4 of Special HW
keyboard PDF Print E-mail
User Rating: / 0
PoorBest 
Hardware - Hardware
Friday, 25 September 2009 08:13
Keyboard ဆိုတာ
Keyboard ဆိုတာ Computer တစ်လုံးမှာ   မပါမဖြစ်ပါဝင်ရတဲ့ အရာလေးတစ်ခုပါ။ ဒီတော့ Keyboard ဆိုတဲ့ အကြောင်းအရာလေးကို ရှင်းပြဖို့မလိုလောက်အောင် နားလည်သိရှိပြီး ဖြစ်မှာပါ။ သို့ပေမယ့် သိပြီးသားအကြောင်းအရာလေး တစ်ခုကို ပိုနားလည်သွားအောင် အတူတကွ လေ့လာကြည့်ရအောင်။
Keyboard ကို  Computer တစ်လုံးရဲ့ Input Device အနေနဲ့ မြင်တွေ့ရမှာပါ။ ဒါကြောင့်လည်း Keyboard တစ်လုံးမှာ Characters, Numbers နဲ့ Special Characters တွေ ပါဝင်ပါတယ်။ ဒီတော့ Keyboard ကို အသုံးပြုပြီးတော့ မိမိရဲ့ Computer ကို ညွှန်ကြားချက်တွေ ပေးလို့ရသလို လိုအပ်တဲ့ အချက်အလက်တွေကိုလည်း  Keyboard မှတဆင့်  Input အနေနဲ့  Computer အတွင်း ထည့်သွင်းပေးနိုင်ပါတယ်။
ကဲ... ပထမဆုံး Keyboard အမျိုးအစားတွေကို လေ့လာကြည့်ရအောင်။  ထုတ်လုပ်ခဲ့တဲ့ Motherboard ပေါ်မူတည်ပြီး  အဓိကအားဖြင့် Keyboard အမျိုးအစားခွဲခြားထားပါတယ်။ ပုံလေးကို အရင်ကြည့်ကြည့်ပါဦးနော်။
 

ပုံထဲမှာတွေ့ရတဲ့အတိုင်း XT keyboard, AT (Standard) နဲ့ AT (Enhanced) ဆိုပြီး (၃) မျိုးမြင်တွေ့ရမှာပါ။ အခုလက်ရှိ အသုံးပြုနေကြတဲ့ Keyboard အမျိုးအစားတွေကတော့ AT (Enhanced) တွေပါ။ ဒီတော့ ကိုယ်အသုံးပြုနေတဲ့ Keyboard ကို ပုံထဲမှာမြင်တွေ့ရတဲ့ အမျိုးအစားနဲ့ တူညီမှုရှိ၊မရှိ တိုက်စစ်ကြည့်ပါဦး။
အခု အမျိုးအစားတွေကို သိရပြီဆိုတော့ Keyboard မှာပါဝင်တဲ့ Key လေးတွေကို အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်။ ပုံလေးကို ဦးစွာကြည့်လိုက်ပါနော်။

ပထမဆုံး Enter key လေးကို ကြည့်ပါဦး။ မြားပုံလေးနဲ့နော်။ လိုအပ်တဲ့ စာသားတွေရေးသားပြီး  အကြောင်းအရာတစ်ခုခုကို ရှာဖွေချင်တဲ့အခါ ၊ စာကြောင်းတစ်ကြောင်းပြီးဆုံးသွားလို့ နောက်ထပ်တစ်ကြောင်းကူးပြောင်းချင်တဲ့အခါ စတဲ့ အခါမျိုးမှာ Enter Key ကိုသုံးဖို့လိုပါလိမ့်မယ်။
အခုဆက်လက်ပြီး ပုံမှာတွေ့ရတဲ့အတိုင်း Ctrl key နဲ့ Alt key အကြောင်းလေ့လာရအောင်။ အဲဒီ Keys လေးတွေကို အထူးအဖြင့် အတိုကောက် (Shortcuts) ခေါ်သုံးဖို့ရန် အသုံးပြုတာများပါတယ်။ တစ်ခါတစ်ရံ အဲဒီ Keys နှစ်ခုကို တစ်ခုချင်းစီသုံးဖို့လိုအပ်သလို၊ တစ်ခါတစ်ရံ Keys နှစ်ခု  တစ်ပြိုင်နက်တွဲသုံးဖို့လိုအပ်တဲ့အခါ လည်းရှိပါတယ်နော်။ အထူးသဖြင့် Menu Bar မှာပါဝင်တဲ့ File,Edit,View စတဲ့ အကြောင်းအရာလေးတွေကို Mouse ပျက်နေလို့ အဲလေ Mouse ကိုအသုံးမပြုဘဲ Keyboard နဲ့ပဲ လုပ်ဆောင်ချင်တယ်ဆိုရင်လေ မျဉ်းသားထားတဲ့ စာလုံးလေးတွေကို Alt နဲ့ တွဲပြီး အသုံးပြုဖို့လိုပါတယ်။ ဥပမာ- File ကိုဖွင့်ချင်တယ်ဆိုပါစို့။ မျဉ်းသားထားတာက F ဖြစ်လို့ F + Alt တွဲပြီး နှိပ်လိုက်မယ်ဆိုရင် File နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာလေးတွေ ပွင့်ကျလာပါလိမ့်မယ်။ သူ့အောက်မှာရှိနေတဲ့ အကြောင်းအရာလေးတွေကို ဆက်ပြီး ဖွင့်ချင်တယ်ဆိုရင် Ctrl နဲ့ တွဲသုံးရမှာပါ။ ဥပမာ- File အောက်က New window ကို လိုချင်တယ်ဆိုရင် Ctrl + N ကို နှိပ်လိုက်ခြင်းဖြင့် Windows အသစ်တစ်ခု ကျလာမှာပါ။ အခုနောက်ပိုင်း AlphaZawgyi Font ပေါ်လာတဲ့အတွက် မြန်မာနဲ့ အင်္ဂလိပ်စာသား  အပြောင်းအလဲလုပ်ဖို့ လိုအပ်တဲ့အခါမျိုးမှာ Ctrl key နဲ့ Alt key (သို့) Shift key တွဲသုံးဖို့လိုအပ်တဲ့အခါမျိုးတွေရှိလာတတ်ပါတယ်။
 

