတ်ကလေးနဲ့ တူတယ်။ အမှိုက်တွေ မရှိဘူးပေါ့။

 

ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် Desktop  ပေါ်မှာ New Microsoft Excel Worksheet.xls ,
New Microsoft Word Document.doc , New WinRAR ZIP archive.zip , New PageMaker
6.5 Publication.p65 တို့ကို Desktop ပေါ်မှာ တင်ထားလိုက်မယ်နော်။
 

အင်း...စောစောက ကျွန်မပြောသလို ဓါတ်ပုံတွေကို ဖျက်လိုက်ပြီ ဆိုရင် အမှိုက်ပုံးထဲမှာ အမှိုက်တွေရှိ
နေမယ် ဆိုတာလေ။ အခုလည်း စောစောက Desktop ပေါ်မှာတင်ထားတဲ့ (၄) ခုကို ဖျက်ကြည့်လိုက်
ရအောင်။ အမှိုက်ပုံးလို့ခေါ်တဲ့ Recycle Bin ထဲမှာ အဲဒီ icon (၄) ခု ရောက်သွားပြီလားလို့ သွားကြည့်
ရအောင်။ ဟော. ပုံလေးကိုကြည့် ကြည့်ပါဦးနော်။
 

အိမ်မှာလေ အမှိုက်ပုံးထဲမှာ အမှိုက်တွေ ရှိနေရင် နံတယ်နော်။ ဒီတော့ ဘာလုပ်ကြလဲဟင်။ ဟုတ်တာ
ပေါ့။အိမ်နောက်ဖေးလမ်းကြား . အဲ . ဟုတ်ပါဘူး။ အမှိုက်ကားဆီ ပို့ရတယ်နော်။ Computer မှာလည်း
ဒီလိုပဲတဲ့။ Delete လုပ်လိုက်လို့ Computer ထဲက Recycle Bin ထဲမှာ File, Data, Photo အစရှိတဲ့
အမှိုက်တွေများနေရင်လေ Computer ထဲက Memory ထဲမှာ သိမ်းထားရလို့ Computer ကြီးလေးနေပြီး
သုံးရတာ နှေးနေဦးမှာလေ။ဟယ်. ဒါဆို စိတ်ဝင်စားစရာ တစ်ခုက Recycle Bin အတွက် Memory
ဘယ်လောက်ရှိလဲ ဆိုတာပါပဲ။ ကိုယ့်ဘာသာကြည့်ချင်ရင် Recycle Bin ဆိုတဲ့ icon ကို right click
နှိပ်ပြီး Properties ဆိုတာ ကိုသွားကြည့်နော်။ တွေ့တယ်မဟုတ်လား။
 


အမှိုက်ပုံးဆိုပြီး အထင်တော့ အသေးနဲ့နော်။ သူက Memory Size ရဲ့ ၁၀ ရာခိုင်နှုန်း (10%) နေရာယူထား
တာနော်။ ပုံလေးကိုကြည့်ပါဦး။
 

၁၀ ရာခိုင်နှုန်းဆိုတော့ ဥပမာ- RAM အရွယ်အစားက data သိုလှောင်နိုင်တဲ့ ပမာဏ 512 MB ဆန့်တယ်
ဆိုရင်Recycle Bin အတွက်က 5.12 MB နေရာယူတာနော်။ ဒီတော့ များတာပေါ့။ Memory Size ကြီးလေ
Recycle Bin အတွက်Space များလေပေါ့။ ပိုက်ဆံ ၁၀၀ ရဲ့ ၁၀ ရာခိုင်နှုန်းက ၁၀ ဆိုရင် မများသလိုထင်
ရပေမဲ့ ၁၀ သိန်းရဲ့ ၁၀ ရာခိုင်နှုန်းဆိုရင် ၁ သိန်းဖြစ်သွားတာနော်။ ဒီတော့ ကိုယ့်ရဲ့ Memory Size ကကြီး
နေတာ ဆိုရင်လေ နည်းလမ်းလေးတစ်ခု ပေးမယ်နော်။
 


၁၀ ရာခိုင်နှုန်းဆိုတဲ့ နေရာကို ပုံမှာတွေ့ရတဲ့အတိုင်း  ၅ ရာခိုင်နှုန်းဆိုပြီး လျှော့ချလို့ရတယ်နော်။
ဒီတော့ သုံးဖို့Memory Space ပိုကျန်တာပေါ့နော်။အဲ... ဒီလိုမှ မဟုတ်ဘဲ စောစောက ဥပမာပေးခဲ့သလို
အိမ်မှာ အမှိုက်တွေများလို့ နံနေရင် အိမ်ကထုတ်ပြီး အမှိုက်ကားဆီ ပို့ရသလို Recycle Bin ထဲက
အမှိုက်တွေ (မလိုအပ်တော့တဲ့ data,files,photos) က များပြီး နံနေရင် အဲလေ..Computer လေးနေရင်
အဲဒါတွေကို Computer ထဲကထုတ်ဖို့လိုလာပြီပေါ့။ ဒီတော့ အိမ်မှာရှိတဲ့ အမှိုက်ပုံးထဲ  အမှိုက်တွေကို
လွှင့်ပစ်ပြီး အမှိုက်ပုံးအသစ်ဖြစ်အောင် ပြန်ဆေးရသလိုမျိုး Recycle Bin ထဲမှာ ပြည့်ကျပ်နေလို့ မလိုချင်
တော့တဲ့ Data တွေကို Computer ထဲကနေ အပြီးအပိုင် လွှင့်ပစ်လို့ရတယ်ဆိုပဲ။ ဟယ်...ဒါဆို ဘယ်
လိုလုပ်ရပါ့မလဲ။ အလွယ်လေးပါ။ ခုနက Delete ဆိုတဲ့ Key ကို Shift နဲ့ တွဲပြီး နှိပ်လိုက်ပါ။
Shift+Delete တပြိုင်နက် နှိပ်လိုက်ရင်ဖြင့် မတွေ့ချင်၊ မမြင်ချင် အဲလေ... မလိုချင်တော့တဲ့ data တွေက
Computer ထဲက Recycle Bin ဆိုတဲ့ အမှိုက်ပုံးထဲမှာ မရှိတော့သလို Computer ရဲ့ ဘယ်နေရာမှာ
မှ ပြန်ရှာလို့ မရနိုင်တော့ပါဘူး။ ဒီတော့ နည်းနည်းတော့ သတိထားနော်။ သေချာပြီဆိုမှ ဖျက်ပစ်ပါ။
တကယ်လို့ ကိုယ့်ရဲ့ Data အချက်အလက်တွေ မဟုတ်ရင် မနှိပ်မိစေနဲ့နော်။ အခြားသူတွေအတွက်
လိုအပ်တဲ့ Data တွေဖြစ်နေမှာ စိုးရိမ်လို့ပါ။ အမှိုက်ကားထဲ ပါသွားတဲ့ အမှိုက်ကိုပြန်ရှာဖို့ ခက်သလိုမျိုး
ပါပဲနော်။ သတိတော့ ထားပေါ့။ ပြန်ရှာဖို့မှ မလွယ်တာ။
ဟယ်..ဒါဆို Recycle Bin ထဲက Data ကိုပြန်ရှာလို့ရနိုင်မလားဟင်။ ဒါက အလွယ်လေးပါလို့
ပြောရမလားပဲ။ အဲ...ပြောရင်း သတိရလို့ တစ်ခုပြောပြမယ်နော်။ အိမ်မှာလေ ကျောက်ကျောကြိုမယ်
ဆိုပြီး အိတ်ရဲ့အခွံမှာ အညွှန်းပါတဲ့ ကျောက်ကျောမုန့် အထုတ်ကလေး ၀ယ်လာလိုက်တယ်။
အဲ . ကျောက်ကျောအမှုန့်လည်း ထုတ်ပြီးရော အကျင့်ပါနေလို့ထင်ပါရဲ့။ ရောင်ယမ်းပြီး အိတ်အခွံကို
အမှိုက်ပုံးထဲ ထည့်လိုက်မိလေရဲ့။ အနည်းငယ်ကြာလို့ ကျောက်ကျောကြိုတဲ့ အခါကျတော့ ဟယ်
ဘယ်လိုကြိုရမှာလဲ။ အညွှန်း ၊ အညွှန်းဆိုပြီး သတိလည်းရရော။ ဘာလုပ်တယ်ထင်လဲ ဟင်။
သေချာတာပေါ့။ အမှိုက်ပုံးဆီ ပြေးတာတန်းနေတာပဲ။ တော်ပါသေးရဲ့။ အပေါ်ဆုံးမှာ အိတ်အခွံလေး
။ ပြည့်ခါနီး အမှိုက်ပုံးလေးကို လမ်းထိပ်က အမှိုက်ကားဆီ မပို့ရသေးလို့တော်ပါသေးဘိ။ အရသာရှိတဲ့
ကျောက်ကျော တစ်ဗန်း ရခဲ့ပါပြီ။ ဟိဟိ စားတဲ့သူတွေကတော့ မသိ။
အဲ..ပြောနေတဲ့ အကြောင်းအရာလေးကို ပြန်ဆက်ရမယ်ဆိုရင် ခုနက ပြောခဲ့တဲ့ အတိုင်းပါပဲ။
ဘာလဲဟ။ ပြောပါ့မယ်။ ဖြေးဖြေးပေါ့။ Computer ထဲက Recycle Bin ထဲမှာလည်းလေ မလိုချင်လို့
လွှင့်ပစ် (Delete လုပ် ) လိုက်တာရှိသလို စောစောကပြောခဲ့သလိုပေါ့။ ရောင်ယမ်းပြီး အမှတ်တမဲ့ မှားယွင်း
Delete နှိပ်မိတာလည်း ရှိတယ်ပေါ့။ ဒီတော့ အဲလို အခါမျိုးမှာ စောစောက ပြောခဲ့သလို အမှိုက်ခွံ
ပြန်ကောက်ရုံပေါ့နော်။ ဒါဆို ဘယ်လိုလုပ်ရမလဲ။ ဒါလည်း လွယ်တာပဲ။
 

 
Recycle Bin ဆိုတဲ့ icon လေးကိုဖွင့် ၊ ပြီးရင် အထဲမှာရှိတဲ့ အမှိုက်တွေ အဲလေ Data တွေထဲက
ပြန်လိုချင်တဲ့ Data ကိုရှာ၊ ပြီးတော့ right click နှိပ်ပါ။ ဟော ပုံမှာတွေ့တဲ့အတိုင်း Restore ဆိုတာကို
နှိပ်လိုက်ရုံပါပဲ။ လွယ်တယ်နော်။
 

Restore ဆိုတာက Re နဲ့ store ကိုပေါင်းထားတာလေ။ ဟုတ်တယ်။ မရယ်ရဘူးလေ။ အမှန်ပဲ ဥစ္စာ။
Re ဆိုတဲ့ အဓိပ္ပါယ်က ပြန်လည်လုပ်ဆောင်တာကို ပြောပြီးတော့ Store ဆိုတာက သိုလှောင်တာကို
ပြောတာပါ။ဒီတော့ နှစ်ခုပေါင်းလိုက်တော့ Restore ဆိုတာ ပြန်လည် သိုလှောင်/သိမ်းဆည်းခြင်း တဲ့။
 

Restore လုပ်ပြီးရင် Data ကို ဘယ်မှာ ပြန်ရှာရမလဲ မမေးနဲ့နော်။ ကိုယ်ပြန်လိုချင်တဲ့ Data ကို Restore
လုပ်ပြီးရင် ကိုယ်နဂို မူလက သိမ်းထားတဲ့ နေရာမှာ ပြန်ကြည့်လို့ရပါတယ်။ ဥပမာ- Desktop ပေါ်မှာ
Folder တစ်ခုအနေနဲ့တင်ခဲ့ရင် အဲဒီပုံစံ အတိုင်း ပြန်ရှိနေပါလိမ့်မယ်။ စောစောက New Microsoft
Word Document ကို Desktop မှာ တင်ထားခဲ့ပြီး နောက်တော့ ဖျက်ပစ်လိုက်တာ Recycle Bin
ထဲရောက်သွားတယ်နော်။ အဲဒီနောက်မှာတော့ Restore ပြန်လုပ်လိုက်တာ Desktop ပေါ်ပြန်ရောက်
လာပြီနော်။ ဒါမှမဟုတ် My Document ဆိုတဲ့ အခန်းအောက်မှာ နဂိုကရှိခဲ့တာဆိုရင် အဲဒီမှာပြန်ရှာပေါ့။
Restore ဆိုတာကို နှိပ်လိုက်ရုံနဲ့ နဂိုရှိခဲ့တဲ့ နေရာမှာပြန်ရောက်နေမယ် ဆိုတဲ့ သဘောပါ။
တကယ်လို့ ကိုယ်ဖျက်ခဲ့တဲ့ Data အားလုံးကိုပြန်လိုချင်တယ်ဆိုရင်တော့ တစ်ခုစီ Restore လုပ်ရင်မော
နေဦးမှာမို့ အလွယ်နည်းပြောပြမယ်နော်။ Recycle Bin ကို Click တစ်ချက် (သို့) နှစ်ချက်နှိပ်ပြီး ဖွင့်
လိုက်ပါ။ (စက်တစ်ခုနဲ့ တစ်ခု မတူလို့ပါ။)
 

