Iphone
မင်္ဂလာပါ iPod ပိတ်သတ်ကြီးရေ..
ကျွန်တော် iPod Touch အတွက် Firmware 3.0 အလကားယူနည်း၊ redsn0w နဲ့ Jailbreak လုပ်နည်းနဲ့ Crack App တွေ install လုပ်နည်း စတဲ့ iPod user တွေ သိသင့်တဲ့ အချက်တွေကို အသေးစိတ် ရေးထားပါတယ်။
ps. iPhone user တွေအတွက်လဲ တစ်ချို့အပိုင်းတွေက အထောက်အကူ ဖြစ်မှာပါ။ =)
JUST A WARNING THAT FROM STARTING BELOW THIS WARNING, YOU ARE ABOUT TO FOLLOW THE GUIDE AT YOUR OWN RISK. I SHALL TAKE NO RESPONSIBILITIES IF YOU MAY HARM YOUR IPOD/IPHONE BY FOLLOWING THE GUIDE. DEAL?
OK, NOW YOU GOT A GO.
————————————————————-
Jailbreak လုပ်ဖို့အတွက် လိုအပ်တာတွေ  ပြင်ဆင်ရပါမယ်။
၁. iTunes ကို version 8.1 ဖြစ်အောင် Update လုပ်လိုက်ပါ။ [iTunes Download Link]
၂. iPod Touch အတွက် iPod Touch OS firmware 3.0 ကို download လုပ်ရပါမယ်။ [Firmware 3.0 Download Link] [Mirror Link on Softpedia]
၃. Jailbreak လုပ်ဖို့ Dev team ရဲ့ redsn0w လို့ခေါ်တဲ့ tool ကို download လုပ်ပါ။ [Download redsn0w (ZIP) || (Torrent)]
Jailbreak မလုပ်ခင်မှာ ကိုယ့်ရဲ့ data တွေကို backup လုပ်ထားသင့်ပါတယ်။ iTunes နဲ့ iPod ကို ချိတ်ပြီး right click > backup ဆိုရင် iPod ထဲက settings တွေကို Backup လုပ်ပေးပါမယ်။ သီချင်းတွေကို backup လုပ်ချင်ရင် အောက်မှာ ပေးထားတဲ့ software နဲ့ လုပ်လို့ရပါတယ်။
—————————————-
Upgrade to OS 3.0

iPod က Firmware 3.0 မဖြစ်သေးရင် အရင်ဆုံး upgrade လုပ်ပေးရပါမယ်။  iPod ကို backup အရင် လုပ်ထားဖို့ မမေ့ပါနဲ့။
၁. iPod ကို PC နဲ့ ချိတ်ပြီး iTunes ကို ဖွင့်လိုက်ပါ။
၂. ဘယ်ဖက်က menu ကနေ iPod ကို ရွေးလိုက်ပြီးတော့ “Restore” ဆိုတဲ့ ခလုပ်ကို Shift ကို ဖိထားရင်း click နှိပ်လိုက်ပါ။
iTunes1
၃. Upgrade လုပ်တာ ပြီးသွားတဲ့အထိ စောင့်ပါ။
—————————————-
Jailbreaking
၁. Download လုပ်ထားတဲ့ firmware ကို သိသာထင်ရှားတဲ့ နေရာမှာ ထားလိုက်ပါ။ ဥပမာ Desktop လိုနေရာမျိုး။
၂. iPod ကို ပိတ်လိုက်ပါ။ (Power ခလုပ်ကို ဖိထားပြီး Slide to power off ပေါ်လာရင် slide လုပ်လိုက်ပါ။)
၃. iPod လုံးဝ ပိတ်သွားတာ သေချာရင် PC နဲ့ usb cable ကို သုံးပြီး connect လုပ်ပါ။
၎. redsn0w ကို run ပြီးရင်…
၅. “Browse” ကို နှိပ်လိုက်ပါ
redsnow1
The initial menu of redsn0w. Click browse.