နောက်တစ်ခုကတော့ Typewriter Keyboard ဆိုတာကိုလေ့လာရအောင်။ တစ်ကယ်တော့ Keyboard မှာပါဝင်တဲ့ အက္ခရာတွေက ယခင်က လက်နှိပ်စက်မှာ အသုံးပြုခဲ့တဲ့ သင်္ကေတတွေနဲ့ တူတယ်လို့ဆိုကြပါတယ်။ ဒါကြောင့် ယခင်က လက်နှိပ်စက်အသုံးပြုဖူးတဲ့သူတွေအတွက်ဆိုရင် Keyboard အသုံးပြုရတာလွယ်တယ်လို့ ပြောကြပါတယ်။ လက်ကွက်အသုံးပြုဖို့ မခက်တော့ဘူးလို့ သိရပါတယ်။ အခုမြင်တွေ့နေရတဲ့ Keyboard မှာဆိုရင်လည်း Characters , Special Characters နဲ့ Numbers တွေပါဝင်ပါတယ်။
ပြီးတော့ Movement keys ဆိုတဲ့ ရွေ့လျားဖို့လိုအပ်လာတဲ့အခါမျိုးမှာ အသုံးပြုဖို့ မြားလေးတွေ ပါဝင်ပါတယ်။ အဲဒီ Keys လေးတွေကို Up/Down arrows နဲ့ Left/Right arrows လို့ခေါ်ပါတယ်။ CMOS Setup Utility သင်ခန်းစာမှာတုန်းကလည်း လေ့လာခဲ့ရတယ်နော်။ Item နဲ့ Menu ကိုရွေးချယ်တဲ့အခါမျိုးမှာလည်း အဲဒီ arrows လေးတွေကိုအသုံးပြုရမယ်ဆိုတာလေ။ မှတ်မိကြမှာပါ။ တစ်ကယ်လို့ မမှတ်မိတော့ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ အခုသိသွားပြီပေါ့နော်။
Numeric Keypad ဆိုတာကတော့ အားလုံးသိကြပြီးသားပါ။ ကိန်းဂဏန်းတွေ  ရိုက်ထည့်ဖို့လိုအပ်လာတဲ့ အခါမျိုးမှာ Num Lock ဆိုတဲ့ Key လေးကိုနှိပ်ပြီး အသုံးပြုလို့ရပါပြီ။
Function keys လေးတွေ ဆိုတော့ F နဲ့ စထားတယ်ပေါ့။ ဟုတ်ဘူးလား။ စာဖတ်ရတာ ပျင်းနေမှာ စိုးလို့ပါ။ အဲဒီ Function keys လေးတွေမှာလည်း သူ့နေရာနဲ့သူ အသုံးဝင်တာမို့ လစ်လျူမရှုလိုက်ပါနဲ့ဦးနော်။ တစ်ခါတစ်ရံ Function key ချည်းပဲသီးသန့် အသုံးပြုလို့ရတာရှိသလို တစ်ခါတစ်ရံ Ctrl key နဲ့ Alt key တို့တွဲလျက်အသုံးပြုရတဲ့အခါမျိုးလည်းရှိပါတယ်။ အခု Function key တစ်ခုစီအကြောင်းအနည်းငယ် ပြောပြချင်ပါတယ်။
(၁) F1  key လေးကို နှိပ်လိုက်မယ်ဆိုရင် ဘယ် Program မှာမဆို Help and support ဆိုတဲ့ အကူအညီပေးမယ့် Page လေးကျလာပါလိမ့်မယ်။  အဲဒီ F1 key လေးကိုပဲ Windows key နဲ့ တွဲပြီး နှိပ်မယ်ဆိုရင်လည်း help and support ဆိုတဲ့ Page လေးပွင့်ကျလာပါလိမ့်မယ်။
(၂) F2 key လေးကို နှိပ်လိုက်ရင်တော့ သူက နာမည်ပြောင်းတဲ့ အလုပ်ကိုလုပ်ဆောင်ပေးပါလိမ့်မယ်။ ဥပမာ- Fire လို့ အမည်ပေးထားတဲ့ Folder လေးတစ်ခုကို နာမည်ပြန်ပြောင်းချင်တယ်ဆိုရင် အဲဒီ Folder လေးကို Mouse နဲ့ Click တစ်ချက်နှိပ်ပြီး F2 နှိပ်လိုက်မယ်ဆိုပါက နာမည်ပြောင်းလို့ရအောင် အလိုလို Cursor ချပြီးသားဖြစ်နေပါလိမ့်မယ်။ အဲ... နောက်ပြီး အဲဒီ F2 ကို Microsoft Word မှာလည်းအသုံးပြုပါသေးတယ်။ Microsoft Word အသုံးပြုနေတုန်း Print Preview ကြည့်ချင်တယ်ဆိုရင် Ctrl + F2 နှိပ်လို့ရပြီး New Document  ဖွင့်ချင်တယ်ဆိုရင် လည်း Alt+Ctrl+F2 တွဲပြီး နှိပ်လို့ရပါတယ်။