ပုံမှာ တွေ့ရတဲ့အတိုင်း လုပ်ဆောင်လို့ရတဲ့ အရာတွေ ပါ ပါတယ်။ အဲဒီမှာ Restore all items ဆိုတာ
တွေ့တယ်နော်။ အဲဒါကို နှိပ်လိုက်ရင် ဖျက်ခဲ့တဲ့ data တွေအကုန် မူလ နေရာကိုပြန်ရောက်သွားပါ
လိမ့်မယ်နော်။
 

အဲ...ပုံမှာ Empty (ဘာမှမရှိတဲ့ အလွတ်ကြီး) ဆိုတာ တွေ့တယ်မဟုတ်လား။

အဲဒါကတော့  အမှိုက်ပုံးကိုရေနဲ့ ဆေးတာလေ။ ဟဲဟဲ သဘောပြောတာပါ။

Recycle Bin ကို Right click နှိပ်ပြီး Empty နှိပ်လိုက်ရင်လည်း Recycle Bin ထဲက
Data တွေ အကုန်ပျောက်သွားပြီး ပုံမှာတွေ့ရတဲ့အတိုင်း အမှိုက်ပုံးလေးရှင်းသွားပါလိမ့်မယ်။

ဒီတော့ လွယ်လွယ်နဲ့ မှတ်လို့ရအောင် ပြောပြပေးချင်တာက :
(၁)- မလိုချင်တော့တဲ့ Data တွေကို Delete နှိပ်ပြီး Recycle Bin ထဲထည့်လို့ရသလို
(၂)- မှားပြီးဖျက်မိတဲ့ Data တွေကို Recycle Bin ထဲက ပြန်လိုချင်ရင် Restore နဲ့ ပြန်ခေါ်
လို့ရပြီး
(၃)- Recycle Bin ကိုရှင်းလင်းစေချင်ရင် Empty ဆိုပြီး လုပ်လို့ရပါတယ်။
(၄)- Recycle Bin ရဲ့နေရာယူတဲ့ ပမာဏကို လျှော့ချချင်ရင် ၁၀ ရာခိုင်နှုန်းကို ၅ ရာခိုင်နှုန်း ပြောင်းလိုက်
လို့ရတယ်နော်။
(၅)- နောက်ဆုံးအချက်ကတော့ ညစ်ပတ်လို့ အဲလေ ...Computer လေးမှာ စိုးရိမ်လို့ Recycle Bin ထဲ
မထည့်ချင်ဘူး။ တစ်နည်းအားဖြင့် Recycle Bin နဲ့ မပတ်သက်ချင်ဘူးဆိုရင် မလိုချင်တော့တာ
သေချာတဲ့ Data တွေကို Shift+Delete တွဲပြီး နှိပ်လို့ရတယ်ဆိုတာပါပဲ။
ဒီတော့ ပြောပြချင်တာက Recycle Bin ဆိုတာ ပြန်လည်အသုံးပြုလို့ရတဲ့ အမှိုက်ပုံးလေးပါ။
Restore လုပ်လို့ရတာကိုး။ တကယ်လို့ စောစောကပြောခဲ့သလို Recycle Bin ကို ၁၀ ရာခိုင်နှုန်း
ကနေ ၅ ရာခိုင်နှုန်းလျှော့ လိုက်တယ်
ထားပါတော့။ Recycle Bin ထဲမှာလည်း အမှိုက်တွေ အဲလေ Delete လုပ်ထားတဲ့ Data တွေကို
Empty ဆိုပြီး Recycle Binကို မရှင်းထားဘဲ Delete လုပ်ထားတဲ့ Data တွေများနေတယ်ဆိုပါစို့။
ဖျက်လိုက်တဲ့ Data ပမာဏက ခုနကထားခဲ့တဲ့ ၅ ရာခိုင်နှုန်းကို ကျော်နေပြီဆိုရင် ဘာဖြစ်သွားမလဲ။
ရှေ့မှာ Delete လုပ်ခဲ့တဲ့ Data တွေ Computer ထဲက အလိုအလျောက်
ပျောက်သွားမှာပေါ့ လို့ပြောရမှာပဲ။ သူ့မှာ သိမ်းစရာနေရာမရှိတော့တဲ့အတွက် Delete လုပ်လိုက်လို့ 
နောက်ထပ် ရောက်လာတဲ့ Data တွေကိုထားပေးထားပြီး Delete လုပ်ထားတဲ့ Data
အဟောင်းတွေကတော့ ပျောက်ဆုံးသွားပါလိမ့်မယ်။ သတိတော့ထားပါနော်။
လွယ်လွယ်ကူကူ ဥပမာ ပေးရမယ်ဆိုရင်တော့ ဒုတ်တစ်ချောင်းမှာ ထိုးထားတဲ့
ငုံးဥကြော်လေးတွေကို မြင်ယောင်ကြည့်နော်။ ဒုတ် တစ်ချောင်းမှာ ငုံးဥ လေးလုံးထည့်လို့ရတယ်
ဆိုပါတော့။ ကျွန်မ က ရှည်ပြီး ငုံးဥ ငါးလုံး ထိုးထည့်လိုက်တာ ရှေ့ဆုံးတစ်လုံး ပြုတ်ကျသွားတယ်လေ။
အဲဒီ သဘောတရားပါပဲ။ နောက်ကအသစ် ၀င်လာရင် ရှေ့က အဟောင်းက ဖယ်ပေးရတဲ့သဘောပါ။
နားလည်ပြီ ထင်ပါတယ်။ စာဖတ်ရတာ ပျင်းနေမှာ စိုးတာရယ်၊ ခေါင်းရှုပ်ပြီး နားမလည်မှာ စိုးတာရယ်
ကြောင့် ဥပမာလေးတွေ ထည့်ပေးတာပါ။ " စိုးတာရယ် " ဆိုတာ ကိုးရီးယား နာမည်မဟုတ်ဘူးနော်။
စိုးရိမ်တာကိုပြောတာပါ။အခုလောက်ဆိုရင် စာဖတ်ရတာလည်း ပျင်းရောပေါ့။ အဲလေ ညောင်းပြီး
မောရောပေါ့။ အခု ပြောပြခဲ့တဲ့ Recycle Bin အကြောင်းက အတော်လေး စုံလင်သွားပါပြီနော်။
ဘာမှ မမှတ်မိတော့ဘူး ဆိုရင်တောင် ဥပမာလေးတွေကိုတော့ မေ့မှာမဟုတ်ပါဘူး။ ဒီတော့ စွဲမြဲနေတဲ့
ဥပမာလေးတွေကို စဉ်းစားရင်း သူ့ရဲ့နောက်ကွယ်က  အရာကို ပြန်လည်မှတ်မိကြပါစို့နော်။
 
...........................................

system crystal



 
Hardware - Hardware
Saturday, 26 September 2009 02:32
 
System Crystal နဲ့ Expansion Bus Crystal အကြောင်း


 
Crystal ဆိုတဲ့ အမည်လေးရဲ့ နောက်မှာ အဓိပ္ပါယ် အမျိုးမျိုးရှိကြပေမဲ့ များပြားလှတဲ့ ဖွင့်ဟချက်တွေ
ထဲကမှ Computer နဲ့ သက်ဆိုင်တဲ့ Crystal လေးအကြောင်းပဲ ပြောပြပါတော့မယ်။ (နိဒါန်းချီလိုက်တာ
ရှည်သွားသလားပဲ။) အဲ ...... ကျွန်မပြောပြမယ့် Crystal ဆိုတာကလေ ဆရာကြီးတော့......! " အရွယ်ငယ်
ပေမဲ့လည်း  အထင်တော့ မသေးလိုက်ပါနဲ့ " လို့ ဆိုရမလားပဲ။ ခဏနေ ပုံထဲမှာတွေ့ပါလိမ့်မယ်။
သူကသေးသေးလေးပဲ။ အဲ.. ဒါပေမဲ့လည်း သူ့အလုပ်ကအရမ်းကြီးလေးတာပါ။
 
 
အဲ...ညွှန်းနေလိုက်တာ များသွားသလားပဲ။ လိုရင်းကိုပြောရရင်တော့ Crystal က CPU (Central
Processing Unit) ကို နိုင်တယ်တဲ့။ စိတ်ဝင်စားသွားပြီလား။ Computer တစ်လုံးမှာ CPU
ဆိုတာက ခရာပဲနော်။ သူကအလုပ်တွေ အများကြီးလုပ်ပေးရတာကိုး။ အဲ...အဲဒီ ခရာကိုနိုင်တာ
Crystal နော်။ ဘာလို့်လဲသိလား။........ Crystal ဆိုတာကိုမပြောခင် Crystal (၂) မျိုးရှိတယ်ဆိုတာ
ကို မှတ်ထားပါနော်။ System Crystal နဲ့ Expansion Bus Crystal တဲ့။ ဒီတော့ System Crystal
အကြောင်း အရင်ပြောကြရအောင်။ System Crystal ဆိုတာက CPU , RAM နဲ့ Chipset
(Northbridge , Southbridge and others ) တို့ရဲ့ Speed ကို ထိန်းချုပ်ပေးပါတယ်။
အထူးသဖြင့် CPU ကို ဘယ်လောက်အရှိန်နှုန်း(speed) နဲ့ လုပ်ဆောင်ရမလဲဆိုတာ
သတ်မှတ်ပေးတဲ့အရာလေးပါ။ ဒီတော့ CPU ကိုနိုင်ပြီပေါ့။