၆. Download လုပ်ထားတဲ့ firmware ဖိုင်ကို browse လုပ်ပေးရပါမယ်။ Jailbreak data ကို patch လုပ်ပေးဖို့ပါ။
redsnow2
Browse for the downloaded iPod Touch OS 3.0 firmware
၇. ဒီအဆင့်မှာ Internet connection ရှိဖို့လိုပါတယ်။
redsnow3
Let the redsn0w do the patching to firmware
၈. Repo installer တွေဖြစ်တဲ့ Cydia နဲ့ Icy ကို ရွေးပေးရတဲ့ option ကို တွေ့ရင် Cydia ကိုပဲ ရွေးပေးလိုက်ပါ။ (Icy ကို နောက်မှ Cydia ကနေ install လို့ရပါတယ်)။ ပြီးရင် Next သွားလိုက်ပါ။
redsnow4
Its ok to select "Cydia" at this time
Important!
ဒီအဆင့်က Jailbreak လုပ်တဲ့ နေရာမှာ အရေးကြီးဆုံး အဆင့်ပါ။ ခုနက patch လုပ်ထားတဲ့ firmware ကို iPod ထဲကို သွင်းဖို့ iPod ကို DFU(Device Firmware Upgrade) ဒါမှမဟုတ် Debug mode ဖြစ်အောင် လုပ်ပေးရပါတယ်။
1. အဲဒီလိုလုပ်ဖို့အတွက် iPod ကို အရင်ဆုံး ပိတ်ရပါမယ်။ ပြီးရင် အပေါ်က power button ကို ၃ စကဿကန့်နှိပ်ထားပါ၊
2. power button ကို မလွှတ်သေးပဲ Home button ကိုပါ ထပ်ပြီး ၁၀ စကဿကန့် ဖိထားလိုက်ပါ။
3. ၁၀ စကဿကန့်ပြည့်သွားရင် power button ကို ဖိထားတာပဲ လွှတ်ပေးလိုက်ပြီးhome button ကို ဆက်ပြီး ဖိထားလိုက်ပါ။
4. ဒါဆိုရင် iPod က dfu mode ထဲကို ၀င်သွားပါပြီ။ အကြံပေးချင်တာက ခလုပ်တွေကို နှိပ်နေတဲ့အချိန်မှာ PC က speaker ကို အသံဖွင့်ထားပေးပါ။ အဆင့် တစ်ဆင့်နဲ့ တစ်ဆင့် ပြောင်းသွားတဲ့အချိန်မှာ အသံကြားရပါလိမ့်မယ်။
၉. redsn0w က ipod ကို dfu mode ထဲကို ၀င်ဖို့ guide လုပ်ပေးပါမယ်။ guide အတိုင်း လိုက်လုပ်သွားလိုက်ပါ။ အကယ်လို့ dfu ထဲကို မ၀င်သွားခဲ့ရင် ပြသဿသနာ မရှိပါဘူး။ အဆင့် ၁ ကနေသာ ပြန်စလိုက်ပါ။
redsnow6
DFU mode, the tricky part.
၁၀. redsn0w က jailbreak လုပ်ထားတဲ့ firmware ကို ipod ထဲကို စပြီး install လုပ်ပါလိမ့်မယ်။ ဒီအဆင့်နောက်ပိုင်းကတော့ ထိုင်ကြည့်နေရုံပါပဲ =)
redsnow7
Let it go and enjoy the show!
