All network-2
What is Server Based Network? PDF Print E-mail
User Rating: / 0
PoorBest 
Network - Network
Friday, 09 October 2009 07:53
What is Server Based Network?
Computer တွေတစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်အသုံးပြုတော့ မယ်ဆိုရင် အသုံးပြုနိုင်တဲ့ အမျိုးအစား(၂) မျိုးရှိပါတယ်။ ဘာတွေလဲဆိုတော့ Peer to Peer
(Workgroup) Network နဲ့ Server Based Network တို့ဖြစ်ပါတယ်။ Workgroup Network မှာဆိုရင်တော့ Computer တွေ( User တွေဟာ) တန်းတူရည်တု အခွင့်အရေးရ
ကြတာပါ။ User တွေတစ်ယောက်နဲ့တစ်ယောက် ထိန်းချုပ်လို့မရပါဘူး။  ဆိုလိုတာက User တစ်ယောက်ကို အခြားတစ်ယောက်ကနေ Control  လုပ်လို့မရပါဘူး။ Workgroup
အတွင်းမှာရှိတဲ့ Computer အားလုံးဟာ အခြား Computer အတွင်းမှာရှိတဲ့ Resources တွေကို Access လုပ်နိုင်ဖို့ တောင်းခံတဲ့သူ (Request လုပ်သူ) လည်းဖြစ်နိုင်သလို အခြား
Computer က မိမိ Computer အတွင်းမှာရှိတဲ့ Resources တွေကို Access လုပ်နိုင်ရန်တောင်းခံလာတဲ့ အချိန်မှာလည်း ပံ့ပိုးပေးသူ (Response လုပ်သူ) လည်းဖြစ်နိုင်ပါတယ်။
Server Based Network  ဆိုတာကကျတော့ အဲဒီလိုမဟုတ်ပါဘူး။ သူကကျတော့ Centralized Management (ဗဟိုထိန်းချုပ်မှုစနစ်) ကို အသုံးပြုထားတာပါ။ Network
တစ်ခုမှာ ချိတ်ဆက်အသုံးပြုထားတဲ့ User တွေရဲ့  လိုအပ်ချက်တွေကို ပံ့ပိုးပေးဖို့ သီးသန့် Server ထိုင်လိုက်ပြိီဆိုရင် ၎င်းဟာ Server Based Network ဖြစ်သွားပါပြီ။ Server
Based Network ကိုတစ်နည်းအားဖြင့် Client/Server Network လို့လည်းခေါ်ပါတယ်။  Client/Server Network မှာ Client တွေက Server ရဲ့လက်အောက်ခံ အဖွဲ့ဝင်တွေ
ဖြစ်တယ်။ Client တွေက Network ပေါ်မှာရှိတဲ့  Resources တွေကို Access လုပ်နိုင်ဖို့ Server ဆီကို တောင်းခံရတယ်။ တစ်နည်းအားဖြင့် Request လုပ်တယ်ပေါ့ဗျာ။ Server
ကနေပြီး  Client ဘက်ကတောင်းဆိုမှုတွေအားလုံးကို ပံ့ပိုးပေးရတာဖြစ်ပါတယ်။ Client/Server Network မှာဆိုရင်  တောင်းဆိုသူ clients တွေဘက်ကလည်း သီးသန့်တောင်း
ဆိုတဲ့ အလုပ်ကိုပဲလုပ်ပြီး Server ဘက်ကလည်း ပံ့ပိုးပေးတဲ့ အလုပ်ကိုပဲလုပ်ပါတယ်။ Client/Server Network မှာ ဗဟိုထိန်းချုပ်မှုစနစ်ကို အသုံးပြုတယ်လို့ပြောခဲ့တယ်နော်။
Server ကနေပြီး သူ့လက်အောက်ခံ Client တွေအားလုံးကို ဗဟိုစနစ်နဲ့ထိန်းချုပ်တာပါ။  Server က တောင်းခံသူ Client တွေအားလုံးရဲ့ လိုအပ်ချက်တွေကိုနိုင်နိုင်နင်းနင်း ပံ့ပိုးပေး
နိုင်ဖို့နဲ့ ၎င်း Client တွေကိုထိန်းချုပ်ဖို့ပဲလုပ်ပါတယ်။ ဒါကြောင့် အသုံးပြုသူ User တွေဟာ မိမိရဲ့  client Computer မှာပဲထိုင်ပြီး ဘယ် User ဆီကိုပဲ  Access လုပ်ချင်လုပ်ချင်