ဥပမာလေးပြောပြရရင်............. တစ်ခါက ကုမ္ပဏီကြီး တစ်ခုမှာပေါ့။ ဦးဆောင်မှုပြုနေတဲ့ေ
ခါင်းဆောင်က အသက် ( ၅၀ ) ကျော်သူဌေးကြီး တစ်ဦးပါ။ သူ့စကားကို ကုမ္ပဏီကြီးတစ်ခုလုံးက
လိုက်နာဆောင်ရွက် ရပါတယ်။ တစ်နေ့တော့ သူ့ရဲ့ ကုမ္ပဏီကို အသက် ( ၂၀ ) အရွယ် သူဌေးကြီးရဲ့
တစ်ဦးတည်းသော သမီးလေး ရောက်လာပါတယ်။ ဒီသမီးလေးက သူဌေးကြီးကို ကူညီပြီး ဖခင်ရဲ့
အလုပ်တွေကို ၀ိုင်းကူပေးပါတယ်။ " အစည်းအဝေး ဘယ်အချိန်စမယ် ၊ ဘယ်သူတွေနဲ့ ချိန်းထားတယ်
၊ ဘာအလုပ်တွေ ကျန်သေးလဲ ၊ ဘယ်ခရီးစဉ်ကို ဘယ်နေ့သွားရမယ် ၊ ကိုယ်တိုင်လုပ်ဆောင်ဖို့
မလိုအပ်ရင် အခြားလုပ်ဆောင်နိုင်တဲ့ သူတွေကို ဦးဆောင်ခိုင်းမယ်။ " စတဲ့ အလုပ်တွေကို
သမီးငယ်လေးက ကူညီပြီး လုပ်ဆောင်ပေးပါတယ်။ တစ်ခါတစ်ရံ လိုအပ်တဲ့ ဆုံးဖြတ်ချက်
တွေကိုလည်း သမီးလေးက ဆုံးဖြတ်ပေးပြီး သူဌေးကြီးကို လုပ်ဆောင်ခိုင်းပါတယ်။
မိဘတိုင်းက ကိုယ့်သား ၊ သမီးတွေကို ချစ်ကြတာပဲလေ။ ဘယ်လောက်ကြီးပွားချမ်းသာတဲ့
လုပ်ငန်းပိုင်ရှင်ကြီးဖြစ်နေပါစေ....... သား ၊ သမီးတွေရဲ့ အရှေ့မှာတော့ ဘာအရှိန်အ၀ါမှ မရှိတတ်ကြပါဘူး။
System Crystal ဆိုတာကလည်း ဒီလိုပါပဲ။ CPU ကို Speed ဘယ်လောက်နဲ့ အလုပ်လုပ်ရမလဲ ဆိုတာ ခွဲခြားမှတ်သားပေးပါတယ်။ ဥပမာ- Motherboard က 133 MHz အရှိန်နှုန်းနဲ့ အလုပ်လုပ်နိုင်တယ်ဆိုရင်
သူ့အပေါ်မှာ ပုံသေတပ်ဆင်ထားတဲ့ Northbridge , Southbridge နဲ့ Crystal တွေကလည်း
133 MHz နဲ့ အလုပ်လုပ်ကြပါတယ်။ မျက်စိနဲ့ မမြင်ရပေမဲ့ Computer မှာ အသုံးပြုလို့ရအောင်
နောက်ကွယ်ကနေ လုပ်ဆောင်ပေးနေတဲ့ အရာလေးတွေကို ဗဟုသုတ အနေနဲ့ မှတ်သားကြရအောင်။
Motherboard ပေါ်မှာရှိတဲ့ Chips လေးတွေတိုင်းမှာ Clock Wire  ဆိုတဲ့ အချိန်နဲ့ပတ်သတ်ပြီး
လုပ်ဆောင်ပေးတဲ့ Wire လေးတွေပါတယ်နော်။ အချိန်နဲ့အတူ Speed ဆိုတဲ့ အရှိန်နှုန်းလည်း
ပါဝင်တယ်ပေါ့။ အဓိကအားဖြင့် Chips လေးတွေတိုင်းကို ဘယ်အချိန် ၊ ဘယ်အရှိန်နှုန်းနဲ့
အလုပ်လုပ်ရမလဲ ဆိုတာ သတ်မှတ်ဖို့လိုလာပြီပေါ့။ အဓိက ကတော့
CPU ပါ။ သူက အလုပ်သိပ်များတာဆိုတော့ ဘယ်အလုပ်ကို ဘယ်အရှိန်းနှုန်း (speed) နဲ့ အလုပ်
လုပ်ဖို့ဆိုတာ သတ်မှတ်ဖို့ လိုလာပြီလေ။ အဲဒီလို သတ်မှတ်ဖို့ အသုံးပြုလာတဲ့ Chip လေးကတော့
Crystal ပေါ့။Crystal က အချိန်သတ်မှတ်ရာမှာ (၂) မျိုး ပြန်ခွဲတယ်နော်။ Underclocking နဲ့
Overclocking တဲ့။Under ဆိုကတည်းက  "အောက်" မှာပဲရှိမှာပေါ့နော်။ ဟဲ ဟဲ... ဟုတ်ပါတယ်။
ပြောချင်တာက သတ်မှတ်ထားတဲ့ အချိန် (ဒါမှမဟုတ်) အသုံးပြုလို့ရတဲ့ Speed ထက်လျှော့ပြီး
အလုပ်လုပ်တာကို ပြောတာပါ။ ဥပမာ- နားလည်အောင်ပြောရရင် စောစောကပြောခဲ့သလို
Motherboard က 133 MHz အထိ အလုပ်လုပ်နိုင်တယ်ဆိုရင် CPU ကို 100 MHz လောက်နဲ့
အလုပ်လုပ်ခိုင်းတာမျိုးကို ပြောတာပါ။ လုပ်စရာ အလုပ်က နည်းတယ်ဆိုရင် Speed အများကြီး
သုံးစရာ မလိုတော့ဘူးလေ။ဒီတော့ Underclocking နဲ့ အလုပ်လုပ်ရင်လည်း အဆင်ပြေပါတယ်။
ပုံမှန် CPU  အလုပ်လုပ်တာက Underclocking နဲ့ပါ။

ဟယ် ..ဒါဆို Overclocking ဆိုတာက...........? Over ဆိုတဲ့အတိုင်း ပိုပြီးလုပ်ဆောင်တာပေါ့။
နဂိုရှိတဲ့ Speed နဲ့ လုပ်ဆောင်တာထက် ပိုပြီး လုပ်ဆောင်တာကို ပြောတာပါ။ CPU ကို
အလုပ်ပိုခိုင်းတာပေါ့လေ။ တစ်ခါတစ်ရံ အလုပ်တွေမပြီးလို့ Over Time ဆင်းရသလိုမျိုးပေါ့။
CPU အလုပ်လုပ်နိုင်တဲ့ Speed ထက်ပိုပြီး အလုပ်လုပ်ခိုင်းတာလေ။ အဲဒါ Overclocking ပါ။
Over Time ဆင်းရတာများလာရင်.......... လူဆိုတော့လေ ဖျားနာတတ်ပါတယ်။ ခွင့်ယူနေ
ရဦးမယ်နော်။ လူမို့လို့ဖျားတယ် မထင်လိုက်ပါနဲ့။ စက်ကလည်းစက်ဆိုသလို ပျက်တတ်တယ်တဲ့။
ဒီတော့ လိုသည်ထက်ပိုရင် " တန်ဆေး လွန်ဘေး " ဆိုသလို CPU လုပ်နိုင်သည်ထက် ပိုခိုင်းရင်
CPU ပျက်တတ်တယ်နော်။ ဒီတော့ တန်ဖိုးထက် လက်ခကြီးနေမှာမို့ CPU ပုံမှန်လေးပဲ အလုပ်
လုပ်ပါစေနော်။ Overclocking ကို သိပ်မသုံးကြရင် ကောင်းတာပေါ့။
Underclocking ကို လူတွေလုပ်ဆောင်ပေးဖို့ မလိုပဲ Crystal က နဂိုကတည်းက CPU ကို လုပ်
ဆောင်စေတာပါ။ ဒီတော့ ဆိုင်က၀ယ်လာတဲ့ စက်တိုင်းမှာ ပါရှိတဲ့ CPU တွေဟာ Underclocking
နဲ့ အလုပ်လုပ်တာမို့ လူက လုပ်ဆောင်ပေးရန် မလိုပါဘူး။ သို့ပေမယ့် Overclocking
လုပ်ချင်တယ်ဆိုရင်တော့ လူက Setting ပြောင်းပေးဖို့လိုပါတယ်။ အလုပ်လုပ်ခိုင်းမှာကတော့
System Crystal  ဖြစ်ပြီး သနားစရာ အလုပ်လုပ်ရမှာက CPU လေးပါ။
 
ဒီတော့ CPU ကိုနိုင်တဲ့ System Crystal အကြောင်းကို သိရပြီဆိုရင်တော့ Expansion Bus
Crystal အကြောင်းဆက်ကြပါစို့နော်။ System Crystal က CPU ထိန်းချုပ်ထားတယ်ဆိုတော့
Expansion Bus Crystal က Expansion Bus တွေကို ထိန်းချုပ်ထားတယ်ပေါ့။ ခက်နေဦးမယ်
နော်။ သဘောတရားချင်းက ရှင်းပြနေစရာမလိုအောင် အတူတူပါပဲ။ ဒီတော့ Crystal ဆိုတာ
Oscillator တစ်မျိုးဖြစ်ပြီး CPU ,RAM ,Chipset  နဲ့ Expansion Bus တွေရဲ့ အလုပ်လုပ်ရမဲ့
နှုန်းကို သတ်မှတ်ပေးပါတယ်။ CPU, RAM နဲ့ Chipset (Northbridge ,Southbridge &
Others) တွေ့ရဲ့ Speed ကို ထိန်းချုပ်ပေးတဲ့ Crystal ကို System Crystal လို့ခေါ်ပြီး
Expansion Bus တွေရဲ့ Speed ကို သတ်မှတ်ပေးတာ ဆိုရင်တော့ Expansion Bus
Crystal ပေါ့။ နားလည်လွယ်အောင်ပြောရရင် Motherboard  မှာ တွဲလျက်မပါလာဘဲ အသစ်
ထပ်ပြီးစိုက်ရတဲ့ Cards တွေကိုလည်း Expansion Bus Crystal က ထိန်းချုပ်ပေးပါတယ်။
( ဥပမာ - Sound cards, Modem , etc...)ပိုရှင်းသွားအောင် ပုံလေးကိုကြည့် ရအောင်နော်။
..............................................
System Restore



 
Hardware - Hardware
Friday, 25 September 2009 08:46
System Restore ကိုရှင်းပြခြင်း အမှားဆိုတာရှိခဲ့ရင် အမှန်ကိုပြင်လို့ရရမှာပေါ့နော်။ လူတိုင်းကအမှားလုပ်
တတ်ကြပါတယ်။ မှားတာက ပြဿနာ  မဟုတ်ပါဘူး။ မှားတာကိုသိပြီး မပြင်တာကမှ ပြဿနာနော်။ ဒီတော
့ မှားမိခဲ့ရင် ပြင်ဖို့ကြိုးစားကြတာပေါ့။ Computer မှာလည်း   မှားရင်ပြင်လို့ရတယ်နော်။ အဲဒါကို System
Restore လုပ်တယ်လို့ခေါ်တယ်။ ဟော...ပြောချင်တဲ့အရာက အခုမှ  ရောက်တယ်။ ဟုတ်ပြီ။ System
Restore လုပ်ရတဲ့ အကြောင်းကို အရင်ပြောပြမယ်နော်။ ပြီးမှ လုပ်ပုံလုပ်နည်း အဆင့်ဆင့်  ပြောပြမယ်
လေ။ မလောပါနဲ့နော်.။ ဖြေးဖြေးပေါ့။

ဘာကြောင့် System Restore လုပ်ဖို့လိုအပ်တာလဲ။ Data တွေ၊ Install လုပ်ထားတဲ့ Software
တွေ၊ System Configuration တွေကို နဂိုအတိုင်းပြန်ရှိချင်လို့ပေါ့။ မဟုတ်ဘူးလား။ စောစောက
ပြောခဲ့တယ်လေ။  အမှားလုပ်တတ် ကြပါတယ်လို့။ တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင် ဒါမှမဟုတ်
အခြားလူတစ်ယောက်ယောက်က မတော်တဆ မှားပြီး Data တွေကို Shift နဲ့ Delete တွဲပြီး မှားနှိပ်မိ
တယ်ဆိုပါတော့။ Recycle bin အကြောင်းဖတ်ပြီးသွားပြီ ဆိုရင်တော့ ပိုနားလည် ပါလိမ့်မယ်ထင်တယ်။
အဖတ်ရသေးဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ နောက်တော့ ဖြည်းဖြည်းချင်း နားလည်သွားမှာပါ။ ဒါကြောင့်
လွယ်လွယ်နဲ့ စိတ်ဓါတ်မကျကြေးနော်။ကဲ...ဆက်ပြောကြပါစို့။ မှားပြီးဖျက်မိတယ်ပေါ့။ အရေးကြီးတဲ့
အချက်အလက်တွေ ပါသွားပြီဆိုပါတော့။ computer ထဲမှာ လုံးဝမရှိတော့ဘူးဆိုရင် ဘယ်လိုလုပ်ရပါ့မလဲ။
ဒီလို အခက်အခဲ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ System Restore က အသုံးဝင်လာပြီပေါ့။ System
Restore ကိုသာ အသုံးပြုမယ်ဆိုရင်လေ ပျောက်သွားတဲ့ အချက်အလက်တွေကို  ပြန်ရ နိုင်မယ်တဲ့။
တယ်...ဟုတ်ပါလား။ ဒါကြောင့် လွယ်လွယ်နဲ့ စိတ်ဓါတ်မကျပါနဲ့ လို့ပြောတာပေါ့။ အခုလည်း 
နည်းလမ်းကောင်း တစ်ခု တွေ့ထားလို့ သတင်းကောင်းပါးချင်တာမို့ System Restore အကြောင်းရှင်းပြတာပါ။
အဲ... စကားမစပ် အိမ်မှာလေ ဒုတိယအစ်မက အရမ်းသန့်သန့်ရှင်းရှင်းနေတတ်ပြီး အိမ်ကို အလှဆင်
တတ်တယ်။ ပန်းစိုက်တာလည်း ၀ါသနာပါတယ်။ တစ်အိမ်လုံး သူ့လက်ရာ အပြင်အဆင်တွေ ချည်းပါပဲ။
အိမ်ရှေ့ခန်းမှာ သစ်ခွပန်းအိုးလေးတစ်လုံးရှိတယ်လေ။ သူအလှဆင်ထားတာပေါ့။ ကျွန်မက
အမြဲတမ်း ရှည်တတ်တဲ့ လူဆိုတော့ အဲဒီ ပန်းအိုးလေးကို ဖယ်ပြီး နှင်းဆီပန်းအိုး ပြင်ထိုးလိုက်မိတယ်။
နှင်းဆီကို ပိုကြိုက်လို့လေ။ အစ်မလည်း သိရော။ အရမ်းစိတ်ဆိုးတာပေါ့။ သူ့လက်ရာ ပျက်တယ်ဆိုပြီး
ချက်ချင်းပြန်ပြင်ခိုင်းပါလေရော။ ဒီတော့ ကြားထဲက အမေက ပန်းအိုး အချင်းချင်း ပြန်လဲပေးရတော့ တာပေါ့။
ဒီတော့မှ အစ်မက စိတ်တိုင်းကျတာလေ။ နဂို မြင်နေကျ ပုံစံ ပြန်ဖြစ်သွားတာကိုး။ 
ဝတ္ထုတစ်ပုဒ် ရေးလိုက်တယ်အထင်ပါနဲ့နော်။ System Restore ဆိုတာ ခုနက ပြောလိုက်တဲ့
အကြောင်းတရားပါပဲ။ဥပမာ- လူတစ်ယောက်က Computer ထဲမှာ အရေးပါတဲ့ အချက်အလက်တွေ နဲ့
Software အသစ်တွေ ထည့်ပြီး သိမ်းထား (Save) လိုက်တယ်။ နောက်လူတစ်ယောက်က အဲဒီ
Computer ကို အသုံးပြုပြီး ပထမလူသိမ်းခဲ့တာတွေကို မသိဘဲ ဖျက်လိုက်မိတယ်။ ဒီတော့
စိတ်ဆိုးပြီပေါ့။ ကြားထဲက ကူညီဖို့လူ လိုနေပြီလေ။ Computer မှာ အဲဒီလူက System Restore
ပေါ့။ နားလည်လောက်ပြီ ထင်ပါတယ်။ ဒီတော့ လက်တွေ့လုပ်ဆောင်ကြည့်ရအောင်။ StartAll
programsAccessoriesSystem ToolsSystem Restore ကို ပုံမှာတွေ့ရတဲ့အတိုင်းသွားပါနော်။
 