(၃) F3 နှိပ်လိုက်ရင်တော့ Search ဆိုတဲ့ ရှာဖွေခြင်းနဲ့သက်ဆိုင်တဲ့ Box လေးကျလာပါလိမ့်မယ်။ အဲ.. ဒီ F3 မှာလည်း Microsoft Word အသုံးပြုတဲ့အခါ တွဲသုံးနိုင်ပါသေးတယ်။ Microsoft Word အသုံးပြုနေတုန်း Shift+F3 တွဲနှိပ်လိုက်မယ်ဆိုရင် ကိုယ်ရေးထားတဲ့ စာလုံးအကြီးတွေ (Upper Letter) မှ စာလုံးအသေးတွေ (Lower Letter) ပြောင်းပေးနိုင်သလို ကိုယ်ရေးထားတဲ့ စာလုံးအသေးရဲ့ ရှေ့ဆုံးစာလုံးလေးတွေဟာ စာလုံးအကြီး ဖြစ်သွားမှာပါ။ နားလည်လွယ်အောင် ဥပမာလေး ပေးပါရစေ။ MY NAME IS SU SU . ဆိုပါစို့. အဲဒီ စာလုံးလေးတွေမှာ NAME ဆိုတဲ့နေရာကို Cursor ချပြီး Shift+F3 နှိပ်လိုက်မယ်ဆိုရင် MY name IS SU SU . ဆိုပြီးဖြစ်သွားမှာပါ။ တစ်ကယ်လို့ တစ်ကြောင်းလုံးကို အသေးပြောင်းချင်တယ်ဆိုရင် အဲဒီ စာကြောင်း တစ်ကြောင်းလုံးကို Select မှတ်ပြီး Shift+F3 နှိပ်မယ်ဆိုရင် my name is su su . ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ ဒီတော့ အစ စကားလုံးကို အကြီး ပြန်ဖြစ်စေချင်တယ်ဆိုရင် my ဆိုတဲ့နေရာမှာ Cursor ချပြီး Shift+F3 နှိပ်လိုက်ရင် My ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ ဒါကြောင့် Shift+F3 ဆိုတာက Microsoft Word မှာ ရေးထားတဲ့စာလုံး အကြီးတွေကို အသေးပြောင်းပေးနိုင်သလို စာလုံးအသေးတွေရဲ့ ရှေ့ဆုံးစာလုံးကို အကြီးပြောင်းပေးနိုင်ပါတယ်။
(၄) F4 key လေးကိုတော့ ယခင်က Find Windows တွေရဲ့ Shortcut key အနေနဲ့ အသုံးပြုခဲ့ပေမယ့် ယခုအခါမှာတော့ သီးခြားအသုံးမပြုတော့ပါဘူး။ ဒါပေမဲ့ Alt+F4 တွဲပြီးနှိပ်ရင်တော့ ဖွင့် (run) ထားတဲ့ Program ပိတ်သွားပါလိမ့်မယ်။ အလွယ်ပြောရရင်တော့ Alt+F4 ဆိုတာက Exit နဲ့ တူပါတယ်။ အဲ.. Ctrl+F4 ကိုနှိပ်ရင်တော့ ဖွင့်ထားတဲ့ Program မှာ အသုံးပြုနေတဲ့ အကြောင်းအရာလေးပိတ်သွားပါလိမ့်မယ်။ ပြောချင်တာက Microsoft Word ကို အသုံးပြုနေတယ်ဆိုပါတော့။ စာရွက်အသစ်ထဲမှာ စာရေးနေရင်း နောက်တပ်ရေးစရာ အသစ်ရှိနေတာဆိုပါစို့။ Ctrl+F4 နှိပ်လိုက်ရင် ယခုလက်ရှိ အသုံးပြုနေတဲ့ စာရွက်ကို ပိတ်လိုက်မှာမို့ Save လုပ်မှာလားလို့မေးလာပါလိမ့်မယ်။ Yes,No (သို့) Cancel တစ်ခု ရွေးပြီး ပိတ်လိုက်လို့ရပါတယ်။ ဒါဆိုရင် လက်ရှိသုံးနေတဲ့ စာရွက်ကလေး ပျောက်သွားပါလိမ့်မယ်။ ဒါပေမယ့် Microsoft Word ဆိုတဲ့ Program ကတော့ မပျောက်သွားဘူးနော်။ အဲဒီ Program ကိုပါပိတ်ချင်တယ်ဆိုရင်တော့ Alt+F4 ကိုနှိပ်လိုက်ရုံပေါ့။
(၅) F5 key လေးကိုတော့ Internet browsers တွေမှာ ကိုယ်အသုံးပြုနေတဲ့ Page (သို့)  Document တွေကို Refresh (သို့) Reload လုပ်တဲ့နေရာမှာ အသုံးပြုပါတယ်။ Microsoft Word အသုံးပြုနေတုန်း F5 နှိပ်လိုက်ပါက Find,replace, နဲ့ go to window ဆိုတဲ့ Box တစ်ခု ကျလာပါလိမ့်မယ်။ PowerPoint မှာဆိုရင်တော့ F5 နှိပ်လိုက်ပါက Slideshow ကိုစတင်အလုပ်လုပ်သွားပါလိမ့်မယ်နော်။