Server ဆီကိုပဲတောင်းခံလိုက်ရုံပါ။  Server Based Network တွေကို Sharing အတွက်အပြင်  Security  အတွက်ပါအသုံးပြုနိုင်ပါတယ်။ ဟုတ်တယ်လေဗျာ ဗဟိုထိန်းချုပ်မှု
NOS ကို  Server မှာ Install လုပ်ရမှာပါ။ Serve မှာ ၎င်း NOS ကိုအသုံးပြုပြီးတော့ Client တွေအားလုံးကို ထိန်းချုပ်ခြင်းဖြစ်ပါတယ်။
Client/Server Network မှာ Client တွေက Server ဆီကိုလက်အောက်ခံ member အဖြစ်ပထမဦးဆုံးဝင်ခွင့်တောင်းရပါတယ်။ တစ်နည်းအားဖြင့် Server ဆီကို Log on
ဝင်ရောက်နိုင်ဖို့ ခွင့်တောင်းရတာပါ။ အဲဒီလို Client တွေက Server ဆီကိုလက်အောက်ခံ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ဖို့ရန် အတွက်  Server ထဲမှာသူ့ရဲ့ User Account ရှိရပါမယ်။
Client တွေက Server ဆီကို Log on ၀င်ရောက်တဲ့အခါ User Name နဲ့ Password  ရိုက်ထည့်ရပါတယ်။ ဒါကြောင့် Client User တွေဟာ Server ဆီိကိုဝင်ရောက်ဖို့  User
Account လိုအပ်ခြင်းဖြစ်ပါတယ်။ Server မှာ အသုံးပြုသူ User တွေရဲ့ User Account တွေ၊ Password တွေ၊ Account Right (လုပ်ပိုင်ခွင့်) တွေကို Active Directory လို့ခေါ်
တဲ့ (AD) ထဲ မှာ သိမ်းဆည်းထားတာဖြစ်ပါတယ်။ အဲဒီလို Active Directory ရှိတဲ့ Server ကို Domain Model လို့ခေါ်ပါတယ်။ Server Based Network တွေမှာ Active
Directory ကအရေးကြီးပါတယ်။ ၎င်း Server မှာ AD တင်လိုက်တာနဲ့တစ်ပြိုင်တည်း Domain Controller (DC)ဖြစ်သွားပါပြီ။ သူကဘာလုပ်ပေးလည်းဆိုတော့ အသုံးပြုသူတွေကို
Network မှာရှိတဲ့ Resources တွေကိုအသုံးချရာမှာ လုံခြုံစိတ်ချမှုရှိအောင် စိစစ်ပေးရခြင်း ၊ ၎င်းတို့နဲ့ပတ်သက်တဲ့ Information တွေကိုသိမ်းဆည်းပေးခြင်း စတာတွေကို လုပ်
ဆောင်ရပါတယ်။ အသုံးပြုသူတွေဟာ Network အတွင်းမှာရှိတဲ့  ဘယ် Resources ကိုမဆိုသုံးနိုင်အောင် Computer တွေကို Logical နည်းအရ ပေါင်းစည်းထားပါတယ်။ အဲဒါကို
Domain လို့ခေါ်တာပါ။ ဘယ် User မဆို သက်ဆိုင်ရာ Domain ရဲ့ အဖွဲ့ဝင်ဖြစ်နိုင်ပြိီး ၎င်း Domain အတွင်းရှိ Resources များနှင့် Information များကို ယူသုံးနိုင်စွမ်းရှိပါတယ်။
ထပ်ပြိီးရှင်းအောင်ပြောပြမယ်နော်။  AD ထဲမှာ User တွေနဲ့ ပတ်သက်တဲ့ User Account တွေ၊ Password တွေ၊ User Permissons တွေကိုသိမ်းထားပါတယ်။ ၎င်း AD ထဲမှာ
User Account နဲ့ Password ရှိမှ Server ဆီကို Log on ၀င်လို့ရမှာဖြစ်ပါတယ်။
Server Based Network ရဲ့အားသာချက် (ကောင်းတဲ့အချက်) တွေက ဗဟိုထိန်းချုပ်မှုစနစ်ကို  အသုံးပြုထားတဲ့ အတွက် Network ကို ထိန်းချုပ်ရတာလွယ်ကူတယ်၊
Security ပိုင်းအားကောင်းတယ်၊ Server ကိုသီးသန့်ထားပြိီး  Network နဲ့ Resocures တွေကို သုံးစွဲတာကြောင့် Server ရဲ့ စွမ်းဆောင်ရည် မြင့်လျှင်မြင့်သလို ဆောင်ရွက်နိုင်