redsnow8
Tada~
၁၁. PC ပေါ်က redsn0w ပြီးသွားရင့် ကိုယ့် iPod မှာ ဒီလိုမျိုးတွေ ပြနေပါလိမ့်မယ်။ ဆက်သာ စောင့်ကြည့်နေလိုက်ပါ။
redsnow9
Idea inspired from Tayzar44. Though my lappy is not MB :P
၁၂. အားလုံးပြီးသွားရင် iPod က ပုံမှန်အတိုင်း Boot ပြန်တက်လာပါမယ်။ Springboard ထဲမှာ Cydia ကို install လုပ်ထားတာ တွေ့ရပါမယ်။
IMG_0055
Cydia on the Springboard
ဤတွင် Jailbreak လုပ်ချင်း ပြီး၏။ :D
——
Using Cydia
Cydia
Cydia
Cydia ဆိုတာ Jailbroken iPod အတွက် မရှိမဖြစ်လိုအပ်တဲ့ App ပါပဲ။ တင်းကျပ်တဲ့ Apple ရဲ့ rules and regulations တွေကြောင့် 3rd party developer တစ်ချို့ရဲ့ Apps တွေဟာ ကောင်းပေမယ့် Apple’s App Store မှာ ရောင်းချခွင့်/အလကား ပေးခွင့်မရှိပါဘူး။ ဥပမာ၊ iPod မှာ Home button ကို နှိပ်လိုက်ရင် iPod OS ရဲ့ native applications တွေ (MobileMusicPlayer, MobileSafari) ကလွဲလို့ ကျန်တာတွေက terminate လုပ်ရပါတယ်။ သဘောက background process အနေနဲ့ run ခွင့် မရှိပါဘူး။ နေက်ပြီး အခြား app တွေရဲ့ data ကိုလဲ ၀င်ယူတာလိုမျိုး လုပ်ခွင့်လဲ မရှိပါဘူး။ ဒီတော့ အစွမ်းထက်တဲ့ app တစ်ချို့က App store မှာ အပယ်ခံရပါတယ်။
Jay Freeman(Saurik) ရဲ့ Cydia ဆိုတာကတော့ App Store အစားထိုး သဘောမျိုးပါ။ Redsn0w နဲ့ jailbreak လုပ်ပြီးသွားရင် Cydia ကို installed လုပ်ပြီးသား အလိုအလျှောက် တွေ့ရမှာပါ။ Cydia ကို သုံးဖို့အတွက် Wireless connection တော့ လိုပါမယ်။ ပထမဦးဆုံး အကြိမ် Cydia ကို run လိုက်ရင် အောင်မှာ ပြထားသလို User Type ရွေးခိုင်းပါလိမ့်မယ်။ Recommended settings ကတော့ “User(Graphical Only)” ပေါ့။ ရွေးပြီးရင်ကြတော့ Cydia က လိုအပ်တဲ့ Install လုပ်စရာတွေကို ပြပေးပါမယ်။ Essential upgrade ကို ရွေးပေးလိုက်ပါ။
Cydia မှာ Sections, Changes, Manage နဲ့ Search ဆိုတဲ့ အဓိက နေရာ ၄ ခု ပါပါတယ်။ Sections ကတော့ Apple ရဲ့ AppStore လိုမျိုး Apps တွေကို Category အလိုက် ခွဲထားပေးပြီး ကိုယ်စိတ်ကြိုက် browse လုပ်လို့ရပါတယ်။ Changes မှာကတော့ Apps တွေရဲ့ changes တွေကို ပြထားပေးပါတယ်။ Manage ကတော့ Repo source တွေကို အသစ်ထည့်/ဖျက် တာတွေ လုပ်တဲ့နေရာ နဲ့ ကိုယ် install လုပ်ထားတဲ့ Apps တွေကို uninstall, reinstall or upgrade လုပ်လို့ရပါတယ်။
Cydia Homepage
Cydia Homepage
Cydia ကနေ ဥပမာ အနေနဲ့ App တစ်ခု Install လုပ်နည်းကို အောက်မှာ ပြထားပါတယ်။

Useful Apps from Cydia

Winterboard
Winter Board
Winter Board