(၆) F6 key လေးကိုတော့ Internet Explorer နဲ့  Mozilla Firefox တွေကို အသုံးပြုတဲ့အခါ Cursor လေးကို Address bar ဆီ ရွေ့ပေးတဲ့နေရာမှာ အသုံးပြုပါတယ်။ ဒီတော့ ကိုယ်သုံးနေတဲ့ Address ကို ပြောင်းချင်တယ်ဆိုရင် F6 key လေးနှိပ်လာတာနဲ့ Address bar မှာ Cursor လေး အလိုလို ရောက်သွားမှာမို့ ကြိုက်နှစ်သက်ရာ Address ကို အလွယ်တကူ ပြောင်းလို့ရပါပြီနော်။
(၇) F7 key လေးကတော့ စာလုံးပေါင်း မှား၊ မမှားစစ်ဆေးပေးပါတယ်။ အထူးသဖြင့် Microsoft Word , Outlook စတဲ့ Program တွေမှာ ရေးသားထားတဲ့ စာတွေ မှန်ကန်မှုရှိ၊ မရှိ စစ်ဆေးချင်တယ်ဆိုရင် F7 key ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Microsoft word မှာပဲ ရေးသားထားတဲ့ စာတွေထဲမှ သိချင်တဲ့ စာလုံးကို Select (သို့) HighLight လုပ်ပြီး Shift+F7 နှိပ်လိုက်မယ်ဆိုရင် Thesaurus ဆိုတဲ့ Box လေးကျလာမှာပါ။ Mozilla Firefox ကိုသုံးနေစဉ် F7 နှိပ်လိုက်ပါက Caret browsing ကို on/off ရွေးချယ်ဖို့ Yes/No နဲ့ သက်ဆိုင်တဲ့ Box တစ်ခု ကျလာပါလိမ့်မယ်။
(၈) F8 ကိုတော့ Windows startup menu ထဲဝင်တဲ့အခါမှာ သုံးသလို Windows Safe Mode ထဲဝင်ချင်ရင်လည်း အသုံးပြုလို့ရပါတယ်။
(၉) F9 ကို နှိပ်ရင်တော့ Quark 5.0 မှာ Measurements toolbar ပွင့်လာဖို့ အသုံးပြုပါတယ်။
(၁၀) F10 ကိုနှိပ်ခြင်းဖြင့် မိမိဖွင့်ထားတဲ့ Application (Program) ရဲ့ Menu bar လေးကို  အလိုအလျောက် ရောက်ရှိသွားမှာပါ။ ဒီတော့ Microsoft Word အသုံးပြုနေစဉ် F10 နှိပ်လိုက်ပါက Menu Bar ဆီ HighLight အလိုအလျောက် ဖြစ်သွားပါလိမ့်မယ်။  မိမိ Select လုပ်ထားတဲ့ နေရာမှာ Shift+F10 တွဲနှိပ်လိုက်ရင်တော့ Right Click အလိုလို နှိပ်ပြီးသားဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် Shift+F10 ကို  Right Click နှိပ်ချင်ရင် အသုံးပြုလို့ရပါတယ်။
(၁၁) F11 ကို Internet Browsers မှာ Full-Screen အနေနဲ့ Screen အပြည့်ကြည့်ချင်တဲ့ အခါတွေမှာ သုံးပါတယ်။
(၁၂) F12 ကိုတော့ Microsoft Word မှာ Save as ဆိုတဲ့ window ပေါ်ချင်ရင် နှိပ်လို့ရသလို၊ Microsoft Word Document ကို သိမ်း (Save) ချင်ရင်တော့ Shift+F12 ကိုတွဲလျက်နှိပ်ပြီး အသုံးပြုလို့ရပါတယ်။ Microsoft Word ကို အသုံးပြုနေစဉ် Print ထုတ်ချင်လာတယ်ဆိုပါစို့။ အဲဒီ အခါ Ctrl + Shift + F12 တွဲပြီး နှိပ်လိုက်နော်။
ကဲ... အခုလောက်ဆိုရင်တော့ Function keys လေးတွေအကြောင်း သိသင့်သလောက်တော့ သိရပါပြီပေါ့။ ပုံထဲမှာ တွေ့ရတဲ့ Break key ဆိုတာက စက်ကိုဖွင့်ဖွင့်ချင်း ROM BIOS အလုပ်လုပ်တဲ့ အရာတွေကို လေ့လာချင်တယ်ဆိုရင်၊ ဒါမှမဟုတ် မိမိစက်အတွင်း အသုံးပြုထားတဲ့ Devices တွေရဲ့ အမျိုးအမည်နဲ့ Memory တွေကို သိချင်တယ်ဆိုရင် Break key လေးကို နှိပ်လိုက်ပါက မိမိစက်ခတ္တရပ်ဆိုင်းသွားပြီး  မိမိလေ့လာချင်တဲ့ အကြောင်းအရာလေးတွေကို လေ့လာလို့ရပါလိမ့်မယ်။