တယ်။ ၄င်းနောက် အားနည်းချက်(မကောင်းတဲ့အချက်)တွေကတော့ Server ကြီးပျက်သွားရင် Network ကြီးတစ်ခုလုံး အလုပ်လုပ်လို့မရတော့ဘူးဖြစ်သွားတယ်၊ ကုန်ကျစရိတ်ပို
များတယ်။ ဒီ Server ကြီးကို  Handle လုပ်ဖို့အတွက် ကျွမ်းကျင်ဝန်ထမ်းလိုအပ်တယ်။ ကဲ ဒီလောက် ဆိုရင်တော့ Server Based Netrwork အကြောင်းကို နားလည်းလောက်ပြီ
လို့ထင်ပါတယ်နော်။
................................
Printer Permission PDF Print E-mail
User Rating: / 0
PoorBest 
Network - Network
Sunday, 04 October 2009 11:30
Printer Permission
ကဲ....ဒီတစ်ခါတော့ Printer Permission တဲ့။ Printer Permission ဆိုတော့ Printer နဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေကို ခွင့်ပြုခြင်း၊ ခွင့်မပြုခြင်း စတဲ့ အကြောင်းအရာတွေပေါ့။ Files တွေ၊ Folders တွေမှာမှ Permission တွေ ရှိတာ မဟုတ်ပါဘူး။
Printer မှာလည်းပဲ Permission တွေရှိပါတယ်။ ဘယ်လိုမျိုးတွေလဲဆိုတော့ ဥပမာဗျာ မိမိရဲ့လုပ်ငန်းခွင်မှာ Computer တွေ အများကြီးကို Network ချိတ်ဆက်ပြီး အသုံးပြုတယ်။ ၎င်း Network အတွင်းမှာလည်း User တွေက အများကြီး။ ဒါပေမယ့် Network ကြီး တစ်ခုလုံးမှာ Network Printer တစ်လုံးပဲရှိမယ်။ ဒီ Printer တစ်လုံးထဲကိုပဲ User တွေ အားလုံးက အသုံးပြုကြမှာ။
ဒီတော့ ၎င်း Printer နဲ့ ပတ်သက်ပြီး User တွေ အပေါ် Permission တွေ သတ်မှတ်ထားသင့်တာပေါ့။ ဥပမာဗျာ ဘယ် user ကိုတော့ဖြင့် Print ထုတ်ခွင့်ပေးမယ် ။ ဘယ် user ကိုတော့ဖြင့် Printer ကို Manage လုပ်ခွင့်ပေးမယ်။ မည်သူ့ကိုတော့ဖြင့် Print ထုတ်ခွင့်မပေးဘူး စသဖြင့် Permission တွေ သတ်မှတ်ထားလို့ ရပါတယ်။ Printer နဲ့ ပတ်သက်လို့ Permission အမျိုးအစားသုံးမျိုးရှိပါတယ်။ ၎င်းတို့မှာ  
(၁) Print    permission
(၂) Manage Printer    permission   
(၃) Manage Document permission တို့ ဖြစ်ကြပါတယ်။
Print Permission ဆိုတာကတော့ ရှင်းရှင်းလေးပါပဲ။ Print ထုတ်ခွင့်ပေးတာပေါ့။ Print Permission ရထားတဲ့သူက Print out လုပ်ခွင့်ရှိတယ်။ Print Permission မရထားတဲ့သူကတော့ Print out လုပ်ခွင့်မရှိဘူး။ Default Permission အရတော့ Everyone ဟာ Print Permission ကို ရထားကြပါတယ်။ ဒါပေမယ့် မိမိက Print ထုတ်ခွင့်မပေးချင်တဲ့ User ကို Permission ပိတ်ထားလို့ရပါတယ်။
နောက် Manage Printer Permission ဆိုတာကတော့  Printer ကို ခြယ်လှယ်ခွင့်ရှိတာ။ Manage Printer Permission ကို ရထားတဲ့သူတိုင်းက ဒီ Printer နဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်တွေ ရှိတယ်။ ဆိုလိုတာက Printer Setting တွေ၊ Configuration တွေကို Modify လုပ်ခွင့်ရှိတယ်။ Printer ရဲ့ Default Permission အရတော့ Administrator's တွေ၊ Print Operators တွေ၊ Server Operators တွေကပဲ Manage Printers Permission ကို ရရှိတာ ဖြစ်ပါတယ်။