System Restore ကိုတွေ့ရင် Mouse နဲ့ တစ်ချက်နှိပ်ပါ။ Welcome ဆိုပြီး ကြိုဆိုနှုတ်ခွန်းဆက်တဲ့ စာရွက်
တစ်ရွက် အဲလေ Box တစ်ခု ကျလာတယ်နော်။ ပုံလေးကို ကြည့်ပါဦး ။
 

စိတ်ဝင်စားရင်တော့ စာလေးတွေကို အကုန်လုံးဖတ်ကြည့်ပါနော်။ ပြောထားတာတွေကတော့ စောစောက
ပြောခဲ့တဲ့ System Restore ရဲ့ အသုံးဝင်မှုတွေပါ။ ဒီတော့ Box ရဲ့ ညာဘက်ခြမ်းကို ကြည့်ရအောင်။
ရွေးချယ်စရာ Option (၂) မျိုးရှိတယ်နော်။ ပထမ တစ်ခုက Restore လုပ်မယ်ဆိုတဲ့ သဘောဖြစ်ပြီးတော့
ဒုတိယတစ်ခုကတော့ အခုမှစပြီး Restore Point ဆိုတဲ့ အမှတ်အသား ပြုလုပ်တာပါ။ ဒီတော့ ဒို့တွေက
အခုမှစပြီး Restore Pointလုပ်ကြရအောင်။ အခုမှ စတင်ပြီး Restore Point လုပ်တာကို Create
လုပ်တယ်လို့ ခေါ်တယ်နော်။ ဒီလိုဆိုတော့ ဒုတိယ Option ကို ရွေးရအောင်နော်။
 

ပြီးရင်တော့ Next ပေါ့။
 

ဒီတော့ Create လုပ်ဖို့ Box တစ်ခု ကျလာပြန်တာပေါ့။ အသေးစိတ်ဖတ်ကြည့်ရင်တော့ ပညာတိုးတာပေါ့။
ရှင်းပြထားတာပါ။
 

Computer က အလိုအလျောက် Restore Points တွေကို ဖန်တီးပေးနိုင်ပေမဲ့ မိမိ ကိုယ်တိုင်လည်း
Restore  Points တွေ ဖန်တီးလုပ်ဆောင်ပြီး အသုံးပြုနိုင်တယ်လို့ ပြောတာပါ။ ပြီးတော့ Restore
Point Description ကို ဖြည့်ခိုင်းတာပါ။တစ်နည်းအားဖြင့်ပြောရရင် နာမည်တစ်ခုခု ပေးခိုင်းတာပါ။
လိုအပ်တဲ့အခါ ပြန်ခေါ်သုံးနိုင်ဖို့ နာမည်လွယ်လွယ် လေးပေးရင် တစ်နည်းအားဖြင့် မှတ်မိလွယ်တဲ့
အမည်မျိုးပေးရင် ပိုကောင်းတယ်တဲ့။လက်ရှိ Restore လုပ်တဲ့ အချိန်နဲ့ နေ့ရက်ကို စက်က အလိုအလျောက်
မှတ်သားပေးပါတယ်။ တစ်ခါ Create လုပ်ပြီးရင် နာမည်ကို ပြန်ပြင်လို့ မရတဲ့အတွက် ပေးတဲ့ နာမည်
မမှားပါစေနဲ့လို့ သတိပေးထားတာတွေပါ။ ဒီတော့ ဒို့တွေလည်းအမှားမရှိရအောင် ကိုယ် Restore
Point ဖန်တီးထားတဲ့ နေ့ကိုပဲ ရေးလိုက်ရအောင်။ ဒီတော့ Date ပဲ ရိုက်ထည့်ရအောင်။ ဒါမှမဟုတ်
ဘာမှ မရိုက်ထည့်ဘဲ Create လုပ်ကြည့်ပါလား။ ပုံမှာတွေ့လား။
 

တစ်ခုခု ရိုက်ထည့်မှ ဆက်ပြီး Create လုပ်လို့ရမှာနော်။ ဘာနာမည်မှ မပေးရင် ဖန်တီးလို့မရပါဘူး။ လူတိုင်းမှာ
နာမည်ရှိသလိုပေါ့။ ဒီတော့ ရိုက်ထည့်လိုက်မယ်။ ပုံမှာတွေ့တဲ့အတိုင်းနော်။
 

ဟော ပြီးရင် Create ကိုလည်း နှိပ်လိုက်ရော... ပြီးဆုံးသွားပြီပေါ့။
 

ဒါပေမဲ့ ရက်စွဲတွေရှုပ်နေတာ မကြိုက်ဘူးဆိုရင် ကိုယ်မှတ်မိနိုင်မဲ့ အမည်ပေးလို့်ရတယ်လေ။

အဲဒီ မှာ Home Page ကို ပြန်သွားချင်ရင် Home ကို နှိပ်ပါ။ Home ကို နှိပ်ကြည့်ရအောင်နော်။ 
ဘာပေါ်လာ မလဲလို့။
 

အော်... ရှေ့ဆုံးက မြင်ခဲ့တဲ့ ပုံပဲ။ မှတ်မိတယ်နော်။ ဒီတော့ အစက ပြန်လုပ်ကြည့်ပေါ့။ Home ကို
မသွားချင်ဘဲ ပြန်ထွက်ချင်ပြီ ၊ အလုပ်လုပ်လို့ ပြီးပြီ ဆိုရင်တော့ Close ပေါ့။ Close ဆိုတဲ့အတိုင်း
ပိတ်သွားမှာနော်။
 

Home Page ကို ရွေးပြီးမှ Create လုပ်စရာမလိုရင် Cancel လုပ်နိုင်ပါတယ်။  ဒါမှမဟုတ် Create
ထပ်လုပ်ချင်ရင် Next နဲ့သွားပြီး ဆက်လုပ်ဆောင်ပါ။ အဲဒါမှ မဟုတ်သေးဘူးဆိုရင်လေ Option နှစ်ခုထဲက
တစ်ခုကို ရွေးကြည့်ရအောင်။ ခုနက Create လုပ်ပြီးပြီဆိုတော့ လုပ်ပြီးသား Restore Point ကို ပြန်ရှာ
ရအောင်။ ပြန်ရှာချင်ရင် Option နှစ်ခုထဲက Create မဟုတ်တာကို ရွေးပေါ့။ ဟုတ်ပြီနော်။ ရွေးစရာ
နှစ်ခုပဲ ရှိတာကိုး။ ဒီတော့ တစ်ခု မဟုတ်ရင် တစ်ခုပေါ့။ ခက်တယ်နော်။
 

ကဲ ဒီတော့ Restore my computer to an earlier time ကို ရွေးကြည့်ရအောင်။     ပြီးရင် Next ပေါ့။
ကဲ... အခု မြင်တွေ့ရတာကတော့  Select , ကိုယ် Restore လုပ်ချင်တဲ့ အပိုင်းကို ရွေးရမှာပေါ့။
 

ပုံမှာတွေ့ရတဲ့အတိုင်း ဇယားကွက် နှစ်ခု ပါရှိပါတယ်။ တစ်ခုက လ နဲ့ ခုနှစ် ပါရှိတဲ့ ပြက္ခဒိန် တစ်ခုပါရှိပြီး
တော့ ကျန်တစ်ခုကတော့ Restore Point ကိုဖန်တီးထားတဲ့ မှတ်တမ်းပါ။ အဲဒီမှတ်တမ်းမှာ ဘယ်နေ့၊
ဘယ်ရက်က Restore လုပ်ထားလဲဆိုတာ အကုန်မြင်တွေ့နိုင်ပါတယ်။ အပေါ်ဘက်လက်ဝဲနဲ့ လက်ယာ
ထောင့်တွေမှာ အရှေ့(သို့) အနောက်ကို ရွေ့လို့ရတဲ့ မြားလေးတွေပါ ပါတယ်။ အဲဒီ မြားလေးတွေနဲ့
ကိုယ်ကြည့်ချင်တဲ့ နေ့ရက်တွေကို နှိပ်ကြည့်သွားလို့ ရပါတယ်။ ပြီးမှ ကြိုက်တဲ့ နေ့ကို ရွေးပါ။
 

ပုံမှာတွေ့ရတဲ့အတိုင်း Restore Point ဆိုတဲ့ ဇယားမှာ တစ်ခုက နာမည်၊ တစ်ခုက ရက်စွဲ (Date) နဲ့
အချိန်တွေ ပါနေတာ တွေ့တယ်နော်။ အဲဒါက Restore Point ကို Create လုပ်တုန်းက နာမည်ပေးခဲ့တာ
မှတ်မိလား။ Restore Point Description မှာ ဖြည့်ခဲ့ရတာလေ။ အဲဒီမှာ ဖြည့်ခဲ့တဲ့အတိုင်း ဇယားပေါ်မှာ
ပေါ်နေတာပါ။ ဒီတော့ အရေးကြီးတဲ့ အချက်အလက်တွေ ၊ System Configuration တွေကို Restore
လုပ်ထားမယ်ဆိုရင် Important ဆိုတဲ့ နာမည်နဲ့ သိမ်းချင်သိမ်းပေါ့။ ဟုတ်ပြီလား။ Restore လုပ်နည်း
(၃) နည်း ရှိတယ်လေ။ တစ်ခုက စက်က အလိုလို Restore လုပ်တာ၊ နောက်တစ်ခုက ကိုယ်ကဖန်တီးတာ
၊ အဲ နောက်ဆုံးတစ်ခုကတော့ Program တွေကို Install  လုပ်တဲ့အခါ အလိုလို Restore
လုပ်ပေးတာ။ ဒီတော့ ကိုယ်က restore မလုပ်ထားတဲ့ အရာတွေ ဥပမာ- Restore Operation ဆိုတာ
က စက်က အလိုလိုRestore လုပ်ထားတာပါ။ ဒီတော့ ဒီအဆင့်မှာ ကိုယ် Restore လုပ်ချင်တဲ့
ခေါင်းစဉ်ကိုမှတ်ပါ။ ရွေးချယ်ပါ။ Select လုပ်လိုက်ရုံပေါ့နော်။ ပြီးရင်တော့ Next ပေါ့နော်။
ဟော... ဒီတစ်ခါတော့ အတည်ပြုချက် တောင်းပြီဟေ့။ Confirm Restore Point Selection ဆိုတဲ့
Page ပေါ်လာတာလေ။ သေချာလား။ ဆိုပြီးမေးတာပါ။
 