တီထွင်ဆန်းသစ်မှုတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ Wireless Keyboard ဆိုပြီး ကြိုးအသုံးပြုဖို့မလိုတဲ့ ကြိုးမဲ့  Keyboard တွေကို တီထွင်ခဲ့ကြပါတယ်။ တစ်ချို့တွေက အဲဒီ Wireless Keyboard တွေကိုအသုံးပြုကြသော်လည်း အချို့တွေကတော့ ရိုးရိုးကြိုးနဲ့ အသုံးပြုရတဲ့ Keyboard တွေကို အသုံးပြုနေကြပါသေးတယ်။ Wireless Keyboard တွေကို ဗဟုသုတ အနေနဲ့ ပုံလေးကို လေ့လာကြည့်ပါဦး။ 

ဒီလောက်ဆိုရင် Keyboard အကြောင်းကို အတော်လေးသိရှိလာပြီမို့ ဒီနေရာမှာပဲ ရပ်နားလိုက်ပါတော့မယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။
....................................

Intel Core i7 အကြောင်း PDF Print E-mail
User Rating: / 1
PoorBest 
Hardware - Hardware
Sunday, 16 August 2009 01:07

Intel Core i7 ဟာ များပြားလှတဲ့ Intel Desktop 64-bit x86-64 processor တွေထဲက တစ်မျိုးဖြစ်ပြီး၊ ပထမဦးဆုံး Processor ကို Intel Nehalem Microarchitecture နည်းပညာကို အသုံးပြုပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Intel Core i7 ဟာ Intel Core 2 ရဲ့ Successor လို့ ပြောရင်လည်း မမှားပါဘူး။ လက်ရှိထုတ်လုပ်ထားတဲ့ Core Model (၃)မျိုးစလုံးဟာ Quad-Core Processor များ ဖြစ်ကြသလို၊ နောက်ထပ်ထုတ်လုပ်မယ့် Model (၂)မျိုးဟာလည်း Quad-Core Processor အမျိုးအစားများပဲ ဖြစ်ပါတယ်။ Core i7 ကို အသုံးပြုထားတဲ့ Processor ရဲ့ Codename ကိုတော့ Bloomfield လို့ သတ်မှတ်ထားကြပါတယ်။ Core i7 ကို ထုတ်လုပ်ဖို့အတွက် ပဏမအဆင့်အနေနဲ့ ပထမဦးဆုံး တွေ့ဆုံမှုကို Costa Rica ပြည်နယ်မှာ ပြုလုပ်ခဲ့ကြပြီး၊ တကယ်တမ်း တရားဝင်ထုတ်လုပ်မှုကိုတော့ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စတင် အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ Core i7 ကို Arizona ပြည်နယ်၊ New Mexico နဲ့ Oregon ပြည်နယ်တို့ကနေ စတင်ထုတ်လုပ်ဖြန့်ချီခဲ့တာဖြစ်ပြီး၊ အဲဒီလို ထုတ်လုပ်ဖြန့်ချီနေတဲ့ အချိန်မှာ Origon ဟာ နောက်ထပ် Generation တစ်ခုဖြစ်တဲ့ 32 nm ပေါ်အခြေခံထားသော Processorနောက်တစ်မျိုးကို ထပ်မံထုတ်လုပ်ဖို့အတွက်တောင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