Manage Document Permission ဆိုတာကတော့ Print Documents တွေနဲ့ ပတ်သက်ပြီး ခြယ်လှယ်ပိုင်ခွင့်ရှိပါတယ်။ User တွေ အများကြီးကနေ Print Job တွေကို Printer ဆီကို Print ထုတ်ဖို့အတွက် ပေးပို့ထားတယ်။ Manage Document Permission ရထားတဲ့သူတိုင်းက ၎င်း Print Document တွေကို Cancel လုပ်ပစ်နိုင်တယ်။ Pause လုပ်ထားနိုင်တယ်။ Resume လုပ်ထားလို့ ရတယ်။ Restart ပြန်လုပ်လို့ရတယ်။
နောက်ပြီး အရေးကြီးတဲ့သူကို ဦးစားပေးစနစ်နဲ့ Print ထုတ်ခွင့်ပေးတာတွေကိုလည်း ပြုလုပ်ပိုင်ခွင့် ရှိတယ်။ Default Permission အရတော့ Creater Owner ၊ Administrators ၊ Print Operators နဲ့ Server Operators တွေက ၎င်း Manage Document Permission ကို ရရှိပါတယ်။
Printer တစ်လုံးကို ဘယ်လို Permission တွေ သတ်မှတ်မလဲဆိုတော့ ပထမဦးစွာ ၎င်း Printer ပေါ်မှာ Right Click နှိပ်ပြီး Properties ကို ထားပါ။
Printer Properties Box ကျလာပါပြီ။
၎င်း Printer Properties Box ထဲက Security Tab ကို သွားလိုက်ပါ။
အဲဒီမှာ Printer နဲ့ ပတ်သက်လို့ Permission တွေ တွေ့ပါလိမ့်မယ်။ အဲဒါတွေကတော့ Default Permission တွေ ဖြစ်ပါတယ်။ မိမိက Permission သတ်မှတ်ပေးချင်တယ်ဆိုလို့ရှိရင် မိမိ Permission သတ်မှတ်မယ့် User (or) Group တွေကို Add Button ကို အသုံးပြုပြီး ထည့်ရမှာပါ။ ဒါကြောင့် Add ကို နှိပ်လိုက်ပါ။
မိမိရွေးချယ်တဲ့ User ကို ရွေးဖို့ Box ကျလာပါပြီ။
၎င်း Box ထဲက Advanced ကို နှိပ်ပါ။ ၎င်းနောက် Find Now ကို ဆက်နှိပ်ပါ။
အဲဒီမှာ မိမိ Permission ပေးချင်တဲ့ User ကို Select မှတ်ပါ။ ဥပမာအနေနဲ့ Client1 ကို ရွေးလိုက်ပါတယ်။
မိမိ User ရွေးပြီးလျှင် OK ကို နှိပ်လိုက်ပါ။ နောက်ထပ် Box ထဲမှာလည်း OK ကို ထပ်နှိပ်ပါ။ ဒါဆိုရင် Client1 ကို Print နဲ့ ပတ်သက်လို့ Permission ပေးလို့ ရပါပြီ။
Client1 ကို Select မှတ်လိုက်တာနဲ့ တစ်ပြိုင်တည်း သူ့ရဲ့ Default Permission က Print မှာ ရှိနေပါတယ်။
ဒါပေမယ့် မိမိက Client1 ကို Manage Document Permission  ရော ပေးချင်တယ်ဆိုရင် Manage Document ရဲ့ Allow ဘက်မှာရှိတဲ့ Check Box ကို "On" ပေးပါ။
၎င်းနောက် Apply ကို နှိပ်ပါ။ OK ကို ထပ်နှိပ်ပါ။ ဒါဆိုလို့ရှိရင် Client1 ကို Print Permission နဲ့ Manage Document Permission နှစ်ခုလုံးပေးပြီး သွားပါပြီ။ Client1 ဟာဆိုရင် ၎င်း Print နဲ့ ပတ်သက်လို့ Print ထုတ်ခွင့်လည်း ရှိတယ်။ Print Document တွေကို Manage လုပ်ပိုင်ခွင့်လည်း ရှိသွားပါပြီ။
...............................