iPod ကို Themes တွေ အမျိုးမျိုးနဲ့ အလှဆင်ချင်တယ်ဆိုရင် Cydia က Winterboard ကို Install လုပ်ရပါမယ်။ အဲဒီလို လုပ်ဖို့အတွက် Cydia ကို ဖွင့်လိုက်ပါ။ ပြီးရင် Features Packages ထဲကို ဝင်လိုက်ပြီးရင် Winterboard ဆိုတာကို ရွေးလိုက်ပါ။WinterBoard ကို Install လုပ်ထားရင် iPod ကို Home screen wallpapers, backgrounds, Icons, Status bar တွေကို အလှအပတွေ လုပ်လို့ရပါတယ်။
အပေါ်ညာဖက်က Install ကို နှိပ်လိုက်ပါ။
Installing WinterBoard from Cydia
Installing WinterBoard from Cydia
Confirm ကို နှိပ်လိုက်ရင် Install စပြီး လုပ်ပါလိမ့်မယ်။
Click confirm to start installing
Click confirm to start installing
Install a theme(Via Cydia)
၁. Cydia ကို ဖွင့်ပြီး Sections > Themes (SpringBoard) ကို ဝင်လိုက်ပါ။
၂. ကိုယ်ကြိုက်တဲ့ Themes ကို အပေါ်မှ ပြထားတဲ့ WinterBoard Install လုပ်တုန်းကလိုပဲ Install လိုက်ပါ။
၃. Cydia ကနေ ထွက်ပြီး WinterBoard ကို ဖွင့်လိုက်ရင် ခုနက Install လိုက်တဲ့ Themes ကို List ထဲမှာ တွေ့ရပါမယ်။ Tap လုပ်ပြီး WinterBoard ကို ထွက်လိုက်ရင် Themes ပြောင်းသွားတာ တွေ့ရပါမယ်။
The power of Winterboard
The power of Winterboard
OpenSSH
OpenSSH
iPod က Jailbroken ဖြစ်သွားတဲ့အခါကြရင် သူ့အထဲက file system တွေကို ဝင်ပြီး မွှေခွင့်ရသွားပါတယ်။ အဲဒီလို ဝင်မွှေဖို့အတွက် နည်းအမျိုးမျိုး ရှိပါတယ်။ OpenSSH ကတစ်ခုသော နည်းဖြစ်ပါတယ်။ အားသာချက်တွေ ရှိသလို အားနည်းချက်တွေလဲ ရှိပါတယ်။ ယှဉ်ပြပေးသွားပါမယ်။
OpenSSH က
  • iPod ကို ဆက်သွယ်ဖို့ USB cable မလိုပါဘူး။
  • Wireless network ပေါ်ကနေ ဝင်လို့ရပါတယ်။
  • File size ကြီးရင်တော့ file transfer လုပ်ရတာ အဆင်မပြေပါဘူး။
  • iPod ရဲ့ Battery ကို နည်းနည်း စားပါတယ်။ သူက background မှာ run နေတဲ့ အတွက်ပါ။ (Toggle on off တော့ လုပ်လို့ရပါတယ်)
ဒီတော့ OpenSSH ကို install လုပ်မယ်ဆိုရင်-
၁. ထုံးစံအတိုင်း Cydia ထဲကို ဝင်ပြီး Install လုပ်လိုက်ပါ။ ပြီးရင် သေချာအောင် iPod ကို Power ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။
၂. WinSCP ကို ဒီကနေ Download လုပ်ပါ။ (Install စရာ မလိုတဲ့ Portable version ကို recommend လုပ်ပါတယ်)
၃. WinSCP ကို Run လိုက်ရင် အောက်မှာ ပြထားသလို တွေ့ရပါမယ်။
Host name: iPod ရဲ့ IP address ကို ထည့်ရပါမယ်။ IP ကို သိချင်ရင် Settings > Wifi > Connect ဖြစ်နေတဲ့ network ဘေးက မျှားလေးကို နှိပ်လိုက်ပါ။
User name: root
Password: alpine
WinSCP lets you login to iPod's internal contents
WinSCP lets you login to iPod's internal contents