Bloomfield

Bloomfield ဟာ Intel မှ ထုတ်လုပ်ရောင်းချခဲ့တဲ့ Xeon 35xx နဲ့ Core i7-9xx Desktop Processor တို့ရဲ့ Codename တစ်ခုဖြစ်ပါတယ်။ ၎င်း Desktop Processor နှစ်ခုဟာ စွမ်းဆောင်ရည်မြင့်မားပြီး၊ တစ်ခုနဲ့တစ်ခုလည်း စွမ်းဆောင်ရည်ချင်း သိပ်မကွာပဲ အားလုံးနီးပါးလောက် ထပ်တူကျကြပါတယ်။ ပြီးတော့ ဒီ Desktop Processor (Bloomfield) တွေဟာ အရင်က ထုတ်လုပ်ခဲ့တဲ့ Yorkfield Processor တွေရဲ့နေရာမှာ အစားထိုးနိုင်မယ့် CPU တွေ ဖြစ်ပါတယ်။ ၎င်း Bloomfield Core ဟာ Dual-Processor Gainestown နဲ့လည်း အတော်ဆင်တူပါတယ်။ Bloomfield နဲ့ စွမ်းဆောင်ရည်အရမ်းမမြင့်သလို၊ သိပ်လည်း မနိမ့်တဲ့ အလယ်အလတ်တန်းစား Lynnfield/ Mobile Clarksfield တို့ဟာ QPI Links မရှိတာနဲ့ Model ချင်း ကွာတာက လွဲရင် 45 nm Nehalem Microarchitecture ပေါ်မှာ အခြေခံပြီး ပြုလုပ်ထားတဲ့ Quad-Core Processor ဖြစ်တာခြင်းကတော့ အတူတူပါပဲဗျာ။
Bloomfield မှာ Yorkfield Processor နေရာကို အစားထိုးနိုင်တဲ့ စွမ်းဆောင်ရည်တွေနဲ့ Feature တွေ အများအပြားပါရှိပါတယ်။ အဲဒါတွေကို အခုပြောပြပါမယ်။    
-LGA 1366 Socket အသစ်ဟာ အရင်က ထုတ်လုပ်ခဲ့တဲ့ Processor တွေမှာ အဆင်မပြေလှပေမယ့် Bloomfield မှာတော့ ကောင်းစွာ အသုံးပြုနိုင်ပါတယ်။
-On-die Memory Controller: On-die Memory Controller အမျိုးအစားဖြစ်ပါတယ်။ ဆိုလိုချင်တာက Memory ဟာ Processor ကို တိုက်ရိုက်ဆက်သွယ်နိုင်စွမ်းရှိပါတယ်။ အဲဒီလို ဆက်သွယ်နိုင်တဲ့အပိုင်းကို Uncore Part လို့ ခေါ်ပါတယ်။ ပြီးတော့ Execution Core တွေကိုလည်း မတူညီတဲ့ Clock Rate (အဲ... ပြောရရင်တော့ Uncore Clock Rate တွေပေါ့..) တွေမှာ အလုပ်လုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။
*Three Channel Memory: Memory Channel (၃)ခုပါရှိပြီး၊ အဲဒီ Memory Channel အသီးသီးဟာ DDR3 DIMM တစ်ခု၊ ဒါမှမဟုတ် နှစ်ခုကို ထောက်ပံ့ပေးနိုင်ပါတယ်..။ Bloomfield အတွက် ပြုလုပ်ထားတဲ့ Motherboard တွေမှာ ယေဘုယျအားဖြင့် DIMM Slots (၃)ခု၊ (၄)ခု(3+1) ၊ ဒါမှမဟုတ် (၆)ခုအထိ ပါတတ်ပါတယ်။
*ပြီးတော့ ၎င်းဟာ DDR3 Memory တစ်မျိုးထဲကိုပဲ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။
- Motherboard ၌ Quick Path Interconnect ကို ထောက်ပံ့ပေးနိုင်စွမ်းရှိတဲ့ Chipset တစ်ခုပါဝင်နေပြီး အဲဒီ Intel QuickPath Interconnect Interface အားဖြင့် Front Side Bus ကို Replace လုပ်ပေးထားပါတယ်။    
-Single-die Device: Memory Controller ၊ Core (၄)ခုစလုံးနဲ့၊ Cache အားလုံးဟာ Single-die ပေါ်မှာပဲ ရှိကြတာ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီ Single -die ဆိုတာကလည်း Yorkfield Processor မှာပါတဲ့ Dual-Core dies နှစ်ခုရှိတဲ့ Multi Chip Module ရဲ့ နေရာမှာ အစားထိုးမယ့် ကောင်ပဲ ဖြစ်ပါတယ်။
-Core အားလုံးအတွက် Clock Rate ကို ယေဘုယျအားဖြင့် 133 MHz လို့ သတ်မှတ်ပေးထားကြပေမယ့် Bloomfiled မှာတော့ "Turbo Boost" Technology ကို အသုံးပြုပြီး Core အားလုံးအတွက် Clock Rate ကို သတ်မှတ်ထားတဲ့ 133 MHz ထက် ကျော်လွန်သတ်မှတ်ပေးနိုင်စွမ်းရှိပါတယ်။
- Re-Implemented Hyper-threading: Hyper-Threading အမျိုးအစား ဖြစ်ပါတယ်။ ဆိုလိုချင်တာက Core လေးခုစလုံးမှာ Core တစ်ခုချင်းစီဟာ Thread နှစ်ခုနဲ့ အထက်ကို တစ်ပြိုင်နက်တည်း အလုပ်လုပ်ဆောင် ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် Bloomfield Processor ဟာ အတွင်းပိုင်းမှာ CPU 8 လုံးစာ စွမ်းဆောင်ရည်ရှိတယ်လို့ ထင်ရပါတယ်။ အဲဒီလို စွမ်းဆောင်ရည်မျိုးဟာ ဟိုအရင်က ထုတ်လုပ်ခဲ့ဖူးတဲ့ NetBurst Microarchitecture မှာလည်း ပါရှိခဲ့ဖူးပါတယ်။    
-Only One QuickPath Interface: QuickPath Interface တစ်ခုပဲ ပါရှိပါတယ်။ ဒါကြောင့် Multi-Processor Motherboard တွေအတွက် အသုံးပြုလို့ မရနိုင်ပါဘူး။
-စောစောက ပြောခဲ့သလိုပဲ..နည်းပညာအားဖြင့်တော့ ၎င်း Bloomfield ဟာ 45 nm Process Technology အမျိုးအစားဖြစ်ပါတယ်။
-731 Million Transistors ပါဝင်ပါတယ်။ ဒါ့အပြင်....Die Size ကလည်း 263 mm2 ဖြစ်ပါတယ်။
- ရှုပ်ထွေးတဲ့ စွမ်းအင်ချုပ်ထိန်းမှုကိုလည်း အသုံးမပြုတဲ့ Core အတွင်းမှာ Zero-Power Mode ပုံစံနဲ့ ထားနိုင်ပါတယ်။
- နောက်ဆုံးအချက်အနေနဲ့ကတော့- Bloomfield Processor ဟာ SSE4.2 & SSE4.1 Instruction Set တွေအတွက်ကိုလည်း ထောက်ပံ့ပေးနိုင်စွမ်းရှိပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ Bloomfield မှာပါဝင်တဲ့ Feature တွေအကြောင်းကို ပြည့်ပြည့်စုံစုံ သိလောက်ပြီလို့ ထင်ပါတယ်။ ဒါကြောင့် Core i7 ဆိုတဲ့ ခေါင်းစဉ်အောက်က ဒီဆောင်းပါးလေးကိုတော့ ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါတော့မယ်နော်။