Windows Server 2003 အကြောင်း PDF Print E-mail
User Rating: / 2
PoorBest 
Network - Network
Sunday, 04 October 2009 11:10
Windows Server 2003 အကြောင်း
အခုတစ်ပတ်မှာ ပြောပြချင်တဲ့ အကြောင်းအရာကတော့ Windows Server 2003 အကြောင်းဖြစ်ပါတယ်။  Windows Server 2003 ဆိုတာကလည်း Microsoft ရဲ့ Operating System တစ်ခုပါပဲ။
Windows Server 2003 ဟာ Server Level ဖြစ်ပါတယ်။ Workstation Level ဖြစ်တဲ့ Windows 95, Windows 98, Windows XP တို့ဆိုတာတွေကတော့ မိမိနဲ့ရင်းနှီးကြမှာပါ။ Windows 95 နဲ့ Windows 98 ကိုမရင်းနှီးရင်တောင်မှ Windows XP ကတော့ ရင်းနှီးပြီးဖြစ်မှာပါ။ အခုပြောပြမှာက Windows Server တွေထဲကမှ Windows Server 2003 အကြောင်းဖြစ်ပါတယ်။
ဟိုအရင်က Windows Server 2000 ဆိုတာလည်းရှိပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ Windows Server 2003 ကို အသုံးပြုလာကြပါတယ်။ Windows Server တွေကို ဘယ်နေရာမှာအသုံးပြုတာလဲ ၊ ဘာအတွက်အသုံးပြုတာလဲဆိုတာကိုတော့ ပြောပြချင်ပါတယ်။ ကျွန်တော်တိုတစ်တွေ Computer တွေကို Network ချိတ်ဆက်တဲ့အခါမှာ Client / Server Network ချိတ်ဆက်ချင်တဲ့ အခါ တွေမှာအသုံးပြုတာပါ။
ပိုပြီးရှင်းအောင်ပြောရမယ်ဆိုရင် Server နဲ့ Client ချိတ်ဆက်ချင်လို့ Windows Server ကိုအသုံးပြုတာ ၊ Centralized Management လုပ်ချင်လို့ ၊ အခြား Server တွေကိုအသုံးပြုချင်လို့ Windows Server တွေကိုအသုံးပြုရခြင်းဖြစ်ပါတယ်။ ၎င်း Windows Server ထဲမှာမှ Windows Server 2003 ဟာ ပြီးခဲ့တဲ့ Windows Server Version တွေ ထက်ပိုပြီးတော့ လုံခြုံစိတ်ချမှုတွေရှိလာတယ်။ More Scrare & More Reliable ဖြစ်တယ်ပေါ့ဗျာ။ နောက်ပြီင်္းတော့ Server ကို Administration လုပ်တဲ့ အပိုင်းကလည်းပိုပြိင်္းတော့လွယ်ကူလာပါတယ်။
Windows Server 2003 မှာမှ Edition (4) မျိုးရှိပါတယ်။ ၎င်း Edition (4) မျိုးကတော့
(1) Windows Server 2003, Web Edition
(2) Windows Server 2003, Standard Edition
(3) Windows Server 2003, Enterprise Edition
(4) Windows Server 2003, Data Center Edition တို့ဖြစ်ပါတယ်။
Windows Server 2003 , Web Edition