၎. Login ကိုနှိပ်လိုက်ရင် WinSCP က iPod ကို လှမ်းပြီး ချိတ်ဆက်ပါလိမ့်မယ်။ Connection ရသွားရင် အောက်မှ ပြထားသလိုမျိုး WinSCP ထဲမှာ ဘယ်ဖက်ချမ်းက PC ထဲက files တွေကို ပြပြီး ညာဖက်ချမ်းမှာတော့ iPod ရဲ့ files တွေကို တွေ့ရပါမယ်။
Files are being shown in WinSCP once connected
Files are being shown in WinSCP once connected
Total Commander
iPod ထဲကို ဝင်ဖို့ နောက်ထပ်တစ်နည်းကတော့  Total Commander(TC) ကို သုံးပြီး ဝင်တာပဲ ဖြစ်ပါတယ်။ Total Commander ကို သုံးမယ်ဆိုရင် iPod ထဲမှာ OpenSSH ထည့်ထားစရာ မလိုပါဘူး။ Total Commander ဟာ အစွမ်းထက်တဲ့ File Management Tool အဖြစ် အရင်ကတည်းက အသိများပါတယ်။ TC ကိုသုံးတာရဲ့ အားသာချက်ကတော့ USB ကြိုးနဲ့ သွားတာဖြစ်လို့ ဖိုင် အကူးနှုန်း မြန်တာပါ။ လိုအပ်တာတွေကို အောက်မှာ ပြထားပါတယ်။
၂ ခုလုံး ဆွဲပြီးသွားရင် အရင်ဆုံးအနေနဲ့ Total Commander ကို ဖွင့်လိုက်ပါ။ ပြီးရင် Total Commander ထဲကနေ ခုနက ဒေါင်းလုပ် ဆွဲထားတဲ့ T-Pot zip ဖိုင်ကို ရှာပြီးတော့ double click နှိပ်လိုက်ရင် T-pot ကို TC ထဲကို install လုပ်သွားပါလိမ့်မယ်။ iPod ကို USB ကြိုးနဲ့ တပ်ထားလိုက်ပါ။
ပြီးတဲ့အခါမှာ အောက်မှာ ပြထားသလို TC ရဲ့ ညာဖက်ခြမ်းက file တွေရဲ့ အပေါ်က directory ပြောင်းတဲ့ ခလုပ်ကို နှိပ်ပြီးတော့ “--” ဆိုတာကို ရွေးလိုက်ပါ။
tc1
အဲဒီအခါမှာ ညာဖက်ခြမ်းမှာ T-Pot ဆိုတာကို တွေ့ပါလိမ့်မယ်။ ကလစ် ၂ ခါနှိပ်ပြီး ဝင်လိုက်ရင် ipod ထဲကို ရောက်သွားပါပြီ။
tc2
tc3
Installing Cracked Apps
Cracked လုပ်ထားတဲ့ Apps တွေကို Install လုပ်တာလဲ ၂ နည်းရှိပါတယ်။ Installous ကို သုံးပြီး auto install လုပ်တာနဲ့ Appulo.us ကို သုံးပြီးတော့ Manual install လုပ်တာပါ။
Installous ဆိုတာက iPhone/iPod Touch app တစ်ခုဖြစ်ပြီးတော့ cracked app တွေကို iPod ပေါ်ကို တိုက်ရိုက် download/insall လုပ်လို့ရပါတယ်။ Installous ကို သွင်းမယ်ဆိုရင်..
၁. အင်တာနက်ချိတ်ပြီး Cydia ကို ဖွင့်ပါ။
၂. Manage > Sources > Edit > Add ကို သွားလိုက်ပြီး “http://cydia.hackulo.us” လို့ ထည့်လိုက်ပါ။
၃. ပြီးရင် search ကိုသွားပြီး installous လို့ ရိုက်ထည့်ပြီး installous ကိုရှာ။ ပြီးရင် install လုပ်လိုက်ပါ။
၎. Springboard ပေါ်မှာ installous ကို တွေ့ပါလိမ့်မယ်။
Apple ရဲ့ AppStore မှာရှိတာတွေ အကုန်လုံးနီးပါးကို Installous မှာ တွေ့ရပါမယ်။ Search ဒါမှမဟုတ် browse လုပ်ပြီး လိုချင်တဲ့ App ကို install လုပ်လို့ရပါတယ်။ ဒီလိုနည်းနဲ့ Install လုပ်ထားတဲ့ Apps တွေကတော့ update အသစ်ထွက်ရင် auto update လုပ်လို့ ရမှာ မဟုတ်ပါဘူး။