သေချာပြီဆိုရင်တော့ နောက်လှည့်မကြည့်နဲ့နော်။ Next ပေါ့။
အခုတော့ အတည်ပြုခြင်း (Confirm Page) ထဲမှာ ပါတဲ့ အကြောင်းလေးတွေကို  အနည်းငယ်ပြောပြ
ပေးချင်ပါတယ်။ ပုံမှာတွေ့ရတဲ့အတိုင်း ရေးထားတဲ့ အကြောင်းအရာလေးတွေကိုလည်း ကိုယ်တိုင်ကိုယ်
ကျ ဖတ်ကြည့်ပါဦးနော်။ကိုယ် Restore လုပ်စေချင်လို့ ရွေးချယ်ထားတဲ့ နေ့စွဲ နဲ့ အချိန်ပါမယ်။
ပြီးတော့ ဘာပြောထားသေးလဲ။ အဲလေ...ဘာရေးထားသေးလဲ ဆိုတော့ အရေးကြီးတာက
Restore လုပ်လိုက်ပြီးရင် Restart လုပ်ဖို့လိုအပ်တယ်လို့ရေးထားတာပါ။ အရေးကြီးတာကတော့
စောစောကပြောပြီးပါပြီ။ Next မနှိပ်ခင် Data တွေကို လိုအပ်ရင်လိုအပ်သလို သိမ်းထား (Save) ပါ။
Restore လုပ်ပြီးရင် လက်ရှိအနေအထား မဟုတ်တော့ပဲ ယခင်က ပုံစံအတိုင်း ဖြစ်နေမှာမို့ပါ။ System
Restore လုပ်ရင်တော့အချိန်နည်းနည်းပေးရမယ်နော်။ Restart လုပ်ရတော့ မှာမို့ပါ။
အခု သေချာပြီဆိုရင် မတွေဝေပါနဲ့။ Restore လုပ်ဖို့ဆုံးဖြတ်ပြီးလို့ ရက်ကောင်းရက်မြတ် အဲလေ..
ကိုယ် Restore လုပ်ချင်တဲ့ နေ့ရက် (သို့) အမည်ကို ရွေးပြီးရင် Next ဆက်သွားရအောင်။
 

ဒါဆိုရင် ချက်ချင်းပဲ စက်က ပိတ်သွားပြီး Restart အစကပြန်ပြီး အလုပ်လုပ်သွားပါလိမ့်မယ်
နော်။ ဟော...ပျော်စရာကြီးပါ။ Restoration Complete တဲ့။ အောင်မြင်သွားပြီလေ။
 

တကယ်လို့ ကိုယ်ရွေးလိုက်တဲ့ Restore Point မှားနေရင်လေ မှန်တဲ့ တစ်ခုနဲ့ ပြန်ပြင်လို့ရပါ
တယ်တဲ့။ နောက်တစ်ခုကို ထပ်ရွေးပါတဲ့နော်။
 


ဒီတော့ OK ပေါ့။ နှိပ်သာနှိပ်။ မှန်တယ်နော်။
ကဲ... ခုဆိုရင်ဖြင့် ချိုမြိန်တဲ့ ဟင်းလျာတစ်ခွက် အဲလေ ယောင်လို့ ... အောင်မြင်တဲ့ System
Restore ပြုလုပ်နည်းကို တတ်မြောက်သွားပါပြီနော်။
ဒါပေမဲ့ တစ်ခုတော့ ထပ်ပြီး ပြောပြချင်တာက ခုနတုန်းကလေ Restore Point မှားရင်
တစ်ခုခုနဲ့ ပြန်ပြင်ပါ။ ဆိုတာ တွေ့တယ်နော်။ ပုံမှာပါတယ်လေ။

Undo this restoration ဆိုတာတွေ့လား။ ပြောပြချင်တာက Undo ဆိုတာ နဂိုပုံစံအတိုင်း ပြန်ဖြစ်
အောင်လုပ်တာလေ။ ဒီတော့ ခုနက Restore လုပ်ပြီးသား Window ပေါ်မှာ System Restore
ဆီပြန်သွားကြည့်ရအောင်။ ဟော...Welcome Page ချင်းအတူတူပဲနော်။ ဒါပေမယ့် ရွေးချယ်စရာ
တစ်ယောက် အဲလေ... တစ်ခု တိုးလာတာ သတိထားမိလား။မျက်စိလျင်တယ်နော်။ Undo my
last restoration ဆိုတာလေ။ နောက်ဆုံးပြုလုပ်ခဲ့တဲ့ Restore Point ကို ပြန်ခေါ်တဲ့ သဘောပါ။
ရွေးလိုက်ပြီး Next ကို နှိပ်လိုက်မယ်ဆိုပါက  Confirm အတည်ပြုခိုင်းတဲ့ Page ပြန်ကျလာပါလိမ့်
မယ်လေ။
 

ဒီတော့ ခုနက အတိုင်းအဆင့်ဆင့် လုပ်ရုံပေါ့။ တော်တဲ့သူတွေဆိုတော့ (၂) ခါ မပြောတော့ ဘူးနော်။
ဤမျှသာ...
.........................................

North Bridge



Hardware - Hardware
Friday, 25 September 2009 08:23
North Bridge ၏တာဝန်များ
North Bridge ဆိုတဲ့ခေါင်းစဉ်လေးကို အတိအကျ ဘာသာပြန်ရမယ်ဆိုရင်တော့ "မြောက်ဘက်
တံတား" ဆိုပါတော့။ "တံတား" ဆိုတဲ့ စကားလုံးလေးက လှသလို သူ့ရဲ့ အလုပ်ကလည်း လှသပ။
ဘာကြောင့်လဲ ဆိုတော့ တံတားဆိုတာတစ်နေရာ နဲ့တစ်နေရာကို ဆက်သွယ်ပေးတယ်ဆိုတာ
လူတိုင်းသိပါတယ်။
 


အခုလည်း North Bridge ဆိုတာ Motherboard ထဲမှာ ပါဝင်တဲ့ chipset လေးတစ်ခုဖြစ်သလို
သူက CPU နဲ့အနီးဆုံးမှာလည်းရှိတတ်သေးတယ်။ ပြီးတော့ CPU,RAM နဲ့ Graphic Card တို့
အကြား ဆက်သွယ်ပေးတာ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း CPU ဆိုတာကတော့ အရမ်း
အလုပ်များတဲ့ ဒါရိုက်တာကြီး လိုပါပဲ။ အလုပ်တစ်ခုခုဆို CPU ဆီအရင်ရောက်ပြီး လုပ်ခိုင်းတော့
တာပါပဲ။ ဒီတော့ CPU မအားလပ်တာတွေဖြစ်ပြီး စောင့်ဆိုင်းရတဲ့အချိန် (Wait state)
တွေဖြစ်လာပါရော။ ဒီလိုအခြေအနေတွေကို ကျော်လွှားချင်လို့ cache ဆိုတဲ့ data တွေသိုလှောင်
ဖို့ နေရာတွေကို ထားရှိလာတယ်။ အဲဒီနောက် North Bridge ဆိုတဲ့ chipset ကို CPU နဲ့
RAM အကြားအလုပ်လုပ်ဖို့ တီထွင်ခဲ့ကြပါတယ်။
 
အဲ...ကြုံတုန်းလေး ထပ်ပြောပြပေးချင်တာကတော့ FSB (Front Side Bus) နဲ့ BSB
(Back Side Bus) တို့ အကြောင်းပဲဖြစ်ပါတယ်။ North Bridge မှ RAM နဲ့ CPU အကြား
Data ပို့တဲ့ လမ်းကြောင်းကို Front Side Bus လို့ခေါ်ပါတယ်။ CPU တွေမှာ ရေးထားတတ်
တဲ့ 2.4 GHz, 800 MHz ဆိုတဲ့ နေရာမှာ ရှေ့က CPU clock speed ကိုပြောတာဖြစ်ပြီး
နောက်က 800 MHz ဆိုတာကတော့ စောစောကပြောခဲ့တဲ့ FSB ပဲဖြစ်ပါတယ်။  ပုံလေးကို
ကြည့်လိုက်ပါဦးနော်။

ကဲ...ခုတော့ Back Side Bus အကြောင်းဆက်ရှင်းပြမယ်နော်။ သူကတော့ CPU အတွင်းမှာရှိတဲ့
လမ်းကြောင်းပါပဲ။ ပုံလေးနဲ့ တကွ ရှင်းပြမယ်နော်။

ပုံမှာတွေ့တဲ့အတိုင်းပါပဲ။ BSB ဆိုတာက main CPU နဲ့ Level 2 (L2) cache အကြားလမ်း
ကြောင်းပဲဖြစ်ပါတယ်။ဒီလောက်ဆိုရင်တော့ နားလည်ပြီထင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ North Bridge ကို CPU,RAM နဲ့ Graphic card အကြား
အလုပ်လုပ်ဖို့ အသုံးပြုပြီးတော့ သူ့ကို GMCH လို့လဲခေါ်သေးတယ်နော်။ GMCH ဆိုတာက
တော့ Graphic Memory Controller Hub တဲ့။Gra phic card နဲ့ Memory (RAM) ကို
ထိန်းချုပ် (control) ထားတယ်ဆိုတဲ့သဘောပါပဲ။ အဲ...ဒီ့အပြင် North Bridge က
South Bridge နဲ့လည်းချိတ်ဆက် ထားသေးတယ်နော်။ South Bridge အကြောင်း
စိတ်ဝင်စားတယ်ဆိုရင် " South Bridge ၏တာဝန်များ " ဆိုတဲ့သင်ခန်းစာ မှာလေ့လာ
ဖတ်ရှုနိုင်ပါတယ်။
...................................................

keyboard



Hardware - Hardware
Friday, 25 September 2009 08:13
Keyboard ဆိုတာ
Keyboard ဆိုတာ Computer တစ်လုံးမှာ   မပါမဖြစ်ပါဝင်ရတဲ့ အရာလေးတစ်ခုပါ။ ဒီတော့
Keyboard ဆိုတဲ့ အကြောင်းအရာလေးကို ရှင်းပြဖို့မလိုလောက်အောင် နားလည်သိရှိပြီး
ဖြစ်မှာပါ။ သို့ပေမယ့် သိပြီးသားအကြောင်းအရာလေး တစ်ခုကို ပိုနားလည်သွားအောင်
အတူတကွ လေ့လာကြည့်ရအောင်။Keyboard ကို  Computer တစ်လုံးရဲ့ Input Device
အနေနဲ့ မြင်တွေ့ရမှာပါ။ ဒါကြောင့်လည်း Keyboard တစ်လုံးမှာ Characters, Numbers
နဲ့ Special Characters တွေ ပါဝင်ပါတယ်။ ဒီတော့ Keyboard ကို အသုံးပြုပြီးတော့
မိမိရဲ့ Computer ကို ညွှန်ကြားချက်တွေ ပေးလို့ရသလို လိုအပ်တဲ့ အချက်အလက်တွေ
ကိုလည်း  Keyboard မှတဆင့်  Input အနေနဲ့  Computer အတွင်း ထည့်သွင်း
ပေးနိုင်ပါတယ်။ကဲ... ပထမဆုံး Keyboard အမျိုးအစားတွေကို လေ့လာကြည့်ရအောင်။
  ထုတ်လုပ်ခဲ့တဲ့ Motherboard ပေါ်မူတည်ပြီး  အဓိကအားဖြင့် Keyboard အမျိုးအစား
ခွဲခြားထားပါတယ်။ ပုံလေးကို အရင်ကြည့်ကြည့်ပါဦးနော်။

 

ပုံထဲမှာတွေ့ရတဲ့အတိုင်း XT keyboard, AT (Standard) နဲ့ AT (Enhanced) ဆိုပြီး (၃)
မျိုးမြင်တွေ့ရမှာပါ။ အခုလက်ရှိ အသုံးပြုနေကြတဲ့ Keyboard အမျိုးအစားတွေကတော့
AT (Enhanced) တွေပါ။ ဒီတော့ ကိုယ်အသုံးပြုနေတဲ့ Keyboard ကို ပုံထဲမှာမြင်တွေ့
ရတဲ့ အမျိုးအစားနဲ့ တူညီမှုရှိ၊မရှိ တိုက်စစ်ကြည့်ပါဦး။ အခု အမျိုးအစားတွေကို သိရပြီဆို
တော့ Keyboard မှာပါဝင်တဲ့ Key လေးတွေကို အနည်းငယ် မိတ်ဆက်ပေးချင်ပါ
တယ်။ ပုံလေးကို ဦးစွာကြည့်လိုက်ပါနော်။