Wed Edition ဆိုတာကတော့ Web Server အတွက်ပဲဖြစ်ပါတယ်။ Microsoft ဟာ အခြား Web Server တွေနှင့်နှိုင်းယှဉ်လျှင် Microsoft ကိုအသုံးပြုသူတွေဟာ Web Server ကိုပိုမိုလွယ်ကူစွာအသုံးပြုနိုင်ဖို့ရည်ရွယ်ပြီး Windows Server 2003 Web Edition ကိုဒီဇိုင်းဆွဲခဲ့ခြင်းဖြစ်ပါတယ်။ Windows Server 2003 Web Edition ဟာဆိုရင်  Web Service တွေဖြစ်တဲ့ Web Pageများ Web Side များပြုလုပ်ခြင်း ၊ Web Application များကို အသုံးပြုခြင်းဆိုတဲ့ အပိုင်းတွေမှာ ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်ရန် ဒီဇိုင်းဆွဲထားပါတယ်။
Web Edition မှာဆိုရင် ၄င်းဟာ Domain ရဲ့အဖွဲ့ဝင် ( Member Server ) ပဲဖြစ်နိုင်င်္ပြီး သူကိုယ်တိုင် Domain Controller ဖြစ်လို့မရပါဘူး။ ၎င်းအပြင် DHCP တို့၊ Fax Server တို့ ၊ Gateway Server တွေအဖြစ်လည်းအသုံးပြုလို့မရပါဘုး။ ဒါပေမယ့် Remote Desktop ဖြင့် အဝေးမှထိန်းချုပ်တဲ့ စနစ်ကိုတော့ အသုံးပြုလို့ရပါတယ်။
Windows Server 2003 Web Edition ကို Install လုပ်တော့မယ်ဆိုရင် Memory ( RAM ) ကအနည်းဆုံး 128 MB ( 256 MB ဆိုပိုကောင်း) လိုအပ်ပါတယ်။ အများဆုံးအသုံး ပြုနိုင်တာက 2 GB အထိအသုံးပြုနိုင်ပါတယ်။ CPU ( Processor ) ကတော့ အနည်းဆုံး 133 MHz လိုအပ်ပါတယ်။ Web Edition မှာ CPU (2) လုံးအထိအသုံးပြုလို့ရပါတယ်။ Hard Disk Space ကတော့ အနည်းဆုံး 1.5 GB လိုအပ်ပါတယ်။
Windows Server 2003 , Standard Edition
Windows Server 2003 Standard Edition ကို လုပ်ငန်းငယ်များနဲ့ အလယ်အလတ်သော စီးပွားရေးလိုပ်ငန်းတွေမှာ အသုံးပြုကြပါတယ်။ Standard Edition ဟာဆိုရင် Server Service တွေဖြစ်တဲ့ Active Directory ၊ DHCP Server ၊ Gateway Server ၊ Fax Service ၊ Mail Server စတာတွေကို Support လုပ်ပေးနိုင်ပါတယ်။ Standard Edition မှာဆိုရင် Memory (RAM) က အနည်းဆုံး 128 MB လိုအပ်ပါတယ်။ Memory 4 GB အထိ အများဆုံးအသုံးပြုနိုင်ပါတယ်။ CPU ( Processor ) ကတော့ အနည်းဆုံး 133 MHz လိုအပ်ပြ်ီး ၊ အများဆုံး CPU (4) လုံး အထိ Support လုပ်ပါတယ်။ Hard Disk Space ကတော့ အနည်းဆုံး 1.25 GB မှ 2 GB အထိလိုအပ်ပါတယ်။ VGA Display က Super VGA 800X600 Resolution အနည်းဆုံးနဲ့ သူတို့ထက်ပိုရင်တော့ ပိုကောင်းပါတယ်။
Windows Server 2003 Enterprise Edition
Enterprise Edition ဟာ Standard Edition ထက်စွမ်းဆောင်ရည်ပိုကောင်းပါတယ်။ ၎င်းကို အလယ်အလတ်မှ စီးပွားရေးလုပ်ငန်းကြီးများ အထိအသုံးပြုလို့ရပါတယ်။ သူ့ရဲ့ အားသာချက်တွေကတော့ MMS ဟုခေါ်သော Microsoft Metadirectory Services ပါရှိပါတယ်။ MMS ဟာ Active Directory နဲ့ပှုးပေါင်းပြီး Files/ Folders များ ၊ Database များကိုပေါင်းစည်းပေးနိုင်ပါတယ်။ နောက် Hot Add Memory ပါရှိတဲ့ အတွက် Server ကိုပိတ်စရာမလိုပဲနဲ့ Memory ထပ်တိုးပေးနိုင်ပါတယ်။ ၎င်းနောက် WSRM ( Windows System Resource Manager ) ပါရှိပါတယ်။ ၎င်းဟာ Server ရှိ Application တစ်ခုချင်းစီရဲ့ အသုံးပြုနေတဲ့ CPU နဲ့ Memory အသုံးပြုနေပုံများကို ပံ့ပိုးပေးနိုင်ပါတယ်။