Install လုပ်ဖို့ နောက်ထပ်တစ်နည်းကတော့ PC နဲ့ Appulo.us ကို သုံးတာပါ။ အဲဒီ website ကို သွားပြီး ကိုယ်လိုချင်တဲ့ app ကို PC ထဲကို အရင် download လုပ်လိုက်ပါ။ ပြီးရင်တော့ အပေါ်မှာ ကျွန်တော် ပြထားတဲ့ SSH ဒါမှမဟုတ် Total Commander ကို သုံးပြီးတော့ download လုပ်ထားတဲ့ .ipa ဖိုင်ကို အောက်မှာ ပြထားတဲ့ directory ထဲကို ထည့်လိုက်ပါ။ ပြီးတဲ့အခါကျရင် Installous ကို ဖွင့် ပြီးတော့ download ကို သွားလိုက်ရင် ခုနက ထည့်လိုက်ရင် .ipa ကို တွေ့ရပါမယ်။ Tap လုပ်ပြီး install လုပ်လိုက်ရုံပါပဲ။
privatevarmobileLibraryDownloads
Installous က Apps တွေကို iTunes နဲ့ Sync လုပ်ချင်တယ်ဆိုရင် Cydia ကနေ AppSync for OS 3.0 ဆိုတာကို သွင်းထားသင့်ပါတယ်။
Installing SBSettings
SBSettings ကို သုံးပြီးတော့ Wifi On/off, Bluetooth,  Brightness Level စတာတွေကို Settings > အထဲကို ၀င်စရာ မလုပ်ပဲ အလွယ်တကူ နဲ့ မြန်မြန်ဆန်ဆန် access လုပ်လို့ရပါတယ်။ SBSettings လို့ Cydia မှာ ရှာပြီး သွင်းနိုင်ပါတယ်။ SBSettings ကို ခေါ်မယ်ဆိုရင်တော့ Springboard ရဲ့ အပေါ်ဖက်က နာရီနားကို လက်နဲ့ slide လုပ်လိုက်ရင် SBSettings ပေါ်လာပါလိမ့်မယ်။ SBSettings အတွက်ကိုလဲ သပ်သပ် addons တွေ ရှိပါတယ်။ ဥပမာ SSH Toggle ပါ။ OpenSSH က background process တစ်ခုဖြစ်လို့ အမြဲတမ်း run နေပြီး Battery ကို စားနေတဲ့အတွက် မသုံးတဲ့အချိန်တွေမှာဆိုရင် off လုပ်ထားလို့ရပါတယ်။ SSH Toggle for SBSettings လို့ Cydia မှာ ရှာလိုက်ပါ။
Cydelete
နောက်ဆုံးတစ်ခုကတော့ Cydelete ပါ။ Cydia ကနေ install လုပ်လိုက်တဲ့ packages(Apps) တွေကို Cydelete သွင်းထားခဲ့ရင် သာမာန် Apps တွေကို uninstall လုပ်သလိုပဲ Springboard ပေါ်မှာတင် လုပ်နိုင်ပါတယ်။ Cydelete ကိုလဲ Cydia ပေါ်မှာပဲ ရှာနိင်ပါတယ်။
—————————————————————————————————–
ဒီလောက်ဆိုရင်တော့ iPod/iPhone jailbreaking guide က တော်တော်ကို လုံလောက်သွားပါပြီ။ တစ်ချို့အသေးအဖွဲလေးတွေ ရှိနေသေးပေမယ့် အရေးသိပ်မကြီးလို့တစ်ကြောင်း နောက်ပြီး ကျွန်တော် ရေးရမှာ နည်းနည်း ပျင်းလို့က တစ်ကြောင်းကြောင့် ချန်ထားခဲ့ပါတယ်။ နောက်မှ Post သပ်သပ်နဲ့ ရေးဖို့တော့ စိတ်ကူးနေတာပါပဲ။ စမ်းကြည့်ကြပါ။ လိုအပ်တာရှိရင်လဲ ကျွန်တော် အတတ်နိုင်ဆုံး ကူညီပေးပါမယ်။ အောက်မှာကတော့ အသုံးဝင်တဲ့ website တွေရဲ့ လင့်တွေကို ရေးထားပေးပါတယ်။ Happy Jailbreaking!

မြန်မာစံတော်ချိန်
 
ပြက္ခဒိန်
 
အခုဝင်ရောက်ကြည့်ရှူနေသူ
 
widgeo.net
 
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free