ပထမဆုံး Enter key လေးကို ကြည့်ပါဦး။ မြားပုံလေးနဲ့နော်။ လိုအပ်တဲ့ စာသားတွေရေးသားပြီး 
အကြောင်းအရာတစ်ခုခုကို ရှာဖွေချင်တဲ့အခါ ၊ စာကြောင်းတစ်ကြောင်းပြီးဆုံးသွားလို့ နောက်
ထပ်တစ်ကြောင်းကူးပြောင်းချင်တဲ့အခါ စတဲ့ အခါမျိုးမှာ Enter Key ကိုသုံးဖို့လိုပါလိမ့်မယ်။
အခုဆက်လက်ပြီး ပုံမှာတွေ့ရတဲ့အတိုင်း Ctrl key နဲ့ Alt key အကြောင်းလေ့လာရအောင်။
အဲဒီ Keys လေးတွေကို အထူးအဖြင့် အတိုကောက် (Shortcuts) ခေါ်သုံးဖို့ရန် အသုံးပြုတာ
များပါတယ်။ တစ်ခါတစ်ရံ အဲဒီ Keys နှစ်ခုကို တစ်ခုချင်းစီသုံးဖို့လိုအပ်သလို၊ တစ်ခါတစ်ရံ
Keys နှစ်ခု  တစ်ပြိုင်နက်တွဲသုံးဖို့လိုအပ်တဲ့အခါ လည်းရှိပါတယ်နော်။ အထူးသဖြင့် Menu
Bar မှာပါဝင်တဲ့ File,Edit,View စတဲ့ အကြောင်းအရာလေးတွေကို Mouse ပျက်နေလို့
အဲလေ Mouse ကိုအသုံးမပြုဘဲ Keyboard နဲ့ပဲ လုပ်ဆောင်ချင်တယ်ဆိုရင်လေ မျဉ်းသား
ထားတဲ့ စာလုံးလေးတွေကို Alt နဲ့ တွဲပြီး အသုံးပြုဖို့လိုပါတယ်။ ဥပမာ- File ကိုဖွင့်ချင်တယ်
ဆိုပါစို့။ မျဉ်းသားထားတာက F ဖြစ်လို့ F + Alt တွဲပြီး နှိပ်လိုက်မယ်ဆိုရင် File နဲ့ သက်ဆိုင်
တဲ့ အကြောင်းအရာလေးတွေ ပွင့်ကျလာပါလိမ့်မယ်။ သူ့အောက်မှာရှိနေတဲ့ အကြောင်း
အရာလေးတွေကို ဆက်ပြီး ဖွင့်ချင်တယ်ဆိုရင် Ctrl နဲ့ တွဲသုံးရမှာပါ။ ဥပမာ- File အောက်က
New window ကို လိုချင်တယ်ဆိုရင် Ctrl + N ကို နှိပ်လိုက်ခြင်းဖြင့် Windows
အသစ်တစ်ခု ကျလာမှာပါ။ အခုနောက်ပိုင်း AlphaZawgyi Font ပေါ်လာတဲ့အတွက်
မြန်မာနဲ့ အင်္ဂလိပ်စာသား  အပြောင်းအလဲလုပ်ဖို့ လိုအပ်တဲ့အခါမျိုးမှာ Ctrl key နဲ့
Alt key (သို့) Shift key တွဲသုံးဖို့လိုအပ်တဲ့အခါမျိုးတွေရှိလာတတ်ပါတယ်။
 

 
နောက်တစ်ခုကတော့ Typewriter Keyboard ဆိုတာကိုလေ့လာရအောင်။ တစ်ကယ်တော့
Keyboard မှာပါဝင်တဲ့ အက္ခရာတွေက ယခင်က လက်နှိပ်စက်မှာ အသုံးပြုခဲ့တဲ့ သင်္ကေတတွေနဲ့
တူတယ်လို့ဆိုကြပါတယ်။ ဒါကြောင့် ယခင်က လက်နှိပ်စက်အသုံးပြုဖူးတဲ့သူတွေအတွက်ဆိုရင်
Keyboard အသုံးပြုရတာလွယ်တယ်လို့ ပြောကြပါတယ်။ လက်ကွက်အသုံးပြုဖို့ မခက်တော့
ဘူးလို့ သိရပါတယ်။ အခုမြင်တွေ့နေရတဲ့ Keyboard မှာဆိုရင်လည်း Characters ,
Special Characters နဲ့ Numbers တွေပါဝင်ပါတယ်။ပြီးတော့ Movement keys ဆိုတဲ့
ရွေ့လျားဖို့လိုအပ်လာတဲ့အခါမျိုးမှာ အသုံးပြုဖို့ မြားလေးတွေ ပါဝင်ပါတယ်။ အဲဒီ Keys
လေးတွေကို Up/Down arrows နဲ့ Left/Right arrows လို့ခေါ်ပါတယ်။ CMOS Setup
Utility သင်ခန်းစာမှာတုန်းကလည်း လေ့လာခဲ့ရတယ်နော်။ Item နဲ့ Menu ကိုရွေးချယ်တဲ့
အခါမျိုးမှာလည်း အဲဒီ arrows လေးတွေကိုအသုံးပြုရမယ်ဆိုတာလေ။ မှတ်မိကြမှာပါ။
တစ်ကယ်လို့ မမှတ်မိတော့ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ အခုသိသွားပြီပေါ့နော်။
Numeric Keypad ဆိုတာကတော့ အားလုံးသိကြပြီးသားပါ။ ကိန်းဂဏန်းတွေ  ရိုက်ထည့်ဖို့
လိုအပ်လာတဲ့ အခါမျိုးမှာ Num Lock ဆိုတဲ့ Key လေးကိုနှိပ်ပြီး အသုံးပြုလို့ရပါပြီ။
Function keys လေးတွေ ဆိုတော့ F နဲ့ စထားတယ်ပေါ့။ ဟုတ်ဘူးလား။ စာဖတ်ရတာ
ပျင်းနေမှာ စိုးလို့ပါ။ အဲဒီ Function keys လေးတွေမှာလည်း သူ့နေရာနဲ့သူ အသုံးဝင်တာ
မို့ လစ်လျူမရှုလိုက်ပါနဲ့ဦးနော်။ တစ်ခါတစ်ရံ Function key ချည်းပဲသီးသန့် အသုံးပြုလို့ရ
တာရှိသလို တစ်ခါတစ်ရံ Ctrl key နဲ့ Alt key တို့တွဲလျက်အသုံးပြုရတဲ့အခါမျိုးလည်းရှိပါ
တယ်။ အခု Function key တစ်ခုစီအကြောင်းအနည်းငယ် ပြောပြချင်ပါတယ်။
(၁) F1  key လေးကို နှိပ်လိုက်မယ်ဆိုရင် ဘယ် Program မှာမဆို Help and support
ဆိုတဲ့ အကူအညီပေးမယ့် Page လေးကျလာပါလိမ့်မယ်။  အဲဒီ F1 key လေးကိုပဲ
Windows key နဲ့ တွဲပြီး နှိပ်မယ်ဆိုရင်လည်း help and support ဆိုတဲ့ Page
လေးပွင့်ကျလာပါလိမ့်မယ်။ (၂) F2 key လေးကို နှိပ်လိုက်ရင်တော့ သူက နာမည်ပြောင်းတဲ့
အလုပ်ကိုလုပ်ဆောင်ပေးပါလိမ့်မယ်။ ဥပမာ- Fire လို့ အမည်ပေးထားတဲ့ Folder လေးတစ်ခုကို
နာမည်ပြန်ပြောင်းချင်တယ်ဆိုရင် အဲဒီ Folder လေးကို Mouse နဲ့ Click တစ်ချက်နှိပ်ပြီး F2
နှိပ်လိုက်မယ်ဆိုပါက နာမည်ပြောင်းလို့ရအောင် အလိုလို Cursor ချပြီးသားဖြစ်နေပါလိမ့်မယ်။
အဲ... နောက်ပြီး အဲဒီ F2 ကို Microsoft Word မှာလည်းအသုံးပြုပါသေးတယ်။
Microsoft Word အသုံးပြုနေတုန်း Print Preview ကြည့်ချင်တယ်ဆိုရင် Ctrl +
F2 နှိပ်လို့ရပြီး New Document  ဖွင့်ချင်တယ်ဆိုရင် လည်း Alt+Ctrl+F2 တွဲပြီး
နှိပ်လို့ရပါတယ်။ (၃) F3 နှိပ်လိုက်ရင်တော့ Search ဆိုတဲ့ ရှာဖွေခြင်းနဲ့သက်ဆိုင်တဲ့ Box
လေးကျလာပါလိမ့်မယ်။ အဲ.. ဒီ F3 မှာလည်း Microsoft Word အသုံးပြုတဲ့အခါ တွဲသုံး
နိုင်ပါသေးတယ်။ Microsoft Word အသုံးပြုနေတုန်း Shift+F3 တွဲနှိပ်လိုက်မယ်ဆိုရင်
ကိုယ်ရေးထားတဲ့ စာလုံးအကြီးတွေ (Upper Letter) မှ စာလုံးအသေးတွေ (Lower Letter)
ပြောင်းပေးနိုင်သလို ကိုယ်ရေးထားတဲ့ စာလုံးအသေးရဲ့ ရှေ့ဆုံးစာလုံးလေးတွေဟာ စာလုံး
အကြီး ဖြစ်သွားမှာပါ။ နားလည်လွယ်အောင် ဥပမာလေး ပေးပါရစေ။ MY NAME IS SU SU
. ဆိုပါစို့. အဲဒီ စာလုံးလေးတွေမှာ NAME ဆိုတဲ့နေရာကို Cursor ချပြီး Shift+F3 နှိပ်လိုက
်မယ်ဆိုရင် MY name IS SU SU . ဆိုပြီးဖြစ်သွားမှာပါ။ တစ်ကယ်လို့ တစ်ကြောင်းလုံးကို
အသေးပြောင်းချင်တယ်ဆိုရင် အဲဒီ စာကြောင်း တစ်ကြောင်းလုံးကို Select မှတ်ပြီး Shift+F3
နှိပ်မယ်ဆိုရင် my name is su su . ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ ဒီတော့ အစ စကားလုံးကို
အကြီး ပြန်ဖြစ်စေချင်တယ်ဆိုရင် my ဆိုတဲ့နေရာမှာ Cursor ချပြီး Shift+F3 နှိပ်လိုက်ရင်
My ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ ဒါကြောင့် Shift+F3 ဆိုတာက Microsoft Word မှာ
ရေးထားတဲ့စာလုံး အကြီးတွေကို အသေးပြောင်းပေးနိုင်သလို စာလုံးအသေးတွေရဲ့ ရှေ့
ဆုံးစာလုံးကို အကြီးပြောင်းပေးနိုင်ပါတယ်။
(၄) F4 key လေးကိုတော့ ယခင်က Find Windows တွေရဲ့ Shortcut key အနေနဲ့
အသုံးပြုခဲ့ပေမယ့် ယခုအခါမှာတော့ သီးခြားအသုံးမပြုတော့ပါဘူး။ ဒါပေမဲ့ Alt+F4
တွဲပြီးနှိပ်ရင်တော့ ဖွင့် (run) ထားတဲ့ Program ပိတ်သွားပါလိမ့်မယ်။ အလွယ်ပြော
ရရင်တော့ Alt+F4 ဆိုတာက Exit နဲ့ တူပါတယ်။ အဲ.. Ctrl+F4 ကိုနှိပ်ရင်တော့ ဖွင့်ထားတဲ့
Program မှာ အသုံးပြုနေတဲ့ အကြောင်းအရာလေးပိတ်သွားပါလိမ့်မယ်။ ပြောချင်တာက
Microsoft Word ကို အသုံးပြုနေတယ်ဆိုပါတော့။ စာရွက်အသစ်ထဲမှာ စာရေးနေရင်း
နောက်တပ်ရေးစရာ အသစ်ရှိနေတာဆိုပါစို့။ Ctrl+F4 နှိပ်လိုက်ရင် ယခုလက်ရှိ အသုံးပြုနေတဲ့
စာရွက်ကို ပိတ်လိုက်မှာမို့ Save လုပ်မှာလားလို့မေးလာပါလိမ့်မယ်။ Yes,No (သို့) Cancel
တစ်ခု ရွေးပြီး ပိတ်လိုက်လို့ရပါတယ်။ ဒါဆိုရင် လက်ရှိသုံးနေတဲ့ စာရွက်ကလေး ပျောက်သွား
ပါလိမ့်မယ်။ ဒါပေမယ့် Microsoft Word ဆိုတဲ့ Program ကတော့ မပျောက်သွားဘူးနော်။
အဲဒီ Program ကိုပါပိတ်ချင်တယ်ဆိုရင်တော့ Alt+F4 ကိုနှိပ်လိုက်ရုံပေါ့။
(၅) F5 key လေးကိုတော့ Internet browsers တွေမှာ ကိုယ်အသုံးပြုနေတဲ့ Page (သို့) 
Document တွေကို Refresh (သို့) Reload လုပ်တဲ့နေရာမှာ အသုံးပြုပါတယ်။ Microsoft
Word အသုံးပြုနေတုန်း F5 နှိပ်လိုက်ပါက Find,replace, နဲ့ go to window ဆိုတဲ့ Box
တစ်ခု ကျလာပါလိမ့်မယ်။ PowerPoint မှာဆိုရင်တော့ F5 နှိပ်လိုက်ပါက Slideshow ကို
စတင်အလုပ်လုပ်သွားပါလိမ့်မယ်နော်။ (၆) F6 key လေးကိုတော့ Internet Explorer နဲ့ 
Mozilla Firefox တွေကို အသုံးပြုတဲ့အခါ Cursor လေးကို Address bar ဆီ ရွေ့ပေးတဲ့
နေရာမှာ အသုံးပြုပါတယ်။ ဒီတော့ ကိုယ်သုံးနေတဲ့ Address ကို ပြောင်းချင်တယ်ဆိုရင်
F6 key လေးနှိပ်လာတာနဲ့ Address bar မှာ Cursor လေး အလိုလို ရောက်သွားမှာမို့
ကြိုက်နှစ်သက်ရာ Address ကို အလွယ်တကူ ပြောင်းလို့ရပါပြီနော်။ (၇) F7 key လေး
ကတော့ စာလုံးပေါင်း မှား၊ မမှားစစ်ဆေးပေးပါတယ်။ အထူးသဖြင့် Microsoft Word ,
Outlook စတဲ့ Program တွေမှာ ရေးသားထားတဲ့ စာတွေ မှန်ကန်မှုရှိ၊ မရှိ စစ်ဆေးချင်
တယ်ဆိုရင် F7 key ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Microsoft word မှာပဲ ရေးသားထားတ
စာတွေထဲမှ သိချင်တဲ့ စာလုံးကို Select (သို့) HighLight လုပ်ပြီး Shift+F7 နှိပ်လိုက်မယ်
ဆိုရင် Thesaurus ဆိုတဲ့ Box လေးကျလာမှာပါ။ Mozilla Firefox ကိုသုံးနေစဉ် F7 နှိပ်
လိုက်ပါက Caret browsing ကို on/off ရွေးချယ်ဖို့ Yes/No နဲ့ သက်ဆိုင်တဲ့ Box တစ်ခု
ကျလာပါလိမ့်မယ်။
(၈) F8 ကိုတော့ Windows startup menu ထဲဝင်တဲ့အခါမှာ သုံးသလို Windows
Safe Mode ထဲဝင်ချင်ရင်လည်း အသုံးပြုလို့ရပါတယ်။
(၉) F9 ကို နှိပ်ရင်တော့ Quark 5.0 မှာ Measurements toolbar ပွင့်လာဖို့ အသုံးပြုပါတယ်။
(၁၀) F10 ကိုနှိပ်ခြင်းဖြင့် မိမိဖွင့်ထားတဲ့ Application (Program) ရဲ့ Menu bar လေးကို 
အလိုအလျောက် ရောက်ရှိသွားမှာပါ။ ဒီတော့ Microsoft Word အသုံးပြုနေစဉ် F10 နှိပ်လိုက်ပါက
Menu Bar ဆီ HighLight အလိုအလျောက် ဖြစ်သွားပါလိမ့်မယ်။  မိမိ Select လုပ်ထားတဲ့
နေရာမှာ Shift+F10 တွဲနှိပ်လိုက်ရင်တော့ Right Click အလိုလို နှိပ်ပြီးသားဖြစ်နေပါလိမ့်မယ်။
ဒါကြောင့် Shift+F10 ကို  Right Click နှိပ်ချင်ရင် အသုံးပြုလို့ရပါတယ်။
(၁၁) F11 ကို Internet Browsers မှာ Full-Screen အနေနဲ့ Screen အပြည့်ကြည့်ချင်တဲ့
အခါတွေမှာ သုံးပါတယ်။
(၁၂) F12 ကိုတော့ Microsoft Word မှာ Save as ဆိုတဲ့ window ပေါ်ချင်ရင် နှိပ်လို့ရသလို၊
Microsoft Word Document ကို သိမ်း (Save) ချင်ရင်တော့ Shift+F12 ကိုတွဲလျက်နှိပ်ပြီး
အသုံးပြုလို့ရပါတယ်။ Microsoft Word ကို အသုံးပြုနေစဉ် Print ထုတ်ချင်လာတယ်ဆိုပါစို့။
အဲဒီ အခါ Ctrl + Shift + F12 တွဲပြီး နှိပ်လိုက်နော်။
ကဲ... အခုလောက်ဆိုရင်တော့ Function keys လေးတွေအကြောင်း သိသင့်သလောက်တော့
သိရပါပြီပေါ့။ ပုံထဲမှာ တွေ့ရတဲ့ Break key ဆိုတာက စက်ကိုဖွင့်ဖွင့်ချင်း ROM BIOS
အလုပ်လုပ်တဲ့ အရာတွေကို လေ့လာချင်တယ်ဆိုရင်၊ ဒါမှမဟုတ် မိမိစက်အတွင်း
အသုံးပြုထားတဲ့ Devices တွေရဲ့ အမျိုးအမည်နဲ့ Memory တွေကို သိချင်တယ်ဆိုရင်
Break key လေးကို နှိပ်လိုက်ပါက မိမိစက်ခတ္တရပ်ဆိုင်းသွားပြီး  မိမိလေ့လာချင်တဲ့
အကြောင်းအရာလေးတွေကို လေ့လာလို့ရပါလိမ့်မယ်။