,.......................................................

Volatile and Non Volatile Memory PDF Print E-mail
User Rating: / 3
PoorBest 
Hardware - Hardware
Sunday, 16 August 2009 03:52
Computer တစ်လုံးအတွက် Memory ဆိုတဲ့ Device ဟာ မရှိ  မဖြစ်လိုအပ်တဲ့ အရာတစ်ခုပါပဲ။ အဲဒီလို Computer တစ်လုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ Computer Memory ရဲ့ အကြောင်းကို အခုပြောပြချင်ပါတယ်။ Memory ဆိုတာကို လွယ်လွယ်ကူကူဘာသာပြန်မယ်ဆိုရင်တော့ မှတ်ဥာဏ်ပေါ့ဗျာ။
အဲ Computer Terms အနေနဲ့ ကြည့်မယ်ဆိုရင်တော့ Memory ဆိုတာဟာ Storage Device တစ်ခုပါပဲ။ Data တွေ၊ Information တွေကို ယာယီအားဖြင့်သော်လည်းကောင်း၊ အမြဲတမ်း မပျောက်ပျက်အောင်သော်လည်းကောင်း သိမ်းထားနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Computer ဟာ Informations တွေကို Binary Code (0/1) နဲ့ ကိုယ်စားပြုဖော်ပြပေးတာ ဖြစ်ပါတယ်။ အဲဒီ Binary Digit တွေ၊ တစ်နည်းအားဖြင့် bit တွေကို ဘယ်လို Physical System မှာမဆို သိမ်းဆည်းထားနိုင်ပါတယ်။ အဲဒီလို သိမ်းဆည်းပေးနိုင်တဲ့ System ကို Bistable လို့ ခေါ်ပါတယ်။ ယနေ့ခေတ် Capacitor နဲ့ Transistors တွေမှာ အလွန်အမင်းသေးငယ်တဲ့ Electrical Switch တွေ ပါဝင်ပါတယ်။ အဲဒီ Electrical Switch လေးတွေကို ယာယီသိမ်းဆည်းမှု ပြုလုပ်တဲ့ နေရာတွေမှာ အသုံးပြုကြပြီး အခြား Magnetic Coating တွေပါတဲ့ Disk (သို့) Tape တွေ၊ ဒါမှမဟုတ် Pits လေးတွေ အများကြီးပါတဲ့ Plastic Discs တွေကိုတော့ အချိန်အကြာကြီး သိမ်းဆည်းမှုပြုလုပ်ချင်တဲ့ နေရာတွေမှာ အသုံးပြုကြတာ ဖြစ်ပါတယ်။
Computer Memory ကို Semiconductor Technology အသုံးပြုပြီး ထုတ်လုပ်ဖို့ ရည်ရွယ်ရတဲ့ အကြောင်းအရင်းကတော့ Data တွေ၊ Informations တွေကို Electronic Devices တွေပေါ်မှာ သိမ်းဆည်းချင်တဲ့ အတွက်ကြောင့်ပါပဲ။ အခု အသုံးပြုနေကြတဲ့ Computer Memory တွေကတော့ Silicon-Based Transistors တွေပါဝင်တဲ့ Circuit တွေကို ပေါင်းစပ်အသုံးပြုထားကြတာ ဖြစ်ပါတယ်။ Memory ကို အမျိုးအစားအားဖြင့် Volatile နဲ့ Non-Volatile ရယ်လို့ နှစ်မျိုး ခွဲခြားနိုင်ပါတယ်။