Enterprise Edition မှာဆိုရင် 32-bit (X 86) နဲ့  64-bit (X 64) ဆိုပြီး Version နှစ်မျိုးရှိပါတယ်။ 32-bit Version အတွက် CPU ( Processor ) က 133 MHz နဲ့ 64-bit Version အတွက် 733 MHz အနည်းဆုံးလိုအပ်ပါတယ်။ 32-bit Version ဖြစ်စေ 64-bit Version ဖြစ်စေ CPU 8 လုံးအထိ Support လုပ်နိုင်ပါတယ်။ RAM ( Memory ) က Version ( ၂) ခုလုံးအတွက် အနည်းဆုံး 128 MB လိုအပ်ပြ်ီး 32-bit Version အတွက် 32 GB ၊ 64-bit Version အတွက် 64 GB အထိ Support လုပ်ပေးနိုင်ပါတယ်။ Hard Disk ကတော့ အနည်းဆုံး 1.5 GB ကနေ 2 GB အထိလိုအပ်ပါတယ်။ VGA ကတော့  Super VGA 800X600 Resolution အနည်းဆုံးလိုအပ်ပြ်ီး ၎င်းထက်ပိုရင်ပိုကောင်းပါတယ်။
Windows Server 2003 Data Center Edition
Data Center Edition တွေကို လုပ်ငန်းကြီးတွေမှာ အသုံးပြုတာများပါတယ်။ ၎င်းဟာ OEM ( Original Equipment Manufacturer ) Version အနေနဲ့ဖြစ်ပြီး တကယ့်ကိုအဆင့်မြင့်လှတဲ့ High Speed Server မျိုးတွေနဲ့ လာပါတယ်။ သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေကတော့ အနက်ဓိပ္ပါယ်နှင့်တကွဖော်ပြဖို့တောင်မလွယ်ကူပါဘူး။
Data Center Edition မှာဆိုရင် CPU ( Process ) က 32-bit Version တွေမှာ 400 MHz မှစပြီးလိုအပ်ပါတယ်။ 64-bit Version တွေမှာတော့ 733 MHz မှစပြီးလိုအပ်ပါတယ်။ အများဆုံး CPU (32) လုံးအထိ အသုံးပြုလို့ရပါတယ်။ Memory ( RAM ) က 32-bit နဲ့ 64-bit Version နှစ်ခုစလုံးအတွက် 512 MB မှ 1 GB အနည်းဆုံးလိုအပ်ပြီး ၊ အများဆုံးအသုံးပြုနိုင်တာကတော့ 32-bits Version အတွက် 64 GB ၊  64-bits Version အတွက် 512 GB အထိအသုံးပြုလို့ရပါတယ်။ VGA ကတော့ Super VGA 800x600 Resolution အနည်းဆုံးလိုအပ်ပြီး ၄င်းထက်ပိုရင်ပိုကောင်းပါတယ်။
ကဲဒိီလောက်ဆိုရင်တော့ Windows Server 2003 ရဲ့ Edition တွေအကြောင်းကိုနားလည်လောက်ပြီလို့ထင်ပါတယ်။
.....................................
မြန်မာစံတော်ချိန်
ပြက္ခဒိန်
အခုဝင်ရောက်ကြည့်ရှူနေသူ
widgeo.net
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free