တီထွင်ဆန်းသစ်မှုတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ Wireless Keyboard ဆိုပြီး ကြိုး
အသုံးပြုဖို့မလိုတဲ့ ကြိုးမဲ့  Keyboard တွေကို တီထွင်ခဲ့ကြပါတယ်။ တစ်ချို့တွေက အဲဒီ Wireless
Keyboard တွေကိုအသုံးပြုကြသော်လည်း အချို့တွေကတော့ ရိုးရိုးကြိုးနဲ့ အသုံးပြုရတဲ့ Keyboard တွေကို အသုံးပြုနေကြပါသေးတယ်။ Wireless Keyboard တွေကို ဗဟုသုတ အနေနဲ့ ပုံလေးကို လေ့လာကြည့်ပါဦး။ 

ဒီလောက်ဆိုရင် Keyboard အကြောင်းကို အတော်လေးသိရှိလာပြီမို့ ဒီနေရာမှာပဲ ရပ်နားလိုက်ပါတော့မယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။
................................



Intel Core i7 အကြောင်း



Hardware - Hardware
Sunday, 16 August 2009 01:07

Intel Core i7 ဟာ များပြားလှတဲ့ Intel Desktop 64-bit x86-64 processor တွေထဲက တစ်မျိုးဖြစ်ပြီး၊
ပထမဦးဆုံး Processor ကို Intel Nehalem Microarchitecture နည်းပညာကို အသုံးပြုပြီး
ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Intel Core i7 ဟာ Intel Core 2 ရဲ့ Successor လို့ ပြောရင်
လည်း မမှားပါဘူး။ လက်ရှိထုတ်လုပ်ထားတဲ့ Core Model (၃)မျိုးစလုံးဟာ Quad-Core
Processor များ ဖြစ်ကြသလို၊ နောက်ထပ်ထုတ်လုပ်မယ့် Model (၂)မျိုးဟာလည်း Quad-
Core Processor အမျိုးအစားများပဲ ဖြစ်ပါတယ်။ Core i7 ကို အသုံးပြုထားတဲ့ Processor
ရဲ့ Codename ကိုတော့ Bloomfield လို့ သတ်မှတ်ထားကြပါတယ်။ Core i7 ကို ထုတ်လုပ်ဖို့
အတွက် ပဏမအဆင့်အနေနဲ့ ပထမဦးဆုံး တွေ့ဆုံမှုကို Costa Rica ပြည်နယ်မှာ ပြုလုပ်ခဲ့ကြပြီး၊
တကယ်တမ်း တရားဝင်ထုတ်လုပ်မှုကိုတော့ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စတင်
အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ Core i7 ကို Arizona ပြည်နယ်၊ New Mexico နဲ့
Oregon ပြည်နယ်တို့ကနေ စတင်ထုတ်လုပ်ဖြန့်ချီခဲ့တာဖြစ်ပြီး၊ အဲဒီလို ထုတ်လုပ်ဖြန့်ချီနေတဲ့
အချိန်မှာ Origon ဟာ နောက်ထပ် Generation တစ်ခုဖြစ်တဲ့ 32 nm ပေါ်အခြေခံထားသော
Processorနောက်တစ်မျိုးကို ထပ်မံထုတ်လုပ်ဖို့အတွက်တောင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