Volatile Memory

Volatile Memory ဆိုတာဟာလည်း Computer Memory တစ်မျိုးပါပဲ။ ဒါပေမယ့် Volatile ဆိုတဲ့အတိုင်းပဲ မှတ်ဥာဏ်/Data တွေကို ကြာရှည်သိမ်းဆည်းထားနိုင်စွမ်းမရှိတဲ့ ကောင်မျိုးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၎င်း Volatile Memory ဟာ Data တွေ၊ Information တွေကို သိမ်းဆည်းဖို့ရန်အတွက် လျှပ်စစ်စွမ်းအင် လိုအပ်ပါတယ်။ ကိုယ်က Data တွေကို ဘယ်လိုပဲ သိမ်းထား၊သိမ်းထား Memory ဟာ Power Off လိုက်တာနဲ့ ကိုယ်သိမ်းထားသမျှ Data တွေဟာ ကျိန်းသေပေါက် ပျောက်ဆုံးသွားမှာပါပဲ။ အခုလက်ရှိအသုံးပြုနေတဲ့ Semiconductor Volatile Memory နည်းပညာတွေကို Static RAM (SRAM) နဲ့ Dynamic RAM(DRAM) နှစ်မျိုးစလုံးမှာ တွေ့မြင်နိုင်ပါတယ်။ Static RAM ဟာ Data Remanences ဖြစ်တာတော့ မှန်ပါတယ်။ ဒါပေမယ့် ၎င်း Memory ဟာ Power Off လိုက်ပြီဆိုတာနဲ့ ၎င်းထဲမှာ သိမ်းထားတဲ့ Data တွေဟာ ပျောက်ဆုံးသွားတတ်ပြီး Volatile Stage ကို ရောက်ရှိသွားတတ်ပါတယ်။ အဲဒီနေရာမှာ Dynamic Memory (DRAM) ကကျတော့ Refresh မလုပ်ဘဲနဲ့ Data တွေ အလိုအလျောက် ပျောက်ဆုံးသွားခြင်းမျိုး မဖြစ်စေနိုင်ပါဘူး။ SRAM နဲ့ DRAM ကို ပိုပြီး ပြည့်စုံကောင်းမွန်စေဖို့အတွက် နောက်ပိုင်းထပ်ထွက်လာတဲ့ Volatile Memory နည်းပညာတွေဟာ Z-RAM, TTRAM နဲ့ A-RAM တွေမှာပါ ပါဝင်လာကြပါပြီ။

Non-Volatile Memory

ဒီတစ်ခါတော့ Non-Volatile Memory ရဲ့ အကြောင်းကို ဆက်ပြောပြချင်ပါတယ်။ Volatile ဆိုတာဟာ ပျောက်ပျက်သွားတဲ့ အဓိပ္ပါယ်ရရင် Non-Volatile ဆိုတာကတော့ ၎င်းနဲ့ဆန့်ကျင်ဘက်ပဲပေါ့ဗျာ။ ဟုတ်ပါတယ်။ Non-Volatile ဆိုတာဟာ Memory ကို Power Off လိုက်မယ်ဆိုရင်တောင် (ဥပမာ- အကြောင်းတစ်စုံတစ်ရာကြောင့် Power off ဖြစ်သွားခဲ့မယ်ဆိုရင်တောင်) ကိုယ်သိမ်းထားတဲ့ Data တွေကို မပျောက်မပျက်အောင် ထိန်းသိမ်းနိုင်စွမ်းရှိတဲ့ Computer Memory တစ်မျိုးပါပဲ။ Non-Volatile Memory အမျိုးအစားတွေထဲမှာ Read-Only-Memory(ROM) ၊ Flash Memory ၊ Optical Disc တွေ Magnetic Computer Storage Devices အများစုဖြစ်ကြတဲ့ Harddisk တွေ၊ Floppy နဲ့ Mangetic Tape တွေ စသဖြင့် ပါဝင်ကြပါတယ်။ နောက်ပိုင်းထွက်ပေါ်လာတဲ့ FeRAM ၊ CBRAM ၊ PRAM ၊ SONOS ၊ RRAM၊ Racetrack Memory ၊ NRAM နဲ့ Millipede တို့မှာလည်း Non-Volatile Memory နည်းပညာတွေ ပေါင်းစပ်ပါဝင်လာကြပြီ ဖြစ်ပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ စာဖတ်ပရိသတ်ကြီးလည်း Computer ရဲ့ Memory နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အနည်းနဲ့အများတော့ နားလည်သဘောပေါက်ကြရောပေါ့။ ဒါကြောင့် Computer Memory ဆိုတဲ့ ခေါင်းစဉ်အောက်က ဒီဆောင်းပါးလေးကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါတော့မယ်နော်။

...........................





မြန်မာစံတော်ချိန်
 
ပြက္ခဒိန်
 
အခုဝင်ရောက်ကြည့်ရှူနေသူ
 
widgeo.net
 
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free