Bloomfield

Bloomfield ဟာ Intel မှ ထုတ်လုပ်ရောင်းချခဲ့တဲ့ Xeon 35xx နဲ့ Core i7-9xx Desktop
Processor တို့ရဲ့ Codename တစ်ခုဖြစ်ပါတယ်။ ၎င်း Desktop Processor နှစ်ခုဟာ
စွမ်းဆောင်ရည်မြင့်မားပြီး၊ တစ်ခုနဲ့တစ်ခုလည်း စွမ်းဆောင်ရည်ချင်း သိပ်မကွာပဲ အားလုံးနီးပါး
လောက် ထပ်တူကျကြပါတယ်။ ပြီးတော့ ဒီ Desktop Processor (Bloomfield) တွေဟာ
အရင်က ထုတ်လုပ်ခဲ့တဲ့ Yorkfield Processor တွေရဲ့နေရာမှာ အစားထိုးနိုင်မယ့် CPU
တွေ ဖြစ်ပါတယ်။ ၎င်း Bloomfield Core ဟာ Dual-Processor Gainestown နဲ့လည်း
အတော်ဆင်တူပါတယ်။ Bloomfield နဲ့ စွမ်းဆောင်ရည်အရမ်းမမြင့်သလို၊ သိပ်လည်း
မနိမ့်တဲ့ အလယ်အလတ်တန်းစား Lynnfield/ Mobile Clarksfield တို့ဟာ QPI Links
မရှိတာနဲ့ Model ချင်း ကွာတာက လွဲရင် 45 nm Nehalem Microarchitecture ပေါ်မှာ
အခြေခံပြီး ပြုလုပ်ထားတဲ့ Quad-Core Processor ဖြစ်တာခြင်းကတော့ အတူတူပါပဲဗျာ။
Bloomfield မှာ Yorkfield Processor နေရာကို အစားထိုးနိုင်တဲ့ စွမ်းဆောင်ရည်တွေနဲ့
Feature တွေ အများအပြားပါရှိပါတယ်။ အဲဒါတွေကို အခုပြောပြပါမယ်။    
-LGA 1366 Socket အသစ်ဟာ အရင်က ထုတ်လုပ်ခဲ့တဲ့ Processor တွေမှာ အဆင်မ
ပြေလှပေမယ့် Bloomfield မှာတော့ ကောင်းစွာ အသုံးပြုနိုင်ပါတယ်။
-On-die Memory Controller: On-die Memory Controller အမျိုးအစားဖြစ်ပါတယ်။
ဆိုလိုချင်တာက Memory ဟာ Processor ကို တိုက်ရိုက်ဆက်သွယ်နိုင်စွမ်းရှိပါတယ်။
အဲဒီလို ဆက်သွယ်နိုင်တဲ့အပိုင်းကို Uncore Part လို့ ခေါ်ပါတယ်။ ပြီးတော့ Execution
Core တွေကိုလည်း မတူညီတဲ့ Clock Rate (အဲ... ပြောရရင်တော့ Uncore Clock Rate
တွေပေါ့..) တွေမှာ အလုပ်လုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။
*Three Channel Memory: Memory Channel (၃)ခုပါရှိပြီး၊ အဲဒီ Memory Channel
အသီးသီးဟာ DDR3 DIMM တစ်ခု၊ ဒါမှမဟုတ် နှစ်ခုကို ထောက်ပံ့ပေးနိုင်ပါတယ်..။
Bloomfield အတွက် ပြုလုပ်ထားတဲ့ Motherboard တွေမှာ ယေဘုယျအားဖြင့်
DIMM Slots (၃)ခု၊ (၄)ခု(3+1) ၊ ဒါမှမဟုတ် (၆)ခုအထိ ပါတတ်ပါတယ်။
*ပြီးတော့ ၎င်းဟာ DDR3 Memory တစ်မျိုးထဲကိုပဲ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။
- Motherboard ၌ Quick Path Interconnect ကို ထောက်ပံ့ပေးနိုင်စွမ်းရှိတဲ့ Chipset
တစ်ခုပါဝင်နေပြီး အဲဒီ Intel QuickPath Interconnect Interface အားဖြင့် Front
Side Bus ကို Replace လုပ်ပေးထားပါတယ်။    
-Single-die Device: Memory Controller ၊ Core (၄)ခုစလုံးနဲ့၊ Cache အားလုံးဟာ
Single-die ပေါ်မှာပဲ ရှိကြတာ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီ Single -die ဆိုတာကလည်း
Yorkfield Processor မှာပါတဲ့ Dual-Core dies နှစ်ခုရှိတဲ့ Multi Chip Module ရဲ့
နေရာမှာ အစားထိုးမယ့် ကောင်ပဲ ဖြစ်ပါတယ်။
-Core အားလုံးအတွက် Clock Rate ကို ယေဘုယျအားဖြင့် 133 MHz လို့ သတ်မှတ်ပေး
ထားကြပေမယ့် Bloomfiled မှာတော့ "Turbo Boost" Technology ကို အသုံးပြုပြီး
Core အားလုံးအတွက် Clock Rate ကို သတ်မှတ်ထားတဲ့ 133 MHz ထက် ကျော်
လွန်သတ်မှတ်ပေးနိုင်စွမ်းရှိပါတယ်။
- Re-Implemented Hyper-threading: Hyper-Threading အမျိုးအစား ဖြစ်ပါတယ်။
ဆိုလိုချင်တာက Core လေးခုစလုံးမှာ Core တစ်ခုချင်းစီဟာ Thread နှစ်ခုနဲ့ အထက်က
ို တစ်ပြိုင်နက်တည်း အလုပ်လုပ်ဆောင် ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် Bloomfield
Processor ဟာ အတွင်းပိုင်းမှာ CPU 8 လုံးစာ စွမ်းဆောင်ရည်ရှိတယ်လို့ ထင်ရပါတယ်။
အဲဒီလို စွမ်းဆောင်ရည်မျိုးဟာ ဟိုအရင်က ထုတ်လုပ်ခဲ့ဖူးတဲ့ NetBurst
Microarchitecture မှာလည်း ပါရှိခဲ့ဖူးပါတယ်။    
-Only One QuickPath Interface: QuickPath Interface တစ်ခုပဲ ပါရှိပါတယ်။
ဒါကြောင့် Multi-Processor Motherboard တွေအတွက် အသုံးပြုလို့ မရနိုင်ပါဘူး။
-စောစောက ပြောခဲ့သလိုပဲ..နည်းပညာအားဖြင့်တော့ ၎င်း Bloomfield ဟာ 45
nm Process Technology အမျိုးအစားဖြစ်ပါတယ်။
-731 Million Transistors ပါဝင်ပါတယ်။ ဒါ့အပြင်....Die Size ကလည်း 263
mm2 ဖြစ်ပါတယ်။
- ရှုပ်ထွေးတဲ့ စွမ်းအင်ချုပ်ထိန်းမှုကိုလည်း အသုံးမပြုတဲ့ Core အတွင်းမှာ Zero-Power
Mode ပုံစံနဲ့ ထားနိုင်ပါတယ်။
- နောက်ဆုံးအချက်အနေနဲ့ကတော့- Bloomfield Processor ဟာ SSE4.2 & SSE4.
1 Instruction Set တွေအတွက်ကိုလည်း ထောက်ပံ့ပေးနိုင်စွမ်းရှိပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ Bloomfield မှာပါဝင်တဲ့ Feature တွေအကြောင်းကို ပြည့်ပြည့်
စုံစုံ သိလောက်ပြီလို့ ထင်ပါတယ်။ ဒါကြောင့် Core i7 ဆိုတဲ့ ခေါင်းစဉ်အောက်က
ဒီဆောင်းပါးလေးကိုတော့ ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါတော့မယ်နော်။
......................................

Volatile and Non Volatile Memory



Hardware - Hardware
Sunday, 16 August 2009 03:52
Computer တစ်လုံးအတွက် Memory ဆိုတဲ့ Device ဟာ မရှိ  မဖြစ်လိုအပ်တဲ့ အရာတစ်ခုပါပဲ။
အဲဒီလို Computer တစ်လုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ Computer Memory ရဲ့ အကြောင်းကို
အခုပြောပြချင်ပါတယ်။ Memory ဆိုတာကို လွယ်လွယ်ကူကူဘာသာပြန်မယ်ဆိုရင်တော့
မှတ်ဥာဏ်ပေါ့ဗျာ။အဲ Computer Terms အနေနဲ့ ကြည့်မယ်ဆိုရင်တော့ Memory
ဆိုတာဟာ Storage Device တစ်ခုပါပဲ။ Data တွေ၊ Information တွေကို ယာယီအား
ဖြင့်သော်လည်းကောင်း၊ အမြဲတမ်း မပျောက်ပျက်အောင်သော်လည်းကောင်း သိမ်းထားနိုင်တဲ့
နေရာတစ်ခုဖြစ်ပါတယ်။ Computer ဟာ Informations တွေကို Binary Code (0/1) နဲ့
ကိုယ်စားပြုဖော်ပြပေးတာ ဖြစ်ပါတယ်။ အဲဒီ Binary Digit တွေ၊ တစ်နည်းအားဖြင့် bit တွေကို
ဘယ်လို Physical System မှာမဆို သိမ်းဆည်းထားနိုင်ပါတယ်။ အဲဒီလို သိမ်းဆည်းပေးနိုင်တဲ့
System ကို Bistable လို့ ခေါ်ပါတယ်။ ယနေ့ခေတ် Capacitor နဲ့ Transistors တွေမှာ
အလွန်အမင်းသေးငယ်တဲ့ Electrical Switch တွေ ပါဝင်ပါတယ်။ အဲဒီ Electrical Switch
လေးတွေကို ယာယီသိမ်းဆည်းမှု ပြုလုပ်တဲ့ နေရာတွေမှာ အသုံးပြုကြပြီး အခြား Magnetic
Coating တွေပါတဲ့ Disk (သို့) Tape တွေ၊ ဒါမှမဟုတ် Pits လေးတွေ အများကြီးပါတဲ့
Plastic Discs တွေကိုတော့ အချိန်အကြာကြီး သိမ်းဆည်းမှုပြုလုပ်ချင်တဲ့ နေရာတွေမှာ
အသုံးပြုကြတာ ဖြစ်ပါတယ်။
Computer Memory ကို Semiconductor Technology အသုံးပြုပြီး ထုတ်လုပ်ဖို့
ရည်ရွယ်ရတဲ့ အကြောင်းအရင်းကတော့ Data တွေ၊ Informations တွေကို Electronic
Devices တွေပေါ်မှာ သိမ်းဆည်းချင်တဲ့ အတွက်ကြောင့်ပါပဲ။ အခု အသုံးပြုနေကြတဲ့
Computer Memory တွေကတော့ Silicon-Based Transistors တွေပါဝင်တဲ့
Circuit တွေကို ပေါင်းစပ်အသုံးပြုထားကြတာ ဖြစ်ပါတယ်။ Memory ကို အမျိုးအစား
အားဖြင့် Volatile နဲ့ Non-Volatile ရယ်လို့ နှစ်မျိုး ခွဲခြားနိုင်ပါတယ်။

Volatile Memory

Volatile Memory ဆိုတာဟာလည်း Computer Memory တစ်မျိုးပါပဲ။ ဒါပေမယ့်
Volatile ဆိုတဲ့အတိုင်းပဲ မှတ်ဥာဏ်/Data တွေကို ကြာရှည်သိမ်းဆည်းထားနိုင်စွမ်းမရှိတဲ့
ကောင်မျိုးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၎င်း Volatile Memory ဟာ Data တွေ၊
Information တွေကို သိမ်းဆည်းဖို့ရန်အတွက် လျှပ်စစ်စွမ်းအင် လိုအပ်ပါတယ်။ ကိုယ်က
Data တွေကို ဘယ်လိုပဲ သိမ်းထား၊သိမ်းထား Memory ဟာ Power Off လိုက်တာနဲ့
ကိုယ်သိမ်းထားသမျှ Data တွေဟာ ကျိန်းသေပေါက် ပျောက်ဆုံးသွားမှာပါပဲ။ အခုလက်ရှိ
အသုံးပြုနေတဲ့ Semiconductor Volatile Memory နည်းပညာတွေကို Static RAM (SRAM)
နဲ့ Dynamic RAM(DRAM) နှစ်မျိုးစလုံးမှာ တွေ့မြင်နိုင်ပါတယ်။ Static RAM ဟာ
Data Remanences ဖြစ်တာတော့ မှန်ပါတယ်။ ဒါပေမယ့် ၎င်း Memory ဟာ Power
Off လိုက်ပြီဆိုတာနဲ့ ၎င်းထဲမှာ သိမ်းထားတဲ့ Data တွေဟာ ပျောက်ဆုံးသွားတတ်ပြီး
Volatile Stage ကို ရောက်ရှိသွားတတ်ပါတယ်။ အဲဒီနေရာမှာ Dynamic Memory
(DRAM) ကကျတော့ Refresh မလုပ်ဘဲနဲ့ Data တွေ အလိုအလျောက် ပျောက်ဆုံး
သွားခြင်းမျိုး မဖြစ်စေနိုင်ပါဘူး။ SRAM နဲ့ DRAM ကို ပိုပြီး ပြည့်စုံကောင်းမွန်စေဖို့အတွက်
နောက်ပိုင်းထပ်ထွက်လာတဲ့ Volatile Memory နည်းပညာတွေဟာ Z-RAM, TTRAM နဲ့
A-RAM တွေမှာပါ ပါဝင်လာကြပါပြီ။

Non-Volatile Memory

ဒီတစ်ခါတော့ Non-Volatile Memory ရဲ့ အကြောင်းကို ဆက်ပြောပြချင်ပါတယ်။ Volatile
ဆိုတာဟာ ပျောက်ပျက်သွားတဲ့ အဓိပ္ပါယ်ရရင် Non-Volatile ဆိုတာကတော့ ၎င်းနဲ့ဆန့်ကျင်
ဘက်ပဲပေါ့ဗျာ။ ဟုတ်ပါတယ်။ Non-Volatile ဆိုတာဟာ Memory ကို Power Off လိုက်မယ်
ဆိုရင်တောင် (ဥပမာ- အကြောင်းတစ်စုံတစ်ရာကြောင့် Power off ဖြစ်သွားခဲ့မယ်ဆိုရင်တောင်)
ကိုယ်သိမ်းထားတဲ့ Data တွေကို မပျောက်မပျက်အောင် ထိန်းသိမ်းနိုင်စွမ်းရှိတဲ့ Computer
Memory တစ်မျိုးပါပဲ။ Non-Volatile Memory အမျိုးအစားတွေထဲမှာ Read-Only-Memory
(ROM) ၊ Flash Memory ၊ Optical Disc တွေ Magnetic Computer Storage Devices
အများစုဖြစ်ကြတဲ့ Harddisk တွေ၊ Floppy နဲ့ Mangetic Tape တွေ စသဖြင့် ပါဝင်ကြပါတယ်။
နောက်ပိုင်းထွက်ပေါ်လာတဲ့ FeRAM ၊ CBRAM ၊ PRAM ၊ SONOS ၊ RRAM၊ Racetrack
Memory ၊ NRAM နဲ့ Millipede တို့မှာလည်း Non-Volatile Memory နည်းပညာတွေ
ပေါင်းစပ်ပါဝင်လာကြပြီ ဖြစ်ပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ စာဖတ်ပရိသတ်ကြီးလည်း Computer ရဲ့ Memory နဲ့ ပတ်သက်တဲ့
အကြောင်းအရာတွေကို အနည်းနဲ့အများတော့ နားလည်သဘောပေါက်ကြရောပေါ့။ ဒါကြောင့်
Computer Memory ဆိုတဲ့ ခေါင်းစဉ်အောက်က ဒီဆောင်းပါးလေးကို ဒီနေရာမှာပဲ
အဆုံးသတ်လိုက်ပါတော့မယ်နော်။
......................................



မြန်မာစံတော်ချိန်
 
ပြက္ခဒိန်
 
အခုဝင်ရောက်ကြည့်ရှူနေသူ
 
widgeo.net
 
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free